၁၁ ဒီဇင်္ဘာလ ၂၀၁၉
■ ICJ တရားရုံးမှာ မြန်မာနိုင်ငံအရေးစတင်ကြားနာနေချိန်မှာပဲ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ အင်တာနက်အွန်လိုင်းမှာ ခြိမ်းခြောက်ခံနေရတာကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာဥပဒေတွေနဲ့ အရေးယူနိုင်ဖို့ ကြိုးပမ်း လာချိန်ကစပြီး တက်ကြွလှုပ်ရှားသူတွေဟာ အင်တာနက်အွန်လိုင်းမှာ ရန်လိုခံရတဲ့လုပ်ရပ်တွေ တိုးလာနေ တဲ့အကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ယန်ဟီးလီက အင်္ဂါနေ့မှာ ပြောဆိုလိုက်တာပါ။
မြန်မာနိုင်ငံမှာ တရားမျှတမှုနဲ့ တာဝန်ခံမှုရှိရေး ကြိုးပမ်းနေသူတွေအပေါ် အုပ်စုတခုကဖြစ်ဖြစ်၊ လူတဦးချင်းကဖြစ်ဖြစ် လက်တုံ့ပြန်တာမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံးနဲ့ အဖွဲ့အစည်းတိုင်းက အကာ အကွယ်ပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ခြိမ်းခြောက်ခံရသူတွေထဲမှာ ရိုဟင်ဂျာလွတ်မြောက်ရေး မဟာ မိတ် အဖွဲ့ဝင်တွေလည်း ပါဝင်ကြောင်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
source: FB
No comments:
Post a Comment