VOA
မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေအတွက် တာဝန်ရှိ တယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ် မတော်အရာရှိကြီးလေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
11 ဒီဇင်ဘာ၊ 2019
ဗွီအိုအေ (မြန်မာပိုင်း)
ဗွီအိုအေ (မြန်မာပိုင်း)
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ အခမ်းအနားတခုအတွင်း အတူတွေ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဝဲ) နှင့် ဒုတိယဗိုလ်ချုပ်မှူုးကြီးစိုးဝင်း (ယာ)။ (မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန၊ နေပြည်တော်) (ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈)
မြန်မာနိုင်ငံမှာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေအတွက် တာဝန်ရှိ တယ်ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် တပ် မတော်အရာရှိကြီးလေးဦးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်အရေးယူလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ အမှတ် ၉၉ ခြေလျင်တပ်မမှူးဗိုလ်ချုပ်သန်းဦး နဲ့ အမှတ် ၃၃ ခြေလျင်တပ်မမှူး ဗိုလ်ချုပ်အောင်အောင်တို့ဟာ ရခိုင်ပြည်နယ်နဲ့ တခြားတိုင်းရင်းသားဒေသ တွေက လူ့အခွင့်အရေး ချိုးဖောက်မှု တွေအတွက် တာဝန်ရှိတယ်ဆိုပြီး Global Magnitsky Human Rights Accountability Act လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုဥပဒေအရ ဒီဇင်ဘာလ ၁၀ ရက်၊ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစု တွေ အပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အခုလို ဒဏ်ခတ် အရေးယူမှု ချမှတ်လိုက်ခြင်းဖြစ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ တည်တန့်ခိုင်မြဲပြီး ငြိမ်းချမ်း၊ သာယာဝပြောတဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးအတွက် တပ်မ တော်အနေနဲ့ အဲဒီ ကျူးလွန်မှုတွေနဲ့ ကျူးလွန်ထားသူတွေကို အပြစ်ပေး အရေးမယူဘဲထားတာကို ရပ်တန့်ဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ့တပ်မတော်အနေနဲ့ ပြစ်မှုကျူးလွန်ထားသူတွေကို အရေးမယူတဲ့ အစဉ်အလာကို ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်တဲ့ အပြင် နိုင်ငံတကာက အသိအမှတ်ပြု လက်ခံထားတဲ့ လူ့အခွင့်အရေးတွေချိုးဖောက်နေ တာကိုလည်း ရပ်တန့်ဖို့လိုအပ်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထား ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ညှဉ်းပန်းနှိပ်စက်မှု၊ ပြန်ပေးဆွဲမှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စော်ကားမှု၊ အပြစ် မဲ့ပြည်သူတွေအပေါ် သတ်ဖြတ်မှုနဲ့ လူမဆန်စွာ နှိပ်စက်မှုတွေကို လက်ခံမှာမဟုတ်ကြောင်းလည်း ကြေ ညာချက်မှာ ဖော်ပြထားပါတယ်။
အခုချမှတ်လိုက်တဲ့ ဒဏ်ခတ်အရေးယူမှုမှာ ပါဝင်သူတွေအနေနဲ့ အမေရိကန်နိုင်ငံအတွင်းမှာရှိတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ၊ ဒါမှမဟုတ် သူတို့အနေနဲ့ အနည်းဆုံး ၅၀% ပိုင်ဆိုင်တဲ့ ဖက်စပ်လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေ၊ အဲဒီ ပိုင်ဆိုင်မှုကို တခြားသူ တဦး တယောက်ရဲ့အမည်နဲ့ လွှဲပြောင်းပေးထားတဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို OFAC လို့ခေါ်တဲ့ အမေရိကန် နိုင်ငံရပ်ခြားငွေကြေးနဲ့ ပစ္စည်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာနကို သတင်းပို့ကြ ရ မှာဖြစ်ပြီး အဲဒီပိုင်ဆိုင်မှုတွေကို အမေရိကန်အစိုးရက ထိန်းချုပ် လိုက်မှာဖြစ်ပါတယ်။
အခု ဒဏ်ခတ်အရေးယူခံရသူတွေနဲ့ ဆက်သွယ်လုပ်ဆောင်လိုသူ အမေရိကန်နိုင်ငံသား သို့တည်းမဟုတ် အမေရိကန်ကုမ္ပဏီ တွေအနေနဲ့ နိုင်ငံရပ်ခြား ငွေကြေးနဲ့ ပစ္စည်းပိုင်ဆိုင်မှု ထိန်းချုပ်ရေးဆိုင်ရာဌာနရဲ့ အထူး ခွင့်ပြုချက်ရမှ ဆက်သွယ်လုပ်ဆောင်ခွင့် ရကြမှာဖြစ်ပါတယ်။
အခု ဒဏ်ခတ်အရေးယူခံရတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဗိုလ်ချုပ်သန်းဦးနဲ့ ဗိုလ်ချုပ်အောင်အောင် တို့ ၄ ဦးကို အမေရိကန် နိုင်ငံခြားရေးဌာနက လည်း အခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့မှာ ဒီ Global Magnitsky Human Rights Accountability Act နဲ့ပဲ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်တဲ့ အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားပြီး ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြဌာန်းထားတဲ့ Global Magnitsky Human Rights Accountability Act ခေါ် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှုမှာ တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်တဲ့ ဥပဒေအရ ရိုဟင် ဂျာတွေအပေါ် လူ့အခွင့်အရေး ကျူးလွန်ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေဖြစ်တဲ့ စစ်ဆင်ရေးအထူးအဖွဲ့ မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇော၊ ဘူးသီး တောင်အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်မှူး ဗိုလ်မှူးချုပ်ခင်မောင်စိုး၊ နယ်ခြားစောင့်တပ်ဖွဲ့မှူးအဖြစ် ကြီးကြပ် ကွပ်ကဲခဲ့တဲ့ ရဲမှူးချုပ် သူရစန်းလွင်၊ ခြေမြန်တပ်မ ၉၉ နဲ့ ၃၃ တို့ကို အမေရိကန်အစိုးရက ၂၀၁၈ ခုနှစ် သြဂုတ်လက ဒဏ်ခတ် အရေးယူမှု ချ မှတ်ထားပါသေးတယ်။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့အတူ ပါကစ္စတန်၊ လစ်ဗျား၊ ဆလိုဗက်ကီးယား၊ ကွန်ဂိုသမ္မတနိုင်ငံနဲ့ တောင် ဆူဒန်နိုင်ငံတွေက လူပုဂ္ဂိုလ် ၁၄ ဦးနဲ့ အဖွဲ့အစည်း ၆ ခုတို့ကိုလည်း တနေ့ထဲမှာပဲ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တပါတည်း ဒဏ်ခတ် အရေးယူလိုက်ပါတယ်။

Link : Here
No comments:
Post a Comment