Saturday, February 16, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံ၊ THE ASAHI SHIMBUN သတင်းဌာနအား လက်ခံတွေ့ဆုံပြီး မေးမြန်းမှုများ ဖြေကြား

နေပြည်တော် ဖေဖော်ဝါရီ ၁၆-၂၀၁၉

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဂျပန်နိုင်ငံ၊ The Asahi Shimbun သတင်း ဌာန၊ ရန်ကုန်ဌာနခွဲမှ အကြီးအကဲဖြစ်သူ Mr.Ryuta SOMETAYA အား ၁၄-၂-၂ဝ၁၉ ရက် နံနက် ပိုင်း တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည့်သတင်းအား မြဝ တီ သတင်းစာတွင် ထည့်သွင်းဖော်ပြ ခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ The Asahi Shimbun သတင်းဌာနမှမေးမြန်း သည့်မေးခွန်းများအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဖြေကြားချက်အပြည့်အစုံမှာ အောက်ပါ အ တိုင်းဖြစ်ပါသည် 


 

Mr.Ryuta SOMETAYA ။ ။အခုပထမဆုံး မေးချင်တဲ့မေးခွန်းကတော့ အခုလတ်တလောမှာ ရေပန်းစားနေ တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒါက အခြေခံဥပဒေအကြောင်းဖြစ်ပါတယ်။ အခုဆိုရင် အမျိုးသားဒီမို က ရေစီ အဖွဲ့ချုပ် ကနေပြီးတော့ ဒီအခြေခံ ဖွဲ့စည်းပုံဥပဒေကိုပြင်ဆင်မယ့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းဖို့ အ ဆို တင်ထားပါတယ်။ အဲ့ဒါက တော်တော်လေးလည်း မြန်ဆန်တယ်လို့ပြောလို့ရပါတယ်။ အဲ့ဒီလိုမျိုး သူတို့ အဆိုတင်မယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ကြိုသိခဲ့တာများရှိပါသလား။ နောက်ပြီးတော့ သူတို့လုပ် ဆောင်နေတဲ့လုပ်ဆောင်ချက်တွေ၊ လုပ်ငန်းစဉ်တွေကို သဘော တူညီပါသလား။ နောက်ပြီးတော့ ဒီလိုမျိုး အခြေခံဥပဒေပြင်ဆင်ဖို့ကို သဘောတူညီပါသလား။ ပြင်ဆင်ဖို့သဘောတူတယ် ဆိုရင်ရော ဘယ်အချိန်က အကောင်းဆုံးဖြစ်ပါ့မလဲခင်ဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ သူတို့ကော်မတီဖွဲ့ပြီးတော့ ပြင်ဆင်ရေးဆောင်ရွက်တာ ကျွန်တော်တို့ကြိုမသိဘူး။ သို့ သော်လည်းပဲ အခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်မကြာခဏပြောခဲ့တာတွေရှိတယ်။ ကျွန် တော်တို့ အခြေခံဥပဒေတွေကတော့ တချို့ဟာတွေမှာလည်း ပြင်ဆင်သင့်တဲ့အချိန်ကျရင် လည်းပြင်ရ လိမ့် မယ်။ ပြင်ဆင်ရမယ့် အကြောင်းအရာတွေလည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ အခုက ကျွန်တော်တို့ကတိုင်း ရင်းသားလက် နက် ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေတာပေါ့။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကနေ တောင်းဆိုတဲ့အချက်တွေရှိတယ်။ တိုင်းရင်းသားနဲ့ ပတ်သက်တာ ပေါ့လေ။ အဲ့ဒီတော့ ဒီဟာနဲ့ပတ်သက်ပြီး တချို့ဟာတွေမှာ အခြေခံဥပဒေမှာ တချို့ဟာတွေမပြင်လို့မရ ဘူး ဆိုတာ ကျွန်တော်တု့ိတွေ့တယ်။ ဒါကြောင့် ပြင်ဖို့အတွက်ကတော့ မူအားဖြင့်သဘောတူတယ်။ ဒါလည်း ပြီး ခဲ့တဲ့အစိုးရ သက်တမ်းကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။ ကျွန်တော်တို့မပြင်ဘူးဆိုတဲ့ စကားလုံး ဝမပြောဘူး။ ပြင်ဖို့လိုအပ်တယ်။ တချို့ဟာတွေပြင်ရပါမယ်။ ကျွန်တော်တို့သဘောပေါက်တယ်။ ပြင်သင့်ပြင် ထိုက်တဲ့အချိန်မှာ ပြင်သင့်ပြင်ထိုက်တဲ့ အကြောင်းအရာတွေ ပြင်ဖို့ပြင်တဲ့အခါမှာလည်း အခြေခံဥပဒေ ပြင် ဆင်ရေးမှာတော့ အခြေခံဥပဒေရဲ့ အခန်း ၁၂ မှာ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ Process တွေ ပေးထားတာ ရှိပါတယ်။ သ့ူရဲ့ဥပမာပေါ့။ ပေးထားတာတွေအတိုင်းပဲ သွားရင်တော့ ပိုကောင်းမယ်လု့ိ ကျွန်တော်တို့ပြောပြ တာတွေရှိတယ်။ ဒီတိုင်းပဲ လုပ်တာတော့ ပိုပြီးတော့လည်းထိရောက်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒီမှာလည်း ဖြည့်ပြီးပြောချင်တာ။ ပြီးခဲ့တဲ့နှစ်က ကျွန်တော်တို့လုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံရဲ့ အထူးအ စည်း အဝေးမှာ ကျွန်တော်ပြောခဲ့တာတွေရှိတယ်။ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေ ရွေးချယ်ရေးနဲ့ ပတ် သက်တာတွေ၊ ပြီးတော့ Governor အုပ်ချုပ်ရေးမှူးတွေခန့်ထားတဲ့ ဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ပြောခဲ့တယ်။ ဒါ Constitution ပြင်ဖို့ဟာထဲမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ဆိုပြီးတော့ကျွန်တော်ပြော ခဲ့တာတွေရှိတယ်။ ပြီးခဲ့တဲ့အစိုးရ သက်တမ်းတုန်း ကလည်း အခြေခံဥပဒေမှာ ပြင်ခဲ့တာရှိတယ်။ နောက် ဆက်တွဲဇယားတွေမှာလည်း ပြင်ပေးခဲ့တာတွေရှိတယ်။ ဒါတွေကိုကြည့်မယ် ဆိုရင် တပ်မတော် အနေနဲ့ ပြင် ဆင်ရေးအပေါ်မှာလည်း ကျွန်တော်တို့ကောင်းတဲ့ဘက်က သွားတယ်ဆိုတာ လေးတော့ သတိပြုနိုင်ပါ တယ်။ ဒါမှမလုံလောက်သေးဘူး ဆိုရင်လည်း ဆွေးနွေးပြီးတော့ ဒါတွေတော့ဖြစ်စေချင်တယ်။ ဒါတွေတော့ ရစေချင်တယ် ဆိုလို့ရှိရင် ဒါကျွန်တော်တို့ တိုင်းပြည်အတွက် ဖြစ်စေချင်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန် တော်တို့ ပြင်ပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာသတိထားရမှာတော့ ကျွန်တော်တို့ဖွဲ့စည်းပုံ အခြေခံဥပဒေ အနှစ်သာရကို မထိခိုက်ဖို့တော့ လိုပါတယ်။

Mr.Ryuta SOMETAYA။ ။ လွှတ်တော်မှာဆိုလို့ရှိရင်လည်း ၂၅ ရာခိုင်နှုန်းက မြန်မာ့တပ်မတော်ကနေရာ ယူထား တယ်ပေါ့နော်၊ နောက်ပြီးတော့ မိသားစုတစ်စုတည်းမှာ နိုင်ငံခြားသားပါလို့ရှိရင် သမ္မတမဖြစ်နိုင် ဘူးဆိုတာလည်း ရှိပါတယ်ခင်ဗျ၊ အဲဒါကို နိုင်ငံတကာက နည်းနည်းတော့ထောက်ပြထား တာလေးတွေရှိပါ တယ်။ အဲ့ဒီမူဝါဒကိုများ အနာဂတ်မှာ ပြင်ဆင်ဖို့ ရှိ/မရှိ သိချင်ပါတယ်ခင်ဗျ။

ဗိုလ်ချုပ်မှူးကြီး။ ။ ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်လို့ပြောရရင် ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို အသွင်ပြောင်း လာတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေ အရသော်လည်းကောင်း၊ လုံခြုံရေးအခြေအနေ အ ရသော်လည်းကောင်း၊ တည်ငြိမ်အေးချမ်းဖို့ စိတ်မချဘူး။ ခုထိကို ကျွန်တော်တု့ိအခက်အခဲတွေ အများ ကြီး ဖြတ်သန်းနေရတာ တွေရှိတယ်။ ဒါကြောင့် ကျွန်တော်တို့သွားနေတဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်း တည် တည်ငြိမ်ငြိမ်ဖြစ်ဖို့လိုပါတယ်။ အခု လွှတ်တော်မှာ ပြောဆိုလုပ်ကိုင်ဆွေးနွေးနေတဲ့ အကြောင်းအရာ တွေ၊ အုပ်ချုပ်ရေးလမ်းကြောင်းဘက်မှာ ဆောင်ရွက်နေတဲ့ ကိစ္စတွေ၊ ပြည်သူလူထုဘက်က ဆောင်ရွက်နေ တဲ့ ကိစ္စတွေ၊ တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေ ကြည့်မယ်ဆိုရင်တော့  တိုင်းပြည်က နိုင်ငံရေးအရသော်လည်းကောင်း၊ လုံခြုံရေး အရသော်လည်းကောင်း တည်ငြိမ်ဖို့တော့ နည်း နည်းလိုအပ်နေသေးတယ်ဆိုတာ ကျွန်တော်တို့ဖော်ပြနေတယ်။ ဒါကြောင့် နိုင်ငံတော်အတွက် တပ်မတော် ကလည်း ဒါကိုယူပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒါတွေအကုန်လုံး လုံခြုံစိတ်ချသွားမယ်ဆိုရင်တော့ အခြေအနေကပြောင်းလဲသွားမှာပါ။ ကျွန်တော်တု့ိ အသေ ဆုပ်ကိုင် ထားတာတော့မဟုတ်ဘူးဆိုတာ နံပါတ် ၁ အချက် ကျွန်တော်ပြောလိုတယ်။ နောက်တစ်ခုက ဒုတိယအပိုင်းပေါ့လေ။ မေးခွန်းရဲ့ ဒုတိယ အပိုင်းမှာ ဒီနိုင်ငံခြားသားနဲ့ပတ်သက်တဲ့ကိစ္စလေးပါလာတယ်။ ကျွန်တော်တို့က ကိုလိုနီဖြစ်ခဲ့တဲ့နိုင်ငံတစ်ခု ဖြစ်ပါ တယ်။ ကျွန်တော်တို့က ၁၉၄၈ ခုနှစ်မှ လွတ်လပ်ရေးရတော့ ကိုလိုနီဖြစ်တဲ့ကာလအတွင်းမှာ ကျွန်တော်တို့ တိုင်းပြည်ခံစားခဲ့ရတဲ့ ဟာတွေက တော်တော်ကို ဆိုးဆိုးရွားရွားဖြစ်ခဲ့တယ်။ ကျွန်တော်တို့ လွတ်လပ်ရေး ရဖို့လည်း အများကြီးကြိုးစားခဲ့ရတယ်။ ခင်ဗျားတို့ဂျပန်ကတောင် အကူအညီတွေယူခဲ့ရတာရှိပါတယ်။ အဲ့ တော့ ဒီမှာလည်း ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးစေမယ့် လုပ်ရပ်တွေ လုပ် ဆောင်နိုင်တဲ့ အခွင့်အရေးတွေကို တခြားလူတွေကို ကျွန်တော်တို့ ပေးလို့တော့မရဘူး။ မြန်မာနိုင်ငံရဲ့ အခြေ အနေအရပ်ရပ်ကို ဖန်တီးနိုင်ဖို့ရာ မြန်မာနိုင်ငံသားတွေ လက်ထဲမှာပဲရှိဖို့လိုပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ တိုင်းရင်းသားတွေ လက်ထဲမှာ ရှိဖု့ိလိုတယ်။ ဒါ့ကြောင့်လည်း သမိုင်းရဲ့အတွေ့ အကြုံအ ရ ပေါ့။ ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တည်းကို ရည်ရွယ်ပြီး လုပ်ထားတာ မ ဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာတော့ သူတို့နိုင်ငံနဲ့ဆီလျော်တဲ့ ဥပဒေတွေတော့ သူတို့ပြဋ္ဌာန်းမှာပေါ့။ ဒါပေမဲ့ တချို့နိုင်ငံတွေမှာရှိပါတယ်။ ကျွန် တော်တို့နိုင်ငံရဲ့အခြေအနေတွေကတော့ လက်ရှိဒီအတိုင်း ပြဋ္ဌာန်းထား တာ အကောင်းဆုံးလို့ ယူဆတဲ့အတွက်ကြောင့် ဒါကိုတော့ မူဝါဒတစ်ရပ် အနေနဲ့ ဆုပ်ကိုင်ထားတယ် ဆို တာ လည်း ကျွန်တော်ပြောလိုပါတယ်။ 

Mr.Ryuta SOMETAYA။ ။ ၂ဝ၁၇ မှာဆိုလို့ရှိရင် ရခိုင်ကိစ္စစဖြစ်တာကတော့ မွတ်စလင်တွေကနေပြီးတော့ ဒီလက်နက်ကိုင် သောင်းကျန်းတာကနေ စခဲ့ကြတာပေါ့နော်။ အဲ့ဒါကို လူတွေကနေပြီးတော့ သူတို့ဒီလိုမျိုး စခဲ့ တယ်ဆိုတာကို သူတို့မေ့ထား ကြတာဖြစ်ပါတယ်။ မေ့နေကြတာဖြစ်ပါတယ်။ နောက်ပြီး အဲ့ဒါကိုမေ့နေ ပြီးတော့ ကျွန် တော်တို့ ဒီမြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ကို အရမ်းကို ဝေဖန်တိုက်ခိုက်နေကြပါတယ်။ အဲဒါကလည်း မညီမျှတဲ့အကြောင်းရင်းတွေ လို့ထင်ပါတယ်။ ပြီးတော့ အခု ဗိုလ်ချုပ်မှူးကြီးပြောတဲ့ ဒီထင် မြင် ချက်တွေ၊ ဒီပြောစကားတွေကို ဂျပန်သတင်းစာဖတ်တဲ့သူတွေဆီကို အမှန်တရားတွေရောက် သွား အောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် UN အပါအဝင် နိုင်ငံတကာကနေ မြန်မာ့တပ်မ တော်ကို အပြင်းအထန်ဝေဖန်နေကြပါတယ်။ နောက်ပြီးတော့ မွတ်စလင်တွေအပေါ်မှာ သူတို့ဖိနှိပ်တယ် ဆိုပြီးတော့ ဝေဖန်နေကြပါတယ်။ နောက်ပြီးတော့ လူ ၇ သိန်းကျော်ကလည်း မြန်မာနိုင်ငံမှာနေထိုင်ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်သွားကြပါတယ်။ အဲ့ဒီထွက်သွားတဲ့သူတွေအပေါ်မှာရော ဘယ်လိုခံစားမှုမျိုး ဖြစ်ပါသလဲ။ နောက်ပြီးတော့ International Criminal Court နိုင်ငံတကာရာဇဝတ်ရုံးကနေပြီးတော့ လူ တွေပြောနေကြတာရှိပါတယ်။ ဒီရုံးကနေ ဗိုလ်ချုပ်မှူးကြီးအပါအဝင် အခြားတပ်မတော်ခေါင်းဆောင် ကြီး တွေ အပေါ် အရေးယူဖို့ပြင်ဆင်နေကြတယ်။ ပြီးတော့ နိုင်ငံတကာကိုရော၊ နိုင်ငံတကာရဲ့ အထင်အမြင် တွေအပေါ်ကိုရော ဘယ်လိုမျိုးထင်ပါသလဲခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး။ ။ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမှာဖြစ်တဲ့ ဖြစ်စဉ်ကိုပြောမယ် ဆိုရင်တော့ သမိုင်းဖြစ်ရပ် အမှန်တွေကို သိဖို့လိုတာပေါ့။ တစ်အချက်ကတော့ သူတို့သည် မြန်မာနိုင်ငံသားတွေ မဟုတ် ပါဘူး။ မြန်မာ နိုင်ငံက တိုင်းရင်းသားတွေလည်းမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ ရောက်ရှိနေထိုင်ကြတဲ့သူ တွေ သာဖြစ်တယ်။ အဲတော့ ကျွန်တော်တို့ အနေနဲ့တော့ တပ်မတော်အနေနဲ့ပဲဖြစ်ဖြစ်၊ နိုင်ငံအနေနဲ့ပဲဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံသူ/နိုင်ငံသားနဲ့ မြန်မာနိုင်ငံမှာရှိနေကြတဲ့သူတွေကို အကာအကွယ်ပေးဖို့တာဝန်ရှိတာပေါ့။ တိုင်း ရင်းသားတွေကို ကာကွယ်ပေးဖို့ရှိတယ်။ ဖြစ်တဲ့ဖြစ်စဉ်ကလည်း တကယ်ကို လူသိရှင်ကြား လက်ညှိုးထိုး ပြီးတော့ပြောတာတော့ ၂ဝ၁၇ ခုနှစ်ကျမှ လူသိရှင်ကြား တော်တော်ကြီးကိုဖြစ်လာတာ။ တကယ်တော့ ဟိုး သမိုင်းနဲ့ကိုစပြီးဖြစ်ခဲ့တာ။ ဥပမာအဖြစ် ၁၉၄၂ ခုနှစ် အလယ်သံကျော်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်မျိုးဆိုလို့ရှိရင် လူ ပေါင်းနှစ်သောင်းနီးပါးလောက် အသတ်ခံခဲ့ရတာ ဒေသခံရခိုင်တိုင်းရင်းသားတွေ အသတ်ခံရပြီးတော့မှ အကုန်လုံး ဘူးသီးတောင်၊ မောင်တောကနေ ထွက်ပြေးလာရတဲ့ဖြစ်စဉ်တွေဆိုလို့ရှိရင် သမိုင်းမှာတကယ် ကိုဖြစ်ခဲ့တာဆိုတော့ ဖြစ်တဲ့ဖြစ်စဉ် ပေါင်းက အဲဒီကိုလိုနီဖြစ်တဲ့ကာလကနေပြီးတော့ လက်ရှိကာလအတွင်း မှာ ဖြစ်စဉ်တွေအများကြီးရှိတယ်။ လက်လှမ်းမီ သလောက်ပြောရလို့ရှိရင် ၂ဝ၁၂ ခုနှစ်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်၊ ၂ဝ၁၆ ခုနှစ်မှာဖြစ်ခဲ့တဲ့ဖြစ်စဉ်၊ ၂ဝ၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဖြစ်စဉ်။ ဒါတွေကတော့ ဒီဘက်လက်လှမ်းမီပြီးတော့ မှ ခိုင်ခိုင်မာမာနဲ့ပြောပြလို့ရတယ်။ ခိုင်ခိုင်မာမာ မရှိတာမဟုတ်ဘူး။ ရှိပါတယ်။ သို့သော် ပြောမယ်ဆိုရင် အ များကြီးရှိတာပေါ့။ အဲဒီမှာ ဒေသခံတိုင်းရင်းသားတွေဟာ လူနည်းစုဖြစ်ပြီးတော့ ကျွန်တော်တို့ ပြောတာတော့ ဘင်္ဂါလီပါ။ ဘင်္ဂလားဒေသကလာလို့ ဘင်္ဂါလီခေါ်တာပေါ့။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားကို ကျွန်တော်ပြော တာ မဟုတ်ဘူး။ ဘင်္ဂလားဒေသကလာတဲ့ ဘင်္ဂါလီက ဒေသခံပြည်သူတွေကို အနိုင်ကျင့်သတ်ဖြတ်တာတွေ အများကြီးဖြစ်ခဲ့တယ်။ အဲတော့ နောက်တစ်ခါ လက်နက်ကိုင်အကြမ်းဖက်မှုနဲ့ ရဲစခန်းတွေကို ဝင်ရောက်စီး နင်းတိုက်ခိုက်တာတွေဖြစ်ခဲ့တယ်။ ဒေသခံ တိုင်းရင်းသားတွေ အသတ်ခံရတာရှိတယ်။ ဒေသမှာရှိတဲ့ လုံခြုံ ရေးတာဝန်ထမ်းဆောင်တဲ့သူတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိတယ်။ လက်နက်ကိုင် လူအများစုကနေပြီးတော့ လုံခြုံ ရေးတာဝန်ထမ်းဆောင် သူတွေကို တိုက်ခိုက်တာတော့ ကျွန်တော်တို့ ဒီ တိုင်းလက်ပိုက်ကြည့်နေလို့မရဘူး။ တိုင်းရင်းသားတွေကိုတိုက်ခိုက်တာကို ဒီအတိုင်း လက်ပိုက်ကြည့်နေ လို့မရဘူး။ အဲတော့ ဘယ်လိုပဲဖြစ်ဖြစ် ကာကွယ်ရမှာပေါ့။ တစ်အချက် ကာကွယ်ဖို့ပေါ့။ နှစ်အချက် မလုပ်ရ ဘူး။ ပြန်လုပ်ရမှာ။ ဒီလိုတော့ရှိတယ်။ ဒါကတော့ Security ရဲ့သဘောပဲ။

အဲတော့ ခုနနောက်ဆုံး ၂ဝ၁၇ ခုနှစ်ဖြစ်စဉ်ကို ကြည့်မယ်ဆိုလို့ရှိရင်လည်း ကျွန်တော်တို့ဖြစ်စဉ်ဖြစ်ခဲ့ တဲ့ရက် တွေမှာဆိုရင် လူဦးရေ လူ ပေါင်းလေးငါးခြောက်ရာ လောက်ကနေ တစ်ထောင်ပတ်ဝန်းကျင်လောက် ရှိတဲ့ လူတွေက လူပေါင်းနှစ်ဆယ် အစိတ်လောက်ရှိတဲ့ လုံခြုံရေး စခန်းတွေကိုတိုက်ခိုက်တာ၊ ကျေးရွာတွေကို တိုက်ခိုက်တာ တော် တော်ကိုဆိုး ရွားပါတယ်။ ဒါတွေကို ကျွန်တော်တို့က အကုန်လုံးလည်းရှင်းပြတယ်။ စုံစမ်းစစ်ဆေးရေးသွား လုပ်တဲ့အခါ မှာလည်းပေါ်တယ်။ တွေ့လည်းတွေ့၊ ဖြစ်စဉ်တွေသက်သေထားပြီး လည်းပြတယ်။ ဒါကတော့ ကိုယ့်ကိုယ် ကိုယ် ခုခံကာကွယ်ဖို့တော့ လုပ်မှာပဲ။ သူတို့တိုက်ခိုက်မှုကို ကိုယ်က မခုခံဘူးဆိုရင် မကာကွယ်ဘူးဆိုရင် ကိုယ့်တိုင်း ရင်းသားတွေလည်း သေမှာပဲ။ အဲဒီမှာရှိတဲ့ လုံခြုံရေး တပ် ဖွဲ့ဝင်တွေလည်း သေမှာပဲ။ လည်စင်း ခံရမယ့် သဘောတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကတော့ ကျွန်တော် တို့ တုံ့ပြန်မှုတော့လုပ်ရလိမ့်မယ်။

ဒီမှာ လည်း ခုန ဘင်္ဂါလီ လူထုကနေပြီးတော့ တိုက်တယ်လို့ပြော တယ် ထင် ပါတယ်။ ARSA အဖွဲ့တွေ လည်း နောက်ကနေ ပူးပေါင်းပါဝင်မှုရှိတယ်လို့ သူတို့ဗီဒီယို မှတ်တမ်းတွေ လည်း ကျွန်တော်တို့ရှိတယ်။ အဲတော့ သူတို့လက်နက်ကိုင်ထားတာလည်း တုတ်တွေ၊ ဓားတွေပါတယ်။ လက်လုပ်ဗုံးတွေပါတယ်။ သေ နတ်တွေ ပါတယ်။ ဆိုတော့ ဒါတွေဟာ အကုန်လုံး လူတွေကိုသေစေနိုင်တဲ့ ဟာတွေပဲဖြစ်တယ်။ သေစေနိုင် တဲ့ ဟာ ကိုတော့ ကျွန်တော်တို့ ဒီအတိုင်းခေါင်းငုံ့ခံလို့တော့မရဘူး ဆိုတာ လေး လည်း ခင်ဗျားသဘောပေါက်ပါ လိမ့် မယ်။ ဒါတုံ့ပြန်တာက တော့ တချို့ဟာတွေမှာလည်း မလုပ်ရဲ အောင်လုပ်ရတာလည်း ရှိ ကောင်းရှိနိုင်တာပေါ့။ သို့သော်လည်း ဥပဒေ ချိုးဖောက်ပြီး လုပ်တယ်ဆိုရင်လည်း ကျွန်တော်တို့ အရေး ယူ တာတွေရှိပါတယ်။ အခု လည်း တချို့တာဝန်ရှိတဲ့သူတွေကို ထိန်းသိမ်းမှုဘက်မှာ အား နည်းမှုရှိတော့ အရေး ယူတာတွေ လည်းရှိ တာပေါ့။ အဲဒီမှာလည်း ခင်ဗျားခုနမေးတဲ့ အထဲမှာ လူခုနစ် သိန်းလောက် ဟိုဘက် ကိုပြေး တယ်ဆိုပြီး တော့ ပြောတာပေါ့။ လူခုနစ်သိန်းဆိုတာ သူတို့ကပြောတဲ့ ကိန်း ဂဏန်းပေါ့။ ကျွန်တော် တို့ ဆီမှာလည်း တရားမဝင် နေထိုင်တဲ့သူတွေ စာရင်းကောက်ခံထားတာ ရှိပါတယ်။ လက်ရှိ ကျန်တဲ့သူတွေ စာရင်းကောက်ခံ ထားတာ ရှိတယ်။ ဒီဟာတွေ Difference လုပ်လိုက်လို့ရှိရင် မြန်မာနိုင်ငံကနေ ပျောက် သွား တဲ့သူတွေပေါ့၊ အဲဒီနေရာ မှာလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးသွားတဲ့ သူလည်းရှိသလို ပင်လယ် လမ်းကြောင်းကနေပြီးတော့ အောက်ကို ထွက်ပြေးတဲ့သူလည်းရှိမယ်။ အကြောင်းအမျိုးမျိုးနဲ့ ဒီက တခြားဒေ သတွေကို သွားတဲ့သူလည်း ရှိနိုင် ပါတယ်။ ဒါကြောင့် ဒီ Figure ကတော့ မဟုတ်ဘူး ဆိုတာပြော ချင်တယ်။ အဲဒီတော့ ဒီမှာလည်း သူတို့ က ခုနစ်သိန်းဆိုပေမယ့် ဒီလူတွေက မြန်မာနိုင်ငံက နိုင်ငံသားတွေ ဆိုပြီးတော့ တစ်ထစ်ချပြော လို့လည်းမရ ဘူး။ ကျွန်တော်တို့ ဒီလူတွေကို ဘယ်လိုမှ စိစစ်လို့ မရသေးဘူး။ စိစစ်ဖို့ တာ ဝန် ရှိတယ်။ အဲဒါ ကျွန်တော်တို့ စစ်ပြီးလက်ခံဖို့ ကျွန်တော်တို့ ပြော ထားတာရှိတယ်။ အဲတော့ ဒီလူတွေ က လည်း သူတို့ပြေးရတဲ့ အကြောင်း ရင်းကို ပြောတဲ့အခါကျရင်လည်း သနားအောင်ပြောမှာပေါ့နော်။ သူတို့ ဘင်္ဂလားဒေ့ရှ်မှာ နေရတာ ပျော် လို့ လာတယ်ဆိုပြီးတော့ ဘယ်သူကပြောမလဲ။ မပြောနိုင်ဘူး။ အဲတော့ သူ တို့နှိပ် စက်ညှဉ်းပန်း လို့ဆိုတဲ့အဖြေ ပဲပေးမှာပဲ။ သူတို့ဆင်းရဲဒုက္ခရောက်လို့လာရတယ်လို့ သူတို့ပြော မှာပဲ။ ဒီပေါ်မှာရတဲ့ သတင်းပေါ် မူတည်ပြီး တော့ ရယူတဲ့သတင်းဌာနတွေ၊ ဒါမှမဟုတ်ရင် သူတို့စုံစမ်းလေ့ လာတဲ့ သူတွေကို သူတို့ပြောတာဖြစ်မှာပေါ့။ နောက်တစ်ခါ ဒီကြားထဲမှာလည်း နယ်စပ်ဒေသကိုကျော်ပြီး တော့သွား တဲ့သူတွေရှိတယ်။ အဲဒါ အုပ်ချုပ်ရေး မှာ တာဝန်ရှိတဲ့ဝန်ကြီးတွေ၊ ပြည်ထောင်စုဝန်ကြီး၊ ဒီဒေသ ခံဝန်ကြီး ချုပ်၊ နောက်တစ်ခါ တပ်မတော်နဲ့ လုံခြုံ ရေး တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကတားတယ်။ ခင်ဗျားတို့မသွား ပါနဲ့။ မြန်မာပြည်မှာသာနေပါ။ ပြောတာလည်းမ ရပါဘူး။ သူတို့သွားမှာပဲပြောတယ်။ သူတို့ကောင်းကောင်း မွန် မွန်သွားတာပဲ။ ကြောက်လန့်ပြီးပြေး တာ မ ဟုတ်ဘူး။ ပြေးတာစိတ်ပူလို့ပြေးတာမဟုတ်ဘူး။ သူတို့ စိုး ရိမ်ပူ ပန်မှုတစ်ခုခုကြောင့် သွားတယ်ဆိုတာတော့ ဖြစ်နိုင်တယ်။ သို့သော်လည်းပဲ ကျွန်တော်တို့လုံခြုံရေး အ ကောင်းဆုံးရှိတဲ့ အခြေ အနေမျိုးတောင်မှ သွား တယ်ဆိုတာက သူတို့မှာ တော်တော်ကြီးကို ဖိအားတွေ ရှိနေတဲ့သဘောကို ကျွန် တော်တို့သွားတွေ့ရတယ်။ အဲဒီဖိအားက ဘာလဲ။ ဟိုဘက်က သူတို့ရဲ့ဆွေမျိုးတွေ နဲ့ သူတို့တွေ့ချင်တာလည်းပါမှာပေါ့။ နောက်တစ်ခါ နောက်ကနေ အကြောက်တရား ဖြစ်အောင် လုပ်တာ လည်းပါမှာပေါ့။ နောက်တစ်ခုက တခြားနေရာကို သွား ဖို့အတွက်ပေါ့။ လူဆိုတာ ရေကြည်ရာမြက်နုရာ သွားတဲ့သဘောပါပဲ။ အဲတော့ သူတို့ဒီထက်ပိုပြီးကောင်း တဲ့နေရာကိုသွားဖို့ကြိုးစားတာဖြစ်မယ်။ မြန်မာပြည် မှာတော့ သူတို့လုပ်ကိုင် စားသောက်လို့မရဘူး။ သူတို့ နေ တဲ့နေရာမှာ လုပ်ကိုင်စားသောက်တာ ကျွန်တော် တို့ ဘာမှမပြောဘူး။ သူတို့ကို ကျွန်တော်တို့က ဥပဒေနဲ့အညီစိစစ်ပြီးတဲ့အချိန်မှာ သူတို့ကိုပေးနိုင်တဲ့ တိုင်း ရင်း သား၊ နိုင်ငံသားနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ ပေးလာတဲ့ အချိန်ကျရင် သူတို့လုပ်လို့ရတယ်။ ကျွန် တော်တို့ ဘာမှပြဿနာမရှိဘူး။ မွတ်စလင်ဆိုပြီးတော့ပြောတာပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၄ ရာခိုင် နှုန်းကျော် ၅ ရာခိုင်နှုန်း ကျော်လောက်က မွတ်စလင်တွေဖြစ်ပါတယ်။ အစ္စလာမ်ဘာသာ ကိုးကွယ် တဲ့ သူ တွေဖြစ်တယ်။ မြန်မာတစ်နိုင်ငံလုံးမှာရှိတယ် မွတ်စလင်တွေ။ ဒီလူတွေကတော့ ကျွန်တော်တို့ စိစစ်လို့ မရသေးတဲ့သူတွေဖြစ်တယ်။ စိစစ်လို့ရတဲ့ အခါကျရင်လည်း ကျွန်တော်တို့က သူတို့ကို ပေးသင့်ပေးထိုက်တဲ့ အဆင့်နဲ့ ညီတဲ့ဟာတွေကို ပေးရမှာဖြစ်တယ်။ ဒါကို ကျွန်တော်တို့ကို စွပ်စွဲချက်အမျိုးမျိုးလုပ်တာပေါ့။ ကျွန် တော်တို့ဘာလုပ်တယ်။ ဥပမာအားဖြင့် ethnic Cleansing လုပ်တယ်။ ခုန ICC က စွပ်စွဲတာတွေရှိတာပေါ့။ ကျွန်တော်တို့ ICC အဖွဲ့ဝင်မဟုတ်ဘူး။ ကျွန်တော်တို့ ICC နဲ့ပတ်သက်ပြီး ဘာမှလိုက်နာစရာ အကြောင်း မရှိဘူး။ သူ့ဟာသူပြောချင်ရာပြောပါစေ။ ကျွန်တော်တို့လည်း ကိုယ့်နိုင်ငံရဲ့Sovereignty အရပဲ ကျွန်တော် တို့သွားရတာပဲ။ ကျွန်တော်တို့ကို လာပြီးခြိမ်းခြောက်လို့လည်း မရဘူး။ အဲဒီတော့ ဆိုလိုချင်တာကတော့ ဥပဒေနဲ့အညီ ကျွန်တော်တို့ကိုပြောပါ။ ကျွန်တော်တို့ဥပဒေနဲ့အညီ လုပ်ပေးနေတယ်။ ကျွန်တော်တို့ ဘက် က ဥပဒေနဲ့ မညီဘူးဆိုရင်လည်း ကျွန်တော်တို့ကို ပြောပြလို့ရတယ်။ အဲဒါဆိုရင်တော့ မဟုတ်ဘူး။ အဲဒီတော့ သူတို့ဘက်က အမြင်နဲ့ ကိုယ့်ဘက်ကအမြင်နဲ့ ကျွန်တော်တို့ပြောမယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုရဲ့ ဥပဒေ ကတော့ သူ့နိုင်ငံမှာ အာဏာရှိရမယ်။ သက်ရောက်ရမယ်။ သူများနိုင်ငံက ဥပဒေ လာပြီးတော့ ကျွန်တော် တို့ကို ခင်ဗျား သူတို့နိုင်ငံက ဥပဒေကို လိုက်နာရမယ်။ သူတို့ရဲ့စည်းကမ်းကိုလိုက်နာရမယ် လာပြောလို့ မရ ပါဘူး။ ဒါကျွန်တော်တု့ိရဲ့ အချုပ်အခြာအာဏာပဲ မဟုတ်ဘူးလား။ ဒါဘယ်နိုင်ငံကမှ လက်မခံဘူး။ ဒါကြောင့် ခင်ဗျား ICC တို့ ဘာတို့ လာပြောတယ်ဆိုတာလည်း ကျွန်တော်တို့ ICC Member မဟုတ်တဲ့အ တွက် ကြောင့် ကျွန်တော်တို့ လိုက်နာစရာအကြောင်းလည်း မရှိဘူး။ သို့သော် ဒါကို လိုက်နာစရာ အကြောင်းမရှိ ဘူး ဆိုပြီး မျက်ကွယ်ပြုတာလည်းမဟုတ်ဘူး။ နိုင်ငံတကာကနေပြီးတော့ လက်သင့်ခံနိုင်တဲ့ဖြစ်နိုင် တဲ့ဟာ မျိုး ဆိုရင်တော့ ကျွန်တော်တို့က လက်သင့်ခံနိုင်တဲ့အခြေအနေမျိုးရှိတယ်ဆိုရင်တော့ လိုက်နာမှာဖြစ်ပါ တယ်။ ကျွန်တော်တု့ိနဲ့ သဟဇာတ မဖြစ်တဲ့ဟာမျိုး လိုက်နာဖို့မဖြစ်နိုင်ပါဘူး။ ဒီမှာလည်းတစ်ချက်ပြောချင် တာပေါ့။ နိုင်ငံတကာနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်း တွေမှာ တချို့နိုင်ငံတွေ လက်မှတ်မထိုးဘူး။ သို့သော် လည်းပဲ လိုက်နာတာရှိတယ်။ သူတို့နိုင်ငံနဲ့ ကိုက်ညီတဲ့ အချက်ဆို လိုက်နာပေးတယ်။ တချို့နိုင်ငံတွေက သူ တို့နိုင်ငံနဲ့မကိုက်ညီရင် မလိုက်နာတာတွေရှိတယ်။ လက် မှတ်ထိုးမှ၊ မထိုးမှမဟုတ်ဘူး။ ဒါကတော့ သတိ ပြုရ မယ့် အချက်တစ်ချက်ပါ။ သူတို့နဲ့ ဒီအချက်တွေအားလုံးကို သူတို့နိုင်ငံအတွက် လက်ခံနိုင်တဲ့ အခြေ အနေ မရှိ တဲ့အတွက် လက်မှတ်မထိုးထားဘူး။ အကုန်လုံးနဲ့ မဟုတ်တောင်မှ တချို့တလေ လိုက်နာလို့ရ တယ် ဆိုရင် လိုက်နာနေတဲ့ သာဓကတွေ ကမ္ဘာပေါ်မှာအများကြီးရှိတယ်။ ဒါလည်းခင်ဗျားတွေ့ပါလိမ့်မယ်။

Mr.Ryuta SOMETAYA ။ ။ ကျွန်တော် ကော့ဘဇားကို ၅ ကြိမ်သွားခဲ့ပါတယ်။ နောက်ပြီးတော့ အဲဒီမှာရှိတဲ့ ဒုက္ခ သည် တွေနဲ့လည်း Interview တွေလုပ်ခဲ့ပါတယ်။ Interview တွေလုပ်တဲ့ အချိန်မှာကျလု့ိရှိရင် တစ် ခေါက်နဲ့ တစ်ခေါက် Interview လုပ်ပြီဆိုရင် သူတို့ရဲ့ သက်သေခံအထောက်အထားတွေက တစ်ခေါက်နဲ့ တစ်ခေါက်မတူဘူး။ ပြောင်းလဲနေတာတွေ့ရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ဟာတွေက ပြောရမယ်ဆိုရင် မမှန်ဘူးလု့ိလည်းပြောနိုင်ပါတယ်။ နောက်ပြီးတော့ ဒီသူတို့ရဲ့ သက်သေခံအထောက်အထားတွေမှာ Refugee တွေက သူတို့တစ်ချိန်လုံးပြောပြောနေတာ သူတို့တွေသည် မုဒိမ်းကျင့်ခံ နေရပါတယ်။ သူတို့တွေ သည် အသတ်ခံနေရပါတယ်လို့ သူတု့ိတစ်ချိန်လုံးပြောဆိုနေပါတယ်။ အခိုင်အမာပြောဆိုနေကြပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာက အဲလိုမျိုး သူတို့ပြောတဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကဆိုလို့ရှိ ရင် လည်း မြန်မာ့တပ်မတော်အပေါ်ကို အမြဲတမ်းဝေဖန်နေကြပါတယ်။ နောက်တစ်ခုက သူတို့ရဲ့သက်သေခံ အထောက်အထားတွေက အတုဖြစ်နေပါသလား။ နောက်ပြီးတော့ သူတို့အပေါ် ဗိုလ်ချုပ်မှူးကြီးအနေနဲ့ ဘယ်လိုမျိုးများ သူတို့အပေါ်မှာခံစားမိပါသလဲ။ နောက်ပြီးတော့ သူတို့ မြန်မာပြည်ပြန်လာပါလို့ရောပြော ချင်ပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ ။ တစ်အချက်ကတော့ သူတို့ပြောတဲ့ထွက်ဆိုချက်တွေပေါ့။ သူတို့ထွက်ဆိုချက်တွေနဲ့ပတ် သက်ပြီးတော့ မုဒိမ်းကျင့် ခံရတယ်လို့ပြောတယ်။ သူတို့တော်တော်များများ မုဒိမ်းကျင့်ခံရပါတယ်။ နောက် တစ်ခုက လည်း ကိုယ်ဝန်တွေ အများကြီး ရှိနေကြတယ်လို့ပြောတယ်ဆိုတော့ ကျွန်တော်တို့မြန်မာ ရဲ့ယဉ် ကျေးမှုအရ ဗုဒ္ဓ ဘာသာရဲ့ ထုံးတမ်းစဉ်လာအရ ခင်ဗျားတို့လည်း ဘာပဲပြောပြောအရှေ့ဒီဗုဒ္ဓဘာသာ နီးစပ် တဲ့ အယူဝါဒရှိတဲ့သူတွေအတူတူပါပဲ လက်မခံပါဘူး။ မုဒိမ်းမှုအဓမ္မမှုကို လက်မခံပါဘူး။ တော်တော်ကြီး ကို ဆိုးဝါးတယ်ဆိုပြီးတော့ လူ့ရဲ့ယဉ်ကျေးမှုအရ အင်မတန်ဆိုးဝါးတဲ့လုပ်ဆောင်ချက်လို့ သတ်မှတ်ထားတယ်။ လက်ကိုမခံပါဘူး။ မုဒိမ်းမှုနဲ့ပတ် သက်တာကို အဲဒီမှာလည်းလုံခြုံရေးအဖွဲ့တွေက လုပ်တယ်ဆိုပြီးတော့ စွပ်စွဲတယ်။ လုံခြုံရေးအဖွဲ့တွေက ဆိုးသွမ်းမိုက်မဲတဲ့လူမှမဟုတ်တာဘဲ။

ကျွန်တော်တို့စည်းနဲ့ကမ်းနဲ့နေရတာ။ စည်းနဲ့ကမ်းနဲ့ နေရတာ ပိုတောင်မဖြစ်နိုင်ပါဘူး။ သို့သော်လည်း ဆွမ်း ဆန်ထဲကြွက်ချေးရောဆိုတဲ့ ဥပမာလိုပဲ တချို့ဟာတွေတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တစ်ယောက်နှစ် ယောက်စတော့ဖြစ်နိုင်ပါတယ်။ လုံးဝ absolute ကျွန်တော်မပြောဘူး။ တချို့ဟာတွေ ဖြစ်နိုင်ပါတယ်။ ဥပ မာ ရိုက်တာနှက်တာတွေဖြစ်နိုင်တယ်။ လုယက်တာတွေ ဖြစ်နိုင်တယ်။ အဓမ္မမှုလည်း ဖြစ်ကောင်းဖြစ်နိုင် တာပေါ့။ သို့သော် သက်သေပြန်ပြ၊ ကျွန်တော်တို့ကို အထောက်အထားနဲ့ပြ။ ကျွန်တော်တို့အရေးယူမယ်။ အဲလိုမှ မဟုတ်ဘဲနဲ့ လူသိက္ခာကျအောင် လျှောက်ပြောတာမျိုးဆိုတာတော့ ဒါတော့မဖြစ်နိုင်ဘူး။ မကောင်း ဘူးပေ့ါ။ နောက်တစ်ခု ကလည်း ထွက် ဆိုချက်ဆိုတာအမျိုးမျိုး ဒါလည်းတော်တော်များများပြောကြပါတယ်။ တချို့အဖွဲ့အစည်းတွေ ဘင်္ဂလားဒေ့ရှ်ကို သွားပြီးမေးတဲ့အခါမှာ တစ်ကြိမ်နဲ့တစ်ကြိမ်မတူဘူး။ နောက်တစ် ခုက တစ်နေရာနဲ့တစ်နေရာမှာ တစ်ထပ်တည်းပြောနေတာ။ တစ်ထပ်တည်းပြောတာပေါ့။ ဟိုမှာလည်း ဒါ ပဲပြောတယ်။ ဒီနေရာမှာလည်း ဒါပဲပြောတယ်။ ဒါမျိုးတွေ သွားတွေ့တဲ့အခါကျတော့ သင်ပေးထား တဲ့သ ဘောမျိုးပြောတာပေါ့။ ဒါကတော့ သင်ပေးထားတဲ့အတိုင်း ပြောတာ။ နောက်တစ်ခါပြောတဲ့ အကြောင်းအရာ တွေက ဒီပထမအကြိမ် မေးတဲ့အချိန်မှာတစ်မျိုးပြောတယ်။ ဒုတိယအကြိမ် မေးတဲ့အချိန် တစ်မျိုးပြော တယ် ဆိုကတည်းက သူ့စိတ်ထဲမှာ တကယ်ခံစားခဲ့ရတာမဟုတ်ဘူး။ မဟုတ်ဘဲနဲ့ သူကသူ့ကိုပြောပြထားတဲ့ အ တိုင်းပြောတာပေါ့။ ဒီလိုဖြစ်တဲ့ အကြောင်း လုံးဝခိုင်မာမှုမရှိဘူးဆိုတာ ကျွန်တော်တို့တွေ့တယ်။ အဲဒါလည်း မြန်မာနိုင်ငံထဲမှာ စစ်တဲ့အချိန်မှာလည်း ကျွန်တော်တို့တွေ့တယ်။ ကျွန်တော်တို့ တပ်မတော်က စစ်တဲ့ အဖွဲ့ တွေရော၊ အရပ်ဘက်စစ်ဆေးတဲ့ အဖွဲ့တွေရော၊ နောက်သက်ဆိုင်ရာသံရုံးတွေနဲ့သွားတဲ့အချိန် သူတို့သတိ ပြု မိတယ်။ ဒီအဖွဲ့အစည်းတွေနဲ့ မီဒီယာတွေလည်း သတိပြုမိတယ်။ တစ်နေရာမှာတစ်မျိုးပြောတယ်။ နောက်တစ်နေရာမှာတစ်မျိုးပြောတယ်။ တစ်နေရာမှာ ဒီပုံစံအတိုင်းပဲ တစ်ပြေးညီပြောတယ်။ အဲဒါ ဒီအ တိုင်း ပြောလိုက်လေဆိုပြီးတော့ ပြောတဲ့စကားတောင်မှ နောက်ကနေပြီးတော့ တခြားတစ်ယောက်က နေ ပြောတာတောင်မှ ကျွန်တော်တို့ အသံတွေ ကြားရတာရှိပါတယ်။ ဒါကြောင့် သူတို့ထွက်ဆိုချက်ကတော့ ဘယ်လိုမှ ခိုင်လုံမှု မရှိနိုင်ဘူးဆိုတာ ကျွန်တော်တို့ ပြောလိုပါတယ်။ သူတို့ ပြန်လာရေးကိစ္စပေါ့နော်။ ကျွန် တော်တို့လည်း ပြန်လာဖို့လက်ခံဖို့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာနေလာခဲ့တယ်ဆိုတဲ့ သက်သေအ ထောက်အထားတစ်ခုပြနိုင်တယ် ဆိုလို့ရှိရင် ကျွန်တော်တို့ လက်ခံမယ်လို့ ပြောထားတာရှိတယ်။ သို့သော် လည်းပဲ သူတို့ကိုယ်တိုင်ဆန္ဒရှိတဲ့သူဖြစ်ရမယ်။ ပြစ်မှုကျူးလွန်တဲ့သူဆို ကျွန်တော်တို့ မဖြစ်နိုင်ဘူး။ ကျွန် တော် တို့ ပြောတာသဘောတူညီချက် အသေး စိတ်တော့ အများကြီး ရှိပါတယ်ဗျာ။ သို့သော်လည်းပဲ သူတို့ ကိုလက်မခံဘူး စကားတစ်ခွန်းမှမပြောဘူး။ အခုလည်း လက်ခံနေတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီလ လောက်ကတည်းက အဆင်သင့်ဖြစ်ပြီလို့ ကျွန်တော်တို့ပြောထားတယ်။ ကျွန်တော် Date တော့မမှတ်မိဘူး။ ဇန်နဝါရီ ၂၃ လား၊ ဖေဖော်ဝါရီ ၂၃ လားမသိဘူး။ အဲဒီမှာ ကျွန် တော်တို့တိုင်းပြည်က အဆင်သင့် ဖြစ်ပြီ လို့ ပြောခဲ့တယ်။ လာပါလို့လည်းပြောတယ်။ အဲဒီမှာ ကျွန်တော်တို့အဆင်သင့်မဖြစ်ဘူးဆိုပြီးတော့ သူတို့အ ကြောင်း အမျိုးမျိုးပြတယ်။ ဘာမှလည်းမလာဘူး။ မလာဘဲနဲ့ လျှောက် ပြောတာ။ လာမယ်လုပ်ပြီးတော့ လာ မယ့်အစီအစဉ်ပျက်သွားတာပေါ့။ ဒီလိုလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်မခံဘူးဆိုတဲ့ စ ကားအရင်လည်းမပြောခဲ့ဘူး။ အခုလည်းမပြောဘူး။ စည်းနဲ့ကမ်းနဲ့ လာခဲ့ ကျွန်တော်တို့စနစ်တကျစိစစ်ပြီး လက်ခံပေးမယ်လို့ ကျွန်တော်တို့ပြောခဲ့တယ်။ ပြန်လည်နေရာချထားရေးအတွက်လည်း ကျွန်တော်တို့အ ကုန် လုံးပြင်ထားတာရှိတယ်။ သူတို့လုံခြုံရေးအတွက်လည်း ကျွန်တော်တို့သက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ အ စည်း တွေနဲ့ တာဝန်ရှိတဲ့သူတွေလည်း အကုန်လုံး စီစဉ်ပေးထားတယ်ဆိုတာ ပြောလိုပါတယ်။ ကျွန် တော် တို့က နှစ်နိုင်ငံသဘော တူညီချက်မှာ ပြန်လာမယ့်သူနဲ့ပတ်သက်ပြီးတော့ ဖြည့်ရမယ့် Form တွေရှိ တယ်။ ဒီ Form တွေ ဒီအတိုင်းပဲ ဖြည့်ပြီးပေးပါဆိုပြီး Form တွေက ဒီအတိုင်း မလာတာတွေတွေ့တယ်။ တကယ်ကို လာချင်လို့ ဆန္ဒပြင်းပြနေတယ်ဆိုရင် ဘင်္ဂါလီ-ဟိန္ဒူတွေရှိတယ်။ ဟိန္ဒူ-ဘင်္ဂါလီတွေရှိတယ်။ ဘင်္ဂါလီ-မွတ်စ လင် မဟုတ်ဘူး အစ္စလာမ်မဟုတ်ဘူး။ ဘင်္ဂါလီ-ဟိန္ဒူတွေရှိတယ်။ ဘင်္ဂါလီ တွေမှာလည်း ဟိန္ဒူကိုးကွယ်တဲ့ လူအစ္စလာမ် ကိုးကွယ်တဲ့လူတွေရှိတယ်။ ဟိန္ဒူတွေက လာချင်တယ်ပြောတယ်။ မလွှတ် ဘူး။ ဘာဖြစ်လို့မ လွှတ်တာလဲမေးစရာရှိတာပေါ့။ တစ်ဖက်က သက်ဆိုင်တဲ့သူတွေကလည်း ဒါတွေတိုက် တွန်းတယ်။ သူတို့ ကိုလည်း လုပ်ပေးပါ။သူတို့ဒါကိုလုံးဝမပေးဘူး။ ဒါတွေက ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပါ။ ဘာကြောင့် လဲဆိုတာကို ထည့်သွင်းစဉ်းစားစရာပါ။

Mr.Ryuta SOMETAYA ။ ။ လွန်ခဲ့တဲ့ ၂ နှစ်၊ ၂ဝ၁၇ နောက်ပိုင်းမှာဆိုရင် နိုင်ငံတကာကနေပြီးတော့ မြန်မာ့ တပ်မတော်အပေါ်ကို သံသယနဲ့ စုံစမ်းထောက်လှမ်းမှုတွေ လုပ်လာကြတယ်။ အဲဒီအချိန်မှာပဲ အင်းဒင်ရွာ အကြောင်း အရာလည်း ပေါ်ထွက်လာတဲ့အခါ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ် မတော် အဖွဲ့ဝင် တွေက လူအစုလိုက်အပြုံလိုက်သတ်မှုကြီးကို မကျူးလွန်ခဲ့ဘူးဆိုတာကို ဘယ်လိုများပြောချင်ပါသလဲ။ နောက်ပြီးတော့ မြန် မာ နိုင်ငံအစိုးရနဲ့ နိုင်ငံတကာကြားမှာ ဆိုလို့ရှိရင် ဘယ်အချက်အလက်တွေက လစ်ဟာ နေတဲ့အချက်အလက်တွေရှိနေတယ်လို့ထင်ပါသလဲ။ သူတို့လက်ခံယုံကြည်လာအောင် ဘယ်လိုများပြော ချင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ။ စောစောကပြောတဲ့ အင်းဒင်ကိစ္စမျိုးဆိုတာက တကယ်လည်းဖြစ်ခဲ့တဲ့ဟာပါ။ တခြားနေ ရာမှာလည်း မဖြစ်ဘူးလား၊ ဖြစ်လားဆိုတာကို ကျွန်တော်တို့အနေနဲ့ သက်သေအထောက်အထား ဘာတစ် ခုမှမရှိဘူး။ အစုလိုက်အပြုံလိုက် မသတ်ခဲ့ဘူးလား မေးရင်တော့ စောစောကပြောတဲ့လုံခြုံရေး စခန်းတွေ လာပြီး နှောင့်ယှက်တယ်၊ တိုက်ခိုက်တဲ့အချိန်၊ ပြည်သူလူထုကိုလာပြီး နှောင့်ယှက်တိုက်ခိုက်ချိန်မှာတော့ ခုခံပစ်ခတ်ရင်း သေတာတွေတော့ရှိတာပေါ့။ ဒါတွေလည်း ကျွန်တော်တို့ အဲအချိန်မှာ တစ်ခါတည်းသတင်း ထုတ်ပြန်ပေးခဲ့တာတွေရှိပါတယ်။ ဒါကလိမ်ထားလို့လည်း မရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကတော့ ဖြစ်တဲ့ ကာလကလည်း မိုးတွင်းကာလဖြစ်တာပေါ့။ သြဂုတ်လ၊ စက်တင်ဘာလ ၂ လမှာ အပြင်းထန်ဆုံး ဖြစ်ခဲ့တာ ပေါ့။ မိုးတွင်းကာလဆိုတော့ တော်တော်ကြီးကို ကျွန် တော်တို့ ရှုပ်ထွေးပါတယ်။ မှောင်မည်းနေတာပေါ့။ ရာသီဥတုလည်း အင်မတန်ဆိုးတဲ့နေရာပေါ့။ အဲနှစ်က လည်း မိုးတော်တော်ရွာတဲ့နှစ်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ လုပ်တဲ့အခါမှာလည်း ကျွန်တော် တို့တပ်မတော်ကလုပ်တယ်။ နိုင်ငံတော် အစိုးရ ပိုင်းကလုပ်တယ်။ ရဲအပိုင်း ကလည်း လုပ်ပါတယ်။ ကျွန်တော်တို့ပဲထုတ်ပြန်ကြေညာပေးခဲ့တယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးရေးနဲ့ ပတ်သက်ရင် ထုတ်ပြန်ချက်သည် မှန်ကန်တဲ့သက်သေ အပေါ်မှာမူ တည် ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်၊ တွေ့ရှိချက်ပဲထုတ်ပြန်ပါတယ်။ ကျွန်တော်တို့ ဒါနဲ့ပတ် သက်ပြီး ဘာမှပြောစ ရာတော့မရှိဘူး။ သို့သော် ဒါတွေအပေါ် မလုံလောက်လို့ဆိုပြီး နိုင်ငံတကာ လေ့လာရေး အဖွဲ့တွေ၊ စုံစမ်း ရေးအဖွဲ့တွေ လုပ်နေတာတွေရှိပါတယ်။ လွတ်လပ်တဲ့ စုံစမ်းရေးအဖွဲ့တွေ လုပ်နေတာတွေ ရှိပါတယ်။ ဖိလစ်ပိုင်က ဒုတိယနိုင်ငံခြားရေး ဝန်ကြီးဟောင်းနှင့် ဂျပန်နိုင်ငံက သံအမတ်ကြီးဟောင်း ခေါင်းဆောင် တဲ့ အဖွဲ့တွေနဲ့ လုပ်နေတာတွေရှိပါတယ်။ လွတ်လွတ်လပ်လပ်လုပ်နေတာပဲ။ ကျွန်တော်တို့လည်း တွေ့ရှိချက် တွေ အကုန်လုံးပေးတယ်။ ကျွန်တော်တို့ တွေ့ရှိချက်တင် မဟုတ်ဘူး ကျွန်တော်တို့စစ်ဆေးတဲ့ အခါမှာ ခေါ်ယူခဲ့တဲ့ သက်သေတွေ အများကြီးရှိတယ်။ ကြိုက်တဲ့လူကို ခင်ဗျားတို့ခေါ်မေးလို့ ကျွန်တော်ပြော လို တယ်။ ဒါ ပြည်တွင်းသက်သေပဲ၊ ကျွန်တော်တို့ ဟိုမှာသွားစစ်တယ် ဆိုတာ သူတို့ရဲ့သဘောပေါ့။ ဟိုဘက် သွားရင်တော့ သူတို့က ဟိုဘက်က သင်ထားသလိုပြောမှာ။ ဒီဘက်ကလူတွေကတော့ သင်ထားတဲ့အတိုင်း ပြောလို့မရဘူး။ ကျွန်တော်တို့က နေရာဒေသလည်းမတူဘူး။ အချိန်တွေလည်းမတူဘူး။ အခြေအနေ အမျိုး မျိုး၊ အချိန်အမျိုးမျိုးမှာ ကျွန်တော်တို့က မေးတဲ့လူတွေဖြစ်တယ်။ ကျွန်တော်ထင်တယ် သက်သေပေါင်း ၃ဝဝဝ ကျော်လောက်ရှိတယ်။ ရေးပြီးယူထားတာတော့ ၈ဝဝ လောက်ရှိတယ်။ Written ယူတဲ့ သက်သေ ပေါင်း ၈ဝဝ လောက်ရှိတယ်။ ဘယ်လိုမှကို လိမ်လို့မရဘူး။ ဒီအချက်တွေကို ကျွန်တော်တို့ပေးထားပြီးပြီ။ မခိုင်လုံဘူးပြောတော့လည်း ကျွန်တော်တို့ဘယ်လို သွားပြောမလဲ။ အခုလွတ် လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့လည်း သူတို့လုပ်နေကြတယ်။ ကျွန်တော်တို့ ဒီလ February လ ကုန် ထိ သူတို့အချိန်ပေးထားတယ်လို့ပြောပါတယ်။ ကျွန်တော်တို့လည်း အတတ်နိုင်ဆုံး ကူညီပေးတယ်။ နိုင်ငံတကာကယုံကြည်အောင် ဆိုတာကလည်း နိုင်ငံတကာက ရရှိတဲ့ အချက်အလက်တွေကလည်း သူ တို့က တစ်ဖက်ကရတဲ့အချက်အလက်ပေါ် မူတည်ပြီးပြောတာ။ ကျွန်တော်တို့လည်း ကျွန်တော် တို့မှာရတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ပြောတာ။ ဆင်ခြင်တုံတရားနဲ့ ဆုံးဖြတ်ပေါ့။ တစ်ဖက်သတ်ကြီးတော့ ပြောလို့တော့မရဘူး။ သူတို့လိုချင်တာကို တစ်ဖက်သတ်ပြောလို့မရဘူး။ တချို့ပြောနေတဲ့ အချက်အလက် တွေ က တစ်ဖက်သတ်ပြောနေတာတွေရှိတယ်။ တစ်ဖက်သတ် စွပ်စွဲနေတာတွေရှိတယ်။ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့သိတယ်။ ပတ်ဝန်းကျင်နိုင်ငံတွေ ကလည်းသိတယ်။ ကျွန်တော်တို့ ကိုယ် တိုင် လည်းသိတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေကျတော့ ဒါပဲထပ်တလဲလဲပြောနေကြတယ်။ ဥပမာအားဖြင့် တစ်ခုရှိသေးတယ်။ ဒီဖြစ်စဉ်ဖြစ်တဲ့ အချိန်မှာ ဟိန္ဒူ ၉၂ ယောက်၊ ရဲဘောက်ကျကျေးရွာက ဟိန္ဒူတွေ အ သတ် ခံရတာရှိတယ်။ အလောင်း ၄ဝ ကျော်တော့ ပြန်ရတယ်။ ကျန်တဲ့ဟာတွေက အလောင်းတွေ မတွေ့ ဘူး။ အသတ်ခံရတာက အမှန်တွေ။ သက်သေတွေ ကျွန်တော်တို့ဆီမှာ အကုန်လုံးရှိတယ်။ ဟိန္ဒူသက် သေ တွေအကုန်လုံးရှိတယ်။ သူတို့ဟိုဘက်ကို ပြေးသွားတယ်။ ဟိုဘက်ကနေ ကျွန်တော်တို့ ရအောင် ပြန် ခေါ် တယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတယ်။သူတို့အဲဒီမှာလည်း အမျိုးစုံသူတို့ပြောရင်တော့ လူ့အခွင့် အ ရေးနှင့် ပတ် သက်လို့ အမျိုးစုံသူတို့ ချိုးဖောက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးတွေရှိတယ်။ ဒီလူတွေကျွန်တော်တု့ိ ဒီအမျိုးသမီးတွေကို ကျွန်တော်တို့မြန်မာပြည်ဘက် ရအောင်ပြန်ခေါ်ပြီးတော့ သူတို့ကိုမေးမြန်းတဲ့ အခါမှာ သူတို့ယောက်ျားတွေ၊ မိသားစုဝင်တွေ သူတို့ရှေ့မှာ အသတ်ခံရတဲ့ဟာတွေ သူတို့အကုန်လုံးပြောတယ်။ ဒါတွေကိုတာဝန် မရှိဘူးလား၊ တာဝန် မယူဘူးလား၊ ဒီဟာကိုဘယ်သူက တာဝန်ယူမလဲ။ ဒါသူတို့ဘင်္ဂါလီ တွေ၊ အကြမ်းဖက်တဲ့လူတွေ သတ်သွားတာပဲ။ ARSA အဖွဲ့တွေနဲ့ပေါင်းပြီး သတ်သွားတာပဲ။ ဒါ မြန်မာနိုင်ငံ မှာနေထိုင်ကြတဲ့ ဘင်္ဂါလီ-ဟိန္ဒူတွေပဲ။ ထို့အတူပဲ အဲ့ဒေသမှာရှိတဲ့ ရခိုင်တွေ၊ တခြားတိုင်းရင်းသားတွေ မြိုတို့၊ ခမီတို့၊ ဒိုင်းနက်တို့ တိုင်းရင်းသားအမျိုးအနွယ်တွေရှိတယ်။ အဲ့လူတွေလည်း အသတ်ခံရတာတွေ အများကြီးရှိတယ်။ ဒါတွေကိုရောဘယ်လိုလုပ်မလဲ။ ဒီလူတွေအသတ်ခံရတာကို ကျွန်တော်တို့က ဒီအတိုင်း ပဲ ကြည့်နေရမှာလား။သူတို့ကိုမဖော်ထုတ်ပေးဘူးလား။ ကျွန်တော်တို့ တပ်မ တော်လုံခြုံရေး အဖွဲ့တွေကို လုပ်တာတစ်ခုပဲ စွပ်စွဲအပြစ်တင်နေမှာလား။ ဒါတွေလည်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

Mr.Ryuta SOMETAYA။ ။ ယခုလတ်တလောမှာ မြန်မာ့တပ်မတော်ကနေပြီး တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ ၄ လတာအပစ်အခတ်ရပ်စဲထားပါတယ်။ ဘာကြောင့်များ အဲဒီလိုဆုံးဖြတ်ချက် ကိုချဖြစ်တာပါလဲ။ နောက်ပြီးတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာဆိုလို့ရှိရင်လည်း ငြိမ်းချမ်းရေးစာချုပ်မှာ လက်မှတ်ထိုးဖို့ ငြင်းဆန်နေကြတာဖြစ်ပါတယ်။ အဲဒါ သူတို့နဲ့ဘယ်လိုဆွေးနွေး ညှိနှိုင်း မလဲ၊ နောက်ပြီးတော့ ဒီစာချုပ်မှာပါဝင်လာစေဖို့ ဘယ်လိုများသူတို့နဲ့ ဆွေးနွေးပြောဆို မှာပါလဲ။ နောက်ပြီးတော့ တရုတ်နိုင်ငံရဲ့အကူအညီကို ရယူလိုပါသလား။

ဗိုလ်ချုပ်မှူးကြီး ။ ။ နည်းနည်းတော့ကျယ်ပြန့်တာပေါ့။ တိုင်းရင်းသားလက်နက်ကိုင်နဲ့ပတ်သက်ပြီး ငြိမ်းချမ်း ရေး ယူခဲ့တာ နှစ်ပေါင်းများစွာထဲကဖြစ်တယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသား လက် နက် ကိုင်ပဋိပက္ခတွေက တိုင်းရင်းသားရေးရာကြောင့်၊ နိုင်ငံရေးကြောင့်ဆိုပြီးတော့ သဘောထား ကွဲလွဲလို့ ဖြစ်တာလည်းပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်လာတယ်။ ကျွန်တော်တို့ ဖဆပလအစိုးရပေါ့ဗျာ။ ပါလီမန်ဒီမိုကရေစီအစိုးရလက်ထက်မှာရော တော်လှန်ရေးကောင်စီခေတ်မှာရော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာရော တပ်မတော်အစိုးရခေတ်မှာရော အစိုးရသစ် လက်ထက်မှာရော ငြိမ်းချမ်းရေးတွေဆွေးနွေးခဲ့တာရှိတယ်။ အောင်မြင်တဲ့ဟာတွေရှိတယ်။ မအောင်မြင်တဲ့ ဟာတွေ လည်း ရှိတာပေါ့။ တချို့လည်း စစ်ရေးအရကျွန်တော်တို့က လုပ်တဲ့အခါကျတော့လည်း အားလုံးက နယ်စပ် ဒေသကို ရောက်သွားတာပေါ့။ ပြည်တွင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပတ်သက်တာဘာ တစ်ခု မှမရှိဘူး။ နယ်စပ်ဒေသတွေမှာပဲ ရှိတယ်။ များသောအားဖြင့်တော့ အရှေ့မြောက်ဒေသ၊ အရှေ့တောင်ဒေ သ၊ အနောက်မြောက်ပိုင်းဒေသ ဒါတွေမှာ သွားရှိနေတာရှိပါတယ်။ ငြိမ်းချမ်းရေး ကျွန်တော်ဆွေးနွေး တဲ့ အ ခါကျတော့ သူတို့လိုလားချက်ကိုပြောတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်နေလို့ ကျွန်တော်တို့က လုပ်ရတာခက် ပါ တယ်ဆိုတဲ့ဟာကို သူတို့ပြောပါတယ်။ တိုက်ပွဲတွေရပ်ပေးပါ။ အဲ့ဒါဆို ကျွန်တော်တို့ဆွေးနွေး မယ် ဆိုပြီး ဖြစ် လာတယ်။ ဒါက ပထမဦးဆုံး မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ သုံးပါတီက၊ သုံးဖွဲ့က စဖွဲ့စည်းပြီး ကြေ ညာ ခဲ့တာပါ။ ကျွန်တော်တို့ကလည်း ဒီသုံးဖွဲ့တည်းတော့ မလုံလောက်ဘူး။ NCA လက်မှတ်မထိုး ရသေးတဲ့ အ ဖွဲ့တွေရှိတဲ့အခါကျတော့ ပစ်ခတ်မှုကြောင့်ဆွေးနွေးလို့မရဘူးဆိုရင် ငါတို့အပစ်အခတ်ရပ် စဲပေးမယ်။ ဆွေးနွေး၊ တကယ်ငြိမ်းချမ်းရေး လိုချင်လို့ရှိရင် ခင်ဗျားတို့ဆွေးနွေးကို ဆွေးနွေးရမယ်။ ကျွန် တော်တို့သွားနေ တဲ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းက ဒီအပေါ်မှာသွေဖည်လို့မရဘူး။ ဒါ ပြည်သူက ရွေး ချယ် တဲ့လမ်း ကြောင်း၊ ဒီအပေါ်မှာပဲသွားရမယ်။ ဒီမိုကရေစီ နည်းလမ်းတကျ စနစ်တကျလုပ်ဖို့ပဲ အရေး ကြီးတယ်။ အခု အဲဒီဟာ မလုပ်တဲ့အတွက်ကြောင့် ပြဿနာတွေတက်နေကြတယ်။ ဒါတွေက အခြေအနေတွေ ဘယ်လို မှ ကိုမကောင်းနိုင်ဘူး။ ဆိုလိုချင်တာကတော့ ငြိမ်းငြိမ်းချမ်းချမ်း ကျွန်တော်တို့ဆွေးနွေး၊ နိုင်ငံရေးအရ လိုအပ် ချက်ကိုဆွေးနွေးလို့ရှိရင် လက် နက်ကိုင်ပြီး ဆွေးနွေးလို့တော့မရဘူး။ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေး။ ဒါကြောင့် NCA လက်မှတ်ထိုးပါ။ ကျွန် တော်တို့ပြောတယ်၊ လက်နက်ကိုင်လမ်းစဉ်စွန့်ပါ။ နိုင်ငံရေးအရဆွေးနွေးဖို့ အ တွက် လွှတ်တော်တွေ ရှိတာပဲ။ အဲ့ဒီမှာ တချို့က ခင်ဗျားခုနကပထမဦးဆုံးမေးတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင် ဆင်ရေးကိစ္စဆိုတာ ဒီလိုမျိုး ဆက် စပ်နေတာပဲ၊ ဒီဟာနဲ့ဆက်စပ်နေတာပဲ။ ကျွန်တော်တို့အနေနဲ့ကတော့ သူတို့ရဲ့အပြုသဘောဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ သွားစေချင်လို့ ငြိမ်းချမ်းရေးလုပ်ပေးလိုက်တာပေါ့။ လက်နက်ကိုင်ပြီးတော့ လုပ်မယ်ဆိုတာမျိုးတော့ ဒီခေတ်မှာ ဘယ်လို မှမဖြစ်နိုင်ဘူး။ ဒီမှာလည်း တိုင်းရင်းသားက ကျွန်တော်တို့က တစ်မျိုးတည်း၊ နှစ်မျိုးတည်းရှိတာ မဟုတ်ဘူး။ တိုင်းရင်းသားပေါင်း အဓိက တိုင်းရင်းသား ၈ မျိုးနဲ့ တိုင်းရင်းသားမျိုးကွဲပေါင်း ၁၃ဝ ကျော်လောက်ရှိတယ်။ အင်အားနည်းတဲ့ တိုင်းရင်းသား၊ ထောင်ဂဏန်းလောက်ရှိတဲ့ တိုင်းရင်းသား၊ အင်အားသောင်းဂဏန်း၊ သိန်း ဂဏန်း၊ သန်းဂဏန်းထိရှိတဲ့ တိုင်းရင်းသားတွေ ရှိတယ်။ သူတို့က အဲ့ဒီတိုင်းရင်းသားမှာလည်း အုပ်စုတွေ ကွဲနေတာ တွေရှိတယ်။ ဒေသလည်း မတူညီတာရှိတယ်၊ အယူအဆလည်း မတူညီတာတွေရှိတယ်။ မြန်မာ နိုင်ငံမှာလည်း တစ်နေရာတည်းမှာ တိုင်းရင်းသား တစ်မျိုးတည်းနေတာ မဟုတ်ဘူး။ နေရာအားလုံးမှာ တိုင်း ရင်းသားတွေက ရောနှောနေကြတာ ဖြစ်တယ်။ များတာနဲ့ နည်းတာတော့ ကွာတာပေါ့။ ဒါတွေကိုဘက်ပေါင်း စုံကကျွန်တော်တို့စဉ်းစားရမယ်။ ဘက်ပေါင်းစုံကနေ စဉ်းစားပြီးတော့မှ ငြိမ်းချမ်းရေးကိုဆွေးနွေး တာဖြစ်တယ်။ အဲဒီလိုဆွေးနွေးတဲ့အခါမှာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ သဘောထားကမတူဘူး။ အခြေခံ အ ကြောင်းအရာလည်း မတူဘူးဆိုတော့ ကျွန်တော်တို့ဒီဟာကို တော်တော်ကို အမှားအယွင်း မရှိအောင် သတိ ထားပြီး ဆွေးနွေးတာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးမှာလည်း ၄ ချက်ကို ကျွန်တော်ပြော လိုက် တယ်။ တစ်အချက်ကတော့ ပေးထားတဲ့ကတိကဝတ်တည်ပါ။ တချို့ကတိကဝတ်နဲ့ လုပ်ထားတာရှိတယ်။ တချို့ ကတိကဝတ် မရသေးတာရှိတယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် တိုင်းပြည်ငြိမ်းချမ်းရေးပေါ်မှာလုပ်မယ်ဆိုတဲ့ ဟာ ဒါကတိပဲ။ ဒီပေါ်မှာတည်ဖို့ လိုတာပေါ့။ နှစ်အချက်ကတော့ အမြတ်မထုတ်ဖို့လိုတယ်။ ကျွန်တော်တို့ အပစ်အခတ်ရပ်စဲလိုက်ပြီဆိုတာနဲ့ မဟုတ်တာတွေ အကုန်လုံး လျှောက်လုပ်တော့တာပဲ။ အားနည်းချက်တွေ သွားတွေ့တယ်။ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်အောင် ဆက်ကြေး တောင်းတာတွေ၊ လူသစ် စုတာတွေ၊ အနိုင်ကျင့်တာတွေ သူတို့သွားလုပ်တာရှိတယ်။ နောက် တည်ဆဲ ဥပဒေတွေကို မလေးစား ချိုး ဖောက်တာတွေ၊ သူတို့ကပြောတယ် ငါတို့တိုင်းရင်းသား လက်နက် ကိုင်တွေမို့လို့ တည်ဆဲဥပဒေတွေကို လိုက်နာစရာ မလိုဘူးလို့ တချို့ကယူဆတယ်။ ကဲ လူသတ်မှုဖြစ်လာပြီ၊ မုဒိမ်းမှုဖြစ်လာပြီ၊ ရာဇဝတ်မှု ကျူး လွန်တာတွေ ဘယ်ဥပဒေနဲ့ အရေးယူမလဲ။ ဒါကြောင့် ကျွန်တော်တို့က ဥပဒေကို လေးစားလိုက် နာ ဖို့ပြော တယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တာတွေဖြစ်လာတယ်။ လူကုန်ကူးမှုတွေဖြစ်လာတယ်။ စသဖြင့် တိုင်း ပြည်ရဲ့သယံဇာတတွေခိုးထုတ်တာတွေ ဖြစ်လာတယ်။ ဒါတွေကို ဥပဒေကတားမြစ်ထားတာတွေရှိ တယ်။ ဒါတွေကို မလေးစားလို့မရဘူး။ ဒီလိုလုပ်ရင် ကျွန်တော်တို့က အရေးယူရမယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီစည်းကမ်း ၄ ချက်ကိုထည့်ရေးလိုက်တယ်။ ဒါပေမဲ့ အဲဒါတွေကို ကျွန်တော်တို့ အပေါ်မှာ တချို့တချို့ ဆင်ခြေပေးကြတာတွေရှိပါတယ်။ ဒီမှာလည်း တစ်ချက်ပေါ့နော် ကျွန်တော်တို့ အနေနဲ့ ငြိမ်းချမ်းရေး လုပ်တဲ့ အခါမှာ တကယ်ရိုးရိုးသားသားပဲ တိုင်းပြည်ငြိမ်းချမ်းပြီးတော့ တိုင်းပြည်မှာရှိတဲ့အားလုံးက စုစုစည်းစည်း ညီညီ ညွတ်ညွတ်နဲ့ တိုင်းပြည်ကိုတိုးတက်အောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ ကျွန်တော်တို့သွားတာပေါ့။ ဘာတစ် ခုမှ တခြားရည်ရွယ်ချက် မရှိပါဘူး။ တိုင်းပြည်တည်ငြိမ်အေးချမ်းမှ တိုင်းပြည်တိုးတက်လာမှာဆိုတာ ကျွန် တော် ပြောလိုပါတယ်။ စောစောက ခင်ဗျားကမေးတယ်၊ တရုတ်နိုင်ငံက အကူအညီနဲ့ ပတ်သက် ပြီးတော့ မေးခဲ့တာတွေရှိတယ်။ တရုတ်နိုင်ငံ အနေနဲ့လည်း အခုအများကြီးအကူအညီပေးပါတယ်။ တရုတ် တစ်နိုင်ငံ တည်းမဟုတ်ဘူး။ အိမ်နီးနားချင်း တိုင်းပြည်တွေက ဥပမာ ထိုင်းနိုင်ငံကလည်း ကူညီဆောင်ရွက်မှုရှိတယ်။ အိန္ဒိယက လည်း ကူညီဆောင်ရွက်မှုပေးတာပေါ့။ ဒါကတော့ သံတမန် ဆက်ဆံရေး အိမ်နီးနားချင်း တိုင်း ပြည် ဆိုတာတော့ သူတို့လည်း သူတို့ရဲ့နောက်ကျောတွေလုံချင်တာပေါ့၊ လုံချင်တော့ အကူအညီတွေ ပေး တာပေါ့။ အဓိကအင်အားစုတွေကတရုတ်နယ်စပ်ဘက်မှာရှိတာမှန်ပါတယ်။ တရုတ်နိုင်ငံကလည်း ကျွန်တော် တို့ အပေါ်မှာ ငြိမ်း ချမ်းရေးနဲ့ပတ်သက်ပြီး တွန်းအားပေးတာတွေ အများကြီး လုပ်ပေးနေတာကို ကျွန် တော်ပြောလို ပါတယ်။ ကျွန်တော်တို့လည်း ဆက်လက်ဆောင်ရွက် နေတယ်ဆိုတာ ပြောလိုပါတယ်။ တ ရုတ်တစ်နိုင်ငံတည်း မဟုတ်ဘူး။ ထိုင်းနိုင်ငံနဲ့ရော၊ အိန္ဒိယနိုင်ငံနဲ့ရော ကျွန်တော်တို့ဒါတွေနဲ့ ပတ် သက်ပြီး တော့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်ဆိုတာ ကျွန်တော်ပြောချင်ပါတယ်။

Mr.Ryuta SOMETAYA ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့အစိုးရလက်ထက် ဒီအစိုးရ အောက်မှာ ဆိုလို့ရှိရင် စီးပွားရေးက ထင်သလောက်တိုးတက်မလာခဲ့ပါဘူး။ နောက်ပြီးတော့ငြိမ်း ချမ်းရေး ဖြစ်စဉ်ဟာဆိုရင်လည်း NLD အစိုးရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတိပေးထားသလောက်ကောင်း မလာတာတွေ့ရပါတယ်။ အဲတော့လက်ရှိ အစိုးရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ လက်ရှိအစိုးရနဲ့နောက် ပြီးတော့ နိုင်ငံတော်အတိုင်ပင်ခံရဲ့နိုင်ငံရေးမူဝါဒနဲ့ နိုင်ငံရေး လုပ်ဆောင်ချက်တွေ အပေါ် ဘယ်လိုများမြင် ပါ သလဲ။ နောက်ပြီးတော့ ပြည်သူလူထုတွေထဲမှာဆိုလို့ရှိရင်လည်း ညည်းညူသံတွေ ကြားနေရပါတယ်။ သူ တို့ရဲ့စီမံခန့်ခွဲမှုအပေါ်မှာ အဲ့လိုအသံတွေကြားနေရပါတယ်။ အဲဒါကိုများ ဒီသူ့ရဲ့နိုင်ငံရေး အပေါ်မှာ ဘယ် လို များ မြင်ပါသလဲခင်ဗျာ။ နိုင်ငံတော် အတိုင်ပင်ခံရဲ့ နိုင်ငံရေးအမြင်ကို ပြောပြပေးပါခင်ဗျာ။

ဗိုလ်ချုပ်မှူးကြီး ။ ။ ဒါကတော့ ပုဂ္ဂိုလ်ရေးဆန်တဲ့ ဟာလေးဖြစ်တာပေါ့၊ သာမန်အားဖြင့်တော့ ဒါဟာဖြေ ဖို့တော့ မကောင်းပါဘူး၊ သို့သော်လည်း ကျွန်တော့်အမြင်ပြောရရင်တော့ ဒီအမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် အစိုးရ တက်လာတယ် ဆိုတာကလည်း ပြည်သူကရွေးချယ်တာပါ။ သူတို့ပေးထားတဲ့ ကတိကဝတ်ပေါ် မူ တည်ပြီးလုပ်တာပေါ့၊ လုပ်ဆောင်နိုင်ခြင်း၊ မလုပ်ဆောင်နိုင်ခြင်း ဆိုတာ သူတို့ရဲ့ စွမ်းဆောင်ရည်ပေါ်မှာ မူ တည်ပါတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ရင်လည်း သူ့ရဲ့လုပ်ဆောင်ချက် အပေါ်မှာ မူတည်တာပေါ့၊ ဒါကပြည်သူကမြင်လည်းမြင်နေရတာပေါ့၊ ပြည်သူလည်း ဆုံးဖြတ်လို့ရတယ်၊ ကျွန်တော့်အနေနဲ့ကတော့ ပြည်သူကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ကြဖို့လိုတယ်လို့ ပြောလို ပါ တယ်။ ကိုယ့်ကိုယ် ကိုယ်လည်း တိုးတက်အောင်လုပ်ရမှာပါပဲ၊ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ်တိုး တက် အောင် လုပ်ဖို့တာဝန်ရှိတယ်။ ကိုယ့်ရဲ့ အဖွဲ့အစည်း၊ ကိုယ့်ရဲ့ဒေသတွေလည်း တိုးတက်အောင် လုပ်ဖို့ တာ ဝန်ရှိတာပေါ့၊ အပြစ်တင်တာ ထက်စာရင်တော့ ကျွန်တော်တို့ ဒီဟာကို ဘယ်လိုကောင်းအောင် လုပ်မ လဲ ဆိုတဲ့စိတ်နဲ့ တစ်ဖက်ကလုပ်ရင်တော့ ပိုကောင်းမလားလို့ မြင်တာပေါ့၊ ဒါပေမဲ့လည်း ဦးဆောင်တဲ့သူက ပိုပြီး အရေးကြီးတာပေါ့။ ဦးဆောင်တဲ့သူနဲ့ ဦး ဆောင်တဲ့ အဖွဲ့အစည်းပေါ့၊ ကျွန်တော်တို့ တပ်မတော်မှာ ဆို ရင် လည်း ကျွန်တော်ကအဓိကပေါ့၊ ပြီးရင် ကျွန်တော့်ရဲ့ဦးဆောင်တဲ့ Commander တွေရှိတာပေါ့၊ သူတို့လည်း အကုန်လုံးက မှန်မှန်ကန်ကန်လုပ်ဆောင်ကြပါတယ်။ ကျွန်တော်တို့ အဲ့ဒါသာ မှန်မှန်ကန်ကန် မလုပ် ဘူးဆို ရင် ကျွန်တော်တို့ရဲ့ Institution မှာ ပြဿနာတွေ၊ အခက်အခဲတွေဖြစ်သွားနိုင်တာပေါ့။ တိုင်းပြည်မှာတော့ ပိုပြီးကျယ်ပြန့်တာပေါ့၊ အမှားအယွင်းနည်းနိုင်လေ ပိုပြီးကောင်းလေပေါ့။ အမှားအယွင်းများလာရင် တိုင်း ပြည် ဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ်။ ဒါကတော့ ပြည်သူကလည်း ဒါတွေ သိထားဖို့လည်းလိုတယ်။ ဆင်ခြင် ဖို့လည်းလိုတယ်။ သတိတရားနဲ့ လုပ်ဖို့လည်းလိုတယ်လို့ ကျွန်တော်တို့က ဒီလိုပဲမြင်ပါတယ်။ ဒီမှာလည်း အားလုံးပြည့်စုံတယ်တော့ မဟုတ်ဘူး။ လူ့သဘော သဘာဝအရ အားလုံးတညီတ ညွတ်တည်း ဆိုတာ တော် တော်လေး ရှားပါတယ်။ သဘောထား ကွဲလွဲမှုတွေရှိတယ်၊ သို့သော် အတတ်နိုင်ဆုံး သဘောထားတွေ စု စည်းပြီးတော့မှ လုပ်ရပါတယ်။ တပ်မတော်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းဆိုတော့ ဥပ ဒေအရ၊ စည်း ကမ်းအရ ဒီအတိုင်းပဲ လုပ်ရမယ်ဆိုပြီးတော့ အပြတ်ပြောလိုက်တာပေါ့။ သို့သော်လည်း လက်ခံနိုင်တဲ့ အနေ အထားတော့ ဖြစ်ရမယ်ပေါ့။ အတင်းအဓမ္မကြီး သွားလုပ်လို့မရဘူူး။ စည်းကမ်းနဲ့ လုပ်ကြတာရှိတယ်။ နိုင်ငံ ကပြည်သူကျတော့ ပိုပြီးပျော့ပျောင်းညင်သာဖို့ လိုတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ သ ဘော ထားဘယ်လိုမှ တူနိုင်စရာ အကြောင်းမရှိဘူး။ ဒါကို ပေါင်းစပ်ညှိနှိုင်းပြီးမှ ဥပဒေနဲ့ ပြဋ္ဌာန်းပြီးတော့ လုပ်ရ တာပေါ့။ ဒါကြောင့် ကျွန်တော်တို့က ဥပဒေဆိုတာ ပြဋ္ဌာန်းလာတာပေါ့။ ဥပဒေနဲ့မညီညွတ်ဘဲသွားလုပ် မယ် ဆိုရင် အတင်းအဓမ္မသွားလုပ်မယ်ဆိုရင် မကျေနပ်ချက်တွေဖြစ်လာမှာဘဲ။ ဥပဒေနဲ့ ညီညွတ်အောင် လုပ် မယ်။ စည်းကမ်းနဲ့ညီညွတ်အောင် လုပ်မယ်ဆိုရင်တော့ လက်မခံစရာအကြောင်းတော့ မရှိဘူး။ ဒါလည်း ကျွန်တော်တို့ အင်မတန်ကိုသတိထားရပါတယ်။

Mr. Ryuta SOMETAYA ။ ။ အခုနောက်ဆုံးမေးခွန်းကတော့ ဂျပန်နိုင်ငံနဲ့ သက်ဆိုင်တဲ့မေးခွန်းပါ။ ဂျပန်နိုင် ငံဟာ အခုဆိုရင်ငြိမ်းချမ်းရေးဖြစ်စဉ်မှာရော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရော ရခိုင်အရေး ကိစ္စ အ တွက်ရော သူတို့က ပါဝင်လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံအတွက်ပေါ့နော်။ အနာဂတ်မှာ ဂျပန်နိုင်ငံ နဲ့ပူး ပေါင်းလုပ်ဆောင်နိုင်ဖို့အတွက် ဘယ်လိုများ မျှော်လင့်ထားပါသလဲ။ နောက်ပြီးတော့ ဂျပန်ပြည်သူူတွေက မြန်မာနိုင်ငံထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာကို သူတို့ကသိချင်နေကြပါတယ်။ ဂျပန်ပြည်သူတွေကို မြန် မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှန်တွေကို ဘယ်လိုများပြောချင်ပါသလဲ။

ဗိုလ်ချုပ်မှူးကြီး ။ ။ ဂျပန်နိုင်ငံအနေနဲ့ပြောရရင် စစ်ရှုံးနိုင်ငံတစ်ခုကနေ တကယ့်အင်အားကြီးနိုင်ငံတစ်ခု ပြန်ပြီးတော့ ဖြစ်လာတာ။ ပြောရရင်တော့ မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ရင် ဂျပန်စစ်လျော် ကြေးကစပြီးတော့ ဂျပန်နိုင်ငံက တာဝန်ကျေအောင် လုပ်ပေးခဲ့တယ်။ ဂျပန်နိုင်ငံဟာတာဝန်ကျေတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အ များကြီးအကူအညီပေးခဲ့တာပေါ့။ မြန်မာနိုင်ငံရဲ့ ဖြစ်ပျက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့ ပြော ရ ရင်တော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းဖို့ လုံခြုံရေးအရ တည်ငြိမ် အေးချမ်းဖို့ အတွက် ဂျပန်နိုင်ငံနဲ့ ဂျပန်ပြည်သူတွေက ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးဖို့ တစ်ချက်ပြော လိုပါတယ်။ နှစ်အချက်ကတော့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေအချင်းချင်းတွေထဲမှာ ဘာဖြစ်လာသလဲ ဆိုရင် ကွာဟမှုတွေ၊ ဒေသတစ်ခုနဲ့တစ်ခုကွာဟမှုတွေ ရှိနေတယ်ဆိုပြီးတော့တိုင်းရင်း သား တွေအမြင် ပြောတာပေါ့။ ကွာဟမှုတွေဆိုတာ ဘာလဲဆိုတော့ သူတို့တိုင်းတွေ ဒေသတွေက မတိုးတက်ဘူး။ မြန်မာနိုင် ငံအလယ်ပိုင်းဒေသတွေကတော့ တိုးတက်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင် ပဋိပက္ခတွေ ကြောင့် ကျွန်တော်တို့မလုပ်ပေးနိုင်တာပေါ့။ ရှေ့ကလုပ်သွား နောက်ကဖျက်ဆီးခံရတာ ဒီလိုဖြစ်လာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါလည်းဆွေးနွေးပွဲနဲ့ ကျွန်တော်တို့သွားနေရတယ်။ အဲ့တော့ဖြစ်နိုင်လို့ရှိရင် ဒီတိုင်းရင်း သား ဒေသတွေနဲ့ နယ်ဘက်ဒေသတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး ဒါတွေကို ပိုပြီး တော့မှကောင်းအောင်၊ ကြားမှာလစ်ဟာနေတဲ့ နေရာတွေမှာ ဂျပန်နိုင်ငံအစိုးရအနေနဲ့ ကူညီပေး မယ် ဆို ရင်ကောင်းမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ခုက တတိယမေတ္တာရပ်ခံချင်တာက အလုပ် အကိုင်အခွင့်အလမ်းရစေတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ဂျပန်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ များများလုပ်စေချင်တယ်။ အလုပ်အကိုင်အခွင့် အလမ်း တွေ ကုန်ထုတ်လုပ်မှုတွေ ရှိစေချင်တယ်။ ကျွန်တော် တို့မှာ အလုပ်အကိုင်အခွင့်အလမ်းတွေမရှိတဲ့အတွက် ဝင်ငွေမရှိကြဘူး။ ဝင်ငွေမရှိတဲ့အတွက်ကြောင့် ဒီပြ သနာတွေဖြစ်လာတယ်။ ဒါကြောင့် အလုပ်အကိုင်အခွင့်အလမ်းတွေ များများရှိစေမယ့် ကုန်ထုတ်လုပ်မှု မျိုး မှာ ဂျပန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်စေချင်တယ်။ ဒါတတိယအချက်ပေါ့။ နောက်တစ်ချက် စတုတ္ထအ ချက် ကတော့ ဂျပန်ပြည်သူတွေ မြန်မာပြည်ကိုလာပါ၊ မြန်မာပြည်ရဲ့အခြေအနေမှန်ကိုလာကြည့်ပါ။ လာ ကြည့်ပြီးတော့ မြန်မာနိုင်ငံရဲ့အခြေအနေအပေါ်မှာ သုံးသပ်ဖို့လည်းလိုတယ်။ Seeing is Believing မြင် တာ က ပိုပြီးတော့ယုံကြည်စိတ်ချရတယ်။ ဒါကြောင့်လာကြည့်စေချင်တယ်။ မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်ပြောင်း လဲနေတဲ့ အခြေအနေကို ဒါလည်း ဂျပန်ပြည်သူတွေက သိအောင်လုပ်မယ်ဆိုရင် ပိုကောင်းပါတယ်။



Mr.Ryuta SOMETAYA။ ။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */