" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, June 24, 2020

မြန်မာ့အရေး ကုလဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေအမြင်

VOA
ဗွီအိုအေ (မြန်မာဌာန)
23 ဇွန်၊ 2020
အိမ့်သန္တာထွန်း
ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီညီလာခံမြင်ကွင်း။ (ဓာတ်ပုံ - UN Web TV - ဇွန် ၂၂၊ ၂၀၂၀)

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံအရေး ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ မြန်မာ့လူ့အခွင့် အ ရေး လှုပ်ရှားသူတွေရဲ့ အမြင်နှင့် သုံးသပ်ချက်တွေကို ပြောပြချင်ပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်း ထောက် မအိမ့်သန္တာထွန်းက သတင်းပေးပို့ထားပါတယ်။
ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမှာ ကျင်းပတဲ့ ၄၃ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာ့အရေးဆုံးဖြတ်ချက်ကို တနလာၤနေ့က အတည်ပြုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ်မှုတွေကို ဖြေရှင်းဖို့ ရည်ရွယ်ထားပြီးတော့ တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိရေးကိုတောင်းဆိုထားတာပါ။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့အပေါ်မှာလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပါတယ်။ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ် ဦးကျော်မိုးဦးကတော့ ကုလသမဂ္ဂရဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံဘူးလို့ ပြောခဲ့ပါတယ်။

ညီမျှခြင်းမြန်မာရဲ့ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂ အပါ အဝင် နိုင်ငံတကာ စိုးရိမ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေကို အခုကာလမှာကို မဖြေရှင်းနိုင်ရင်နောက် ပိုင်းမှာ ပိုပြီး ဖြေရှင်းရခက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။ လက်ရှိ မြန်မာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တိုးတက်မှု ရှိလာတဲ့ နေရာတွေရှိသလို တချို့ဒေသတွေမှာတော့ ပိုမိုဆိုးဝါးလာနေတဲ့ အခြေ အနေတွေ ရှိနေတုန်းဖြစ်ပြီးတော့ ဒီလို လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေအတွက်လည်း ဥပဒေအရ ထိ ရောက်တဲ့ တာဝန်ယူမှုတွေ မရှိဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။


SEE ALSO:
ရခိုင်နဲ့ ချင်းပြည်နယ် စစ်ပြေးဒုက္ခသည်အရေး မီးမောင်းထိုးပြနေတဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်


“လူ့အခွင့်အရေး ချိုးဖောက်မှု မရှိပါဘူးဆိုတာကို ကျနော်တို့က ငြင်းဆန်လို့မရဘူးဗျ။ မရှိဘူးဆိုတဲ့ အချက် ကို နိုင်ငံတကာက လက်ခံလာအောင် ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် သက်သေအထောက်အထား ခိုင်ခိုင် လုံလုံနဲ့ ဖြေရှင်းနိုင်ဖို့ လိုအပ်တယ်။ ဒါပေမဲ့ ကျနော်တို့ဆီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆို တာ ဘယ်လိုမှ ငြင်းလို့မရဘူး။ အရင်တုန်းကဖြစ်ခဲ့တဲ့ လှေပေါ်မှာ ရခိုင်တွေကို ရခိုင်လူမျိုးတွေကို AA နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ နှိပ်စက်ညှဉ်းပန်းတာတွေက ဘယ်လိုမှ ငြင်းလို့မရတဲ့ ကိစ္စတွေ ဖြစ်တယ်။ ရှိ နေရက်သားကို အားလုံးကလည်း မြင်နေရဲ့သားနဲ့ မရှိဘူးပြောခြင်းကတော့ ကောင်းမွန်တဲ့ ဖြေရှင်းချက် မဖြစ်နိုင်ပါဘူးခင်ဗျ။ အဲ့တော့ အစိုးရအနေနဲ့ မရှိပါဘူး။ ငြင်းမဲ့အစား ဒီဟာမျိုးတွေရှိနေတဲ့ထဲမှာ ဒီဟာကို ပပျောက်အောင် ဘယ်လိုမျိုးတွေ လုပ်ဆောင်နေပါလဲ ဆိုတဲ့ အကြောင်းမျိုးနဲ့ ချဉ်းကပ်ပြီးတော့ ဖြေရှင်းဖို့က ပိုပြီးတော့ လက်တွေ့ကျပါလိမ့်မယ်။ တိုင်းပြည်အတွက်လည်း ပိုပြီးတော့ အားကောင်းပါလိမ့်မယ်။”

ခုနောက်ပိုင်း နိုင်လွတ်လုံဥပဒေကို တွင်တွင်ကျယ်ကျယ်သုံးလာတာ၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ မီဒီယာတွေကို အရေးယူလာတာတွေဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပိုပြီးထိခိုက်လာနေတယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

မြန်မာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်လာမှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံး ဖြတ်တာက ပကတိအခြေအနေကို ဖော်ပြတာဖြစ်တယ်လို့ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူ မချယ်ရီဇာဟောင်းကလည်း ဆိုပါတယ်။ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုတွေ၊ ရှိနေသလို ခုနောက်ပိုင်းမှာ သတင်းမီဒီယာလွတ်လပ်ခွင့်တွေပါ ထိခိုက်လာတာ တွေ့ရတယ်လို့ ဆိုပါတယ်။
 
“သံတမန်ရေးရာနဲ့ သွားပြီး ငြင်းတာမျိုးမဟုတ်ဘဲနဲ့ တကယ့် လက်တွေ့မှာ ဥပဒေနဲ့ လုပ်ပြလိုက်ရင် ကုလက လည်း ဖိအားပေးနေစရာအကြောင်း မရှိဘူး။ မြန်မာကတော့ တောက်ရှောက်ငြင်းနေတာပဲ ကျမ သိသ လောက် မှတ်သလောက်ဆိုရင် မြန်မာနိုင်ငံက ကျွန်မတို့ လူ့အခွင့်အရေးချိုးဖောက်ပါတယ်။ ကျမတို့ ဒီလို ကောင်းအောင် လုပ်ဆောင်ပါ့မယ်ဆိုပြီးတော့ သက်သေနဲ့တကွ ကောင်းကောင်းလေး ဖြေရှင်းတာမျိုး မရှိခဲ့ ဖူးဘူး။ လုပ်တယ်ဆိုရင်တောင်မှ ဟန်ပြလောက်ပဲလုပ်တယ်။ တစ်ခုလုပ်ပြီးရင် နောက်ထပ် နှစ်ခု၊ သုံးခု လောက်က ပြဿနာတွေ တက်လာတယ်။ ဒါမျိုးပဲ မြန်မာနိုင်ငံက။ အဲ့ဒါကြောင့် ကျမတို့ကို လူ့အခွင့်အရေး ကောင်စီကနေ အထူးလုပ် ဆောင်သူဆိုတာကို ထပ်ပြီးတော့ တိုးနေရတာဖြစ်တယ်။ အကယ်လို့ မြန်မာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မရှိတော့ဘူး၊ လူ့အခွင့်အရေးတိုးတက်လာပြီ ဆိုလို့ရှိရင် ဒီဟာကိုလည်း ဆက်ပြီးတော့ ထားစရာမရှိတော့ဘူး။”

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ရခိုင်ပြည်နယ်အရေး အပါအဝင် မြန်မာနိုင်ငံတွင်း က လူ့အခွင့်အရေးအခြေအနေတွေမှာ တိုးတက်မှုမရှိတာတွေကို ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ကတော့ ရခိုင်ပြည်နယ်အရေးအပါအဝင် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းနေ ကြောင်းနှင့် အထူး သဖြင့် ကပ်ရောဂါကာလမှာ နောက်ထပ်ကြုံနေရတဲ့ စိန်ခေါ်မှုတွေကိုပါ ရင်ဆိုင်ကျော်လွှားနေရကြောင်း တုံ့ပြန်ထားပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */