" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, January 20, 2020

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည် တွေ တွေ့ဆုံ

VOA  
ဗွီအိုအေ ( မြန်မာဌာန )
20 ဇန်နဝါရီ၊ 2020
မဆုမွန်
ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ရိုဟင်ဂျာဒုက္ခသည်တွေ တွေ့ဆုံ (ဓါတ်ပုံ- Ko Eisalan)
 
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်းပြန်ရေး အခြေခံနိုင်ငံသားအခွင့်အရေးရရှိရေးအပါအဝင် ခိုင်မာတဲ့ လုံ ခြုံရေး အာမခံချက်တွေရရေးတွေကို ကုလအထူးစုံစမ်းစစ်ရေးမှူးဘက်က တတ်စွမ်းသလောက်ဆောင် ရွက်ပေး သွားမယ့်အကြောင်း ကတိပေးခဲ့တယ်လို့ ဒီကနေ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလအထူး စုံစမ်းရေးမှူး Yanghee Lee နဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ တွေ့ဆုံချိန် ပြောဆိုခဲ့တယ်လို့ ရိုဟင်ဂျာဒုက္ခ သည် တွေ ကပြောပါတယ်။
မကြာခင် တာဝန်သက်တမ်းကုန်ဆုံးတော့မယ့်မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးစုံစမ်းရေးမှူး Yanghee Lee ဟာ သူ့ရဲ့တာဝန်သက်တမ်းမကုန်ခင် နောက်ဆုံးအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေကို စုံစမ်းလေ့လာ နိုင်ဖို့ မြန် မာရဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ သွားရောက်နေတာဖြစ်ပြီး ဒီကနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘာ လုခါလီဒုက္ခသည်စခန်းကိုရောက်ရှိပြီး အမျိုးသမီး လူငယ် ရိုဟင်ဂျာအဖွဲ့တွေနဲ့ သီးခြားစီတွေ့ဆုံခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့အသုံးကိုလက်ခံမထားတဲ့ မြန်မာနိုင်ငံကတော့ သူ့အစီရင်ခံမှုတွေဟာ တဖတ်သတ်ဆန်ပြီးမျှ တမှု မရှိဘူးဆိုတဲ့စွဲချက်နဲ့ Yanghee Lee ကို ပြည်ဝင်ခွင့် ငြင်းပယ်ထားတာပါ။ ဒီကနေ့ ကုလအထူးစုံစမ်းရေး မှူး Yanghee Leeနဲ့ ARNU Arakan Rohngya National Union အဖွဲ့အနေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံကို မဆုမွန်က ဆက်သွယ်မေးမြန်းတော့ သူက အခုလိုစဖြေပါတယ်။

“ကိုအီစလံ။ ။ ပါမောက္ခ Yanghee Lee က ဒီကနေ့ ၂၀ ရက်နေ့ ၁ လ ၂၀၂၀ နေ့မှာ သူက ဘာလုခါလီ ဒုက္ခ သည်စခန်း UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှာ ကျနော်တို့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံတဲ့နေ ရာမှာ ကျနော်တို့ ရိုဟင်ဂျာများကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတို့ပါတယ်။ ကျနော်တို့ တွေ့ဆုံတဲ့နေရာမှာ အဓိက အချက် ၂ ချက်ကို မူတည်ပြီးတော့ ကျနော်တို့က အပြန်အလှန်ဆွေးနွေးခဲ့ပါတယ်။ နံပတ် ၁ အချက် ကတော့ ကျနော်တို့ နေ ရပ်ပြန်နိုင်ရေး repartition ကိစ္စပေါ့ အဲဒါနဲ့ ကျနော်တို့ ပြန်လည်ဆွေးနွေးခဲ့ပါတယ်။ နောက်ပြီးတော့ နေရပ်ပြန်ရေးကိစ္စမှာက ကျနော်တို့ရဲ့ မူလ မွေးရာပါနိုင်ငံသားအခွင့်အရေးကို ပြန်လည်ရရှိ ဖို့၊ နောက် နိုင်ငံတကာ လုံခြုံရေးအစီအမံရရှိခြင်းနဲ့ နောက်ပြီးတော့ ကျနော်တို့ မူလကျေးရွာမှာ ပြန်လည်နေ ထိုင်ခွင့်နဲ့ ပိုင်ဆိုင်မှုများ ပြန်လည်ရရှိဖို့ ဆိုတာတွေကို ဆွေးနွေးခဲ့ပါတယ်။ နောက် ဒုက္ခသည်စခန်းကိစ္စ ပညာရေး၊ ကျန်းမာရေး နဲ့ တခြားကိစ္စတွေကို ကျနော်တို့ အပြန်အလှန်သူနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီးတော့ ရခိုင်ပြည်နယ်မှာ အခုလက်ရှိအခြေအနေမှာ လူ့အခွင့်အရေးကိစ္စကို ကုလသမဂ္ဂ လူ့အခွင့် အရေးကိုယ်စားလှယ်တွေအနေနဲ့ ဆောင်ရွက်ပေးဖို့အတွက် ကျနော်တို့ အပြန်အလှန်သူနဲ့ ဆွေးနွေးခဲ့ကြပါ တယ်။

မဆုမွန်။ ။ ကိုအီစလံ တို့ သူတို့နဲ့ တွေ့တဲ့အခါမှာ သီးခြားစီ တွေ့တာပေါ့နော်၊ အမျိုးသမီးတွေရော ၊ ကျောင်းသားလူငယ်တွေရော၊ ဒီဒုက္ခသည်တွေရော ၊ နောက်ပြီးတော့ နေရပ်ပြန်ဖို့ကိစ္စတွေကိုလည်း အဓိကဆွေးနွေးတယ်၊ နောက်ပြီး လုံခြုံရေးကိစ္စလည်း ဆွေးနွေးတယ်ဆိုတော့ ပါမောက္ခ Yanghee Lee ဘက်က ဘာတွေများ ပြန်ပြီးတော့ ဆွေးနွေးပါသလဲရှင့်။

ကိုအီစလံ။ ။ ဟုတ်ကဲ့ သူက ကျနော်တို့ citizenship နဂိုက ရခဲ့တာကို သူက လက်ခံတယ်။ အဲဒါကို သူက ရသင့်တယ်ဆိုပြီး သူက ပြောသွားခဲ့ပါတယ်။ နောက်လုံခြုံရေးကိစ္စကိုလည်း သူထောက်ခံပါတယ်။ ကျနော် တို့က နိုင်ငံတ ကာ လုံခြုံရေးအစီအမံ မရရှိပဲနဲ့ နေရပ်ရင်းကို ပြန်ဖို့ဆိုတာ တော်တော်လေး ခဲယဉ်းပါ တယ် ဆိုတာ ကျနော်တို့ တင် ပြခဲ့တယ်။ သူကလည်း လက်ရှိ အခြေအနေအရ လိုအပ်တာကိုလည်း ထောက်ခံပြ ခဲ့ပါတယ်။

မဆုမွန်။ ။ Yanghee Lee က အခုဆိုရင် သူတာဝန်သက်တမ်းကုန်တော့မယ်ပေါ့နော်။ အခု ကိုအီစလံတို့ဒုက္ခ သည် စခန်းကို သူ နောက်ဆုံးအကြိမ်လာခဲ့တယ်ဆိုတော့ သူ့ဘက်က ဘာများလုပ်ဆောင်ပေးနိုင် တာ တွေ ရှိမလဲ ။ နောက်ပြီးတော့ သူ့ဘက်က ဘာတွေပြန်ပြီးဆွေးနွေးခဲ့တာတွေ ရှိပါသလဲ။

ကိုအီစလံ။ ။ ဟုတ်ကဲ့ပါ သူက အခု သက်တမ်းကုန်ဆုံးမယ်ဆိုတော့ လက်ရှိမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အ ရေးဖြစ် ပွားမှုကိစ္စကို ထိထိရောက်ရောက် အရေးယူဆောင်ရွက်နိုင်ရေးကိစ္စကို သူက လုပ်ဆောင်သွားမယ် လို့ ပြောတယ်။ နောက်ပြီးတော့ ကျနော်တို့ ရိုဟင်ဂျာအရေးကို ဖြေရှင်းနိုင်ရေးအတွက် ကုလအပါအဝင် နိုင်ငံတကာ အသိုင်းအ ဝိုင်းကြီးတွေကို မြန်မာကို အလေးထားပေးဖို့အတွက် အဓိက လိုအပ်ကြောင်းကို လည်း သူပြောပြပေးသွားပါတယ်။ နောက် ICC နဲ့ ICJ ရဲ့ လုပ်ဆောင်မှုကိုလည်း သူက အားပေးထောက် ခံကြောင်း နောက်ပြီး သူတာဝန်သက်တမ်းကုန်ဆုံးသွားရင်လည်း မြန်မာနိုင်ငံအရေးကို ဆက်လက်ပြီးတော့ တတ်နိုင်တဲ့ လုပ်နိုင်တဲ့ လမ်းကြောင်းကနေ လုပ် ဆောင်သွားမယ်လို့ သူပြောသွားပါတယ်။

မဆုမွန်။ ။ အဲဒီတော့ ပါမောက္ခ Yanghee Lee နဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ တွေ့ခဲ့တဲ့အတွက်ပေါ့နော်၊ သူနဲ့ ဆွေး နွေးမှုက ကိုအီစလံတို့ ဒုက္ခသည်တွေအတွက် ဘယ်လိုများ မျှော်လင့်ချက်တွေ ရှိနိုင်မယ်လို့ ထင်သလဲ၊ သူ့ဆွေးနွေးပွဲကနေ ဘာများရနိုင်မယ်လို့ ထင်ပါသလဲရှင့်။

ကိုအီစလံ။ ။ ကျနော်တို့အတွက်ကတော့ အားရကျေနပ်မိခဲ့ပါတယ်။ ပါမောက္ခ Yanghee Lee က တကယ့် စေတ နာ ကောင်းနဲ့ တကယ့် လူ့အခွင့်အရေး အတော်ဆုံး ပုဂ္ဂိုလ်တယောက်အနေနဲ့ ဒီလောက်အထိ လုပ် ဆောင်နိုင်ခဲ့တဲ့အပေါ် ပါမောက္ခ Yanghee Leeကို ကျနော်တို့ ကျေးဇူးတင် ပါတယ်။ နောက်သူ့သက်တမ်း ကာ လမှာ ကျနော်တို့ ပြောဆိုချက်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။

မဆုမွန်။ ။ နောက် သူ ဘယ်တွေသွားဖို့၊ ဘာခရီးစဉ်တွေရှိတယ်ဆိုတာရော သိပါသလဲရှင့်။
ကိုအီစလံ။ ။ မနက်ဖြန်လည်း ပါမောက္ခ Yanghee Lee က ကျန်တဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ သွားမယ်လို့ ကျနော်တို့ကို ပြောပြခဲ့ပါတယ်။

မဆုမွန်။ ။ ဆိုတော့ ဒီနေ့ကတော့ ဘာလုခါလီကိုပဲ လာတာပေါ့နော်၊ ကုတုပလောင်ဘက်ကို သူသွားဖို့ရော အစီအစဉ်ရှိတယ်လို့ ကြားမိသလားရှင့်။

ကိုအီစလံ။ ။ မနက်ဖြန်ကတော့ ကုတုပလောင် ဒုက္ခသည်စခန်းကို သွားမယ်။ ဒီနေ့ကတော့ ဘာလုခါလီစ ခန်းမှာ ကျနော်တို့ သူနဲ့ တွေ့ဆုံခဲ့တာပါ။”

ဒီကနေ့ ကုလအထူးစုံစမ်းရေးမှူး Yanghee Leeနဲ့ ARNU Arakan Rohingya National Union အဖွဲ့အနေနဲ့ ကိုယ်တိုင်တွေ့ဆုံဆွေးနွေးခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံကို မဆုမွန် ဆက်သွယ်မေးမြန်းခဲ့ တာဖြစ်ပါ တယ်။ 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */