ဗွီအိုအေ (မြန်မာဌာန)
30 ဧပြီ၊ 2019
အင်ကြင်းနိုင်
30 ဧပြီ၊ 2019
အင်ကြင်းနိုင်


နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၉/ ၂၀၁၉
ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA မှ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ရန် အတွက် ယနေ့ နံနက်က လိုင်ဇာမှ ထွက်ခွာသွားသည်ဟု သတင်းရရှိသည်။
ULA/AA ပြောခွင့်ရသူ ခိုင်သုခ က “ AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်တဲ့ ဗိုလ် မှူးကြီးကျော်ဟန် အပါအဝင်ပေါ့လေ။ ကိုယ်စားလှယ် ၆ ဦးပါအဖွဲ့ လိုင်ဇာကနေ ဒီကနေ့ မနက်က မူဆယ် ကို ထွက်ခွာသွားပါပြီ” ဟု နိရဉ္စရာ သတင်းဌာနက ယနေ့ နေ့လယ်က ဆက်သွယ် မေးမြန်းစဉ် ပြောကြား သည်။
ဧပြီလ ၃၀ ရက်နေ့တွင် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး Bilateral အပစ်ရပ်နိုင်ရေးကိစ္စကို အဓိက အလေးထား ဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရသည်။
ရခိုင်စစ်ပွဲတွင် အတွဲလိုက်ပစ်သည့်ဒုံးများ သုံး/ မသုံး တပ်မတော်ပြောခွင့်ရသူများအကြား ကွဲလွဲမှုရှိနေ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သည့် တိုက် ပွဲ များ အ တွင်း အတွဲလိုက်ပစ်သည့် ဒုံးများကို အသုံးပြုတိုက်ခိုက်ခြင်း ရှိ / မရှိနှင့် ပတ်သက်ပြတပ်မတော် ပြောခွင့် ရသူများမှ မီဒီယာများအား ဖြေကြားရာတွင် ကွဲလွဲမှုရှိနေကြောင်း သိရှိရ သည်။
ဧပြီလ ၂၇ ရက်နေ့နံနက် ၄ နာရီ ၁၀ မိနစ်အချိန်မှ စတင်ပြီး နံနက် ၅ နာရီကျော်ထိ ဘူးသီး တောင် အခြေ စိုက်ဗျူဟာမှ စည်တောင်အနီးရှိ တောင်တန်းများကို ပစ်ခတ်ရာတွင် ယခင်တစ် ခါမှ မသုံးခဲ့ဖူးသော လက် နက်ကြီးများကို အသုံးပြု ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆို သည်။