Wednesday, December 11, 2019
မြန်မာကို ဂမ်ဘီယာက ICJ မှာ စွပ်စွဲထားမှု ဖြစ်စဉ် အချိန်ပြ ဇယား
ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ် တည်ချက်
11 December 2019
လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံဘက်က အပြည်အပြည် ဆိုင် ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတဲ့ အပေါ် ရက္ခိုင် စစ်တပ် (AA) ၊ ပလောင် (တအန်း)အမျိုးသား လွတ် မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ ၃ ဖွဲ့ စု ပေါင်းထားတဲ့ မြောက်ပိုင်း မဟာမိတ်တို့က တရားစွဲဆိုမှုကို ထောက်ခံကြောင်း သဘောထား ထုတ်ပြန်ထားပါ တယ်။
Myanmar Rohingya: Suu Kyi rejects genocide claims at UN court - BBC News
Link :https://www.youtube.com/watch?v=2FzP7NXayr8
အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် ဂုဏ်သိက္ခာအရ ထိ ခိုက်လို့ တပ်မတော်ပြော
11ဒီဇင်္ဘာ 2019
မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ အပါအဝင် တပ်မတော်အရာရှိ ၄ ဦးကို အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးဝန်ကြီးဌာနက စီးပွားရေးအရ ဒဏ် ခတ်ပိတ်ဆို့လိုက်တာဟာ ဂုဏ်သိက္ခာပိုင်းအရ ထိခိုက်တယ်ဆိုပြီးတော့ တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
ICJ ကြားနာပွဲတက်ရောက်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ စာရင်း
ဒီဇင်ဘာလ ၁၀ ရက်၊ အင်္ဂါနေ့ ICJ ကြားနာပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု တက်ရောက်သည့် ကိုယ်စားလှယ် အဖွဲ့စာရင်း အပြည့်အစုံကို အောက်တွင် ဖော်ပြထားပါသည်။
ဦးဆောင်သူများ
ICJ မှာ ဂမ်ဘီယာလျှောက်လဲချက်အပေါ် အမေရိကန်ပါ မောက္ခတဦး၏ သုံးသပ်ချက်
ဗွီအိုအေ (မြန်မာဌာန)
11 ဒီဇင်ဘာ၊ 2019
အင်ကြင်းနိုင်
အင်္ဂါနေ့ ICJ ကြားနာပွဲအတွင်း ဂမ်ဘီယာနိုင်ငံဘက်မှ တင်ပြ ချက်တချို့
ဗွီအိုအေ (မြန်မာဌာန)
11 ဒီဇင်ဘာ၊ 2019
မသိင်္ဂီထိုက်
Tuesday, December 10, 2019
တက်ကြွလှုပ်ရှားသူတွေ အွန်လိုင်းမှာ ခြိမ်းခြောက်ခံနေရမှု ကာကွယ်ပေးဖို့ မစ္စယန်ဟီးလီ တိုက်တွန်း
၁၁ ဒီဇင်္ဘာလ ၂၀၁၉
■ ICJ တရားရုံးမှာ မြန်မာနိုင်ငံအရေးစတင်ကြားနာနေချိန်မှာပဲ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ အင်တာနက်အွန်လိုင်းမှာ ခြိမ်းခြောက်ခံနေရတာကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
တပ်ချူပ်၊ ဒုတပ်ချုပ်နဲ့ ဗိုလ်ချုပ်နှစ်ဦး အမေရိကန်ဘဏ္ဍာရေး ဌာန ဒဏ်ခတ်အရေးယူ
ဗွီအိုအေ (မြန်မာပိုင်း)
မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေအတွက် တာဝန်ရှိ တယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ် မတော်အရာရှိကြီးလေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
U.S. blacklists head of Myanmar military for alleged rights abuses against Rohingya
မြန်မာကို စွပ်စွဲထားတဲ့အမှု အိုင်စီဂျေမှာ ဂမ်ဘီယာ ဘာတွေ လျှောက်လဲသွားလဲ
ဘီဘီစီ မြန်မာပိုင်း
10 ဒီဇင်္ဘာလ 2019
မြန်မာက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်ဆိုပြီး ဂမ်ဘီယာ နိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို နယ်သာလန် နိုင်ငံ သည် ဟိဂ်မြို့ အပြည်ပြည်ဆိုင်ရာ တရားရုံး အိုင်စီဂျေမှာဒီဇင်ဘာ ၁၀ ရက်က ကြားနာခဲ့ပါတယ် ။
ICJ တရားရုံး ကြားနာပွဲ Skype က ဆက်သွယ်မေးမြန်း ချက်
ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2019
မသဇင်အောင် ၊ဦးကျော်ဇံသာ
ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတ ကာ တရားရုံးက ဒီနေ့ စတင်လက်ခံကြားနာပါတယ်။
ICJ ကြားနာပွဲ ပထမနေ့ တရားလိုတင်ပြချက်
ဗွီအိုအေ (မြန်မာဌာန)
သားညွန့်ဦး
ICJ မှာ မြန်မာအမှု စတင်ကြားနာ
မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှု တားမြစ်ရေးဆိုင်ရာနိုင်ငံတကာ သဘောတူညီချက်ကို ချိုးဖောက် တယ်ဆိုတဲ့ စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ ဒီနေ့ စတင် ကြားနာစစ်ဆေးပါတယ်။ တရားစွဲတင်တဲ့ ဂမ် ဘီ ယာနိုင်ငံ ကိုယ်စားလှယ်တွေကနေ တရားရုံးကို လျှောက်ထားရာမှာတော့ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်တာတွေကို ကုလသမဂ္ဂစုံစမ်းရေးအဖွဲ့ရဲ့ အထောက်အထားတွေနဲ့ တင်ပြသလို၊ မြန်မာနိုင် ငံထဲ ကျန်ရှိနေတဲ့ ရိုဟင်ဂျာ ၆ သိန်းလောက်ဟာ နောက်ထပ် လူမျိုးတုန်းသတ်ဖြတ်ခံရမှု အန္တရာယ်ကြုံနေ တာမို့ ဒီအတွက် ကာကွယ်တားဆီးဖို့ ယာယီအစီအမံတခု ချပေးဖို့ ICJ တရားရုံးကို တင်ပြခဲ့ကြပါတယ်။ ကိုသားညွန့်ဦးက ဒီနေ့ ကြားနာမှုအကြောင်း အနှစ်ချုပ် တင်ပြပေးမှာပါ။
Stopping Genocide – OpEd
Dr. Habib Siddiqui
I have repeatedly said that genocide never happens suddenly. It’s planned over a long period of time by perpetrators that require support top-down so that it becomes a national project to eliminate the targeted group. Such sinister initiative requires the support from evil intellectuals (the likes of Julius Streicher of the Nazi campaign in Germany) and financiers who must propagate with their intellects and finances to create enthusiasm within the larger executing community.
ICJ မှာ မြန်မာ အမှုဖွင့်ခံရခြင်းက တာဝန်ယူမှု၊ တာဝန်ခံမှု အတွက် အရေးကြီးတဲ့ အဆင့်ဖြစ်
10 ဒီဇင်ဘာ၊ 2019
မသိင်္ဂီထိုက်
ICJ အမှုမှာ ဂမ်ဘီယာကို ကနေဒါနဲ့ နယ်သာလန် ကူညီမည်
10 ဒီဇင်ဘာ၊ 2019
ICJ အမှုအတွက် The Hague ကို ရိုဟင်ဂျာအရေး ဆောင် ရွက် သူတွေရောက်
မြန်မာနိုင်ငံအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပေါ်နေတောကို ဟန့်တားဖို့ ပျက်ကွက်ခဲ့တဲ့တွက်ကြောင့်ဆိုပြီး ဂမ်ဘီယာနိုင်ငံက နယ်သာလန်နိုင်ငံ၊ The Hague မြို့က နိုင်ငံတကာတရားရုံးမှာ စွဲဆိုထားတဲ့အမှုကို ဒီက
နေ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ စတင် ကြားနာတော့မှာပါ။

















