Saturday, May 20, 2023

ကြိုတင်ရွှေ့ပြောင်းပေးမှုကိုမလိုက်နာလို့ ရိုဟင်ဂျာတရာ ကျော်သေဆုံးခဲ့တယ်လို့စစ်ကောင်စီပြော

Delta News
May 19, 2023 


မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာ လေးရာဝန်းကျင်သေဆုံးခဲ့တယ်လို့ ရိုဟင် ဂျာအရေးလှုပ်ရှားသူတွေက ပြောထားပေမယ့် စစ်ကောင်စီကတော့ အဲ့ဒီအချက် အလက်ကမှားယွင်းတယ်လို့ ဒီက နေ့တုံ့ ပြန်လိုက်ပါတယ်။

သူတို့ကောက်ယူထားတဲ့စာရင်းတွေအရ မုန်တိုင်းကြောင့် ရိုဟင်ဂျာ တရာကျော်သေဆုံးခဲ့ပြီး အဲ့ဒီလိုသေဆုံးခဲ့ကြ တာဟာဒေသအာဏာပိုင်တွေရဲ့ကြိုတင်ရွှေ့ပြောင်းရေးအစီအစဉ်တွေကိုမလိုက်နာတာကြောင့်ဖြစ်တယ်လို့လည်း စစ်ကောင်စီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
                                                                     

မိုခါကြောင့် သေဆုံးသူ ၁၄၅ ယောက်ရှိ

B B C

၁၉ မေ ၂၀၂၃

မေလ ၁၄ရက်နေ့က ရခိုင်ပြည်နယ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့တဲ့ ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် သေဆုံးသူ စုစုပေါင်း ၁၄၅ ယောက် ရှိခဲ့တယ်လို့ စစ်ကောင်စီက ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။ အဲဒီ သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာ တစ်ရာကျော် ပါဝင်နေပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူတွေထဲမှာ ရိုဟင်ဂျာတွေ အသေအပျောက် များခဲ့တာ ဘာကြောင့်ပါလဲ။ မုန်တိုင်း အလွန် ရခိုင်ပြည်နယ်မှာ အခြေအနေတွေ ဘယ်လို ရှိပါသလဲ။ မအေးသူ စံက ပြောပြပေးမှာပါ။ 

Link : Here

မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်

Myanmar Now
ပိုးဥ ကိုချို
May 20, 2023

မုန်တိုင်းကြောင့် အစားအသောက်ခက်ခဲနေပြီး အုန်းဦးနှောက် ခေါ် အုန်းပင်အဖျားပိုင်းရှိ အသားနုကို စားသုံးနေသည့် ရိုဟင်ဂျာ ကလေးငယ်များ (ဓာတ်ပုံ − Myanmar Now)

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာဒုက္ခသည် ရာနှင့်ချီ သေဆုံးခဲ့သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး ဒုက္ခသည်စခန်း များတွင် မုန်တိုင်းဖြစ်ပြီး ၆ ရက်ကြာသည်အထိ ကယ်ဆယ်ရေး မဝင်ရောက်နိုင်သေးဘဲ အချိန်မီ အကူအညီမရ ပါက သေဆုံးမှု တိုးလာနိုင်သည်ဟု ဒေသခံများနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ပြောသည်။

ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ အဓိကဝင်ပေါက်ဖြစ်သည့် သဲချောင်းတံတားအနီး ဘုမေကျေးရွာအုပ်စု၊ ဆီတာ ဒဲက်ကျေးရွာတွင် မည်သည့်အကူအညီမျှ မရရှိသေးဟု ထိုကျေးရွာတွင် နေထိုင်သည့် ကိုချစ်ဆွေက မေ ၁၉ က Myanmar Now ကို ပြောသည်။

မုန်တိုင်းကြောင့် ဘာဆာရာရိုဟင်ဂျာရွာသား ၁၅ ဦးသေဆုံး ပြီး ရွာလုံးကျွတ်ပျက်စီး

RFA
RFA Burmese
2023.05.19
မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ဘာဆာရာ ရိုဟင်ဂျာရွာမှ ပျက်စီးသွားသည့်နေအိမ်များကို ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်နေ့က တွေ့ရစဉ်။ Photo: RFA

အားပြင်း မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ပင်လယ်ကမ်းစပ်အနီးက ဘာဆာရာ ရိုဟင်ဂျာရွာမှာ ၁၅ ဦး သေဆုံးပြီး ရွာလုံးကျွတ် ထိခိုက်ပျက်စီးသွားပါတယ်။

သေဆုံးသူ ၁၅ ယောက်လုံးဟာ အတူနေကြတဲ့မိသားစုနှစ်စုက ဆွေမျိုးသားချင်း အရင်းအချာတွေလို့ ကျန်ရစ် သူ တွေက ပြောပါတယ်။ သူတို့ဟာ မုန်တိုင်းလာမယ်ဆိုတာ သိခဲ့ပေမယ့် ဘေးလွတ်ရာ မရှောင်ဖြစ်ခဲ့ကြဘူးလို့ သိရ ပါတယ်။

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာ အပါအ၀င် လူ ဦးရေ ၁၄၅ ဦးသေဆုံးဟု စစ်ကောင်စီထုတ်ပြန်

မဇ္စျိမ
19 May 2023

ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရိုဟင်ဂျာများအပါအ၀င် လူဦး‌ရေ ၁၄၅ ဦးသေဆုံးကြောင်း စစ်ကောင်စီက ယနေ့ မေလ ၁၉ ရက်တွင် ထုတ်ပြန်သည်။

မေလ ၁၈ ရက်နေ့ ညပိုင်းအထိ စာရင်းအရ မိုခါမုန်တိုင်းကြောင့် ၁၄၅ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် ပြည်သူ ၂၄ ဦး၊ စစ်ကောင်စီတပ်သား လေးဦးနှင့် ရိုဟင်ဂျာ ၁၁၇ ဦးပါ၀င်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံမှာ မုန်တိုင်းဖြစ်ပြီးနောက် ရိုဟင်ဂျာမွတ်စလင် တွေ လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ ရင်ဆိုင်ရ

NHK World Japan
၂၀၂၃ မေလ ၂၀ ရက်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရိုဟင်ဂျာ မွတ်စလင်တွေဟာ လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

မိုခါမုန်တိုင်းဟာ တနင်္ဂနွေနေ့က နိုင်ငံအနောက်ပိုင်းထဲ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်စေခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့ လှိုင်းကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီးခဲ့ရပါတယ်။ဗုဒ္ဓဟူး နေ့ အထိ အိမ်ခြေ ၄၅,၀၀၀ လောက် ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ဆိုပါတယ်။ စစ်တပ်ဟာ ရိုဟင်ဂျာ အ များအပြားနေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ ဆန်၊ သောက်သုံးရေနဲ့ တခြားအထောက်အပံ့တွေ ပေးပို့ခဲ့တယ်လို့ အဲဒီ သတင်းစာက ဆိုပါတယ်။

Friday, May 19, 2023

The Disappearance of Dil Mohammed: A Voice for the Rohingya Silenced

THE I DIPLOMAT
Shafiur Rahman
May 19, 2023

On January 18, prominent advocate Dil Mohammed was abducted from a Rohingya camp in No Man’s Land. He has not been heard from since.

A steadfast Rohingya advocate emerged amid the chaos in the volatile borderlands between Myanmar and Bangladesh. Dil Mohammed, a Rohingya refugee who became the de facto spokesperson for the No Man’s Land Rohingya encampment, navigated a complex web of political and military forces to champion the cause of his people. But on January 18, as the encampment burned to the ground in a harrowing attack, Dil Mohammed was apprehended by the long-dormant Rohingya Solidarity Organization (RSO), which had recently re-emerged. No news of his fate has emerged since.

Cyclone Mocha death toll rises sharply in Myanmar

B B C

2023 May19

Myanmar coup
Refugee camps housing the displaced Rohingya minority have been destroyed by Cyclone Mocha

At least 145 people are now known to have been killed in Myanmar (Burma) by a powerful cyclone, the country's military rulers have said.

They say most of the victims of Cyclone Mocha that made landfall last Sunday were from the Rohingya minority.

The junta had earlier put the death toll at 21, but local residents told the BBC that at least 40 had died.

UN denied access to Rohingya refugee camps after Cyclone Mocha

The Guardian
Aung Naing Soe and Kaamil Ahmed
Fri 19 May 2023


UNHCR says Myanmar government has refused to allow it to distribute health supplies in Sittwe, where an estimated 90% of Rohingya homes have been destroyed

A Rohingya woman sits by what remains of her home at Basara refugee camp in Sittwe after Cyclone Mocha hit the region. Photograph: Sai Aung Main/AFP/Getty Images

UN staff say they have been denied access to help thousands of Rohingya living in displacement camps in Myanmar who are in urgent need of food, medicine and shelter in the aftermath of Cyclone Mocha, which struck the west of the country on Sunday.

HRW condemns Bangladesh, Myanmar on plan to repatriate Rohingya

Aljazeera
19 May 2023

Human Rights Watch says Bangladesh ‘shouldn’t forget why Rohingya became refugees’ and recognise that those factors have not changed.

A Rohingya delegation boards a boat at Teknaf, Bangladesh on May 5, 2023 to visit Myanmar's Maungdow township where the military government plans to house them [File: AFP]
The Human Rights Watch has criticised sharply a plan to return Rohingya refugees from Bangladesh to Myanmar, saying it poses “grave risks” to their lives and liberty.

Bangladesh is home to about a million Rohingya, most of whom fled a 2017 military crackdown in Myanmar that is now subject to a United Nations genocide investigation.

မုန်တိုင်းဒဏ်ခံရသူများ စားနပ်ရိက္ခာလိုအပ်၊ ကုလက သွားခွင့်ရရန် ညှိနှိုင်းနေဆဲ

ဧရာဝတီ
18 May 2023

၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့က စစ်တွေမြို့ရှိ ဘုန်းကြီးကျောင်းတွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ပေးသည့်ဆန်ကို တန်းစီစောင့်ဆိုင်းနေကြသူများ / AFP

ဆိုင်ကလုန်းဒဏ်ကြောင့် ပျက်စီးသွားသည့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှ ဒေသခံများသည် ဗုဒ္ဓဟူး နေ့တွင် ဆန်နှင့်သောက်ရေအတွက် တန်းစီနေစဉ် ကုလသမဂ္ဂသည် မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံရသော ဒေသ များသို့ သွားရောက်ခွင့်ရရန် နိုင်ငံတကာက ပစ်ပယ်ထားသည့် စစ်ကောင်စီနှင့် ညှိနှိုင်းနေရသည်။

ဆိုင်ကလုန်းမိုခါသည် တနင်္ဂနွေနေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ တနာရီလျှင် ၁၉၅ ကီလိုမီတာ (မိုင် ၁၂၀) နှုန်း ဖြင့် ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသောကြောင့် အဆောက်အအုံများ ပြိုကျပြီး လမ်းများသည် မြစ်များသဖွယ်ဖြစ်သွားခဲ့သည်။

မုန်တိုင်းသင့်ဒေသမှာ သေကြေထိခိုက် ပျက်စီးမှုတွေ ထပ်မံတွေ့ရှိ

VOA
ဆုမွန်
၁၈ မေ၊ ၂၀၂၃ 

ရိုဟင်ဂျာအများစုနေထိုင်တဲ့ စစ်တွေမြို့နယ် သဲချောင်းကျေးရွာလည်း အပျက်အစီးများခဲ့


ရခိုင်ပြည်နယ်မှာ မုန်တိုင်းတိုက်ခတ်ပြီး အထိနာခဲ့တဲ့ နေရာတွေထဲ စစ်တွေမြို့ပေါ်နဲ့ အနီးဝန်းကျင်က ကျေးရွာ တွေမှာ ပိုများခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီဆောင်ရွက် နေသူတွေက ပြောပါတယ်။ မုန်တိုင်းဝင်ရောက်ပြီး စစ် တွေမြို့နယ်က ရိုဟင်ဂျာတွေ အများစုနေထိုင်တဲ့ သဲချောင်းကျေးရွာ အခြေအနေကို VOA က သွားရောက် သ တင်း ယူထားပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ခံထားရတာကြောင့် ရိုဟင်ဂျာ ရာနဲ့ချီသေဆုံးရတာလို့ NUG နဲ့ တက်ကြွ လှုပ်ရှားသူတွေ မှတ်ချက်ပြု (ရုပ်သံ)

မဇ္စျိမ
18 May 2023

ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ရာ နဲ့ချီပြီး သေဆုံးခဲ့ရတယ်လို့ မြေပြင်မှာရောက်နေသူတွေက ပြောပါတယ်။

မေလ ၁၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာအလောင်း ၁၁၀ ဝန်း ကျင်ကိုသင်္ဂြိုဟ်ပြီးစီးခဲ့ပြီး လူ ၃၀၀ ဝန်းကျင်ပျောက်ဆုံးနေတုန်းလို့ မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အား စုက မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

မိုခါမုန်တိုင်းကြောင့်သေဆုံးသူ ၇၉ ဦးအထိရှိလာ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ မေ ၂၀၂၃
လူ ၂၀ ကျော်သေဆုံးခဲ့တဲ့ဗေဒါရွာ
 
မိုခါ မုန် တိုင်းကြောင့် သေဆုံးသူ အရေအတွက် စုစုပေါင်း ၇၉ ဦးအထိရှိလာပြီလို့ ဘီဘီစီက မေလ ၁၈ရက်နေ့ ညနေ ၆နာရီအထိ သီးခြားအတည်ပြုထားနိုင်တဲ့ စာရင်းတွေအရ သိရပါတယ်။
 
မေလ ၁၆ ရက်နေ့မှာ သေဆုံးသူ ၄၀ ဦး အထိ အတည်ပြုထားနိုင်ပြီး မေလ ၁၇ ရက်နေ့မှာတော့ သေဆုံးသူ အ ရေအတွက် ၄၁ ဦးထိ ဘီဘီစီ သတင်းထောက်တွေက စိစစ်အတည်ပြုထားနိုင်ပါတယ်။

မေလ ၁၇ ရက်နေ့ ညပိုင်းမှာ ရသေ့တောင်မြို့နဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာခဲ့ ပါတယ်။
 

မိုခါမုန်တိုင်းကြောင့် ရိုဟင်ဂျာအယောက် ၁၀၀ ကျော် သေ ဆုံး ကြောင်း စစ်ကောင်စီထုတ်ပြန်

B B C

ဘီဘီစီမြန်မာပိုင်း
2023-05-19

အင်အားပြင်းတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်း တွေ ကနေ သေဆုံးသူ ၁၁၇ ယောက် အထိရှိပြီလို့ စစ်ကောင်စီက ဒီကနေ့ မေလ ၁၉ ရက်နေ့မှာသတင်းထုတ်ပြန် ပါတယ်။ မေလ ၁၇ ရက်မှာ ရိုဟင်ဂျာသေဆုံးသူ ၂၆ ယောက်၊ မေလ ၁၈ ရက်မှာ ထပ်တိုး ၉၁ ယောက် တွေ့ရှိခဲ့ တာလို့ဆိုပါတယ်။ 

ရိုဟင်ဂျာနေရပ်ပြန်ပို့ရေးအစီအစဉ် ရပ်ဆိုင်းဖို့ HRW ပြော

RFA
ကျော်ထွန်းနိုင် (ဝါရှင်တန်ဒီစီ)
2023.05.18

၂ဝ၂၃ ခုနှစ် မတ်လ ၁၅ ရက်နေ့က စစ်ကောင်စီ ရခိုင်ပြည်နယ် ဝန်ကြီးအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်မိသားစုတစ်စု။AFP

ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ မြန်မာစစ်ကောင်စီတို့ကြား ပူးပေါင်းလုပ်နေကြတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အစီအ စဉ်ကို ရပ်ဆိုင်းဖို့ HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ရှေ့ပြေးစီမံကိန်းအနေနဲ့ ရိုဟင်ဂျာအယောက် ၁၁ဝဝ ကို စစ်ကောင်စီက ဒီမေလထဲမှာ ပြန်ခေါ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေဟာ ဘေးကင်းလုံခြုံမှုရှိရှိနဲ့ နေရပ်ပြန်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ HRW က မေလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

နေရပ်ပြန်လိုတဲ့ ရိုဟင်ဂျာစာရင်း ဘင်္ဂလားဒေ့ရှ်အစိုးရ ထပ်မံကောက်ယူနေ

RFA
ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2023.05.18

၂၀၂၃ ၊ ဇန်န၀ါရီလ ၁၂ ရက်က အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်က ယာယီခိုလှုံရေးစခန်းတစ်ခုမှာ ဆေးစစ်ရန်တန်းစီစောင့်ဆိုင်းနေကြသည့် ရိုဟင်ဂျာဒုက္ခသည်များ။AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက မြန်မာပြည်ပြန်လိုသူတွေစာရင်း ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက မေလ ၁၇ ရက်နေ့ကစပြီး ထပ်မံကောက်ယူနေတယ်လို့ ဒုက္ခသည်တွေ က ပြောပါတယ်။

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူး လွန် နေတယ်”

Myanmar Now
May 18, 2023
ကိုချို

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု တွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံ ပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။


အမိုးဖွင့် အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လုံလောက်တဲ့ သတိပေးမှုတွေ နေရာ ရွှေ့ပြောင်းပေးမှုတွေ မလုပ်ခဲ့တာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို တားမြစ် ပိတ်ပင်ထားတာတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုပဲလို့ သူက စွပ်စွဲလိုက်ပါတယ်။

Wednesday, May 17, 2023

ကြိုတင်ရွှေ့ပြောင်းခွင့်မရလို့ ရိုဟင်ဂျာတွေ အစုလိုက်အပြုံ လိုက် သေဆုံးရ

RFA
RFA Burmese
2023.05.17
မိုခါ မုန်တိုင်းကြောင့် ဒါးပိုင် ရိုဟင်ဂျာဒုက္ခသည်စခန်း ပျက်စီးမှုများအား ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေမြို့နယ် တစ်ခုတည်းမှာ လက် ရှိအချိန်အထိ ရိုဟင်ဂျာ ၄၆၀ နီးပါး သေဆုံးခဲ့တယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ သေဆုံးစာရင်းကို လက်တွေ့ကောက်ယူနေသူတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမြို့နယ်က ရိုဟင်ဂျာဒုက္ခသည်တွေ အခုလို အစုလိုက်အပြုံလိုက် သေဆုံးရတာဟာ လူ သားမဆန်စွာ နေထိုင်ရမှု၊ အသိပညာနည်းပါးမှုနဲ့ မုန်တိုင်းမဝင်ခင် လွတ်လပ်စွာ ကြိုတင်ရွှေ့ပြောင်းခွင့် မရတာတွေကြောင့်ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မုန်တိုင်းကြောင့် စစ်တွေမှာ ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် သေဆုံး

RFA
RFA Burmese
2023.05.16
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၊ ဘာဆာရွာတွင် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များအား ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့က တွေ့ရစဉ်။SAI Aung MAIN / AFP

မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် ဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာဒုက္ခသည် ၄၀၀ ကျော် သေဆုံးပြီး၊ ပျောက်ဆုံးသူလည်း အများအပြား ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ ရိုဟင်ဂျာအကြံပေးအဖွဲ့နဲ့ မြေပြင်မှာ စေတနာ့ဝန်ထမ်း အချက်အလက် ကောက်ယူနေသူတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ ကလေး၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင် မိခင်လောင်းနဲ့ သက်ကြီးရွယ်အိုတွေ အများစုပါဝင်တယ်လို့ ဆိုပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */