VOA
ဗွီအိုအေ (မြန်မာဌာန
ပြည်တွင်းသတင်းသုံးသပ်ချက်
29 ဇူလိုင်၊ 2019
ဦးစည်သူအောင်မြင့်
နှစ်နိုင်ငံ သဘောတူညီချက်ရတာ နှစ်နဲ့ချီရှိခဲ့ပေမယ့် တကယ် လက်တွေ့ လုပ်ငန်းစဉ် မစတင်နိုင်သေးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံဘက် ပြန်ပို့မယ့် ကိစ္စ လာမယ့်စက်တင်ဘာ မှာ အကောင် အထည် ဖော်နိုင်လိမ့်မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး အဗ္ဗဒူမိုမင်က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၄ ရက်နေ့က မြို့တော် ဒက္ကားမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း သူက သတင်း ထောက်တွေကို အဲဒီလို ပြောလိုက်တာပါ။ ဒါဟာ ဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က အဓိက တာဝန်ရှိသူတစ်ယောက် အနေနဲ့ မူဆလင်တွေ ပြန်လာရေး အကောင်းမြင် သဘော ပထ မဦးဆုံး အကြိမ် ပြောတာလည်း ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်ကတော့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ အပါအဝင် ဘင်္ဂ လားဒေ့ရှ် တာဝန်ရှိသူတွေဟာ ဒုက္ခသည်တွေ ပြန်ပို့ရေး၊ အကောင်အထည် ပေါ်မလာတဲ့ကိစ္စ မြန်မာ အစိုးရ ဘက်ကိုပဲ အပြစ်တင်နေခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ သူတို့အနေနဲ့ နှစ်နိုင်ငံ သဘော တူ ညီချက်တွေနဲ့အညီ ထွက်ပြေးသွားသူတွေ ပြန်လက်ခံဖို့ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ဆန်းပိုင်းကတည်းက အဆင်သင့် ဖြစ်နေပြီ၊ တကယ် မစတင်နိုင်သေးတာ ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က ပြန်မပို့လို့ ဆိုပြီး ငြင်းဆိုနေခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ် ထဲ ရောက်သွားတဲ့ မူဆလင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး လုပ် ငန်းစဉ် စတင်နိုင်တော့ မ လား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။
ဗွီအိုအေ (မြန်မာဌာန
ပြည်တွင်းသတင်းသုံးသပ်ချက်
29 ဇူလိုင်၊ 2019
ဦးစည်သူအောင်မြင့်
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ (ဇူလိုင် ၂၈၊ ၂၀၁၉)
















