2019-07-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေရပ်ကွက်မှာ မနေ့က တပ်မတော်က ပစ်ခတ်လို့ အသက် ၂၅ နှစ်အရွယ် INGO ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲလင်းနိုင်ရဲ့ ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်သွားပြီး စစ်တွေေ ဆးရုံကြီးကို ဒီနေ့ အရေးပေါ် ပို့ဆောင်ထားရပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ကိုရဲလင်းနိုင် မောင်းနှင်လာတဲ့ ဆိုင် ကယ်ကို တပ်မတော်က ရပ်ခိုင်းတာ မရပ်လို့ ခြောက်လှန့်ပစ်ခတ်ရာကနေ ထိမှန်သွားတာလို့ RFA ကို ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ကိုရဲလင်းနိုင်ဟာ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Plan International အဖွဲ့ရဲ့ ဒေသဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။
မနေ့ကည ၇ နာရီလောက်မှာ တပ်မတော်စစ်ကြောင်း လုံခြုံရေးယူထားတဲ့ ကျောက်ရစ်ကေရပ်ကွက်လမ်း က နေ ဆိုင်ကယ်မောင်းလာရာမှာ တပ်မတော်က ပစ်ခတ်လိုက်တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား တိုက် ပွဲကာလတစ်လျှောက် INGO ဝန်ထမ်းတစ်ဦး ပထမဆုံးအကြိမ် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါတယ်။
ပစ်ခတ်ခံရတဲ့နေရာအနီးမှာရှိနေတဲ့ မျက်မြင်တစ်ဦးက ကိုရဲလင်းနိုင်ဟာ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့အတွက် တပ်မတော်သားတွေက လှမ်းခေါ်လို့ အရှိန်လွန်ပြီးမှ နောက်လှည့်ဖို့ ကြိုးစားရာမှာ ပစ်ခတ်ခံရတာလို့ ပြောပါတယ်။
မျက်မြင်သက်သေက သူ့ရဲ့လုံခြုံရေးကိုစိုးရိမ်လို့ဆိုပြီး သူ့ရဲ့နာမည်ကို ဖော်ပြခွင့်မပြုပါဘူး။
ကိုရဲလင်းနိုင်ဟာ သေနတ်နဲ့ ပစ်ခတ်ခံရလို့ ဘယ်ဘက်ရင်အုံမှာ ကျည်ထိမှန်သွားပြီးနောက် တပ်မတော်နဲ့ ရဲတပ် ဖွဲ့ကပဲ မြောက်ဦးဆေးရုံကို မနေ့ညက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
သေနတ်ကျည်ကြောင့် ကိုရဲလင်းနိုင်ရဲ့ အဆုတ်နဲ့ နှလုံးသွေးကြောတွေကိုပါ ထိခိုက်သွားတာကြောင့် စိုးရိမ် စ ရာအခြေအနေဖြစ်တယ်လို့ မိသားစုကပြောပါတယ်။
ကိုရဲလင်းနိုင်ကို ဒီနေ့မနက်က စစ်တွေဆေးရုံကြီးကို မပို့ခင် ရဲတပ်ဖွဲ့၊ မြို့နယ်တရားသူကြီးတွေကို ဆေးရုံ ကိုခေါ်ယူပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်တယ်လို့ မိသားစုက ပြောပါတယ်။
ဒါပေမဲ့ ဘာကြောင့် အမှုဖွင့်တယ်ဆိုတာကို မိသားစုဝင်တွေက တိတိကျကျ မသိရပါဘူး။
ဒဏ်ရာရထားတဲ့ ရဲလင်းနိုင်ကို ရဲတပ်ဖွဲ့လုံခြုံရေးတွေယူပြီး အချုပ်သားလူနာအဖြစ် စစ်တွေဆေးရုံကြီးကို ပို့ ဆောင်လိုက်တာဖြစ်ပါတယ်။
အမှုဖွင့်လိုက်တာနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ ကိုရဲလင်းနိုင် ကို စစ်ဆေးစဉ်မှာ ကွန်ပျူတာ တစ်လုံးအပြင် လက်ပစ် ဗုံး တစ်လုံးကိုလည်း တေ့ွရှိခဲ့တာကြောင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ရဲတပ်ဖွဲ့က အမှုဖွင့်တာလို့ ပြော ပါတယ်။
ကိုရဲလင်းနိုင်ရဲ့မိသားစုဝင်တွေကတော့ လက်ပစ်ဗုံးတွေ့တယ်ဆိုတဲ့အချက်ကို ငြင်းဆိုကြပါတယ်။
ကိုရဲလင်းနိုင်ရဲ့ အစ်မဖြစ်သူ ဒေါ်ရီရီမြင့်က ကိုရဲလင်းနိုင်မှာ လက်ကိုင်ဖုန်းတစ်လုံး၊ ငွေ လေးသိန်း၊ လပ် တော့ပ်တစ်လုံးနဲ့ ဘဏ်ကတ်တစ်ခုကလွဲလို့ ကျန်တာဘာမှမပါဘူးလို့ ပြောပါတယ်။
ရန်ကုန်မြို့အခြေစိုက် Plan International အဖွဲ့ရဲ့ မြန်မာဌာနေကိုယ်စားလှယ်ရုံးကို RFA က ဆက်သွယ မေး မြန်း ရာမှာ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်တာကြောင့် လတ်တလော ပြောဆိုနိုင်မှာမဟုတ်သေးဘူးလို့ တာဝန်ရှိသူတစ်ဦးက တုံ့ပြန်ပါတယ်။
မနေ့က INGO ဝန်ထမ်းဖြစ်တဲ့ ကိုရဲလင်းနိုင်ကို ပစ်ခတ်ခဲ့တဲ့ တပ်မတော်စစ်ကြောင်းက မြောက်ဦးမြို့နယ် သံဃာ့မဟာနာယကဆရာတော် ဦးခေမာစာရ သီတင်းသုံးတဲ့ ရွှေထီးဆောင်းကျောင်းတိုက်နဲ့ မြင်းခုန်တန်း ကျောင်းတိုက်လို့ အများသိကြတဲ့ ဇေယျသိဒ္ဓိဘုန်းတော်ကြီးကျောင်းတွေကို ရှောင်တခင် ဝင်ရောက်စစ် ဆေးခဲ့ပါတယ်။
AA အဖွဲ့နဲ့ပတ်သက်လို့ သတင်းကွင်းဆက်အရဆိုပြီးတော့ ဆရာတော်တွေရဲ့အိပ်ခန်း အတွင်း၊ အပြင်၊ ဘီ ရို၊ သေတ္တာ စတာတွေကို အချိန် နှစ်နာရီလောက်ကြာအောင် အသေးစိတ် မွှေနှောက်ရှာဖွေစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ဘာသဲလွန်စမှမရှိတာကြောင့် စစ်ကြောင်းအရာရှိတွေက ဆရာတော်တွေကို တောင်းပန် လျှောက် ထားပြီး ပြန်သွားတယ်လို့ ဆရာတော်ကြီးတွေက RFA ကို မိန့်ပါတယ်။
မြောက်ဦးမြို့နယ် သံဃာ့မဟာနာယကဆရာတော် ဦးခေမာစာရက တပ်မတော်က သင်္ကာမကင်းတဲ့ အမြင် တွေနဲ့ ညအချိန်မတော် လာရောက်မွှေနှောက်ရှာဖွေတာဟာ ဘာသာရေးအပေါ် အများပြည်သူယုံကြည်မှု ကို ထိခိုက်စေသလို ဆရာတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတာကြောင့် ဒါမဖြစ်သင့်ဘူးလို့ မိန့်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AA နဲ့ပတ်သက်လို့ ဖမ်းဆီးထား သူ တွေ ရဲ့ သတင်းကွင်းဆက်တွေအရ ဘုန်းကြီးကျောင်းတွေကို အခုလို ဝင်ရောက်ရှာဖွေတာလို့ ပြောဆို ပါ တယ်။
ဆရာတော်ကြီးတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်ဆိုတဲ့ပြောဆိုချက်နဲ့ ပတ်သက်လို့ RFA ကမေးမြန်း ရာ မှာတော့ ဒီအချက်နဲ့ပတ်သက်လို့ တစ်စုံတရာ တုံ့ပြန်ပြောဆိုတာမရှိပါဘူး။
ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း သေနတ်နဲ့ပစ်ခတ်ခံရတာ၊ လက်နက်ကြီးကျည်ထိမှန်တာ၊ မိုင်းကွဲတာ စတဲ့ဖြစ် ရပ်တွေကြောင့် ဒီနေ့အထိ သေဆုံးသူ ၇၀ ကျော်ရှိပြီး ဒဏ်ရာရသူဦးရေကတော့ ၁၀၀ ကျော်ရှိပါ တယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့နယ်အသီးသီးကနေ စစ်တွေဆေးရုံကြီးကို အရေးပေါ် တက်ရောက်ကုသခဲ့ရသူ ဦးရေဟာ အခုနှစ်အတွင်း ၄၇ ဦးရှိခဲ့ရာကနေ အခု ကိုရဲလင်းနိုင်ဟာ ၄၈ ဦးမြောက် လူနာတစ်ဦးဖြစ်ပါတယ်။
Link : Here
No comments:
Post a Comment