" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, May 19, 2023

မိုခါမုန်တိုင်းကြောင့်သေဆုံးသူ ၇၉ ဦးအထိရှိလာ

B B C

ဘီဘီစီမြန်မာပိုင်း
၁၈ မေ ၂၀၂၃
လူ ၂၀ ကျော်သေဆုံးခဲ့တဲ့ဗေဒါရွာ
 
မိုခါ မုန် တိုင်းကြောင့် သေဆုံးသူ အရေအတွက် စုစုပေါင်း ၇၉ ဦးအထိရှိလာပြီလို့ ဘီဘီစီက မေလ ၁၈ရက်နေ့ ညနေ ၆နာရီအထိ သီးခြားအတည်ပြုထားနိုင်တဲ့ စာရင်းတွေအရ သိရပါတယ်။
 
မေလ ၁၆ ရက်နေ့မှာ သေဆုံးသူ ၄၀ ဦး အထိ အတည်ပြုထားနိုင်ပြီး မေလ ၁၇ ရက်နေ့မှာတော့ သေဆုံးသူ အ ရေအတွက် ၄၁ ဦးထိ ဘီဘီစီ သတင်းထောက်တွေက စိစစ်အတည်ပြုထားနိုင်ပါတယ်။

မေလ ၁၇ ရက်နေ့ ညပိုင်းမှာ ရသေ့တောင်မြို့နဲ့ အဆက်အသွယ်ရပြီး သေဆုံးသူအရေအတွက် ထပ်တိုးလာခဲ့ ပါတယ်။
 
မေလ ၁၈ ရက်နေ့မှာတော့ စစ်တွေအနီး ရိုဟင်ဂျာ စခန်းတွေက သေဆုံးသူ ၃၃ ဦး စာရင်းကို ဘီဘီစီက အမည်နဲ့ တကွ အတည်ပြုထားနိုင်ခဲ့ပြီး သေဆုံးသူ အ‌ရေအတွက် ၇၉ ဦးအထိရှိလာတာ ဖြစ်ပါတယ်။
 
စစ်တွေအနီး ရိုဟင်ဂျာစခန်းတွေက သေဆုံးသူတွေစာရင်းကိုလည်း ဘီဘီစီက ထပ်မံစိစစ်နေတာရှိပြီး သေဆုံးသူ အရေအတွက်ဟာ ထပ်တိုးလာနိုင်တယ်လို့ စစ်တွေကို ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ 
 
ဗေဒါရွာဟာ စစ်တွေမြို့အနီးက ရိုဟင်ဂျာတွေနေထိုင်တဲ့ ရွာဖြစ်ပါတယ်။

မိုခါမုန်တိုင်းကြောင့် သေဆုံးသူ ၇၉ ဦးမှာ ရခိုင်ပြည်နယ်က ၇၃ ဦး ဖြစ်ပြီး စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့က ၃ ဦးစီ ဖြစ်ပါတယ်
 
ရခိုင်ပြည်နယ်က သေဆုံးသူ တွေထဲမှာ စစ်တွေမြို့နယ်က ၄၅ ဦး (ရိုဟင်ဂျာ စခန်းတွေက ၃၉ ဦး)ရသေ့တောင်မြို့ နယ် ၁၆ ဦး၊ပေါက်တော ၂ ဦး၊ ကျောက်တော် ၄ ဦး၊ မာန်အောင် ၂ ဦးနဲ့ ပုဏ္ဏားကျွန်း ၄ ဦးတို့ဖြစ်ကြပါတယ်။
 
မေလ ၁၈ ရက်နေ့ ညပိုင်း စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်ချက်အရ ဆိုင်ကလုန်း မိုခါကြောင့် နိုင်ငံအဝန်း နေ အိမ် အလုံးပေါင်း ၁၈၃၀၂၄ လုံး ပျက်စီးခဲ့ပြီး သေဆုံးသူ ၅၄ ဦးအထိရှိလာပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိပါ တယ်။
 
စစ်တွေအနီး ရိုဟင်ဂျာ စခန်းတွေမှာ သေဆုံးသူအရေအတွက် ရာဂဏန်းရှိပြီး မြေမြုပ်သင်္ဂြိုဟ်ပြီးတဲ့ အရေအ တွက် ၁၁၀ ဦးရှိတယ်လို့ သေဆုံးသူတွေမြေမြုပ်သင်္ဂြိုဟ်တာနဲ့ ပတ်သက်ပြီး အကူအညီပေးနေတဲ့ အလင်းရောင် ပရဟိတက ပြောပါတယ်။
 
ဒီအရေအတွက်ကိုတော့ ဘီဘီစီအနေနဲ့ သီးခြားစိစစ်အတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။
 

မိုခါမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် အပါအဝင် မြို့နယ် ၈ ခုလုံး မှာ အပျက်အစီးအဆုံးအရှုံးများခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီထဲမှာ မုန်တိုင်းက လမ်းကြောင်းတည့်တည့်ကို ကျခဲ့တဲ့ ဘင်္ဂလားပင်လယ်အော်အဝ မယူကမ်း ဒေသလို့အများ ခေါ်ကြတဲ့နေရာက ကျေးရွာပေါင်း ၁၀ ရွာ ကျော်က အပျက်အစီးအများဆုံးဖြစ်ခဲ့တယ်လို့ အဲဒီနေရာတွေကို ရောက်ခဲ့ သူတွေက ဘီဘီစီကို ပြောပြကြ ပါတယ်။ 
 
အဲဒီကျေးရွာတွေဟာ ရသေ့တောင်နဲ့ မောင်တောမြို့နယ် အစပ်တွေကဖြစ်ပြီး အင်းဒင်ရွာ၊ ကိုးတန်းကောက်ရွာ၊ ကျောက်ပန္ဒူရွာ၊ ကျိန်ခါလီရွာ၊ ဒုံးပိုက်ရွာ၊ မကျည်းချောင်းရွာ နဲ့ အငူမော်တို့အပါအဝင် ကျေးရွာပေါင်း ၁၆ ရွာ အထိရှိနေတယ်လို့ အဲဒီနေရာတွေအနီးအထိ ရောက်ခဲ့တဲ့ စာရေးဆရာဝေဟင်အောင်က ဘီဘီစီကို ပြောပါတယ်။
 
အခြားမြို့နယ်တွေကတော့ အပျက်အစီး အများအပြားရှိနေသလို၊ ကူညီကယ် ဆယ်ရေး မရောက်သေးတဲ့ နေရာ တွေ လည်း အများအပြား ရှိနေပါတယ်။
 
မုန်တိုင်းဒဏ် အပြင်းထန်ဆုံးခံခဲ့ရတဲ့ ရသေ့တောင်နဲ့ မောင်တော ဒေသတွေမှာ ဒီကနေ့အထိ ရိက္ခာထောက်ပံ့မှုအ ခြေအနေတွေမရှိသေးသလို ဒီကနေ့အထိ ရေပြဿနာလည်း ကြီးကြီးမားမားရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ 
 
စစ်တွေမှာ WFP ကမေလ ၁၇ ရက်နေ့က စပြီး ထောက်ပံ့ရေးတွေလုပ်ကိုင်နေ


ရခိုင်မြို့နယ် ၈ ခုလုံးမှာ ပျက်စီးဆုံးရှုံးမှုတွေ အများစု ရှိခဲ့တဲ့နေရာမှာ ရိုဟင်ဂျာစခန်းတွေလည်း အများအပြား ပါ ဝင် ပါတယ်။ 
 
သွားလာရေး အခက်ခဲရှိနေတဲ့ နေရာတွေကိုတော့ အထောက်အပံ့အကူအညီတွေ မရောက်သေးဘူးလို့ သိရပါ တယ်။
 
လက်ရှိတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့တွေရဲ့ ကူညီမှုတွေနဲ့ ဝင်ရောက်ဆောင်ရွက် ပေးဖို့အ တွက် တင်ပြမှုတွေကိုတော့ လတ်တလောမှာ ခွင့်ပြုပေးတာမျိုးမရှိသေးဘူးလို့လည်း သတင်းတွေ ထွက်ပေါ်နေ ပါတယ်။
 
အဲဒီအပေါ် ဘီဘီစီကတော့ သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီကို မေးမြန်းထားပါတယ်။
 
ကုလသမဂ္ဂမိတ်ဖက်အဖွဲ့အစည်းတွေက စစ်တွေမြို့နဲ့ အခြားမြို့နယ်တွေက နေရာအသီးသီးကို ဆက်လက်ကြည့်ရှု လေ့လာနေပြီး ခွင့်ပြုချက်ရရှိတာနဲ့ တပြိုင်နက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ညှိ နှိုင်းကွင်းဆင်းလုပ်ဆောင်ဖို့ စတင်ရန် အဆင်သင့်ဖြစ်နေပြီလို့ မေလ ၁၇ ရက်နေ့မှာ UNOCHA က ထုတ်ပြန် ထားပါတယ်။ 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */