" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 30, 2019

၂၀၂၀ ရခိုင်ပြည်နယ်မှာ ဘာဆက်ဖြစ်မလဲ

ဗွီအိုအေ (မြန်မာဌာန)
ပြည်တွင်းသတင်းသုံးသပ်ချက်
ဦးစည်သူအောင်မြင့်
30 ဒီဇင်ဘာ၊ 2019

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမှာ လုံခြုံရေးကင်းလှည့်နေတဲ့ မြန်မာတပ်ဖွဲ့ဝင်များ (စက်တင်ဘာလ ၂၇၊ ၂၀၁၇) 
 
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ တပ်မတော်နဲ့ AA ရခိုင်တပ်ဖွဲ့တိုက်ပွဲတွေဖြစ်လို့  ရွာသား နှစ်ထောင်ကျော်လောက် ထွက်ပြေးပြီး ဒုက္ခသည် စခန်းတွေမှာ သွားခိုလှုံကြရပါတယ်။ ဒါဟာ ၂၀၁၉ ကုန်ချိန်အထိ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်ပွား နေတာကို ပြသလိုက်တာ ဖြစ်ပြီး ဒုက္ခသည် အရည်အ တွက်ကလည်း တစ်သိန်းနီးပါး ရောက်လာပြီလို့ ကူညီနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။ ၂၀၁၆-၁၇ ခုနှစ် ကတည်း က ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သန်းတစ်ဝက်ကျော် ရှိမယ့် မူ လဆင် ဒုက္ခသည်တွေလည်း မြန် မာနိုင်ငံထဲ ပြန်ဝင်မလာကြသေးပါဘူး။ အဲဒီအစား စစ်တွေ ဒုက္ခသည် စခန်းမှာ ပိတ်မိနေတဲ့ မူဆလင် ဒုက္ခသည် တွေ ရခိုင်ပြည်နယ် ပြင်ပ မြန်မာနိုင်ငံ အတွင်းပိုင်းကို ခိုးဝင်ချိန် ဖမ်းဆီးခံရမှုတွေကလည်း ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ ရခိုင်ပြည်နယ်မှာ နဂို ရှိနေပြီးသား ပြသ နာတွေ ပြေငြိမ်းမသွားတဲ့ အပြင် ပြသနာတွေ ပဋိပက္ခ တွေ တစ်ခုပြီး တစ်ခု တိုးလာနေတာပဲ တွေ့ကြ ရပါ တယ်။ လာမယ့် ၂၀၂၀ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ရခိုင်ပြည်နယ် အတွက် ရော၊ မြန်မာနိုင်ငံ အတွက်ပါ စိုးရိမ်ပူပန်ဖို့ ကောင်းတဲ့ အနေ အထားမျိုးပါ။ အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

လာမယ့် ၂၀၂၀ ထဲမှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲ ဖြစ်ပွားမှု လျော့ကျ မယ့် အရိပ်လက္ခဏာ သိပ် မတွေ့ရပါဘူး။ အကြောင်းကတော့ လက်ရှိ တပ်မတော် ခေါင်းဆောင် တွေနဲ့ AA ထိပ် ပိုင်းခေါင်းဆောင်တွေရဲ့ ပြောဆိုချက်တွေမှာ သူတို့အနေနဲ့ ရခိုင်ပြည်နယ်က စစ်ရေး ပဋိပ က္ခကနေနောက်ဆုတ် သွား မယ့် အနေအထားမျိုး ပါဝင်တာ မတွေ့ရလို့ပါပဲ။ AA ဟာ အင်အား တစ်စုံတစ် ရာ ရှိပြီး လူထု ထောက်ခံမှု လည်း ရနေတာမို့ တပ်မတော်ဘက်က လွယ်လွယ် နှိမ်နင်းနိုင်မှာ မဟုတ်ပါဘူး။ အခြားတစ်ဖက်မှာလည်း တပ်မ တော်ဟာ တရားဝင် တပ်မတော်တစ်ရပ် ဖြစ်နေတာ၊ ကြည်း၊ရေ၊ လေ တပ် ဖွဲ့စုံ ဖွဲ့စည်းထားနိုင်တာ၊ ကျယ်ပြန့် တဲ့ အင်အား အရင်းအမြစ် ရှိနေတာမို့ တပ်မတော်ကို ရခိုင်ပြည်နယ် မြောက်ပိုင်းက ထွက်ခွာသွားအောင် AAတပ် ဖွဲ့က စွမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ အခုလို အခြေအနေမျိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေက သက်သေ ပြ ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခ ကြောင့် နစ်နာရသူတွေကတော့ ဒေသခံ တိုင်းရင်း သားတွေ ဖြစ်ပြီး အသက်သေဆုံး ဒါဏ်ရာရကြတာ၊ဒုက္ခသည် စခန်းတွေရောက်ပြီး ဘ၀ မျှော်လင့်ချက် မဲ့သွားတာမျိုးလည်း ကြုံကြရပါတယ်။ အဆိုးဆုံးကတော့ စစ်ပွဲ ရှည် ကြာရင် ရှည်ကြာသလောက် ဒေသ တွင်းက လူမျိုးစု တစ်ခုလုံးရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဖက်ဖက်က နိမ့်ကျသွားခဲ့တာမျိုးပါပဲ။

လက်ရှိ အချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေ တရားဝင် နေရပ် ပြန်လာ တာမျိုး မရှိသေးတာကြောင့် မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ဖိအားဒဏ်တွေ ရင်ဆိုင်နေရဆဲပါ။ ဒုက္ခ သည် စခန်းကို ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေရဲ့ အနေအထားဟာ ဘယ်လို အခွင့်အရေး၊ ဘယ် လို အနေအ ထားရမှ ပြန်လာမယ် တောင်းဆိုပြီး မြန်မာအစိုးရကို နိုင်ငံရေး တိုက်ပွဲ ဆင်တဲ့ ပုံသဏ္ဍာန် မျိုး ဖြစ်နေတာကြောင့် လွယ်လွယ် ပြန်လာကြလိမ့်မယ်လို့ မမျှော်မှန်းနိုင်ပါဘူး။ တကယ်လို့များ ကုလသမဂ္ဂရဲ့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးကနေ ဂျီနိုဆိုက် အမှုမှာ မြန်မာနိုင်ငံအပေါ် ကြားဖြတ် အမိန့် တစ်ခုခု ချ မှတ်ပေးလိုက်တယ် ဆိုရင် အဲဒီ ဒုက္ခသည်တွေ ပြန်လာရေး ပြသနာ ပိုကြာ၊ ပိုဆိုးသွားနိုင်စရာ အကြောင်း ရှိနေပါတယ်။

အဲဒီ သန်းတစ်ဝက်ကျော်လောက် ရှိတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်လာရေး ပြသနာ မရှင်းနိုင်သေးခင် လူ တစ်သိန်း လောက်ရှိမယ့် စစ်တွေ ဒုက္ခသည် စခန်းက မူဆလင် တစ်ချို့ လူမှောင်ခိုကူးသူတွေ အကူအညီနဲ့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကနေ တဆင့် ရန်ကုန်ဘက် ထွက်ခွာတာ၊ ဥပဒေအရ အဲဒီလူတွေဟာ ခွင့်ပြုချက် မရှိပဲ ရခိုင်ပြည်နယ် အပြင်ဘက် သွားခွင့်မရှိဘူး ဆိုပြီး အာဏာပိုင်တွေက ဖမ်းဆီး၊ တစ်ချို့ကို ထောင်ချ၊ တစ်ချို့ကို နေရပ်ပြန်ပို့ လုပ် နေတာ စတာတွေ နေ့စဉ်ရက်ဆက် မြင်တွေ့နေကြရပါတယ်။ ဒီပြသနာ၊ တစ် နည်းအားဖြင့် စစ်တွေဘက် က ဒုက္ခသည် စခန်း ဖျက်သိမ်းရေး ပြသနာ ပြေလည်အောင် မဖြေရှင်းနိုင် ရင် နိုင်ငံတကာကနေ နောက်ထပ် ရောက် လာနိုင်တဲ့ ပြသနာကြီးတစ်ခု ဖြစ်သွားနိုင်ပါတယ်။

ရခိုင်ပြည်နယ်မှာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေရဲ့ စီမံကိန်းကြီးတွေ ရှိနေပါတယ်။ AA တပ်ဖွဲ့ဌာနချုပ်ဟာ တရုတ် နယ်စပ်မှာ အခြေစိုက်တာကြောင့် တရုတ် အစိုးရနဲ့လည်း အဆက်အဆံ ရှိပြီး တရုတ်စီမံကိန်းတွေကို အနှောင့် အယှက်ပေးမှာ မဟုတ်တဲ့အတွက် ရခိုင်ပြည်နယ်ထဲက တရုတ် ရင်းနှီးမြှုပ်နှံမှုတွေ ပြသနာ ကြီးကြီး မားမား ကြုံ ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အိန္ဒိယနိုင်ငံရဲ့ ကုလားတန်မြစ် ဘက်စုံ စီမံကိန်းကြီးကတော့ AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် လက်ရှိမှာကိုပဲ ပြသနာမျိုးစုံ ကြုံနေရပြီး နောက်ပိုင်း စီမံကိန်း အကောင် အထည် ပေါ်လာ ရေးမှာလည်း အနှောင့်အယှက်တွေ အများကြီး ကြုံရနိုင်ပါသေးတယ်။ အဲဒီလို ပြသနာ ကြောင့် ရခိုင်ပြည်နယ် တွင်းမှာ နိုင်ငံတကာက တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာရေး ဆိုတာ ကို လည်း လောလောဆယ် မ မျှော်မှန်းနိုင်ပါဘူး။

အရေးကြီးတာက ပြည်သူတွေရဲ့ စားဝတ်နေရေး နဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ပြသနာပါ။ ဘင်္ဂလားဒေ့ရှ်ဘက် ထွက် ပြေး သွားကြတဲ့ မောင်တောခရိုင် မြောက်ပိုင်းက မူဆလင်တွေရဲ့ ဒေသမှာတော့ ARSA အဖွဲ့ရဲ့ အကြမ်းဖက်မှု၊ တပ်မ တော်ရဲ့ တန်ပြန်နှိမ်နင်းမှု၊ တဆက်တည်း အဘက်ဘက်ကနေ လုံခြုံရေး တင်းကြပ်မှု တွေကြောင့်၂၀၁၆အောက် တိုဘာ နောက်ပိုင်းကတည်းက ရေလုပ်ငန်း အပါအဝင် သက်မွေးဝမ်းကျောင်း စီးပွား ရေး လုပ်ငန်း အတော်များ များ ပျက်စီးခဲ့ပြီးသား ဖြစ်ပါတယ်။ ခုတစ်ခါ AA နဲ့ တပ်မတော် တိုက်ပွဲတွေကြောင့် အဲဒီ ဧရိယာထဲ က ရခိုင်တိုင်း ရင်းသား အတော်များများ ဒုက္ခသည် စခန်းတွေမှာ သွားခိုလှုံနေ ရသ လို၊ မတည်ငြိမ်မှုကြောင့် ကျန်သူတွေရဲ့ စီး ပွားရေး လုပ်ငန်းတွေလည်း ကျဆင်းပြီး ကျီးလန့်စာစား အခြေအ နေ ရောက်ကုန်ပါတယ်။ ဒီအတွက် ဖွံ့ဖြိုးရေး ဆိုတာကိုလည်း မျှော်မှန်းလို့ ရနိုင်တော့မှာ မဟုတ်ပါဘူး။

အဲလို ပြသနာမျိုးစုံနဲ့ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်သူတွေကို ကယ်တင်ဖို့ ဆိုရင် AA နဲ့ တပ်မ တော် အပစ်အခတ် ရပ်စဲကြဖို့ လိုပါတယ်။ ပစ်ခိုက်တိုက်ခိုက်မှု မရပ်စဲနိုင်မခြင်း၊ နိုင်ငံရေးပြသနာ တွေကို စားပွဲ ဝိုင်းပေါ်မှာ ဖြေရှင်းကြဖို့ စိတ်မဝင်စားမခြင်း ပြသနာတွေ မပြေလည်နိုင်သလို၊ ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက် နေကြဦးမှာ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ မြန်မာ အစိုးရ အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေ ပြန်လာအောင် မစွမ်းဆောင်နိုင်သေးတဲ့တိုင်၊ မောင်တော မြောက်ပိုင်းမှာ ကျန်နေတဲ့ မူဆလင်တွေလူ့ အ ခွင့်အ ရေး ရလာအောင်၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ကောင်းကောင်းမွန်မွန် လုပ်နိုင်အောင် ဖန်တီးပေးရင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆက်အကောင်အထည် ဖော်ပေးရပါလိမ့်မယ်။ တစ် ပြိုင် တည်း စစ်တွေ ဘက် က ဒုက္ခသည် စခန်းတွေထဲ ရောက်နေတာ ၆ နှစ် ၇ နှစ် ရှိပြီဖြစ်တဲ့ တစ်သိန်းဝန်း ကျင်ရှိမယ့် မူဆလင် ဒုက္ခသည် တွေအရေးကိုလည်း အချိန်မဆွဲပဲ လက်တွေ့ကျကျ ဖြေရှင်း ပေးဖို့ လိုပါလိမ့် မယ်။ အဲဒီလို ဖြေရှင်းရာမှာ အစိုးရ အနေနဲ့ တပ်မတော်ကိုရော၊ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကိုပါ စည်းရုံးဆွဲဆောင်ဖို့ လိုပါလိမ့်မယ်။ ဒီလိုမှ မဟုတ်ပဲ ဘက်အသီးသီးက ပါဝင်ပတ်သက်သူအားလုံး ကိုယ့်အ ယူ အဆနဲ့ကိုယ် ပိုနေမြဲ ကျားနေမြဲ နဂိုအတိုင်း တိုက်မြဲ ခိုက်မြဲ လုပ်ကိုင်မြဲ ဆိုရင်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းဟာ စစ်အုပ်ချုပ်ရေးအောက် ရောက်သွားတာ၊ ဒါမှမဟုတ် ရခိုင်ဟာ ကျရှုံးပြည်နယ် အဆင့် ရောက်သွားတာမျိုး ဖြစ်လာနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */