" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 19, 2023

“ရိုဟင်ဂျာ လူမျိုးသုဉ်းသတ်ဖြတ်မှုတွေကို ဆက်ပြီး ကျူး လွန် နေတယ်”

Myanmar Now
May 18, 2023
ကိုချို

အာဏာသိမ်းစစ်တပ်ဟာ မိုခါဆိုက်ကလုန်းမုန်တိုင်းကို အကြောင်းပြပြီး မပြီးပြတ်သေးတဲ့ လူမျိုးသုဉ်းသတ်ဖြတ်မှု တွေကို ဆက်ပြီး ကျူးလွန်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန အကြံ ပေး ဦးအောင်ကျော်မိုးက ပြောလိုက်ပါတယ်။


အမိုးဖွင့် အကျဉ်းထောင်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လုံလောက်တဲ့ သတိပေးမှုတွေ နေရာ ရွှေ့ပြောင်းပေးမှုတွေ မလုပ်ခဲ့တာ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကို တားမြစ် ပိတ်ပင်ထားတာတွေဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုပဲလို့ သူက စွပ်စွဲလိုက်ပါတယ်။

နွေဦးတော်လှန်ရေးနဲ့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေးတိုက်ပွဲမှာ ဗမာပြည် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားမှသာလျှင် ရိုဟင်ဂျာပြည်သူတွေလည်း လူ့အခွင့်အရေး၊ နိုင်ငံသားအ ခွင့်အရေးတွေ ရရှိမယ်လို့ သူက ဆိုပါတယ်။

မိုခါ ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တွေ သေဆုံးရတဲ့ အခြေအနေ၊ နိုင်ငံတကာအကူအညီ တွေ အချိန်မီ မရောက်ရှိတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးဌာန အကြံပေး ဦး အောင်ကျော်မိုးကို Myanmar Now သတင်းဌာနက တွေ့ဆုံ မေးမြန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */