ICJ ကြားဖြတ်အမိန့် နဲ့ နိုင်ငံတကာစောင့်ကြည့်မှုတွေကြားက အာရ်ကာန်မြေယာပြဿနာ
===========================================================
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ကြားဖြတ်အမိန့်(Provisional Measures)ဟာ လူမျိုးတုန်းသတ် ဖြတ်မှု၊ လူအုပ်စုတစုကို မြေပေါ်က ရှင်းလင်းဖယ်ရှားမှုအတွက် မြေပြင်ပေါ်မှာ မူလသက်သေခံ လက္ခ ဏာတွေ ဆက်ရှိနေဖို့အတွက်လည်း ပါတာကြောင့် မြေယာကိစ္စနဲ့ပါ ပတ်သက်မှုရှိလာပါတယ်။
အဲဒီစွန့်ခွာမြေနေရာတွေပေါ်မှာ မူလသက်သေခံလက္ခဏာတွေ ပျောက်ပျက်သွားစေမယ့် မြေညှိတာ၊ ပုံစံပြောင်းလဲတာ၊စီမံကိန်းအသစ်တွေ အကြီးအကျယ်လုပ်တာ၊တခြားနေရာက ပြည်တွင်းနေရပ်စွန့်ခွာသူတွေ(IDPs)၊ စစ်ဘေးရှောင်တွေကို နေရာချတာတွေကို လုပ်ဆောင်ရင် လုပ်ဆောင်တဲ့ဘယ်သူမဆို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)ရဲ့ ကြားဖြတ်အမိန့်ကို ချိုးဖောက်ရာရောက်တာကိုလည်း သတိပြုဖို့လိုပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ်စီရင်ချက် ချမှတ်ပြီးရင်တောင် အမိန့်ကို အကောင် အထည်ဖော်မှုအတွက် နောက်ဆက်တွဲ တရားရုံးကြားနာပွဲတွေဆက်ရှိနေမှာဖြစ်လို့" မြေပြင်ပေါ်မှာ မူလသက်သေခံလက္ခဏာတွေဆက်ရှိနေဖို့"အချက်ဟာ တရားမျှတမှုအတွက် အင်မတန်အရေးကြီးပါတယ်။
"မြေပြင်ပေါ်က မူလသက်သေခံလက္ခဏာတွေ ပျက်သွားနိုင်သလား"
=============================================
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုအတွက် မြေပြင်ပေါ်က မူလသက်သေခံလက္ခဏတွေ ပျက်သွားနိုင်ခြေရှိပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားခွင်ထဲမှာ ဂမ်ဘီယာက အဲဒါနဲ့ပတ်သက်ပြီး ငြင်းကွယ်လို့မရတဲ့ ဂြိုဟ်တုဓာတ်ပုံမှတ်တမ်းတွေ (Satellite Imagery)နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ် လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ရဲ့ အစီရင်ခံစာတွေကို သက်သေအဖြစ် တရားရုံးတော်ကို အဓိကတင်သွင်းခဲ့ပါတယ်။
၂၀၁၇ ခုနှစ်ဖြစ်စဉ်တွေအပြီးမှာ ရိုဟင်ဂျာရွာပေါင်း ၃၉၂ ရွာ မီးရှို့ဖျက်ဆီးခံခဲ့ရသလို ရွာလုံးကျွတ်ဖျက်ဆီးခံရပြီး ၂၀၁၈ ခုနှစ် အတွင်းမှာ အဲဒီမီးလောင်ပြင်တွေကို မြေညှိပစ်တာမျိုးတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ထင်ထင်ရှားရှားပြသနိုင်ခဲ့ပါတယ်။
အဆောက်အအုံတွေ၊ အိမ်ခြေရာတွေ၊ သစ်ပင်တွေနဲ့ ရွာရဲ့ မူလ လက်ရာတွေကို အစအနမကျန်အောင် မြေညှိဖျက်ဆီးပစ်လိုက်တာဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ "ပြစ်မှုကျူးလွန်ရာနေရာ (Crime Scenes)" က မူလအထောက်အထားသက်သေခံ ပစ္စည်းတွေကို တမင်တကာဖျောက်ဖျက်ပစ်တာဖြစ်တယ်လို့ ဂမ်ဘီယာက လျှောက်လဲခဲ့ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့ ဦးဆောင်ရှေ့နေဖြစ်သူ ပါမောက္ခဖိလစ်ဆန်းဒ် (Philippe Sands)က တရားရုံးမှာ ရိုဟင်ဂျာတွေ ထွက်ပြေးသွားရတဲ့ ကညင်ချောင်း၊ အင်းဒင်၊ မြို့သူကြီး၊ မြင်းလွတ် စတဲ့ကျေး ရွာတွေရဲ့မြေနေရာတွေပေါ်မှာ မြန်မာ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေအတွက် နယ်ခြားစောင့်ရဲစခန်းတွေ၊စစ်တပ်စခန်းတွေနဲ့ အစိုးရရဲ့ ဌာနဆိုင်ရာအဆောက်အအုံသစ်တွေ တိုးချဲ့ဆောက်လုပ်ထားတာကို ဂြိုဟ်တုဓာတ်ပုံတွေကတဆင့် သက်သေပြခဲ့ပါတယ်။
ပြီးရင် မူလရိုဟင်ဂျာပိုင်မြေနေရာတချို့နဲ့ သူတို့ စွန့်ခွာသွားတဲ့ လယ်ကွင်းပြင်တွေမှာ ဒေသခံရခိုင်တိုင်းရင်းသားတချို့နဲ့ တခြားအခြေချသူ (ဗုဒ္ဓဘာသာဝင်) တွေအတွက် အိမ်ရာသစ်တွေ ဆောက်လုပ်ပေးပြီး နေရာချထားပေးနေတာတွေ၊ကုန်သွယ်ရေးဇုန်တွေ၊ငါးဖမ်းလုပ်ငန်းဇုန်တွေနဲ့ အစိုးရဦးဆောင်တဲ့ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD) အောက်က အဆောက်အအုံတွေကို မူလရွာဟောင်းတွေမှာ ဆောက်လုပ်နေတယ်လို့ ဆိုပါတယ်။
အဲဒါဟာ ရိုဟင်ဂျာတွေနေရပ်ပြန်လာနိုင်မယ့်အခွင့်အရေးကို လုံးဝပိတ်ပင်လိုက်တာဖြစ်သလို လူဦး ရေအချိုးအစားကို တမင်ပြောင်းလဲပစ်တာဖြစ်တယ်လို့လည်း သူက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တရားခွင်မှာ တင်ပြခဲ့ပါတယ်။
IFFMM အဖွဲ့က ထောက်ပြခဲ့တဲ့ ရခိုင်ဒေသ ရင်ဆိုင်လာရမယ့် မြေယာပြဿနာတွေ
=======================================================
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) ရဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ် အစီရင်ခံစာ အပြည့်အစုံတွေထဲမှာ ရိုဟင်ဂျာတွေတင်မကဘဲ ရခိုင်ပြည်နယ်အတွင်း ရှိ တခြားလူနည်းစုတွေခံစားခဲ့ရတဲ့ ဒုက္ခတွေနဲ့ မြေယာသိမ်းဆည်းမှု၊ ပုံစံပြောင်းလဲမှုကိစ္စရပ်တွေကို အသေးစိတ် အချက်အလက်တွေနဲ့တကွ ထည့်သွင်းဖော်ပြထားပါတယ်။
ရိုဟင်ဂျာ နဲ့ တခြားလူနည်းစုတွေအပေါ် သက်ရောက်မှုဒုက္ခတွေ
=========================================
၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှာ အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော်(ARSA) ရဲ့ တိုက်ခိုက်မှုကြောင့် မောင်တောမြောက်ပိုင်းရှိ မြို၊ သက်၊ ဒိုင်းနက် အပါအဝင် လူမျိုးစုတွေဟာ နေထိုင်ရာကျေးရွာတွေကို စွန့်ခွာထွက်ပြေးခဲ့ရတာကို ဖော်ပြခဲ့ပါတယ်။
အဓိကတော့ မောင်တောမြို့နယ်၊ခမောင်းဆိပ်ကျေးရွာအုပ်စုအတွင်းရှိ ဟိန္ဒူဘာသာဝင် အမျာအပြား သတ်ဖြတ်ခံရမှုနဲ့ ဖမ်းဆီးခေါ်ဆောင်ခံရမှု ဖြစ်စဉ်ကို မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) က သီးခြားအခန်းကဏ္ဍတခုအနေနဲ့ အသေးစိတ်စုံစမ်းစစ်ဆေးပြီး မှတ်တမ်းတင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ အာရက္ခတပ်တော်(AA)ကြား တိုက်ပွဲတွေကြောင့် ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ တခြားလူနည်းစု သောင်းချီပြီး မိမိနေထိုင်ရာနယ်မြေတွေကို စွန့်ခွာကာ စစ်ဘေးရှောင် ဘဝ ရောက်ခဲ့ရတာတွေ၊ လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အရပ်သားသေဆုံးတာတွေ၊ ဖမ်းဆီးစစ်ဆေးခံရတာတွေ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ထည့်သွင်းအစီ ရင်ခံထားပါတယ်။
မြေယာကိစ္စတွေနဲ့ဥပဒေကြောင်းအရ ပြောင်းလဲမှုတွေ ====================================
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)အစီရင်ခံစာမှာ မြေယာနဲ့ပတ် သက်ပြီး အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတခုကတော့ အစိုးရနဲ့စစ်တပ်က ရခိုင် ပြည်နယ်အတွင်းရှိ မြေယာတွေကို စီမံခန့်ခွဲပုံကြောင့် မြေယာအခွင့်အရေး ဆုံးရှုံးရတာတွေကို ဆန်းစစ်ထားချက်တွေပဲ ဖြစ်ပါတယ်။
မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းတွေ စီမံခန့် ခွဲမှုဥပဒေ (Vacant, Fallow and Virgin Lands Management Law) ကို ၂၀၁၈ ခုနှစ်မှာ ပြင်ဆင်လိုက်တဲ့ ဒီဥပဒေဟာ ရခိုင်က ထွက်ပြေးသွားရသူတွေရဲ့မြေယာတွေအပေါ် ဘယ်လိုသက်ရောက်မှု ရှိလဲဆိုတာကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)က ထောက်ပြခဲ့ပါတယ်။
အဲဒီဥပဒေအရ စွန့်ပစ်ထားခဲ့ရတဲ့မြေတွေကို"မြေလွတ်မြေရိုင်း"အဖြစ် သတ်မှတ်ပြီး အစိုးရက သိမ်း ဆည်းကာ စီးပွားရေးလုပ်ငန်းရှင်တွေ ဒါမှမဟုတ် စစ်တပ်စီမံကိန်းတွေအတွက် ချပေးနိုင်အောင် လမ်းဖွင့်ပေးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေဟာ နေရပ်စွန့်ခွာသွားရတဲ့ ရိုဟင်ဂျာတွေသာမက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရပြီး မိမိတို့မြေယာကို တရားဝင်ပြန် လည်မှတ်ပုံတင်ရန်အခွင့်အရေး မရှိတော့တဲ့ ဒေသခံရခိုင်တိုင်းရင်းသားတွေနဲ့ တခြားလူနည်းစုတွေရဲ့ မြေယာပိုင်ဆိုင်ခွင့်တွေကိုပါ ဆုံးရှုံးစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) က သတိပေးထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ (IIFFMM) က ရခိုင် ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး ၊ဖွံ့ဖြိုးရေးစီမံကိန်း(UEHRD)ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပါတယ်။အဲဒီ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ဟာ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှာ မြေသိမ်းမှုဘက်ရောက်နေတာကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလ က်ရှာဖွေရေးအဖွဲ့ (IIFFMM) က ထောက်ပြပါတယ်။
ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနယ်စပ်ဒေသမှာ ကုန်သွယ်ရေးဇုန်တွေ၊ စိုက်ပျိုးရေးဇုန်တွေနဲ့ ငါးဖမ်းလုပ်ငန်းတွေ၊အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ဖို့ မြေယာအများအပြားကို သိမ်းဆည်းမှုတွေဖြစ်လာနိုင်တာတွေကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အ လက်ရှာဖွေရေးအဖွဲ့ (IIFFMM) က မှတ်တမ်းတင်ထားပါတယ်။
ထွက်ပြေးသွားတဲ့ရိုဟင်ဂျာရွာဟောင်း မြေနေရာတွေမှာ အစိုးရက အိမ်ရာသစ်တွေဆောက်လုပ်ပြီး ရခိုင်ပြည်နယ် တောင်ပိုင်းဘက်က သူတွေ၊ မြန်မာနိုင်ငံ အလယ်ပိုင်းဘက်သူတွေ၊ ဗုဒ္ဓဘာသာဝင် မိသားစုတွေ ခေါ်ယူကာ "စံပြကျေးရွာတွေ (Model Villages)'' တည်ထောင်ပေးတာတွေရှိနေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဒေသခံ ဒိုင်းနက်၊ မြို၊ သက် စတဲ့ တိုင်းရင်းသားငယ်တွေကို လည်း အဲဒီမြေနေရာအသစ်တွေမှာ နေရာချထားပေးပြီး နယ်စပ်ဒေသရဲ့ လူဦးရေအချိုးအစားကို တမင်ပြောင်းလဲပစ်ဖို့ ကြိုးပမ်းခဲ့တာတွေရှိတယ်လို့ မြန်မာနိုင်ငံဆိုင် ရာလွတ်လပ်သော နိုင်ငံတကာအချက် အလက်ရှာဖွေရေးအဖွဲ့ (IIFFMM) အစီရင်ခံစာ က ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့ (IIFFMM)ရဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာလေးရာကျော်ပါဝင်တဲ့"အစီရင်ခံစာအပြည့် အစုံ" (Detailed Findings of the Fact-Finding Mission - A/HRC/39/CRP.2)ထဲမှာ စောစောက ပြောခဲ့တဲ့အချက်တွေကို ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအပိုဒ်နံပါတ် ၁၀၉၈ ( Paragraph 1098)ထဲမှာ...
မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနဲ့ မြေပိုင်ခွင့်ဆုံးရှုံးတာတွေ၊ရခိုင်အပါအဝင် တခြားလူနည်းစုများအပေါ် သက်ရောက်တာတွေကို ဖော်ပြထားပါတယ်။
ရိုဟင်ဂျာတွေ စွန့်ခွာသွားတဲ့ မြေယာတွေကို အစိုးရက ဘယ်လိုသိမ်းဆည်းလဲဆိုတာကို ဖော်ပြထားပါတယ်။
၂၀၁၈ ခုနှစ်မြေလွတ်၊မြေလပ်နဲ့မြေရိုင်းတွေစီမံခန့် ခွဲမှုဥပဒေ(Vacant, Fallow and Virgin Lands Management Law)ဥပဒေပြင်ဆင်ချက်ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားတွေပါ မြေယာဆုံးရှုံးနိုင်ခြေကို အဲဒီအပိုဒ်က ထောက်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအပိုဒ်နံပါတ် ၁၀၉၉ (Paragraph 1099)ထဲမှာ မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေကြောင့် စွန့်ပစ်ထားခဲ့ရတဲ့မြေတွေကို အစိုးရက ပြန်လည်သိမ်းဆည်းပြီး ကုမ္ပဏီကြီးတွေ၊စစ်တပ်စီမံကိန်းတွေနဲ့ခရိုနီစီးပွားရေးသမားတွေကို လုပ်ပိုင်ခွင့်အလွယ်တကူချပေးဖို့ လမ်းပွင့်သွားတာတွေကို ထောက်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအပိုဒ်နံပါတ် (၁၁၀၀) (Paragraph 1100 )ထဲမှာ ရိုဟင်ဂျာတွေသာမက ရခိုင်ပြည်နယ်ထဲက လက် နက်ကိုင်ပဋိပက္ခတွေ၊အာရက္ခတပ်တော်(AA)နဲ့ စစ်တပ်ကြားကတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရပြီး မိမိတို့မြေယာကို တရားဝင်သတ်မှ တ်ရက်အတွင်း လာရောက်မှတ်ပုံမတင်မတင်နိုင်တော့တဲ့ရခိုင်တိုင်းရင်းသားတွေနဲ့တခြားလူနည်းစုတွေရဲ့ဘိုးဘွားပိုင်မြေတွေပါ မြေလွတ်၊မြေလပ်၊မြေရိုင်းဥပဒေအရ သိမ်းဆည်းခံရမယ့် အန္တရာယ်ရှိနေတာကို ဖော်ပြထားပါတယ် ။
အဲဒီအပိုဒ်နံပါတ် ၁၀၈၃ မှ ၁၀၈၆ ထိ (Paragraph 1083 to 1086)အရ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်က မြေသိမ်းမှုနဲ့ စီမံကိန်းတွေအကြောင်းကို ဖော်ပြထားပါတယ်။
အဲဒီအပိုဒ်တွေထဲမှာပြည်ထောင်စုအဆ င့် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာ နာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ဖွံ့ဖြိုးရေးစီ မံကိန်း(UEHRD)ရဲ့ ဖွဲ့စည်းပုံနဲ့အဲဒီစီမံ ကိန်းတွေက ရခိုင်မြောက်ပိုင်း မြေယာတွေကို ဘယ်လိုလွှဲပြောင်းရယူနေတယ် ဆိုတာကို ဖော်ပြထားပါတယ်။
အဲဒီအပိုဒ်နံပါတ် ၁၀၉၂( Paragraph 1092)ထဲမှာ ရသေ့တောင်၊ဘူးသီးတော င်၊မောင်တောနယ်ထဲက ကုန်သွယ်ရေးဇုန်တွေ၊စိုက်ပျိုးရေးနဲ့ငါးဖမ်းလုပ်ငန်း တွေ၊အခြေခံအဆောက်အအုံတွေဆော က်လုပ်ဖို့ မူလပိုင်ရှင်တွေဆီက မြေယာ သိမ်းကိစ္စတွေကို ဖော်ပြထားပါတယ်။
အဲဒီအပိုဒ်နံပါတ် ၁၀၈၇ ( Paragraph 1087)ထဲမှာ ရိုဟင်ဂျာကျေးရွာတွေက မီးလောင်ပြင်တွေကို ဘူဒိုဇာနဲ့ထိုးညှိပြီး အစိုးရက အိမ်ရာအသစ်တွေ ဆောက်လုပ်တာတွေကို ဂြိုဟ်တုဓာတ်ပုံတွေနဲ့ ဖော်ပြထားပါတယ်။
အဲဒီအပိုဒ်နံပါတ် ၁၀၈၈ မှ ၁၀၈၉ ထိ ( Paragraph 1088 & 1089)အရ ဆော က်လုပ်ပြီးစီးနေတဲ့နေရာအသစ်တွေမှာ ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့မြန်မာနိုင်ငံအလယ်ပိုင်းမှလာကြတဲ့ဗုဒ္ဓဘာသာဝင် တွေ၊ဒေသခံ မြို၊သက်၊ဒိုင်းနက်စတဲ့လူ နည်းစုတိုင်းရင်းသားငယ်တွေကိုပါ နေ ရာချထားပြီး ဒါဟာနယ်စပ်ဒေသရဲ့လူ ဦးရေအချိုးအစားကို ပြောင်းလဲပစ်ဖို့ ရည်ရွယ်ချက်နဲ့လုပ်တာလို့ ဆိုထားပါတယ်။
ICJ နဲ့ ULA/AA
===========
ခုအချိန်မှာတော့ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေတွေဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)လက်ထဲကို ရောက်နေပါပြီ။
အထက်ကဆိုခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့ (IIFFMM)ရဲ့ အစီ ရင်ခံစာဟာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနယ်မြေတွေ ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA) လက်ထဲမရောက်ခင်က အခြေအနေကို ဖော်ပြထားတာဖြစ်ပါတယ်။
အဲဒါကြောင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောနိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM) ရဲ့အစီရင်ခံစာပါအချက်တွေဟာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကို တိုက်ရိုက်ရည်ရွယ်ထားတာ မဟုတ်ပါဘူး။
အဲဒီလိုဆိုရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ အဲဒီ အစီရင်ခံစာပါအချက်တွေအတွ က် တာဝန်မရှိတော့ဘူးလားလို့မေးလာရင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ လက်ရှိနယ် မြေကိုစိုးမိုးထားသူ ဖြစ်တဲ့အတွက် တာ ဝန်ရှိပါတယ်လို့ပဲဖြေရမှာပါ။
ပြီးရင်ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ကိုယ်တိုင်က လူမျိုးတုံးသတ်ဖြတ်မှုနဲ့စစ်ရာဇဝတ်မှုတွေကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ၊ဘင်္ဂလားဒေရှ်နိုင်ငံက နိုင်ငံတကာရာဇဝတ်မှုတရား ရုံး(ICC)မှာ၊International Jurisdiction နိုင်ငံတကာတရားစီရင်ပိုင်ခွင့်မူအရ အာဂျင်တီးနားနိုင်ငံတရားရုံးမှာ အမှုဖွင့်တိုင်ကြားပြီး ကျူးလွန်ခဲ့တဲ့မြန်မာတပ်မတော်ကိုအရေးယူနိုင်ရန် စတင်ကြိုးပမ်းနေတာကို...
"မိမိတို့ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ/မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MN JTP/MNDAA)၊ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA )၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)အနေဖြင့် အပြည့်အဝထောက်ခံပါတယ်။"
"အပြည်ပြည်ဆိုင်ရာတရားရုံးတို့မှ အ တိဒုက္ခရောက်နေရတဲ့မြန်မာပြည်တိုင်း ရင်းသား ပြည်သူလူထုများအတွက် သ မာသမတ်ရှိစွာ ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်လိမ့်မယ် မိမိတို့က မျှော်လင့်ပါတယ်။"
"ကိုးကန်၊တအောင်း၊ရခိုင်ဒေသထဲမှာ ဒေသခံတိုင်းရင်းသားပြည်သူတွေကို ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်ကာလအတွင်း ကျူးလွန်ခဲ့တဲ့မြန်မာစစ်တပ်ရဲ့စစ်ရာဇဝတ်မှုတွေကို အပြစ်ပေးအရေးယူရန်ကြိုးပမ်းသူတွေ၊အဖွဲ့အစည်းတွေကို မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့MNTJP/MNDAA၊PSLF/TNLA၊ULA/AA က ရရှိထားတဲ့သတင်းအချက်အလက်နဲ့အတူ ပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိတယ်။" ဆိုပြီး ၂၀၁၉ ခုနှစ်၊နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ကြေညာချက်ထုတ်ထားတာရှိပါတယ်။
အဲဒီတော့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)ဟာ ကျင့်ဝတ်အရ မြေယာတွေမှာ သက်သေတွေ မပျောက်ပျက်ဖို့၊မြေယာဆိုင်ရာစီမံခန့်ခွဲမှုတွေ၊နေရပ်စွန့်ခွာရသူတွေရဲ့နေရာပြောင်းရွှေ့မှုတွေမှာ နိုင်ငံတကာစံနှုန်းတွေကို လိုက်နာဖို့လိုပါတယ်။
ဘာကြောင့်လဲဆိုရင် အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)အပြီးသတ်အမိန့်ထွက်လာရင်တောင် ရခိုင်ဒေသအပါအဝ င် မြန်မာနိုင်ငံတဝန်းလုံးမှာဖြစ်နေတဲ့စစ်ရာဇဝတ်မှုတွေကို စုံစမ်းနေမှုရပ်တန့်မှာမဟုတ်သေးလို့ပါ။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)နဲ့မပြီး ပြတ်သေးတဲ့စုံစမ်းမှုတွေကို မြန်မာနိုင် ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM) ကို မြန် မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က ဆက်ခံပါတယ်။
မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ရဲ့စုံစမ်းစစ်ဆေးမှုနယ်ပါယ်ဟာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောနိုင်ငံတကာအချက်အလက်ရှာဖွေရေးအဖွဲ့(IIFFMM)ထက် ပိုကျယ်ပြန့်ပါတယ်။
၂၀၂၆ ခုနှစ်၊ဇန်နဝါရီလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစညမ်းစစ်ဆေးရေးယန္တရား(IIMM)က "(ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဗုဒ္ဓဘာ သာဝင်တွေကို ရခိုင်ပြည်နယ်ဘက် ဝင်ရောက်အခြေချနေထိုင်ရန် မြန်မာအစိုး ရရဲ့အားပေးမှု)နဲ့ (၂၀၁၇ ခုနှစ် ရှင်းလ င်းစစ်ဆင်ရေးကာလအတွင်း ရိုဟင်ဂျာတွေရဲ့မြေယာ၊ပိုင်ဆိုင်မှုတွေကို ဖျက် ဆီးတာနဲ့သိမ်းယူတာ)စတဲ့အချက်တွေကို စုံစမ်းစစ်ဆေးပြီး အပြည်ပြည်ဆိုင် ရာတရားရုံး(ICJ)ကို တင်သွင်းခဲ့တယ်လို့ ဆိုထားပါတယ်။
ပြီးရင် ၂၀၂၆ခုနှစ်၊မတ်လ ၅ ရက်နေ့မှာလည်း မြန်မာနိုင်ငံဆိုင်ရာလွတ် လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)က"သက်သေ၊အထောက်အထား အရင်းအမြစ်တွေကို"ပထဝီဝင်(မြေပြင်) ဆိုင်ရာအချက်အလက်တွေနဲ့လည်း တိုက်ဆိုင်စစ်ဆေးနေတယ်။"လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီအချက်တွေက ရခိုင်ဒေသလူထုအပေါ် ထိခိုက်နစ်နာမှုရှိတဲ့မြေယာဆိုင်ရာ ကိစ္စရပ်ဖြစ်စဉ်တွေကို နိုင်ငံတကာကလက်ရှိစောင့်ကြည့်နေတယ်ဆိုတာကို ဖော်ပြနေပါတယ်။
လူထုအပေါ် ထိခိုက်နစ်နာစေတဲ့ကိစ္စရပ်တွေကို တားဆီးဖို့ ပျက်ကွက်နေမှုဟာ တဖက်မှာအပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)ရဲ့ကြားဖြတ်အမိန့်အပေါ် ချိုးဖောက်မှုနဲ့နိုင်ငံတကာစံနှုန်းတွေကို မလိုက်နာမှုကို ရောက်သွားဖို့နီးကပ်နေပါတယ်။
အဲဒီလိုဖြစ်လာရင် ရခိုင်ဒေသကို ထိန်းချုပ်သူများအပေါ် သက်ရောက်မှုတွေအရှိန်ပိုပြင်းလာတတ်ပါတယ်။
မှတ်ချက်။ ။
[ Border News Agency သတင်းဌာနမှ ကူးယူဖော်ပြခြင်း ဖြစ်ပါတယ်။]

No comments:
Post a Comment