ဗွီအိုအေ( မြန်မာပိုင်း)
22 ဇန္နဝါရီ၊ 2020
လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း
၁။ နိုင်ငံတော်သမ္မတရုံးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် မြန်မာ့တပ်မတော်နှင့် ARSA အကြမ်းဖက် အဖွဲ့တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရခိုင်ပြည်နယ်၌ လူ့ အခွင့်အရေး ချိုးဖောက်မှုများ ရှိ ကြောင်း စွပ်စွဲ ချက်များအပေါ် စုံစမ်းစစ်ဆေးရန် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (Independent Commission of Enquiry - ICOE) ကို ဖွဲ့စည်းခဲ့ပါသည်။
B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.22

ELEVEN
21 JANUARY 2020
ဉာဏ်လင်းထွန်း
ဘင်္ဂါလီများကို ရိုဟင်ဂျာဟု သုံးစွဲပြောကြားခဲ့သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုလုံလောက် သည့် အရေးယူမှုနှင့် ပြည်သူကိုတောင်းပန်ဖြေရှင်းမှု အမြန်ဆုံးဆောင်ရွက်ပေးရန် အစိုးရနှင့် NLD ပါတီကို ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၂၁ ပါတီက ဇန်နဝါရီ ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်တောင်းဆို သည်။
ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ရှိ Sky Star Hotel ၌ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ သုံးနှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ဝန်ကြီး ချုပ် ဦးဖြိုးမင်းသိန်းက ရိုဟင်ဂျာဟု သုံးစွဲပြောကြားမှုရှိခဲ့သည်။
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အရှေ့တောင်ပိုင်း အခြေစိုက် မြန်မာစစ်တပ်စခန်း မှပစ် ခတ်မှုကြောင့် ဆင်သေပြင်ရွာမှ ရိုဟင်ဂျာမိန်းကလေးငယ်တစ်ဦး ကျည်ဆံထိမှန်သွားသည်။