Monday, April 29, 2019

ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA ကိုယ်စားလှယ်အဖွဲ့ မူဆယ်သို့ထွက်ခွာ

နိရဉ္စရာ
နိရဉ္စရာ၊ ဧပြီ ၂၉/ ၂၀၁၉ 


 ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်သော ULA/AA မှ ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတက်ရောက်ရန် အတွက် ယနေ့ နံနက်က လိုင်ဇာမှ ထွက်ခွာသွားသည်ဟု သတင်းရရှိသည်။

ULA/AA ပြောခွင့်ရသူ ခိုင်သုခ က “ AA ရဲ့ ဒုစစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင် ဦးဆောင်တဲ့ ဗိုလ် မှူးကြီးကျော်ဟန် အပါအဝင်ပေါ့လေ။ ကိုယ်စားလှယ် ၆ ဦးပါအဖွဲ့ လိုင်ဇာကနေ ဒီကနေ့ မနက်က မူဆယ် ကို ထွက်ခွာသွားပါပြီ” ဟု နိရဉ္စရာ သတင်းဌာနက ယနေ့ နေ့လယ်က ဆက်သွယ် မေးမြန်းစဉ် ပြောကြား သည်။

ဧပြီလ ၃၀ ရက်နေ့တွင် အစိုးရ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန NRPC နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ပြီး Bilateral အပစ်ရပ်နိုင်ရေးကိစ္စကို အဓိက အလေးထား ဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရသည်။


“ သီးသန့်စီတွေ့ဆုံဖို့ အစီအစဉ် မရှိပါဘူး။ မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နဲ့ တစုတဝေးတည်း တွေ့မှာပါ။ ကျနော်တို့ဖက်ကတော့ အခုဒီလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေကို ဘယ်လိုလျှော့ချနိုင်မလဲ ဆိုတာကို အဓိက ထားဆွေးနွေးမှာပေါ့နော်။ အဓိကပြောရမယ်ဆိုလို့ရှိရင်တော့ Bilateral ကိစ္စကို မြောက်ပိုင်းမဟာမိတ် ဖက် ကနေ ဦးတည်ဆွေးနွေးဖို့စီစဉ်ထားတာတော့ရှိတယ်ဗျ” ဟု ခိုင်သုခက ပြောဆိုသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တွင် KIA, TNLA, MNDAA နှင့် AA တို့ပါဝင်သည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */