" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, January 25, 2020

ICJ ဆုံးဖြတ်ချက် ကုလလူ့အခွင့်အရေး မဟာမင်းကြီးရုံး ကြိုဆို

VOA
ဗွီအိုအေ (မြန်မာဌာန)
25 ဇန်နဝါရီ၊ 2020
ကိုဉာဏ်ဝင်းအောင်

ICJ နိုင်ငံတကာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကြိုဆို လိုက်ပြီး ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖေါ်ရာမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ မြန်မာအစိုးရကို ထပ်မံတိုက်တွန်း လိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီးတင်ပြမှာပါ။
ရိုဟင်ဂျာတွေ လူမျိုးတုံး သုတ်သင်ဖယ်ရှား ခံရမယ့် ဖြစ်နိုင်ခြေတွေရှိတာကြောင့် ဒီအခြေအနေကနေ အကာ အ ကွယ်ရဖို့ ICJ နိုင်ငံတကာ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ကုလသမဂ္ဂ လူ့အခွင့်ရေး ဆိုင်ရာမဟာမင်းကြီးရုံး OHCHR ပြောခွင့်ရပုဂ္ဂိုလ် မစ္စ် Liz Throssell က ပြောဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ သူ့လုပ်ပိုင်ခွင့် အာဏာထဲကနေ အရေးယူ ဆောင်ရွက်မှုအားလုံးကို လုပ်ရမယ်ဆိုတဲ့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကျမတို့ ကြိုဆိုပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေးရေး ဆိုင်ရာ သဘောတူစာချုပ် အပိုဒ် ၂ မှာပါတဲ့ ကြားကာလ အရေးယူ ဆောင်ရွက်ချက်တွေနဲ့ အနာဂတ် ကာလမှာ ရိုဟင်ဂျာတွေ ရင်ဆိုင်ရဖွယ်ရှိတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို အကာအကွယ်ပေးသွားဖို့ လိုပါ တယ်။”

ICJ က ချမှတ်လိုက်တဲ့ ကြားဖြတ် အရေးပေါ်စီမံချက်တွေကို ဖတ်ရှုနိုင်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကုလရုံးမှာ ဇန်နဝါရီ ၂၄ ရက်နေ့ သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် Liz Throssell က အဲဒီလို ပြောဆိုလိုက် တာပါ။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က လည်း ၂၀၁၆ -၂၀၁၇ ခုနှစ်တွေတုန်းက ရိုဟင်ဂျာတွေဟာ အကြမ်းဖက် မှုတွေကို အကြိမ်ကြိမ် တွေကြုံ ခံစားခဲ့ရတာကို သူ့အနေနဲ့ အထူးစိုးရိမ်မိတယ်ဆိုတာ ထပ်ခါတလဲလဲ ပြောဆိုခဲ့ကြောင်း Liz Throssell က ပြောပါတယ်။ ဒါကြောင့် ICJ ရဲ့ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက လိုက်နာ အကောင်အထည် ဖေါ်ဖို့ OHCHR က တောင်းဆိုလိုက်ပါတယ်။

“လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ စာချုပ်ပါ လိုက်နာဆောင်ရွက်ရမယ့် အချက်တွေအတိုင်း မြန်မာ နိုင် ငံက ချွင်းချက်မရှိ ချက်ချင်း တာဝန်ယူ လုပ်ဆောင်ဖို့ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာ မင်းကြီးရုံးက တိုက်တွန်းပါတယ်။”

ရိုဟင်ဂျာလို့ခေါ်ဆိုတာကို လက်မခံတဲ့ မြန်မာအစိုးရဘက်ကတော့ ICJ ဆုံးဖြတ်ချက်ကို လိုက်နာလုပ်ဆောင်ပါမယ်လို့ ခုထိ အတိအကျ ပြောမထားသေးပါဘူး။ ICJ တရားရုံးရဲ့ဆုံးဖြတ်ချက်တွေဟာ နိုင်ငံ တကာဥပဒေတွေအရ မလိုက်နာပဲ နေလို့မရတဲ့ အချက်တွေဖြစ်တယ် လို့လည်း Throssell က ဆိုပါတယ်။

ရိုဟင်ဂျာတွေကို သတ်ဖြတ်တာနဲ့ အပြင်းအထန် ဖိနှိပ်တာတွေအတွက် လူမျိုးတုံးသတ်ဖြတ်မှု တားဆီး ရေးဆိုင် ရာ သဘောတူစာချုပ်ရဲ့ အဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာနိုင်ငံမှာ တာဝန်ရှိတယ်ဆိုတာကို တရား စီရင်ရေးအရ ဆုံးဖြတ်နိုင်စေမယ့်လမ်းကြောင်း ပွင့်သွားတာက သိပ်အရေးပါတယ်လို့ OHCHR ပြောခွင့်ရက ပြောပါတယ်။

“အခြား နိုင်ငံတကာ စုံစမ်းစစ်ဆေးမှုတွေ၊ တာဝန်ခံမှုရှိတဲ့ လုပ်ငန်းစဉ်တွေလိုပဲ မြန်မာအစိုးရကလည်း လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှု အားလုံးမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်ဆောင်ရွက်ပါလို့ ကျမတို့ တောင်းဆိုပါတယ်။ တချိန်ထဲမှာပဲ မြန်မာနိုင်ငံထဲမှာ ရိုဟင်ဂျာတွေ ငြိမ်းချမ်း စွာနဲ့ ဂုဏ်သိက္ခာရှိစွာ နေ ထိုင်နိုင်ဖို့ ထိရောက်တက်ကြွတဲ့ လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့လိုပြီး၊ သူတို့ရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ ခံစားရအောင် ဖေါ်ဆောင်ပေးဖို့လိုပါတယ်။”

ICJ တရားရုံးက ဆုံးဖြတ်ချက်ချရတဲ့ အကြောင်းရင်းတွေကိုကြည့်ရင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကဖွဲ့ပေးထားတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အချက်အလက်ရှာဖွေရေး FFM အဖွဲ့ရဲ့ အစီရင် ခံစာကို အကြိမ်ကြိမ် ရည်ညွှန်းထားသလို၊ ကုလအထွေထွေ ညီလာခံက ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုပါ ရည်ညွှန်းထားတာ တွေ့ရလိမ့်မယ်လို့ ပြောခွင့်ရ Throssell က ထောက်ပြပါတယ်။

ဒါ့အပြင် ဆယ်စုနှစ်ပေါင်းများစွာ ကြာလာပြီဖြစ်တဲ့ ပဋိပက္ခအတွင်း အခြားတိုင်းရင်းသားတွေအပေါ် မြန်မာ စစ် တပ်က လူ့အခွင့်အရေးချိုးဖောက် ခဲ့တာတွေကို FFM အဖွဲ့အစီရင်ခံစာမှာ ဖေါ်ပြခဲ့တယ်လို့ Throssell ကပြောပါတယ်။ အဲဒီလို ချိုးဖောက်မှုတွေအတွက် အပြစ်ကင်းလွတ်ခွင့် ရနေတဲ့ကိစ္စကို ကိုယ်တွယ်ဖြေ ရှင်းရေးဟာ မြန်မာ နိုင်ငံက လူပုဂ္ဂိုလ်အားလုံးအတွက် ရေရှည်ခိုင်မာတဲ့ ငြိမ်းချမ်းရေးနဲ့ ထိရောက်တဲ့ တရား စီရင်ရေး အနာဂတ်တခု ပေါ်ပေါက်လာစေဖို့ မရှိမဖြစ် လိုအပ်တယ်လို့ Throssell ကပြောပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */