" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, December 11, 2019

အင်္ဂါနေ့ ICJ ကြားနာပွဲအတွင်း ဂမ်ဘီယာနိုင်ငံဘက်မှ တင်ပြ ချက်တချို့

VOA
ဗွီအိုအေ (မြန်မာဌာန)
11 ဒီဇင်ဘာ၊ 2019
မသိင်္ဂီထိုက်
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေ အပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို ဂမ်ဘီ ယာ နိုင်ငံက အင်္ဂါနေ့မှာ နိုင်ငံတကာ တရားရုံး ICJ မှာ ထွက်ဆိုပါတယ်။ ရိုဟင်ဂျာတွေ အပေါ် စက်ဆုပ်ဖွယ် ချေမှုန်းမှုတွေလို့ ဆိုပြီး ဂမ်ဘီယာ တရားရေး ဝန်ကြီးနဲ့ ရှေ့နေချုပ် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့ရဲ့ တ ရားရုံး ထွက်ဆိုမှု တချို့ကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှု လုပ်ရပ်တွေလို့ ဆိုပြီး ကုလသမ ဂ္ဂ၊ OIC တို့လို အဖွဲ့တွေရဲ့ အစီရင်ခံစာတွေ အပေါ် ကိုးကားပြီး ဂမ်ဘီယာ ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် တရားရေး ဝန်ကြီးနဲ့ ရှေ့နေချုပ် Abubacarr Marie Tambadou က တရားသူကြီး အဖွဲ့ကို အခုလို ထွက်ဆို ခဲ့ပါတယ်။

"ကုလသမဂ္ဂ၊ OIC အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့တွေ အပါအဝင် ယုံကြည်စိတ်ချရတဲ့ နိုင်ငံတ ကာ အဖွဲ့အစည်းတွေ တော်တော်များများရဲ့ အစီရင်ခံစာတွေ အရ မြန်မာနိုင်ငံရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု လုပ်ရပ်ကြောင့် ထောင်နဲ့ချီတဲ့ လူတွေ သေဆုံးခဲ့ရပြီး ဒုက္ခသည်တွေ အစုလိုက် အပြုံလိုက် ထွက်ပြေးခဲ့ရ တယ်လို့ ဖော်ပြကြပါတယ်။ ဒီအရေအတွက်ဟာဆိုရင် သိပ်ပြီး များတဲ့ စာရင်းဇယား အချက်အလက်တွေ တင် မဟုတ်ပါဘူး။ နံပတ် တခုချင်းစီက တကယ် လူတွေကို ကိုယ်စားပြုနေပါတယ်။"

လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်လို့ မြန်မာကို စွပ်စွဲထားတဲ့ ဂမ်ဘီယာက အမှုဖွင့်ရတဲ့ အကြောင်းရင်း ကို လည်း အခုလို ဆက်ပြီး တင်သွင်းပါတယ်။

"သဘာပတိကြီးနဲ့ လေးစားအပ်တဲ့ တရားသူကြီးများခင်ဗျား၊ အခု ပြသနာဟာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံအကြား အငြင်းပွားမှု ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေး သက်သက်ကိုပဲ အကာအကွယ်ပေးဖို့ ကြိုးစားတာမဟုတ်ဘဲ ကျနော်တို့ကိုယ်တိုင်ရဲ့ အခွင့်အရေးကိုပါ ကာကွယ်ဖို့ ကြိုးစားတာပါ။ မြန်မာနိုင်ငံ သဘော တူ ထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှု နိုင်ငံတကာ သဘောတူညီချက်ထဲပါ၊ လူမျိုးတုံးသတ်ဖြတ်မှု မကျုးလွန်ဖို့နဲ့ ဖြစ်အောင် လှုံ့ဆော်တာမျိုးတွေ မလုပ်ဖို့၊ သဘောတူညီချက်ရ၊ အကျုံးဝင်သူ အားလုံးကို အကာအကွယ် ပေးနိုင်ဖို့ ကြိုးစားနေတာပါ။ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်ဖို့နဲ့ ကျုးလွန်သူတွေကို အပြစ်ပေးဖို့ ဖြစ်ပါ တယ်။"

ရိုဟင်ဂျာတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်၊ လူမျိုတုံး ရှင်းလင်းရေး ဆက်လက်ဖြစ်နေ တယ်ဆိုတာတွေကို ဂမ်ဘီယာ ကိုယ်စားလှယ် အဖွဲ့က တင်သွင်းတဲ့ အထဲမှာ Facebook ၊ တွစ်တာ လူမှုကွန် ရက်တွေမှာ ရိုဟင်ဂျာ မုန်းတီးရေး အစ္စလာမ် မုန်းတီးရေး ခွဲခြားမှုတွေကိုလည်း ချန်လှပ်မ ထားပါ ဘူး။ ဂမ်ဘီယာ ကိုယ်စားလှယ်အဖွဲ့ဘက်က ရှေ့နေ Payam Akhavan က အခုလို လျှောက်ထားပါတယ်။

"သူတို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်ဖို့ လုပ်ရပ်တွေကို အချိန်အတော်ကြာ ကတည်းက တွေ့ရပါ တယ်။ အမုန်းပွားစေတဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ရေးသားချက်တွေကို Facebook နဲ့ Twitter တွေမှာ တွေ့ရပြီး မြန် မာတွေက သူတို့ကို တရားမဝင် ဝင်လာတဲ့ ဘင်္ဂလီတွေ၊ အကြမ်းဖက်သမားတွေ၊ ဂျီဟာ့ဒစ် အကြမ်းဖက်သမားတွေ၊ လောက်တွေ၊ ခွေးတွေ စသဖြင့် ရေးသလို မူဆလင်တွေရဲ့ ကျုးကျော်မှုဟာ မြန်မာနိုင်ငံရဲ့ လူမျိုးရေး သန့်စင်မှုကို အကြီးအကျယ် ခြိမ်းခြောက်နေပြီဆိုတဲ့ ရေးသားချက်တွေ မျိုးလည်း အများကြီး ရှိနေပါတယ်။"

ရခိုင်မြောက်ပိုင်း နယ်မြေရှင်းလင်းရေးတွေမှာ လူတိုင်းကို ပစ်မှတ်ထားခဲ့တာလို့လည်း ဂမ်ဘီယာ ကိုယ်စားလှယ် ရှေ့နေ Akhavan က စွပ်စွဲပါတယ်။

"တိုက်ခိုက်ရေး သမားနဲ့ အရပ်သား ခွဲခြားတာမျိုး၊ ဒါမှမဟုတ်လည်း စစ်ရေး ရည်မှန်းချက် သတ်သတ်မှတ် မှတ် ဖြစ်အောင် လုပ်တာမျိုး၊ အရေးပေါ် ခြိမ်းခြောက်မှု အဖြစ် သတ်မှတ် ရှင်းလင်းတာမျိုးလောက်တောင်မှ မလုပ်ခဲ့ဘူးဆိုတာကို ကုလသမဂ္ဂ မစ်ရှင်က လေ့လာတွေ့ရှိခဲ့ပါတယ်။ အားလုံးက ပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဘယ်သူမှ မလုံခြုံပါဘူး။ မိခင်တွေ၊ မွေးကင်းစ ကလေးတွေ၊ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ အသက်ကြီး သူနဲ့ မကျန်းမာသူတွေ အားလုံးဟာ ရက်စက်တဲ့ ချေမှုန်းမှုမှာ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ အမျိုးသမီး တွေ နဲ့ မိန်းကလေးငယ်တွေကိုတော့ မုဒိမ်းကျင့်တာ၊ အုပ်စုလိုက် မုဒိမ်းကျင့်တာနဲ့ တခြားသော လိင်ပိုင်း ဆိုင် ရာ အကြမ်းဖက်မှုတွေ အတွက် ပစ်မှတ်ထား လုပ်ဆောင်သလိုဘဲ ကလေးငယ်တွေ အပေါ်မှာလည်း ပစ်မှတ်ထားနေတာဟာဆိုရင် တုန်လှုပ်ခြောက်ခြားစရာ ဖြစ်ပါတယ်။"

နောက် ရခိုင်မြောက်ပိုင်း ပဋိပက္ခ အတွင်း စစ်တပ်ရဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ ဆိုပြီး ဒုက္ခသည် တွေရဲ့ ထွက်ဆိုချက်တွေကို ကိုးကားပြီး ဂမ်ဘီယာ ကိုယ်စားလှယ်ရှေ့နေ နောက်တဦး ဖြစ်တဲ့ Andrew Loewenstein က ရုံးတော်ရှေ့မှောက်မှာ အခုလို နှုတ်နဲ့ ထွက်ဆိုပါတယ်။

"အမျိုးသမီးနဲ့ ကလေးငယ်တွေကို အမျိုးသားတွေနဲ့ သီးခြားခွဲထားပါတယ်။ နောက် အမျိုးသားတွေကို စနစ် တ ကျ သတ်ပါတယ်။ ကိုယ်တွေ့ကြုံသူ တဦး ပြောပြချက် အရတော့ ကျည်ဆန်မိုး ရွာနေသလို သေနတ်နဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။ စစ်သားတွေက အမျိုးသားတွေကို တဦးချင်း သတ်ဖြတ်တဲ့ ဒုတိယ တကျော့ မှာတော့ပစ်ခတ် တာ နှေးသွားပါတယ်။ အမျိုးသား တယောက်ချင်းစီကို ချိန်ပြီး သေနတ်နဲ့ ပစ်ခဲ့တာပါ။ ကျည်သင့် ဒဏ်ရာရထားသူတွေကို စစ်သားတွေက ဓားရှည်တွေနဲ့ သတ်ဖြတ်ပါတယ်။ နောက်တော့ တပ် မတော်ဘက အမျိုးသမီးနဲ့ က လေးတွေဘက်ကို လှည့်လာပါတယ်။ ကလေးငယ် တချို့ ပစ်ခတ်ခံရပါတယ်။ တခြား ကလေးတွေကိုတော့ မီးပုံထဲ ပစ်ထည့်ပါတယ်။ မိခင်တွေဆီက ကလေးတွေကို စစ်သားတွေက လု ယူပြီး မြစ်ထဲကို ဘယ်လို ပစ်ချခဲ့သလဲ ဆိုတာကိုလည်း မျက်မြင်တွေ့သူ တဦးက ပြောပြပါတယ်။ နို့တိုက် အရွယ် ကလေးငယ်ကို ဓားနဲ့မွှန်းခဲ့တာကိုလည်း ပြောပြပါတယ်။ နောက် ထွက်ပြေးဖို့ ကြိုးစားတဲ့ ၁၀ နှစ် အ ရွယ် ယောကျာ်းလေး တဦးကိုလည်း စစ်သားတွေက ဓားနဲ့ ထိုးခဲ့တယ်လို့လည်း ပြောပြပါတယ်။ အသက်ရှင် လွတ်မြောက်လာသူ အမျိုးသမီး တဦးကတော့ သူ့ရဲ့ ကလေး ၇ ယောက်လုံး အသတ်ခံရတယ်လို့ အဖွဲ့ကို ပြောပြပါတယ်။"

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတာကိုလည်း ဂမ်ဘီယာဘက်က အလေးထားပြီး ထောက်ပြသွားပါတယ်။ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်၊ ဆက်လက် ဖြစ်မယ့် အလားအလာတွေ ရှိတာကြောင့် ICJ မှာ တရားရင်ဆိုင်နေစဉ် ကာလ အတွင်း ဒီလုပ်ရပ်တွေကို တားဆီးထားနိုင်ရေးအတွက် ယာယီ ဆောင်ရွက်ချက်တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာ နိုင်ငံက ပန်ကြားထားပါတယ်။ အင်္ဂါနေ့ ကြားနာပွဲမှာ တော့ နိုင်ငံ တော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ ကိုယ်စားလှယ် အဖွဲ့ လည်း တက်ရောက် နားထောင်ခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ မြန်မာဘက်က အမှုနဲ့ ပတ်သက်ပြီး ပထမ အကြိမ် ထွက်ဆိုမှာ ဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */