Saturday, February 29, 2020

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ အစီ ရင်ခံတင်ပြချက်အပေါ် မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက တုံ့ပြန်ပြောကြား

Ministry of Foreign Affairs
၂၈-၂-၂၀၂၀ ရက်
 ဂျီနီဗာမြို့
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပလျက်ရှိသည့် (၄၃) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အစည်းအဝေးကာလအတွင်း “ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာနှင့် အခြားလူနည်းစုတို့နှင့် စပ်လျဉ်း၍ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ” အပေါ် အပြန်အလှန် ဆွေးနွေးပွဲတို့ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သည်။

လူ့အခွင့်အရေးကောင်စီ၏ ဆုံးဖြတ်ချက် ၃၉/၂ အရ မြန်မာနိုင်ငံနှင့်စပ်လျဉ်း၍ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက တင်သွင်းချက်အပေါ် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုး ထွန်းက မိန့်ခွန်းတစ်ရပ်ကို တုံ့ပြန်ပြောကြားခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြားရာတွင် “၂၀၁၆ ခုနှစ်တွင် ဒီမိုကရေစီနည်းကျကျ ရွေးကောက် တင်မြှောက်ထားသည့် လက်ရှိမြန်မာအစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာ လက်နက်ကိုင်ပဋိပက္ခဒဏ်၊ နှစ်နှင့် ချီ၍ စီးပွားရေး မဖွံ့ဖြိုးမှုနှင့် ရပ်တန့်နေသော လူမှုရေးနှင့် နိုင်ငံရေးအခြေအနေတို့ကြောင့် စိန်ခေါ်မှုများစွာ ရှိသည့်ကြားမှ နိုင်ငံတော်အား အာဏာရှင်စနစ်မှ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဆီသို့ ပြောင်း လဲမှုများ ပြုလုပ်လျက်ရှိသည်” ကို ထောက်ပြပြောဆိုကာ၊ စနစ်တစ်ခုမှတစ်ခုသို့ ကူးပြောင်းရာတွင် အချိန်ကာလ လိုအပ်ကြောင်းကို အလေးအနက်ထား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အမျိုးသားပြန်လည် သင့်မြတ် ရေး နှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးနှင့် စဉ်ဆက်မပြတ်ရေးနှင့် အလုံးစုံဖွံ့ဖြိုးတိုးတက်ရေး တို့သည် ဆက်နွှယ်လျက်ရှိသဖြင့်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရေးသည် မြန်မာ နိုင်ငံ၏ အရေးအကြီးဆုံး ဦးစားပေးကိစ္စဖြစ်ကြောင်းကို မီးမောင်းထိုးပြခဲ့သည်။ ထို့အပြင် လွန်ခဲ့သည့် သုံးနှစ် တာကာအတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့အကြား ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အ ရှိန်အဟုန် ရရှိနေမှုများကို အသိပေးပြောကြားခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ လာမည့် အစည်းအဝေးကို ယခုနှစ် ပထမ လေးလတာကာလအတွင်း ကျင်းပသွားရန် လျာထားကြောင်း ပြောကြား ခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က ရခိုင်ပြည်နယ်အရေး၏ ရှုပ်ထွေးနက်နဲပြီး သိမ်မွေ့မှုများကို ပြောကြားရာတွင် ရခိုင် ပြည်နယ်ပဋိပက္ခနှင့် စပ်လျဉ်း၍ နိုင်ငံတကာအသိုက်အဝန်း၏ စိုးရိမ်ပူပန်မှုများကို နားလည်ကြောင်းနှင့် ပြဿ နာ၏ အရင်းအမြစ်များကို ဓမ္မဓိဋ္ဌာန်ကျကျ အလုံးစုံခြုံငုံကြည့်ရှုရန်နှင့် အသိုက်အဝန်းများအကြားသမိုင်းကြောင်း အရ တင်းမာမှု၊ မယုံကြည်မှုနှင့် ကြောက်ရွံ့မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် လူသားတို့၏ စိတ်ခံ စား ချက်များကိုလည်း မျက်ကွယ်မပြုဘဲ ကိုလိုနီခေတ်ကတည်းက နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွား လာမှု၊ ဆင်းရဲနွမ်းပါးမှု၊ တရားဥပဒေစိုးမိုးမှုနှင့် လုံခြုံရေးအားနည်းမှုတို့ အပါအဝင် နိုင်ငံရေးနှင့် စီးပွားရေး ဆိုင်ရာ ကိစ္စရပ်များအားလုံးကိုပါ ထည့်သွင်းစဉ်းစားရန် တိုက်တွန်း ပြောကြားခဲ့သည်။

လက်ရှိအစိုးရ စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက ရေရှည်တည်တံ့သည့် အဖြေရရှိရေးအတွက် လက် တွေ့ဆောင်ရွက်နေမှုများကို ပြောကြားခဲ့သည်။ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် အာဆာ၏ ရည်ရွယ် ချက် ရှိရှိဖြင့် တိုက်ခိုက်ခဲ့မှုသည် ရခိုင်ပြည်နယ်အရေး ရေရှည်တည်တံ့သည့်အဖြေရရှိရေး ဆောင်ရွက်မှု တွင် အစိုးရ၏ ကြိုး ပမ်းမှုများကို အားလျော့စေသည်သာမက လူအစုလိုက် အပြုံလိုက် နေရပ်စွန့်ခွာမှုနှင့် လက်ရှိလူသားချင်းစာနာမှု အခြေအနေများကို ဖြစ်ပေါ်စေခဲ့ကြောင်း ထောက်ပြခဲ့သည်။ ထို့အပြင် တပ်မေ တာ်နှင့် အေအေအကြား လက် နက်ကိုင်ပဋိပက္ခသည် ပြဿနာအား ပိုမိုရှုပ်ထွေးစေပြီး စိန်ခေါ်မှုများ တိုးပွား လာစေကြောင်း ပြောကြားခဲ့သည်။

စိန်ခေါ်မှုများရှိသော်ငြားလည်း အမြဲတမ်းကိုယ်စားလှယ်က “မိမိတို့သည် ရေရှည်ဖြေရှင်းမှု နည်းလမ်းရှာဖွေ မှုကို မည်သည့်အခါကမျှ လျစ်လျူမရှုခဲ့ကြောင်းနှင့် ယခုအချိန်တွင် အရေးအကြီးဆုံးမှာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များနှင့်အညီ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးကို မြန်ဆန်စွာ စတင်နိုင်ရန်ဖြစ်ကြောင်း” ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်။ ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအား လက်မှတ်ရေးထိုးထားသည့် သဘောတူစာချုပ်များကို တိကျစွာလိုက်နာ ရန်နှင့် စစ်မှန်သောစိတ်ရင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြသရန် တိုက်တွန်းခဲ့သည်။

တာဝန်ခံမှု၊ တာဝန်ယူမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံသည် ကိုင်တွယ်ဖြေရှင်းရန် ဆန္ဒရှိသကဲ့သို့ ကိုင်တွယ်ဖြေ ရှင်းနိုင်စွမ်းလည်းရှိကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် နိုင်ငံတော်သမ္မတ ထံသို့ တင်ပြခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ၏ အပြီးသတ်အစီရင်ခံ စာအေ ကြာင်းကို အသိပေးပြောကြားခဲ့သည်။ မြန်မာအမြဲတမ်းကိုယ်စားလှယ်က ကော်မရှင်၏ အချက်အလက် စုဆောင်းရေးနှင့် စိစစ်ရေးအဖွဲ့ (ECVT) ၏ ရှာဖွေတွေ့ရှိမှုများသည် “လူမျိုးသုဉ်း သတ်ဖြတ်မှု ရည်ရွယ် ချက်” ဖြင့် ကျူးလွန်သည့်လုပ်ရပ်များဟု ချင့်ချိန်ကောက်ချက်ချနိုင်သော အရိပ်လက္ခဏာမရှိကြောင်း မီး မောင်းထိုးပြခဲ့သည်။ ICOE ၏ အစီရင်ခံစာပါ အကြံပြုချက်များနှင့်အညီ နိုင်ငံတော်သမ္မတသည် နောက် ထပ် စုံစမ်းစစ်ဆေးမှုများနှင့် အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုရှေ့နေချုပ်နှင့် တပ် မတော် ကာကွယ်ရေးဦးစီးချုပ်တို့ထံသို့ နောက်ဆက်တွဲများနှင့်အတူ အစီရင်ခံစာအပြည့်အစုံအား ပေးပို့ ထားကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဗီယင်နာကြေညာချက်နှင့် လုပ်ဆောင်ချက်အစီအစဉ်တို့ကို အတည်ပြုခဲ့မှုအား ပြန်ပြောင်းအမှတ်ရလျက် အမြဲ တမ်းကိုယ်စားလှယ်က ပြည်တွင်း၌ ဆောင်ရွက်နိုင်သည့် နည်းလမ်းများ ရှိနေသေးသည့်အလျောက် မည်သည့်နိုင်ငံတကာတရားရေး (သို့မဟုတ်) ဥပဒေအဖွဲ့တို့၏ ကြိုးပမ်းမှုမဆို လက်မခံကြောင်း အေ လးအနက်ပြောကြားခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နားလည်မှုရှိ စွာဖြင့် အသိုက်အဝန်းအားလုံး ပါဝင်လာရေးအတွက် အစိုးရ၏ အစွမ်းကုန် ကြိုးပမ်းနေမှုများကို အသိပေး ခဲ့ပြီး၊ “OHCHR ၏ အစီရင်ခံစာများနှင့် ထုတ်ပြန်ချက်များ၊ ကောင်စီ၏ ချဉ်းကပ်မှုနည်းလမ်းများသည် မိမိတို့၏ စည်း စည်းလုံးလုံးဖြင့် သဟဇာတရှိစွာ နေထိုင်နိုင်ရန် ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းနေမှုများအပေါ် အထောက်အကူ ဖြစ်စေသင့်ကြောင်းနှင့် နိုင်ငံတော်စည်းလုံးညီညွတ်မှု ပျက်ပြားပြီး အသိုက်အဝန်းများ အကြား အမုန်းတ ရားဖြစ်စေသည့် နည်းလမ်းမျိုး မဖြစ်သင့်ကြောင်း” ပြောကြားရင်း၊ နိုင်ငံတကာ အသိုက် အဝန်းအား အပြုသ ဘောဆောင်သည့် နည်းလမ်းဖြင့် မြန်မာနိုင်ငံနှင့် လက်တွဲပါဝင်ကြရန် တိုက်တွန်း ခဲ့သည်။

အမြဲတမ်းကိုယ်စားလှယ်က ကုလသမဂ္ဂ၏ များစွာသော ယန္တရားများဖြင့် အထူးစစ်ဆေးမှုအောက်တွင် မျှတ မှုမရှိ ပစ်မှတ်ထားခြင်းသည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး မိမိတို့၏ ကြိုးပမ်းမှု များအပေါ် အပြုသဘော အထောက်အကူမဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ နိဂုံးချုပ်ပြောကြား ရာတွင် “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုဟူသည့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေး အတွက် မည်သည့်စိန်ခေါ်မှုမျိုးမဆို ရင်ဆိုင်ကျော်လွှားသွားရန် အခိုင်အမာ ဆုံးဖြတ်ထားကြောင်း” ပြော ကြား ခဲ့ကြောင်း သိရှိရပါသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */