" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 21, 2019

လူ့အခွင့်အရေးကိစ္စ နိုင်ငံတကာနဲ့ပူးပေါင်းဖို့ ကုလကိုယ်စား လှယ်တိုက်တွန်း

VOA
 ဗွီအိုအေ (မြန်မာပိုင်း)
21 နိုဝင်ဘာ၊ 2019
၂၀၁၈ ဇူလတုန်းက ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener ရခိုင်ခရီးစဉ် (MOI)
ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အ သိုင်းအဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener က တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရနဲ့ တပ်မတော် အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို၊ ရခိုင်ပြည်နယ်က ဒေသခံနိုင်ငံရေး အသိုင်းအဝန်း၊အ ရပ် ဘက် လူမှုအဖွဲ့အစည်းတွေအပြင် ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၁ ရက် ‌နေ့အထိ ခရီးစဉ် အဆုံးသတ်ချိန်မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ တိုက်တွန်းလိုက်တာပါ။

မြန်မာအစိုးရ၊ တပ်မတော်၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ တော့ နိုင်ငံတကာ တာဝန်ခံမှုလုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ တိုက် တွန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့အပြည် ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တို့မှာ တိုင်ကြားခံထားရချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်ရဲ့မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရသဘောတူ ညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲချက်နဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ICJ မှာ တရားစွဲဆို ခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ မှာ တရားစွဲထားတဲ့ အမှုနဲ့ပတ် သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းမှာဖြစ်ပြီး၊ နိုင်ငံတ ကာက ဥပဒေပညာရှင်တွေကို ငှားရမ်းထားကြောင်းလည်း မြန်မာအစိုးရက မနေ့တုန်းကပဲ ကြေညာ ချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ICC နဲ့ ပတ်သက်လို့တော့ အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ပူးပေါင်းဆောင် ရွက်ဖို့ မရှိကြောင်းလည်း ပြောဆိုထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */