2020.01.21
ဂမ်ဘီယာတောင်းဆိုတဲ့ ကြားဖြတ်အစီအစဉ် ၆ ချက်
(၁) ရိုဟင်ဂျာတွေအပေါ် လူမ်ျိုတုံးသတ်ဖြတ်လို့ ယူဆနိုင်တဲ့၊ ဂ်ျီနိုဆိုက်ကို ဦးတည်သွားစေနိုင်တဲ့အရာ အားလုံးကို မြန်မာအစိုးရက ရပ်တန့်ပေးဖို့
(၂) မြန်မာစစ်တပ်၊ ပြည်သူ့စစ် နဲ့ တခြား လက်နက်ကိုင်တပ်ဖွဲ့တွေက ဂျီနိုဆိုက်ကို ထပ်မကျူးလွန်ဖို့
(၃) မြန်မာက သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့
(၄) မြန်မာနဲ့ဂမ်ဘီယာတို့ဟာ အခြေအနေကို ပိုဆိုးစေမယ့်ကိစ္စတွေမလုပ်ဖို့
(၅) ကြားဖြတ်စီမံချက်တွေကို ချမှတ်ခဲ့လို့ရှိရင် လေးလအတွင်း နှစ်ဖက်လုံးက လုပ်ဆောင်ချက်တွေကို အစီရင်ခံ စာတင်ပြဖို့
(၆) ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့အားလုံး Fact-finding bodies နဲ့ တခြားကုလအဖွဲ့အစည်း တွေ အားလုံးရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့
မြန်မာတောင်းဆိုချက် ၂ ချက်
(၁) အမှု စာရင်းကနေ လုံးဝပယ်ဖျက်ဖို့
(၂) မပယ်ဖျက်ပေးနိုင်ရင် ဂမ်ဘီယာဘက်က တောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေ ဆောင်ရွက်ဖို့ အမိန့်ကို မထုတ်ဖို့
International Court of Justice (ICJ) နိုင်ငံတကာ တရားရုံး ကြားဖြတ်အမိန့် ချမည့်အချိန်
၂၃ ဇန်နဝါရီလ ၂၀၂၀၊ ကြာသပတေးနေ့ မနက် ၁၀ နာရီ (မြန်မာအချိန် ညနေ ၃ နာရီခွဲ)
No comments:
Post a Comment