Wednesday, January 22, 2020

စစ်ရာဇဝတ်မှုရှိနိုင်တယ်ဆိုတဲ့ အစီရင်ခံစာ ဥပဒေနဲ့အညီ ဆက်စုံစမ်းမယ်လို့ တပ်မတော်ပြော

B B C
ဘီဘီစီ မြန်မာပိုင်း
2020.01.22

ပစ္စည်းတွေလုယူတာ၊ အိမ်တွေအပြန်အလှန်မီးရှို့တာတွေကို လုံခြုံရေးအဖွဲ့တွေက တားဆီးဖို့ ပျက်ကွက်ခဲ့တယ်လို့ဆို

ရခိုင်မြောက်ပိုင်းမှာ အာဆာအဖွဲ့က တိုက်ခိုက်မှုတွေကို တပ်ဘက်က စစ်ဆင်ရေး လုပ်ရာမှာ အင်အား အ များ အပြားအသုံးပြုတာရယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ ရှိနိုင်တယ်လို့လွတ် လပ် သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry-ICOE) ရဲ့အပြီး သတ် အစီရင်ခံ စာ အကျဉ်းချုပ်မှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းမယ်လို့ တပ် မ တော် က ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်တဲ့ ICOE ရဲ့ အပြီးသတ် အစီရင်ခံစာ အကျဉ်းချုပ်မှာ တရားရေး၊ တပ်နဲ့အစိုးရ တို့က ထပ်မံ စုံစမ်းဖော်ထုတ်ပြီး အရေးယူပါလို့ တိုက်တွန်းထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် တာဝန်ရှိသူတွေ အကောင်ထည်ဖော် ဆောင်ရွက်သင့်တဲ့ အချက် ၂၂ချက်ကို လည်း အစီရင်ခံစာ မှာ ICOE က အကြံပြုထားပါတယ်။
ရခိုင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့တဲ့ လူတွေဟာ အာဆာနဲ့ တပ်ရဲ့ တိုက်ပွဲတွေအတွင်း စွန့်ခွာ ထွက် ပြေးကြတာ ဖြစ်ပြီး တိုက်ပွဲတွေအတွင်း ဒေသခံတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုတော့ အဖွဲ့ပေါင်းစုံက ကျူးလွန်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံတွေရဲ့ ပစ္စည်းတွေကိုလုယူတာ၊ နေအိမ်တွေကို အချင်းချင်း အပြန်အလှန်မီးရှို့တာတွေကို လုံခြုံ ရေးအဖွဲ့တွေက တားဆီးကာကွယ်ဖို့အတွက် ပျက်ကွက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

"သူတို့တွေ့ရှိချက်တွေက ဘာတွေ တွေ့ရှိထားတယ်ဆိုတာတော့ အသေးစိတ် မသိရပါဘူး။ လုပ်ဆောင်ခဲ့ တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ ရရှိရင် ကျွန်တော်တို့က ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းပါ မယ်။ အရေးယူ ဆောင်ရွက်မှုတွေ ဆောင်ရွက်နိုင်အောင် လုပ်ပါမယ်။ အဓိက ဥပဒေနဲ့အညီ စုံစမ်းမှု ပြုတာပါ"လို့တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း ဘီဘီစီကို ပြော ပါတယ်။

ဒါ့အပြင် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ လုပ်ဆောင်ချက် အားနည်းချက်တွေကိုလည်း အစီရင်ခံစာမှာ ဖော်ပြထား တာ ကို တွေ့ရပါတယ်။

အဲဒီလို ဖော်ပြထားတာနဲ့ ပတ်သက်ပြီး "Standard Army တည်ဆောက်ရာမှာ ကျွန်တော်တို့ ရုပ်ပိုင်းဆိုင်ရာ တွေ နဲ့တင် မရဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာရော မြင်နိုင်တဲ့ဟာတွေကိုရော မမြင်နိုင်တဲ့ဟာတွေကိုရော ကျွန်တော်ပြောခြင်းဖြစ်ပါတယ်"

"ဒါနဲ့ ပတ်သက်ပြီး လက်တွေ့ဆောင်ရွက်နေတဲ့ဟာတွေကတော့ အဆင့်မီဆိုတဲ့နေရာမှာ နိုင်ငံတကာ အဆင့်မီဆောင်ရွက်တဲ့နေရာမှာ ဥပဒေပိုင်းဆိုင်ရာတွေ၊ စစ်စည်းကမ်းပိုင်းဆိုင်ရာတွေ၊ ဖွဲ့စည်းပုံ ဆိုင် ရာတွေ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဒါတွေကို လုပ်ဆောင်ရမှာ ဖြစ်တယ်"

"သမ္မတကြီးဆိုလိုတာကတော့ ဒီဟာတွေကို ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ဆိုလိုခြင်း ဖြစ်တယ်လို့ မြင်ပါတယ်"

"ကျွန်တော်တို့အနေနဲ့လည်း ခေတ်မီတပ်မတော် ပြုပြင်ပြောင်းလဲရေးများကို ဆောင်ရွက်နေတယ်။ သို့သော် လည်း 100 percent ဆိုတာကတော့ ဖြစ်နိုင်တာတော့ မရှိသေးပါဘူး" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
မြန်မာပြည်ဘက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလအဖွဲ့အစည်းတာဝန်ရှိသူတချို့ တွေ့ဆုံခွင့်ရလေ့ရှိပါတယ်။
 
အစီရင်ခံစာ အကျဉ်းချုပ်ရဲ့ နိုင်ငံသားဖြစ်မှုကိစ္စမှာ ရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်က ၁၉၄၈ခုနှစ် မြန်မာဌာနေ တိုင်းရင်းသားစာရင်းမှာပါခဲ့တာမရှိလို့ နိုင်ငံမဲ့ဘဝနဲ့ ကာလရှည်နေခဲ့ရတယ်လို့ ဖော်ပြပါတယ်။

အစီရင်ခံစာရဲ့ အကြံပြုချက် ၂၂ ချက်ထဲမှာ ရခိုင်အရေးနဲ့ပတ်သက်ပြီး နိုင်ငံသားစိစစ်ရေးလုပ်ငန်းမှာ NVC လို့ခေါ်တဲ့ နိုင်ငံသားစိစစ်ရေး လုပ် ငန်းကို လက်ခံမယ့်သူတွေကို ကတ် ထုတ်ပေးတဲ့ အကျိုးသက်ရောက်မှု ကောင်းကျိုး၊ ဆိုးကျိုး တွေကို ပြန် သုံးသပ်ဖို့ ပါရှိပါတယ်။

ဒါ့အပြင် ရဲနဲ့တပ်အပါအဝင် အဖွဲ့အစည်းတွေက ရခိုင် မြောက်ပိုင်းက မွတ်ဆလင်တွေ လွတ်လပ်စွာ သွား လာရေး အပေါ် အခွင့်ကောင်းယူကာ အကျိုးအမြတ်ရယူနေတာတွေ၊ ရေရှည် အသက်မွေးဝမ်း ကျောင်းလုပ်ငန်း တွေအတွက် တားမြစ်ပိတ်ပင်ထား တာတွေကို ဖယ်ရှားဖို့၊ အကြံပြုချက်တွေကို အကောင်ထည်ဖော် တာကို စောင့်ကြည့်အကဲဖြတ်ဖို့ အဘက်ဘက်က ကိုယ်စားလှယ်တွေပါတဲ့ အဖွဲ့ကိုဖွဲ့ပြီး လုပ်ဆောင်ချက် တွ ကို တစ်နှစ် နှစ်ကြိမ် အကဲဖြတ်ကာ သမ္မတကို အစီရင်ခံဖို့တို့ ပါရှိပါတယ်။

ဒီအစီရင်ခံစာကို မျက်မြင်သက်သေပေါင်း ၂၉၈ဦးကို ICOEက တွေ့ဆုံမေးမြန်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါ တယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တွေက ဘင်္ဂ လား ဒေ့ရှ် နိုင်ငံကိုရောက်နှင့်နေပြီးတဲ့ လူတွေရဲ့ ပြောဆိုချက်တွေကိုပဲ ကိုးကားထားလို့ အကန့်အ သတ် တွေရှိ တယ်လို့လည်း ICOEက ထောက်ပြထားပါတယ်။

ဒီအစီရင်ခံစာ အကျဉ်းချုပ်နဲ့ ပတ်သက်ပြီး သမ္မတရုံးက ICOEရဲ့ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးမှုတွေ ဆက်လုပ်ဖို့နဲ့ အထောက်အထား ခိုင်လုံပါက တရားစွဲဖို့ သဘောတူတယ်လို့ ဖော် ပြထားပါတယ်။

လက်ရှိမှာလည်း စွပ်စွဲထားမှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာအပြင် တိုးချဲ့ပြုလုပ်ဖို့နဲ့ အရေး ယူတာတွေ လုပ်ဖို့အတွက်ကိုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကော်မရှင် ရဲ့အစီရင်ခံ စာကို ပေးပို့ပြီး ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ICOE ကို ဖိလစ်ပိုင်နိုင်ငံက ဒုတိယ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ရိုဆာရီယို မယ်နာလို ဦးဆောင်ပြီး၊ လူသားချင်း စာနာထောက်ထားမှုနဲ့ အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဂျပန်နိုင်ငံသား သံတမန်ဟောင်း ကန်ဇို အိုရှီမ၊ မြန်မာနိုင် ငံဘက်က ကုလသ မဂ္ဂ အရာရှိဟောင်း ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၊ အခြေခံဥပဒေခုံရုံး ဥက္ကဌ ဟောင်း ဦးမြသိမ်းတို့နဲ့ ဖွဲ့စည်းထားပြီး အဲဒီ ကော်မရှင်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက ဖွဲ့စည်းပေးခဲ့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */