" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, December 10, 2019

ICJ တရားရုံး ကြားနာပွဲ Skype က ဆက်သွယ်မေးမြန်း ချက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2019
မသဇင်အောင် ၊ဦးကျော်ဇံသာ

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတ ကာ တရားရုံးက ဒီနေ့ စတင်လက်ခံကြားနာပါတယ်။

ဂမ်ဘီယာနိုင်ငံဘက်က ရှေ့နေတွေ လျှောက်လဲချက်ပေးတဲ့ ကြားနာပွဲကို VOA မြန်မာပိုင်းအစီအစဉ်က အယ်ဒီ တာ ဦးကျော်ဇံသာ ကိုယ်တိုင် ICJ တရား ရုံးအတွင်းမှာ တက်ရောက် သတင်းယူခဲ့တာပါ။ ကြားနာ ပွဲပြီးပြီးချင်း သဟိတ်မြို့ ငြိမ်းချမ်းရေးနန်းတော် Peace Palace ရှေ့မှာ ရောက်နေတဲ့ ဦးကျော်ဇံသာကို မမြ သဇင်အောင် က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဟုတ်ကဲ့ ဦးကျော်ဇံသာရှင့်။ တရားခွင် ပထမနေ့မှာ တွေ့ရတဲ့ အခင်းအကျင်းကို အရင်ဆုံး ပြောပြ ပေးပါ့ လား။

ဦးကျော်ဇံသာ။ ။ ဒီနေ့မနက် ၁၀ နာရီမှာ စပြီးတော့ ဖွင့်ပါတယ်။ မြန်မာအဖွဲ့ ကိုယ်စားလှယ်တွေကတော့ ညာ ဘက်အခြမ်းမှာထိုင်ပြီး၊ ဘယ်ဘက်မှာတော့ ဂမ်ဘီယာက ပုဂ္ဂိုလ်တွေ ထိုင်ပါတယ်။ တရားသူကြီး ၁၇ ဦးက စင် မြင့်ပေါ်မှာ ရှိနေပါတယ်။ ပထမဦးဆုံးad hoc judge လို့ခေါ်တဲ့ မြန်မာနိုင်ငံက ခန့်တဲ့ တရားသူကြီးနဲ့ ဂမ်ဘီယာ ကခန့်တဲ့ တရားသူကြီး နှစ်ဦးကို မိတ်ဆက်ပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံက ဥပဒေနဲ့ ကိုယ်စား ပြုပြီးတော့ ပြောဆိုမယ့် သူတို့နိုင်ငံရဲ့ အခြေအနေကို နားလည်တဲ့ တရားသူကြီး မပါလို့ ဆိုပြီးတော့ သူတို့ နှစ် ယောက်ကို ခန့်ထားတာဖြစ်ပါတယ်။ ပြီးတော့ ဂမ်ဘီယာနိုင်ငံဘက်က မေတ္တာရပ် ခံ ချက်ကို လျှောက်လဲဖို့အခွင့် ပေးပါတယ်။ အဲဒီမှာ ဂမ်ဘီယာနိုင်ငံဘက်ကလျှောက်လဲတာက လူ ၇ ယောက် အထိ လျှောက်လဲပါတယ်။ ပထ မဦးဆုံး ဂမ်ဘီယာနိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကနေ စ ပြီးပြောပါတယ်။ သူပြောတာ က တော့ သီအိုရီ သဘောတရားပိုင်းကို ပြောပါတယ်။ ဥပမာအားဖြင့် Genocide လို့ ခေါ်တဲ့ လူသားမျိုးတုံးအောင် သတ်ဖြတ်တဲ့ကိစ္စ ဟာ dehumanization လူကို လူလိုမဆက်ဆံတဲ့ ကိစ္စ ၊ အဆင့်နှိမ့်ချခြင်းဖြစ်တယ်။ အဲဒီလို လုပ်ခြင်းဖြင့် ပိုပြီးတော့ အဆင့်နိမ့်ကျသွားမယ်ဆိုတဲ့ သဘောပြော ပါ တယ်။ ကျန်တဲ့ ၆ ယောက်ကတော့တရား ဥပဒေ အချက်အလက်နဲ့ လျှောက်လဲပါတယ်။ အဲလို လျှောက်လဲ တဲ့နေရာမှာ လူတွေအတွက် အန္တရာယ်တကယ် ရှိနေတယ် ဆိုတဲ့အကြောင်းကို ပြောတာရှိပါတယ်။ နောက် တချို့ကလည်း ဒီလူတွေကို Genocide ပြုလုပ်ဖို့အ တွက် မြန်မာနိုင်ငံဘက်က ရည်ရွယ်ချက်ရှိခဲ့တယ် ဆိုတဲ့ အထောက်အထားတွေကို ပေါ်လွင်အောင် ပြောပါတယ်။ နောက်ပြီး ဒီလူတွေကို ခုခံကာကွယ်ပေးရမယ်၊ အ ကာအကွယ် ပေးရမယ်၊ အကာအကွယ် လိုနေတယ်ဆိုတာ ကို အလေးထားပြောပါတယ်။ နောက်ပြီး တော့ ခိုင်မာတဲ့အထောက်အထားတွေ တရားရုံးက စီရင်ဖို့အတွက် လုံ လောက်တဲ့ အထောက်အထား တွေ Prima facie evidence တွေရှိတယ်ဆိုပြီးတော့ နောက်ဆုံးလူကတော့ အဲဒီ အတွက်ကြောင့်provisional measures ခေါ် ယာယီလုပ်ဆောင်ရမယ့် ကိစ္စကို အမိန့်ချမှတ်ပေးပါလို့ သူတို့ အဲဒီ လို ဥပဒေဘက်က ပိုင်း ဖြတ်ပြီးတော့ အဆင့်ဆင့် ကဏ္ဍအလိုက် ခွဲခြားပြီးတော့ ဆောင်ရွက်သွား တာဖြစ်ပါ တယ်။ အဲဒါကတော့ ဒီကနေ့ တရားရုံး မှာ တွေ့ရတဲ့ ပထမဦးဆုံး အခင်းအကျင်းပါပဲ။

မေး။ ။ ဒီကနေ့ တရားခွင်မှာ တရားလို လုပ်တိုင်ကြားထားတဲ့ဂန်ဘီယာနိုင်ငံကအကျိုးဆာင်ရှေ့နေတွေလျှောက် လဲချက်တွေ ပေးတာတွေ့ရပါတယ်။ သူတို့က ဘယ်အချက်တွေကို အဓိက ထောက်ပြသွားတာ တေ့ွရပါသ လဲရှင်။

ဦးကျော်ဇံသာ။ ။ အဓိကတော့ မြန်မာနိုင်ငံမှာ ကုလသမဂ္ဂ က အစီရင်ခံစာတွေ၊ OIC က အစီရင်ခံစာတွေ ၊မကြာ ခဏ ကြားနေရပြီဖြစ်တဲ့ အစီရင်ခံစာက အချက်တွေပါပဲ သူတို့ ထောက်ပြပါတယ်။ အဲဒီ ရိုဟင်ဂျာ စ ခန်းတွေ ကိုရောက်ခဲ့သူတွေ ကလည်း ရောက်ခဲ့တယ် ရောက်တဲ့အခါမှာ ဒုက္ခသည်တွေ နဲ့ ဘယ်လိုတွေ့ခဲ့တယ်၊ သူတို့ ပြောကြားချက်က ဘယ်လို ၊ ရွာကို ဘယ်လို မီးရှို့တယ်၊ ဘယ်လို မုဒိမ်းကျင့်တယ်၊ ဘယ်လို လူသတ်ဖြတ်တယ်၊ ဆွေမျိုးတွေ ဘယ်လို အသတ်ခံလိုက်ရတယ်ဆိုတာတွေ ဒုက္ခသည်တွေ ဘယ်လို ပြန် ပြောတဲ့အကြောင်း အဲဒါ တွေကို ပြောပါတယ်။ ပြီးတော့ ဂြိုဟ်တု က ရိုက်ထားတဲ့ မီးရှို့နေတဲ့ မြင်ကွင်းတွေ ကို သူတို့ တွေ့ရတယ်ဆိုတဲ့ အကြောင်း အဲဒါတွေကိုပဲ အဓိကအထောက်အထားအဖြင့် တင်ပြသွားတာ တွေ့ ရပါတယ်။ အဲဒီတော့ စကားမ စပ် ပြောရရင် ဂန်ဘီယာနိုင်ငံရဲ့ အဖွဲ့ထဲမှာ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှား သူ ၃-၄ ယောက်လည်း ပါဝင်တာ တွေ့ရတယ်။ ဒါပေမယ့် သူတို့ ဝင်ရောက်ဆွေးနွေးခြင်း၊ တင်ပြခြင်း မရှိ ပါဘူး။

မေး။ ။ ခုခံချေပမယ့် မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စု ကြည် ကိုယ်တိုင် ဦးဆောင်ပြီး တက်ရောက်လာတာလည်း တွေ့ရပါတယ်။ ဒီနေ့ ဂမ်ဘီယာဘက်က လျှောက် လဲတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာဘက်က တရားရုံးပြင်ပမှာ တုံ့ပြန်တာ မျိုး ရော ရှိပါ သလား၊

ဦးကျော်ဇံသာ။ ။ တစုံတရာ တုံ့ပြန်တာကတော့ မတွေ့ပါဘူး။ ဒါပေမယ့် သူူတို့ဟာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့တွေကတော့ အာရုံစူးစိုက်ပြီးတော့ နားထောင်နေတာကို တွေ့ရပါ တယ်။ ပြန်ပြောခြင်း ၊ ရေးပြီးတော့ မှတ်သားတာလည်း တစုံတရာမတွေ့ရပါဘူးခင်ဗျ။ ဒီလိုပဲ စိတ် ဝင် တစား နားနဲ့ နားထောင်နေတယ်ဆိုတာတော့ တွေ့ရပါတယ်။ လူတွေ စိတ်ဝင်စားတာကလည်း ဒေါ်အောင်ဆန်းစု ကြည် ကိုယ်တိုင် ဘယ်လို ခုခံပြောကြားလာမလဲဆိုတာကို ပိုပြီးတော့ အာရုံစိုက်နေကြ တယ် လို့ ကျနော်ထင် ပါတယ်။”

ကြားနာပွဲပြီးပြီးချင်း သဟိတ်မြို့ ငြိမ်းချမ်းရေးနန်းတော် Peace Palace ရှေ့မှာ ရောက်နေတဲ့ ဦးကျော်ဇံသာ ကို Skype ကနေ မမြသဇင်အောင် က တိုက်ရိုက်ဆက်သွယ်မေးမြန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */