" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, July 27, 2019

ရိုဟင်ဂျာတွေကို လူမှောင်ခိုတွေ ထိုင်းလယ်ကွင်းထဲ စွန့်ပြေး

VOA
ဗွီအိုအေ (မြန်မာဌာန)
27 ဇူလိုင်၊ 2019
မအေးအေးမာ
ထိုင်းမလေးနယ်စပ်ဆုံခလာခရိုင်လယ်တောမှာဖမ်းမိတဲ့ ရိုဟင်ဂျာများ (ဇူလိုင်၊ ၂၇၊ ၂၀၁၉)
 
ထိုင်း-မလေးနယ်စပ်၊ ဆုံခလာခရိုင်၊ ဘန့်ကလန်မြို့အတွင်းက လယ်ကွင်းပြင်မှာ လူမှောင်ခိုသမားတွေ စွန့်ပစ်သွားတဲ့ ခိုးဝင်ရိုဟင်ဂျာ ၂၄ ဦး ကို ဇူလိုင်လ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ထိုင်းအာဏာပိုင်တွေက ကယ် ဆယ်ခဲ့ပါတယ်။ လယ်ကွင်းပြင်မှာ အော်ဟစ်ငိုကြွေးနေကြတဲ့ အမျိုးသမီးတွေပါ ပါဝင်တဲ့ ရိုဟင်ဂျာတွေကို အာဏာပိုင်တွေဘက်က ထိုင်းကျေးရွာသားတွေ သတင်းပေးပို့လို့ ကယ်တင်နိုင်ခဲ့ကြတာပါ။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ဆုံခလာခရိုင်၊ ဘန့်ကလန်မြို့၊အမှတ်လေး ကျေးရွာအုပ်စု လယ်တောအတွင်းမှာ ပွဲ စားတွေက စွန့်ပစ်သွားကြတဲ့ ခိုးဝင်လာသူတွေကို ထိုင်း ကျေးရွာသားတွေက သတင်းပေးခဲ့လို့ ဘန့်ကလန် အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့တွေက သွားရောက်ရှာဖွေခဲ့ကြတာပါ။

အာဏာပိုင်တွေ ရောက်ရှိသွားတဲ့အချိန်မှာ အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၈ ဦးကို အကာကွယ်မဲ့ လယ် ကွင်းပြင်းမှာ အော်ဟစ်ငိုနေကြတာကို တွေ့ခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။

ထိုင်း-မလေးနယ်စပ်မှာ လူမှောင်ခိုပွဲစားတွေ ကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေတာကြောင့် အခုရက်ပိုင်းအ တွင်းက ရောက်လာကြတဲ့ ရိုဟင်ဂျာ၂၄ဦးကို မလေးရှားပို့ပေးမယ့် လူပွဲစားတွေဟာ လာရောက်မခေါ်တော့ ဘဲ ခုလို စွန့်ပစ်သွားခဲ့တာလို့ဆိုပါတယ်။

၂၄ ဦးစလုံးမှာ UNHCR ကုလသမဂ္ဂက ဒုက္ခသည်အဖြစ် အသိမှတ်ပြုထားတဲ့ အထောက်အထား စာရွတ်စာ တမ်း မတွေ့ရဘဲ သူတို့တွေဟာ ရခိုင်ပြည်နယ်ကနေ ထိုင်းမြန်မာနယ်စပ် တပ်ခရိုင် မဲဆောက်ကနေ တဆင့် ထိုင်းတောင်ပိုင်းအထိ ရောက်အောင် လူပွဲစားတွေကအဆင့်ဆင့် ခေါ်လာခဲ့ကြတာဖြစ်တယ်လို့ ထိုင်းအာ ဏာပိုင်တွေက ဆိုပါတယ်။

ဇူလိုင်လ ၂၅ ရက်နေ့က ထိုင်း-မလေးနယ်စပ်? ဆုံခလာ ခရိုင်ကို ရောက်လာကြပြီးတဲ့နောက် သူတို့ကို လယ်ကွင်းထဲမှာထားပြီး ပွဲစားတွေဟာ နောက်ထပ် မဆက်သွယ်ကြတော့ဘူးလို့ ဆိုပါတယ်။

ဆုံခလာခရိုင် ရဲမှူး ဂျစတာပိုင်ဆန်ကတော့ အခုလိုပြောသွားပါတယ်။

ဒီဇူလိုင်လ ၁ရက်နေကစတင်ပြီး လူုကုန်ကူးမူနဲ့ ပတ်သက်လို့ ဖမ်းဆီးလိုက်တာက တလအတွင်းမှာပဲ လူ ၇၀၀ လောက် ရှိတယ်။ ဒီထဲက လူ ၂၀၀ လောက်က ဘာမှမသိတဲ့ လူကုန်ကူးခံရသူတွေ ဖြစ်တယ်။ လူကုန် ကူးတဲ့ ပွဲစားတွေလည်း ဖမ်းမိပါတယ်။ ဒီထဲမှာ ထိုင်းနဲ့ မြန်မာပွဲစားတွေထဲက ဖမ်းဝရမ်း ထုတ်ထားသူ ၂၅ ယောက် ဖမ်းမိပါတယ်ဆိုပြီး ပြောဆိုသွားပါတယ်။

ထိုင်းမလေးနယ်စပ်မှာ လူကုန်ကူးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့အတွက် ကုလသမဂ္ဂဆိုင်ရာမဟာ မင်းကြီးရုံး က ကိုယ်စားလှယ်တွေ ထိုင်းအာဏာပိုင်တွေနဲ့ ကလေးနဲ့ အမျိုးသမီးကူညီစောင့်ရှောက်ရေးအဖွဲ့တွေ ပူး ပေါင်းပြီး ပြဿနာတွေကို ဖြေရှင်းနေကြပါတယ်။

တချို့ကိုတော့ နေရပ်ရင်းကိုပြန်ပို့ခဲ့ပြီး တချို့ကိုတော့ လူကုန်ကူးမူတွေနဲ့ ပတ်သက်နေတာကြောင့် စစ်ဆေး မေးမြန်းမှုတွေ ဆက်လုပ်နေကြပါတယ်။ ပြီးခဲတဲ့ဇွန်လကနေ ၂၀၁၉ ခုနှစ်ဇွန်လအထိ ထိုင်း-မလေးနယ်စပ် မှာ ဖမ်းမိသူ ၇,၀၀၀ ကျော်ရှိသွားပြီလို့လည်း ထိုင်းအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်ရှင်။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */