" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, June 1, 2020

မြန်မာအစိုးရ ICJ အစီရင်ခံစာ နိုင်ငံရေးဆန္ဒပါရဲ့လား

VOA
ဗြီအိုုေအ (ျမန္မာဌာန)
ဒီမိုကရေစီရေးရာ
သားညွန့်ဦး
01 ဇွန်၊ 2020

ကျနော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ICJ အပြည်ပြည် ဆိုင်ရာ တရားရုံးကနေ ကြားဖြတ်စီမံဆိုပြီးတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလက (၄) ချက် ချမှတ်ခဲ့ပါတယ်။ ဒီလေး ချက်က ယေ ဘုယျအားဖြင့် ပြောမယ်ဆိုရင်တော့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ နိုင်ငံတကာ စာချုပ်စာ တမ်းကို မြန်မာနိုင်ငံအနေနဲ့ လေးစားလိုက်နာဖို့ အချက်ပါပါတယ်။ နောက်တချက်ကတော့ လူမျိုး တုန်းသတ်ဖြတ်မှု တား ဆီးရေးဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်အတိုင်း မြန်မာနိုင်ငံက လုံခြုံရေး အဖွဲ့ အစည်းတွေဖြစ်တဲ့ စစ်တပ်၊ ရဲ ဒီအဖွဲ့အစည်းတွေကို မြန်မာအစိုးရအနေနဲ့ ထိန်းကွပ်ထားဖို့။ ဒီလိုမျိုးအခြေ အနေတွေ မဖြစ်လာအောင်လို့ တားဆီးဖို့ဆိုတာပါပါတယ်။ နောက်တချက်ကတော့ ပြီးခဲ့တဲ့ ပဋိပက္ခအတွင်း မှာ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပျက် ခဲ့တဲ့နေရာက အထောက်အထားတွေကို မဖျက်ဆီးအောင် ထိန်းထားဖို့ ဆိုတာ ပါပါတယ်။ 

 နောက်ဆုံးတချက်ကတော့ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ ICJ ကို မြန်မာနိုင် ငံ အနေနဲ့ ပုံမှန်အစီရင်ခံ စာ တင်သွင်းဖို့။ ကနဦးအားဖြင့်ဆိုရင် ဒီမေလ (၂၃) ရက်နေ့ကို နောက်ဆုံး ထားပြီး တော့ ပထမဦးဆုံး အစီရင်ခံ စာ တင်သွင်းဖို့ဆိုတာပါပါတယ်။ ဒီနောက်ဆုံးအချက်ဖြစ်တဲ့ ကြားဖြတ်အစီ အ မံနဲ့ ပတ်သက်ပြီးတော့ အစီရင်ခံ စာ နောက်ဆုံး မေလ (၂၃) ရက်နေ့ကနေ မြန်မာနိုင်ငံကနေ ICJ ကို ပေး သွင်း လိုက်ပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဒီအစီအမံတွေနဲ့ ပတ်သက်ပြီးတော့ လိုက်လျောမယ်ဆိုတဲ့ သဘောတူညီချက်ကို ပြလိုက်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရအနေနဲ့၊ မြန်မာနိုင်ငံ အနေနဲ့ တကယ်ပဲ ICJ က အစီအမံတွေနဲ့ ပတ်သက်ပြီးတော့ ပြည့်မီအောင် ဆောင်ရွက်နိုင်ပါသလား ဆို တာကို Synergy လူမှုသဟဇာတ ဖော်ဆောင်ရေး အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး ကိုသက်ဆွေဝင်း ကို မေးမြန်းသွားပါမယ်။

မေး ။ ။ ကိုသက်ဆွေဝင်း .. စကားခံချင်တာက ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မြန်မာ အစိုးရအနေနဲ့က ရခိုင်မြောက်ပိုင်းမှာရှိတဲ့ မူစလင်လူမှုအသိုင်းအဝိုင်းတွေကို ရိုဟင်ဂျာဆိုတဲ့ အသုံးအနှန်း အနေ နဲ့ အသိအမှတ်မပြုပါဘူး။ လက်မခံကြပါဘူး။ ဒါပေမဲ့လဲ ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ အဲဒီဒေသ မှာရှိတဲ့ လူမှု အသိုင်းအဝိုင်းက သူတို့ကိုယ်သူတို့လဲ ရိုဟင်ဂျာလို့ သုံးကြတယ်။ ဒါ့အပြင် နိုင်ငံတကာ ကုလ သမဂ္ဂအပါအဝင်၊ နိုင်ငံတကာအစိုးရတွေနဲ့ သတင်းမီဒီယာတွေမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်း သုံးတဲ့အ တွက်ကြောင့်မို့ ကျနော် တို့ကတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကိုပဲ ရည်ညွှန်းပြီး ပြောသွားမှာ ဖြစ်ပါတယ်။ အဲဒီတော့ အခုန ကျနော် အ ရင်ဆုံးမေးချင်တဲ့ မေးချင်တဲ့မေးခွန်းကတော့ ဒီဖြစ်ပြီးခဲ့တဲ့ ပဋိပက္ခနဲ့ ပတ် သက် လို့ အထောက်အထားတွေကို မပျက်စီးအောင် ထိန်းသိမ်းထားရမယ်ဆိုပြီးတော့ ICJ ရဲ့ အစီအမံထဲမှာ ပါပါ တယ်။ 

မြန်မာအစိုးရသမ္မတရုံးကလည်း ဒါနဲ့ပတ်သက်လို့ ညွှန်ကြားချက်ထုတ်ထားတာ တွေ့ပါတယ်။ဒါတွေကိုမပျောက် ပျက်အောင် ထိန်းထားဖို့ဆိုပြီး ထုတ်ပြန်ထားပါတယ်။ အဲဒီတော့ ကျနော်မေးချင်တာက ဒီဖြစ် ခဲ့တဲ့ ပြဿနာတွေ က နှစ်လည်းတော်တော်ကြာနေပါပြီ။ အဲဒီတော့ ဒီအထောက်အထားတွေက အခု ထက် ထိ မပျက် မစီး ရှိနိုင်ပါ့မ လား။ မြန်မာအစိုးရက အခုနညွှန်ကြားသလို၊ တကယ်တမ်း အခြေအနေက ထိန်း ထားနိုင်ပါ့မလား။ ကိုသက်ဆွေ ဝင်း ရဲ့ အမြင်ကို ဦးစွာသိချင်ပါတယ်။

ဖြေ ။ ။ သက်သေအထောက်အထားတွေ ထိန်းဖို့ဆိုတဲ့ကိစ္စကတော့ ခက်တယ်လို့ ကျနော့်အနေနဲ့ မြင်ပါ တယ်။ ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အင်းဒင်ကိစ္စအပြီးမှာ နောက်ထပ်သ တင်းတွေ ထွက်လာခဲ့တာရှိတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေက Mass Graves တွေ ဘယ် နေရာ ဘယ်ဒေသ တွေမှာ Mass Graves တွေနဲ့ ပတ်သက်ပြီးတော့ ရှိနိုင်သေးတယ်ဆိုတာမျိုးတွေ သတင်း တွေ ထွက်လာနေတော့ ဒီဟာတွေကို ရှိတဲ့အနေအထားလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။ တူးပြီးတော့ မ ဖျောက် ဖျက်ဘူးဆိုရင်တော့ ဒီ လိုဟာမျိုးတွေက ရှိနိုင်တဲ့ အနေအထားလို့မြင်တယ်။ သို့သော် ရွာတွေက တော့ ပဋိပက္ခဖြစ်ပြီး (၂) နှစ်လောက် ကြာသွားတဲ့ကာလအတွင်းမှာတော့ ရွာတွေက အဖြိုခံလိုက်ရတယ်။ လမ်းတံတားတွေ၊ ဘေးနားတွေမှာရှိတဲ့ ရို ဟင်ဂျာရွာတွေဆိုရင် ဘူဒိုဇာတွေနဲ့ ထိုးပြီးတော့ အပျောက်ရှင်း ပြစ်လိုက်တာတွေကို ကျနော်တို့ satellite ဓါတ် ပုံ တွေ အများကြီးမှာလည်း တွေ့ရတယ်။ ပြီးတော့ အစိုးရ ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေ၊ သတင်းစာ တွေထဲမှာ ဒီဟာမျိုးတွေကို တွေ့ရတယ်။ စီးပွားရေး အတွက် ဘာညအကြောင်းပြပြီးတော့ ဖြိုလိုက်တဲ့ဟာတွေ အများကြီးရှိတယ်။

အဲဒီတော့ ၂၀၁၇ ကနေ ၂၀၁၉ ကြားကာလအတွင်းမှာပင် (၂) နှစ်လောက်ကာလအတွင်းမှာ အပြောင်းအ လဲတွေ အများကြီးရှိသွားတာတွေ ရှိခဲ့တယ်။ သို့သော် ဒီသက်သေအထောက်အထားတွေ အကုန်လုံး ပျောက် ပျက်သွား မယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူးလို့ ကျနော်မြင်တယ်။ နောက်ထပ် ပိုပြီးတော့ အရေးကြီးတဲ့သက်သေအထောက် အထားကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြောင်းသွားတဲ့ သန်းနဲ့ချီလောက်တဲ့ လူ တွေပါပဲဒါကလဲသက်ရှိသက်သေ အထောက်အထားတွေပါ။ ဒီလူတွေဆီကနေလဲ ပြန်ပြောပြနိုင်တဲ့ အ ချက် အလက်တွေ၊ ဒါမျိုးတွေလဲ ရကောင်း ရ နိုင်တာ ရှိပါလိမ့်မယ်။ ဒါကတော့ ပညာရှင်တွေ ပိုသိပါလိမ့်မယ်။ အဲဒီတော့ အထောက်အထားတွေကတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့ အခုနပြောတဲ့ ရွှေ့ပြောင်းလို့ မရနိုင်တဲ့ ရွာလိုဟာမျိုးတွေနဲ့ ပြီးတော့ လယ်မြေ တွေ၊ Mass Grave တွေကတော့ (၂) နှစ်တာကာလ အတွင်း မှာတော့ ရှာဖို့ဆိုတာတော့ နည်းနည်းတော့ အခက် အခဲ ရှိပါလိမ့်မယ်။

မေး ။ ။ ကျနော် နောက်တခုမေးချင်တာကတော့ ပြောရမယ်ဆိုရင်တော့ မြန်မာနိုင်ငံတွင်းမှာ ရိုဟင်ဂျာ (၆) သိန်း လောက် ရှိတယ်ဆိုပြီးတော့ ကိန်းဂဏန်းတွေအရ သိရပါတယ်။ ပြောမယ်ဆိုရင် ကြားဖြတ်စီမံကိစ္စက ဒီခြောက် သိန်းကို အကာအကွယ်ပေးလိုတဲ့ အဓိကရည်ရွယ်ချက်လို့ သိရပါတယ်။ အဲဒီတော့ ရှိနေတဲ့ ရိုဟင်ဂျာ (၆) သိန်းနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တစုံတရာ အကာအကွယ်ပေးနိုင်တဲ့ အနေအထားမျိုး၊ အ ကာအကွယ်ပေး ထားနဲ့ အနေအထားမျိုး တွေ့ရပါလား။

ဖြေ ။ ။ အခုထက်ထိတော့ ဘာမှကို ထိထိရောက်ရောက် လုပ်ထားတာ မတွေ့ရသေးပါဘူး။ ဘာမှစိတ်ကျေ နပ်ရ လောက်တဲ့ ထိရောက်တဲ့ စီမံချက်တွေကို ကျနော်တို့ မမြင်ရဘူး၊ မကြားရဘူး။ နောက်ဆုံးတင်လိုက်တဲ့ Report နဲ့ ပတ်သက်ရင်တောင်မှ ဘာမှအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ သေချာရှင်းလင်းမသိရတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီတော့ ဘာတွေလုပ်ထားတယ်။ ဘာတွေစီမံထားတယ်ဆိုတာတွေကိုတော့ ကျနော်တို့ မသိရဘူး။ အဲဒီတော့ ကျနော်တို့ဆီမှာ အမြဲတမ်း ကြားနေရတဲ့ နေ့စဉ် ကျနော်တို့ဆီ ရောက်နေတဲ့ သတင်း တွေကတော့ စစ်ပွဲသတင်း တွေ။ ဘယ်ရွာတွေတော့ မီးရှို့ခံလိုက်ရပြီ၊ ဘာတွေတော့ ဖြစ်နေပြီ - ရိုဟင်ဂျာ တွေ၊ ရခိုင်တွေ ဒုက္ခရောက်နေကြ ပြီဆိုတဲ့ သတင်းက နေ့တိုင်းတက်နေတယ်။ ဒါကတော့ ကြားရတဲ့သတင်း ပါ။ ထူးထူးခြားခြား နောက်ဆုံးသိရ တာ ကတော့ ရိုဟင်ဂျာတွေကို အယောက် ရှစ်ရာလား မသိဘူး၊ ဖမ်းထား တဲ့ဟာကို ပြန်လွှတ်လိုက်တယ်ဆိုတဲ့ သတင်းက ဒီကြားထဲမှာ ထူးထူးခြားခြား ကျနော့်အနေနဲ့ တွေ့မိတယ်။ ကျန်တဲ့ကိစ္စကတော့ ဘာမှထင်ထင်ရှား ရှား ထွက်လာတာတွေ ကျနော့်အနေနဲ့ မတွေ့မိပါဘူး။

မေး ။ ။ နောက်တခု သိချင်တာက မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ရိုဟင်ဂျာ (၆) သိန်း အခြေအနေနဲ့ ပတ်သက် ပြီး တော့ တကယ်တမ်း သူတို့ကို ထားနေတာ နားလည်သလောက် သီးခြားစခန်းတွေနဲ့ ထားရှိထားတယ်။ သူတို့ရဲ့ လုံခြုံရေး၊ သူတို့ တစုံတရာအန္တရာယ်ပြုနိုင်တဲ့ အနေအထား လူမှု့အဖွဲ့အစည်းဖြစ်စေ၊ အခြားလက် နက်ကိုင်အဖွဲ့ အစည်းဖြစ်စေ အန္တရာယ်ပြုနိုင်တဲ့ အနေအထားမျိုး ရှိပါသလား။ သူတို့ရဲ့ လုံခြုံရေးအခြေအနေ ဘယ်လိုရှိပါ သ လဲ။

ဖြေ ။ ။ ကျနော် ရိုဟင်ဂျာစခန်းတွေကို လှမ်းပြီးတော့ ဆက်သွယ်မေးမြန်းတာတွေ၊ မိတ်ဆွေတွေနဲ့ ပြောဖြစ် တာ တွေ ရှိတယ်။ တချို့စခန်းတွေဆိုရင် လက်ရှိ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီးတော့ တချို့အဖွဲ့အစည်းတွေက ဝင်ပြီးကူ ညီနေတာ ရှိတယ်။ သို့သော် ဝင်ခွင့်မရတဲ့ အနေအထားလေးတွေ ကြုံရတာမျိုးတွေ ရှိတယ်ဆိုတာ ကို ပြန်သိရ တယ်။ နောက်တခုက ရိုဟင်ဂျာတွေကို ထားတဲ့အနေအထား။ ဒါကတော့ အရင်တုန်းကတည်း က အခုထိ နှစ် ပေါင်းကြာပါပြီ။ ပြဿနာတွေစဖြစ်ပြီးကတည်းကဆို ၂၀၁၂ - ၂၀၁၃ လောက်ကတည်းက စ ခန်းတွေထဲမှာ ထား ထားတဲ့ဟာက တကယ်တမ်း ပြောရမယ်ဆိုရင်တော့ Gestapo လို၊ တကယ့် Open prison ပုံစံမျိုးနဲ့ နေနေရ တယ်။ ဒါကြီးကလဲ တကယ်တမ်း ဖြစ်သင့်တဲ့ကိစ္စတခုမဟုတ်ဘူးလို့ ကျနော့်အနေနဲ့ ယူဆတယ်။ အဲဒီတော့ တ ကယ်တမ်း အစိုးရမှာသာ Willingness ရှိတယ်ဆိုရင်ပေါ့ ဒါနဲ့ပတ်သက်ပြီးတော့ လုပ်ပေးချင်တဲ့ အပြောင်း အ လဲ တခုကို လုပ်ပြချင်တယ်ဆိုရင်တော့ သူတို့ရဲ့ မူရင်းဒေသတွေကို ပြန်ထားဖို့ အတွက် မူရင်းရပ်ရွာတွေ ရှိတယ်။ ဒီလိုနေရာတွေကို ပြန်ထားဖို့အတွက် စီစဉ်တာမျိုးတွေ လုပ်လို့ရတာတွေ ရှိတယ်။ အခုထိတော့ စခန်းတွေထဲမှာ ရှိနေတုန်းပဲ။ ဘာမှတော့ စခန်းတွေနဲ့ ပတ်သက်တဲ့ ပြဿနာတွေ ကြီးကြီးမားမားတော့ မကြုံရသေးပါဘူး။ ဒါပေ မဲ့ တချို့ဟာလေးတွေတော့ သေးသေးမွှားမွှားလေးတွေတော့ ကြားရတယ်။ တချို့ပြဿနာလေးတွေတော့ ကြား ရ တာရှိတယ်။ ဒါပေမဲ့ ဒါလဲ ကျနော်တို့ မသိရသေးတဲ့ အ ပိုင်းတွေ ရှိလိမ့်မယ်။ အထူးသဖြင့်အဆက်အသွယ်ပိုင်း ဆိုင်ရာမှာ အင်တာနက် မရနေသေးတဲ့ကိစ္စက တချို့နေရာတွေနဲ့ဆို ပြောရဆိုရတာ လှမ်းဆက်သွယ်ဖို့က ခက်ခဲ တာမျိုးတွေ ကြုံနေရတာတွေ ရှိတယ်။ အ ခု လက်ရှိ ရခိုင်တွေ ကြုံနေရတဲ့ ပြဿနာက ရခိုင်တွေ ကြုံနေရတဲ့ တိုက်ပွဲတွေ စစ်ပွဲတွေ ဒုက္ခတွေ အကုန် လုံးက ရိုဟင်ဂျာတွေ အရင်တုန်းက ကြုံခဲ့ပြီးတဲ့ဟာတွေ။ အဲဒီတော့ ဒါ တွေကို ရခိုင်တွေဆီ ပြန်ရောက်လာ တဲ့ အနေအထားမှာ ဖြစ်လာတယ်။ အဲဒီတော့ အကြောင်းပြလို့ ကောင်းတဲ့ ဟာ ကလဲ AA ကို အခုအချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းပုံစံမျိုးနဲ့ လုပ်လိုက်တဲ့အခါကြတော့ အကြမ်းဖက်ကို တိုက်တာမျိုးဆိုပြီးတော့ တော် တော်လေး ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တာမျိုးတွေ ရှိတယ်။

ကျနော်အနေနဲ့ မြင်တာကတော့ ရိုဟင်ဂျာတွေကိုတော့ နိုင်ငံတကာဖိအားကြောင့်မို့ သိပ်အများကြီး အရင် က လောက် သိပ်ဆိုးဆိုးဝါးဝါး မဖြစ်နိုင်တော့ပေမယ့် ရခိုင်တွေကို သွားနေတဲ့ဟာကတော့ အရင်ကထက် ပိုပြီးတော့ ဆိုးဝါးတဲ့ အနေအထားဘက်ကို ရောက်လာနေတယ်လို့တော့ သုံးသပ်မိတယ်။

မေး ။ ။ ဒီနေရာမှာ ကျနော်တဆက်တည်း မေးချင်ပါတယ်။ အခုနပြောသွားတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူ့အခွင့် အရေးချိုးဖောက်မှုတွေ မဖြစ်အောင်လို့ လှုံဆော်တဲ့အခြေအနေတွေကို မြန်မာအစိုးရအနေနဲ့ အကာ အကွယ်ပေး ဖို့ဆိုတာ ပါပါတယ်။ ဒါနဲ့ပတ်သက်လို့က သမ္မတရုံးက အခုန ကိုသက်ဆွေဝင်း ပြောသွား တဲ့ထဲ မှာလဲ ပါပါတယ်။ အမုန်းစကား မပျံ့ပွားဖို့ မလှုံဆော်ကြဖို့ဆိုပြီး - ပြောမယ်ဆိုရင်တော့ သူ့ညွှန်ကြားချက်ကို ကျနော်ဖတ်ကြည့် တော့ ဌာနဆိုင်ရာအဆင့်ဆင့်ကို ညွှန်ကြားထားတာ။ လူထုကို ပြောတဲ့သဘောမျိုးတော့ မဟုတ်ဘူး။ အဲဒီတော့ ညွှန်ကြားချက်တွေ ထုတ်တာမျိုးတော့ ရှိပါတယ်။ တကယ်တမ်း အစိုးရအနေနဲ့ ဒီလို မျိုး Genocide လို အခြေအ နေမျိုးတွေ မပေါ်လာအောင်လို့ ထိထိရောက်ရောက် အကာအကွယ်ပေးတဲ့၊ ထိ ထိရောက်ရောက် အသိပေးတဲ့ ဟာမျိုးတွေ။ အခုနပြောသလို အမုန်းစကားတွေ မလုပ်ကြပါနဲ့ဟာမျိုးတွေ။ လုပ်တာမျိုးကော ရှိပါသလား။ အခြေအနေအရ။

ဖြေ ။ ။ အဲဒီညွှန်ကြားချက်တခုလောက်ပဲ ကျနော်တို့ တွေ့ပါတယ်။ ဒါကလဲ ကတုတ်ကရိုက်ကြီး ထွက်လာ တဲ့ ညွှန်ကြားချက်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် သိကြားရေ သုတ် ထားတဲ့ ဟောင်းနွမ်းနေတဲ့ အစားအစာတခုမျိုးလို Sugar-coated လုပ်ထားတဲ့ဟာလို ယူဆတယ်။ ဒါက နိုင်ငံ တကာကို Report တင်ရတော့မယ်။ ဒီဟာကိုပြရမယ့် အခြေအနေမှာ ဒီဟာကို ဒါလေးလုပ် လိုက်မယ်ဆို တာ။ ပွင့်ပွင့်လင်း လင်း ပြောရမယ်ဆိုရင် ကျနော့်အနေနဲ့ ရိုးသားမှု၊ နိုင်ငံရေးစေတနာ ဒီထဲမှာ ကျနော့်အ နေနဲ့ အခုအချိန်အထိ တော့ မတွေ့ရသေးဘူး။ ရိုဟင်ဂျာ Genocide နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဖိအား။ တခု ကျနော်တို့ အသိအ မှတ်ပြုရမှာကတော့ အစိုးရအနေနဲ့ ပူးပေါင်းပါဝင်ပြီးတော့ Report ကိုတော့ အခု ထိတော့ ပုံမှန်တင်နေတယ်။ ဒါလေးကိုတော့ Attention ပေးပြီးတော့ လုပ်ပေးနေတယ်။ နည်းနည်းဖိဖိစီးစီး လုပ်ပေးတာမျိုးတော့ ကျနော်တို့ အနေနဲ့ အသိအမှတ်ပြုတယ်။ သို့သော် တကယ်တမ်း ထိထိရောက်ရောက် နိုင်ငံရေးစေတနာပါပါနဲ့ လုပ်နေတဲ့ ဟာ မရှိဘူးလို့တော့ ကျနော် သုံးသပ်တယ်။ အဲဒီတော့ ဒီအမိန့်ထုတ် လိုက်တဲ့ဟာက အောက်ခြေမှာ ဘယ် လောက် ထိ ထိထိရောက်ရောက် လုပ်မယ်ဆိုတာကို ကျနော်အနေနဲ့ မယုံဘူး။ လုပ်မယ့်အလားအလာကတော့ တော်တော်နည်းပါတယ်။ သို့သော် ဒါကို ကျနော်တို့ ဘယ် လောက်အထိ ထုတ်ထားတဲ့အမိန့်ကို တကယ်တမ်း တည် သွားအောင်လို့ လုပ်ဖို့အတွက်ကို အစိုးရကို ကျ နော် တို့ ဘယ်လိုတိုက်တွန်းကြမလဲ။ ဖိအားပေးကြမလဲ၊ တောင်းဆိုကြမလဲဆိုတာကိုတော့ ကျနော်တို့တွေ ဝိုင်းပြောရမယ့်၊ ဝိုင်းလုပ်ကြရမယ့် အလုပ်လို့ ကျနော့်အနေနဲ့ ယူဆတယ်။ ဒါမျိုးထွက်လာတာတော့ ကောင်း တယ်။ အမိန့်ထုတ်လိုက်တာကိုလည်း ကျနော်အနေနဲ့ ကြိုဆို တယ်။ ဒါကတော့ ယေဘုယျအားဖြင့် ကြိုဆို ရမယ့် ကိစ္စတခုအနေနဲ့ မြင်တယ်။ သို့သော် ဒီအမိန့်ကိုတည်အောင် လုပ်မယ်၊ မလုပ်ဘူး၊ လုပ်နိုင်တယ် မ လုပ်နိုင်ဘူးဆိုတဲ့ ကိစ္စကတော့မေးခွန်းအကြီးကြီးထုတ်ရမယ့်ကိစ္စဖြစ်တယ် လို့ ကျနော်ကတော့ သုံးသပ် ပါတယ်။

မေး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါတယ်။ အဓိကတော့ အစိုးရရဲ့ commitment ပြောမယ်ဆိုရင်တော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ ICJ က အခုလို ကြားဖြတ်စီမံလုပ်ထားတာကို အစိုးရအနေနဲ့ လိုက်နာ မယ်၊ လက်ခံမယ်ဆိုတဲ့ သဘောတော့ဆောင်ပါတယ်။ အစီရင်ခံစာတင်ပြီဆိုတော့ အထဲမှာပါတဲ့ အသေး စိတ် ကိုတော့ ကျနော်တို့ မသိရသေးဘူး။ အဲဒီတော့ ပြောမယ်ဆိုရင်တော့ အစိုးရဘက်က ဒါနဲ့ပတ် သက်လို့လဲ ပြောမယ်ဆိုရင် ICJ က ချထားတဲ့ ကြားဖြတ်စီမံချက် တချက်ချင်းနဲ့ ပတ်သက်လို့လဲ သမ္မတရုံးက ကြေ ညာချက်တွေ ထုတ်ပြန်ပါ တယ်ဆိုတော့ Genocide လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်ကို လေး စား လိုက်နာကြဖို့ဆိုပြီး တပ်ဖွဲ့တွေကို ညွှန်ကြားချက်တွေ အဲဒါမျိုးတွေ ကျနော် တို့ ဖတ်ရပါတယ်။ အဲဒီတော့ အစိုးရဘက်က တကယ့်ကို ရိုဟင်ဂျာ ပဋိပက္ခနဲ့ ပတ်သက်လို့ ကြေအေး ချင် တယ်၊ ပြေလည်ချင်တဲ့ သံဓိဌာန်၊ သူ့ရဲ့နိုင်ငံရေးသံဓိဌာန်က ဘယ်လိုများ ရှိပါသလဲ။ သူတို့လိုလိုလားလား ရှိပါရဲ့လား။

ဖြေ ။ ။ ကျနော် စိတ်ပူတယ်။ အစိုးရကတော့ ရှင်းချင်တဲ့ အနေအထား ရှိပါလိမ့်မယ်။ ရှိမှရလိမ့်မယ်။ အဲဒါမှ လဲ အစိုးရ credibility တက်မှာပေါ့။ သူတို့ရဲ့ ဂုဏ်သိက္ခာလေး ပြန်တက်လာအောင် ဖြစ်ချင်တဲ့အတွက် ရှင်း ချင်တဲ့ အနေအထား ရှိပါလိမ့်မယ်။ သို့သော် ဒီကိစ္စမှာက တပ်နဲ့ အစိုးရကြား ပြေလည်ဖို့အတွက်က အင်မတန် အရေး ကြီး ပါလိမ့်မယ်။ ဘယ်ဖြစ်လို့လဲဆိုတော့ လက်ရှိအနေအထားကိုက အစိုးရကိုယ်တိုင်က တပ်ကို control လုပ်ဖို့ က တော်တော်လေးခက်နေတဲ့သဘော ရှိတဲ့အခါကြတော့ ဒီဟာမှာ အကျပ်အတည်းတခု ဖြစ်နေတယ်။ အဲဒီလို မျိုး ဖြစ်မယ်ဆိုတာကိုတော့ ကျနော် နားလည်ပါတယ်။ အစိုးရကို နားလည်ပေးလို့ရ တယ်။ သို့သော် နှုတ်ပိတ်မ နေဖို့ လိုပါတယ်။ အစိုးရတာဝန်ရှိတဲ့လူတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါတို့ကတော့ ဒီလိုမျိုး ရပ်တည်ဖို့လို တယ်။ ငါတို့က ဒါမျိုးတွေ ဖြစ်ဖို့လိုတယ်ဆိုပြီးတော့ အခုနပြောတဲ့ နိုင်ငံရေး သံဓိဌာန်ကိုတော့ လုပ်လို့မရ သေး ကိစ္စမျိုးတွေ၊ အခက်အခဲတွေ အများကြီးရှိတယ်။ ဒါတွေကို ကျနော်တို့ အားလုံး နားလည်တယ်။ သို့သော်လဲ ဒီ ဟာကို ငါတို့ မရောက်ရောက်အောင် သွားမယ်ဆိုတဲ့ ရည်မှန်းချက်၊ ခိုင်မာတဲ့ရည်မှန်းချက်တခု၊ ခိုင်မာတဲ့သံဓိ ဌာန် တခုကိုတော့ ပြည်သူတွေနဲ့ နိုင်ငံတကာကို ထိထိရောက် ရောက် ချပြနိုင်ဖို့ လိုတဲ့အချိန် ရောက်နေပြီလို့ ယူ ဆပါတယ်။ ဒါကို ကျနော်တို့ အခုထက်ထိတော့ ကျနော့် အနေနဲ့ အားမရသေးဘူး။ ဒါပေမဲ့ အခုလက်ရှိ သွားနေ တဲ့ Process ကြီး - နိုင်ငံတကာတရားရုံးကနေ ချလိုက် တဲ့ အမိန့်တွေအပေါ်မှာ ပြန်ပြီးတော့ ကောင်းကောင်း မွန် မွန် Response လုပ်တဲ့ကိစ္စမျိုးတွေ - အချက်တခု - အရွေ့တခုကတော့ ရောက်လာပြီ။ ရိုဟင်ဂျာတွေကို ပြန် လွှတ် ပေးတာ၊ ဒါမျိုးအမိန့်တွေ ထုတ်ပြန်တာ။ သို့သော် အောက်ခြေမှာ တကယ်ထိထိရောက်ရောက်နဲ့ လုပ်တဲ့ ဟာမျိုးတွေကတော့ အခုထိ အားနည်းနေ တုန်းပဲလို့ ယူဆတယ်။ ဒါကို ကျနော်တို့ ဖြစ်အောင် အားပြန်ဖြည့် ဖို့ လိုတယ်။ အဲဒါနဲ့ အတူတူပဲ အစိုးရက သူ တို့ရဲ့ ရည်ရွယ်ချက်ကို၊ သူတို့ရဲ့မူဝါဒကို ပြည်သူနဲ့ နိုင်ငံတကာကို ထိ ထိရောက်ရောက် ချပြပြီးတော့ ဒါကို မဖြစ်မနေသွားဖို့အတွက် လုပ်ဆောင်ပြဖို့လိုတဲ့ လုပ်ရမယ့် အချိန်ရောက်နေ ပါပြီ။

မေး ။ ။ အခုလိုဖြေကြားပေးတာကို အများကြီးကျေးဇူးတင်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */