Sunday, May 24, 2020

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာတွေ အခြေအနေ တိုးတက် ပြောင်းလဲလာတာ မရှိဘူးလို့ AI ဝေဖန်

VOA
ဗွီအိုအေ (မြန်မာဌာန)
24 မေ 2020
ဗွီအိုအေ (မြန်မာပိုင်း)
 စစ်တွေမြို့အနီးရှိ ဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာဒုက္ခသည်တချို့။ (အောက်တိုဘာ ၁၀၊ ၂၀၁၂)

ရိုဟင်ဂျာတွေကို အကာအကွယ်ပေးရေးအတွက် Provisional Measures ကြားဖြတ်ဆောင်ရွက်ချက်တွေကို အကောင်အထည်ဖော်ဖို့ နိုင်ငံတကာတရားရုံး (ICJ) က အမိန့်ချမှတ်ထားပေမယ့် မြန်မာနိုင်ငံအတွင်းက ရို ဟင်ဂျာတွေရဲ့ အခြေအနေ ပြောင်းလဲအောင် အစိုးရက အရေးယူဆောင်ရွက်တာ မရှိဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွ့ဲကြီး Amnesty International က ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက ၆ သိန်းနီးပါးရှိတဲ့ ရိုဟင်ဂျာတွေနဲ့ ကယ်ဆယ်ရေး စခန်းတွေမှာ အချိန်အကန့်အ သတ် မရှိ နေထိုင်နေရတဲ့ တခြား ရိုဟင်ဂျာ ၁ သိန်း ၂ သောင်းကျော်အတွက် ပြောင်းလဲမှု တစုံတရာ မရှိ ဘူးလို့ Amnesty International ရဲ့ အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Nicholas Bequelin က မေလ ၂၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်တာပါ။

SEE ALSO:
ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာတွေအပေါ် လတ်တလော လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာထုတ်ပြန် 

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေဟာ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်နဲ့ ကျန်းမာရေးဝန် ဆောင်မှုဆိုင်ရာ အခွင့်အရေးတွေ ငြင်းဆိုခံထားရဆဲ ရှိကြောင်းနဲ့ အခုအခါ အစိုးရနဲ့ ရခိုင်လက်နက်ကိုင် တပ် (AA) တို့ရဲ့ တိုက်ပွဲတွေအကြား ပိတ်မိနေတယ်လို့လည်း ဆိုပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ဖို့နဲ့ အထောက်အထားတွေကို မဖျက်ဆီးဖို့ မကြာသေးမီက ထုတ်ပြန်ခဲ့တဲ့ နိုင်ငံ တော်သမ္မတရဲ့ ညွှန်ကြားချက်က နိုင်ငံတကာ တရားရုံးရဲ့ အမိန့်နဲ့ လိုက်လျောညီထွေ ရှိပုံရပေမယ့် လက်တွေ့မှာတော့ ရက်စက်ကြမ်းကြုတ်မှုတွေ ရပ်ဆိုင်းစေဖို့ အနှစ်သာရရှိရှိ လုပ်ဆောင်တာ မရှိဘူးလို့ လည်း Amnesty International က ပြောပါတယ်။

စစ်မှန်တဲ့ တာဝန်ခံမှု မရှိသရွေ့ ရိုဟင်ဂျာတွေနဲ့ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုင်းရင်းသား လူနည်းစုတွေရဲ့ ဘဝတွေ တိုးတက်ဖို့ မျှော်လင့်ချက်မရှိဘဲ မြန်မာအာဏာပိုင်တွေရဲ့ လက်အောက်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဦးမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းတင်ပြပေးဖို့ကိုလည်း Amnesty International က လုံခြုံရေးကောင်စီကို ထပ်မံ တောင်းဆိုထား ပါတယ်။

ရိုဟင်ဂျာ အသုံးအနှုန်းကို လက်ခံခြင်းမရှိတဲ့ မြန်မာအစိုးရက နိုင်ငံတကာတရားရုံး (ICJ) ကို မေလ ၂၃ ရက်နေ့ နောက်ဆုံးထား တင်သွင်းဖို့ရှိတဲ့ အစီရင်ခံစာကို တင်သွင်းထားပြီးဖြစ်ကြောင်း နိုင်ငံခြားရေး ဝန် ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက ဗွီအိုအေကို ပြောပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */