" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, May 20, 2023

မြန်မာနိုင်ငံမှာ မုန်တိုင်းဖြစ်ပြီးနောက် ရိုဟင်ဂျာမွတ်စလင် တွေ လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ ရင်ဆိုင်ရ

NHK World Japan
၂၀၂၃ မေလ ၂၀ ရက်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်အကုန်က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက် ရိုဟင်ဂျာ မွတ်စလင်တွေဟာ လူသားချင်းစာနာမှုအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

မိုခါမုန်တိုင်းဟာ တနင်္ဂနွေနေ့က နိုင်ငံအနောက်ပိုင်းထဲ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး အကြီးအကျယ် ပျက်စီးမှုတွေ ဖြစ်စေခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုနဲ့ လှိုင်းကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီးခဲ့ရပါတယ်။ဗုဒ္ဓဟူး နေ့ အထိ အိမ်ခြေ ၄၅,၀၀၀ လောက် ပျက်စီးခဲ့တယ်လို့ နိုင်ငံပိုင်သတင်းစာက ဆိုပါတယ်။ စစ်တပ်ဟာ ရိုဟင်ဂျာ အ များအပြားနေထိုင်တဲ့ ရခိုင်ပြည်နယ်မှာ ဆန်၊ သောက်သုံးရေနဲ့ တခြားအထောက်အပံ့တွေ ပေးပို့ခဲ့တယ်လို့ အဲဒီ သတင်းစာက ဆိုပါတယ်။

 စစ်တပ်ခေါင်းဆောင်တွေကို ဆန့်ကျင်တဲ့ ဒီမိုကရေစီလိုလားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကတော့ အဲဒီမုန် တိုင်း ကြောင့် ရိုဟင်ဂျာမွတ်စလင်တွေအပါအဝင် လူ ၄၃၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူအရေ အ တွက် ပိုများနိုင်တယ်လို့ ခန့်မှန်းရကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်က ရွာတစ်ရွာမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုကို NHK က ဗုဒ္ဓဟူးနေ့မှာ ရရှိခဲ့ပါတယ်။ အဲဒီဗီဒီယို ထဲမှာ ပြိုလဲပျက်စီးနေတဲ့ နေအိမ်တွေအပြင် လူတွေက အပျက်အစီးတွေနဲ့ ခိုလုံစရာ အဆောက်အအုံတွေ ဆောက်လုပ်နေတာကို တွေ့ရပါတယ်။

ဒေသခံတွေဟာ အရာရာကို ဆုံးရှုံးခဲ့ပြီး ၃ ရက်ကနေ ၅ ရက်အတွင်း စားနပ်ရိက္ခာ ပြတ်လပ်လိမ့်မယ်လို့ ရွာသား တစ်ဦးက ပြောပါတယ်။ စစ်တပ် ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတွေဆီကနေ အထောက်အပံ့တွေ မရတာ ကြောင့် ဒေသခံတွေဟာ ဘာလုပ်ရမလဲမသိအောင် လမ်းပျောက်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။မြန်မာ နိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေဟာ စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံလာခဲ့ရပါတယ်။ သူတို့ နေထိုင်တဲ့ ဧရိယာတွေကိုကုလ သမဂ္ဂရဲ့ ထောက်ပံ့ရေးအေဂျင်စီတွေအနေနဲ့ အခုအချိန်အထိ သွားရောက်ဖို့ မဖြစ်နိုင်သေးပါဘူး။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */