" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 19, 2023

လွတ်လပ်စွာသွားလာခွင့် ပိတ်ပင်ခံထားရတာကြောင့် ရိုဟင်ဂျာ ရာနဲ့ချီသေဆုံးရတာလို့ NUG နဲ့ တက်ကြွ လှုပ်ရှားသူတွေ မှတ်ချက်ပြု (ရုပ်သံ)

မဇ္စျိမ
18 May 2023

ရခိုင်ကမ်းရိုးတန်းကို ဦးတည်တိုက်ခိုက်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ရာ နဲ့ချီပြီး သေဆုံးခဲ့ရတယ်လို့ မြေပြင်မှာရောက်နေသူတွေက ပြောပါတယ်။

မေလ ၁၄ ရက်နေ့မှာ တိုက်ခိုက်ခဲ့တဲ့ဆိုင်ကလုန်းမုန်တိုင်းကြောင့် သေဆုံးခဲ့ရတဲ့ ရိုဟင်ဂျာအလောင်း ၁၁၀ ဝန်း ကျင်ကိုသင်္ဂြိုဟ်ပြီးစီးခဲ့ပြီး လူ ၃၀၀ ဝန်းကျင်ပျောက်ဆုံးနေတုန်းလို့ မြန်မာမွတ်စ်လင်မ် တော်လှန်ရေးအင်အား စုက မေလ ၁၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေဟာ ၂၀၁၇ ခုနှစ်လောက်ကတည်းကနေ လက်ရှိအချိန်ထိ လွတ်လပ်စွာ သွားလာ ခွင့် မရှိခဲ့မှုတွေ၊ ပညာရေးကန့်သတ်ခံထားရမှုတွေအပြင် ကြိုတင်ရွှေ့ပြောင်းခွင့်လည်း မရတာ ကြောင့် အသေ အပျောက်များခဲ့ရတာလို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ အပြည့်အစုံကို သတင်း ထောက် မောင်ခက်နွေက တင်ပြထားပါတယ်။

တည်းဖြတ်၊ တင်ဆက် ။။ မောင်ခက်နွေ
စာတည်း ။ ။ Alden 

 Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */