Friday, May 1, 2026

သီတာထွေး အဖြစ်မှန်

သီတာထွေး အဖြစ်မှန်

 
၂၀၁၂သတ်ဖြတ်မှုကြီးနောက်ကွယ်က လက်မဲဒါရိုက်တာကြီးက ဒေါက်တာအေးမောင်(RNDP)ဖြစ်တယ်လို့ သမ္မတဦးသိန်းစိန်က လွှတ်တော်ကို တရားဝင်တင်ပြခဲ့တယ်။ ရခိုင်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဇာဂနာကလည်း မုဒိန်းမှုမဖြစ်ခဲ့ဘူးလို့ ဆေးစစ်တဲ့ဆရာဝန်ကပြောခဲ့တယ်လို့ ဆိုခဲ့တယ်။)

 
ကိုယ်တွေ့သိမြင်ထားသူ ကျောက်နီမော်ကျောင်းဆရာရဲ့ တင်ပြချက်
 
အမှန်တရားကိုချစ်တဲ့ မြန်မာပြည်သူများ၊ သိက္ခာသမာဓိ မြတ်နိုးတဲ့ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးများ၊ ကမ္ဘာသူ ကမ္ဘာသားများသိစေဖို့ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးရဲ့ ဖြစ်ရပ်မှန်ကို တင်ပြလိုက်ပါမယ်။ (ကျွန်တော်ဟာ ကျောက်နီမော်ကျေးရွာမှာ အကိုဖြစ်သူကိုသက်လွင်ဦးနဲ့အတူ- အလယ်တန်း အထက်တန်းကလေးများကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာတစ်ဦးဖြစ်လို့ ရခိုင်ကလေးတွေထဲကရော မွတ်ဆလင်ကလေးထဲကပါ၊ ချစ်ခင်လေးစားတဲ့ ဆရာတစ်ဦးအဖြစ် အသိမှတ်ပြုတဲ့ တပည့်ပေါင်းများစွာ ရှိပါတယ်။ ဒီသတင်းကို ကိုယ်တိုင် လေ့လာပြီး တင်ပြခြင်း ဖြစ်ပါတယ်။)
 
၂၈.၀၅.၂၀၁၂ညနေ ၅း၃၀မှ ရး၀၀ကြားမှာ သပြေချောင်းကျေးရွာသူလေး မသီတာထွေးဟာ ကျောက်ထရံကျေးရွာထိပ်မှာရှိတဲ့ ပရဟိတဘုန်းကြီးကျောင်းနဲ့ မကျေးကုန်းကျေးရွာကြားမှာ ပစ္စည်းလုအသတ်ခံရပါတယ်။
၂၉.၀၅.၂၀၁၂ မနက်ခင်းဈေးရောင်းဖို့လာကြတဲ့ ဈေးသည်များက မသီတာထွေးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်။ အခြားရွာသားအဖိုးကြီးတစ်ဦးက မိမိသည် ကျောက်နီမော်ရွာမှ မိမိရွာကိုအပြန် ကျောက်ထရံရွာနဲ့ ပရဟိတဘုန်းကြီးကျောင်းကြားလောက်မှာ လူငယ်သုံးယောက်တွေ့ခဲ့ကြောင်း ရဲစခန်းကိုသတင်းပို့ပါတယ်။
 
ပရဟိတဘုန်းကြီးကျောင်းဟာ ကျောက်ထရံရွာနဲ့ မကျေးကုန်းရွာကြားမှာရှိပြီး အဖိုးအိုက မွတ်ဆလင်လူငယ် ၃ ဦးကို ညနေ ၃း၃၀ ခန့်မှာ ကျောက်ထရံရွာနဲ့ ပရဟိတဘုန်းကြီးကျောင်းကြားရှိ လယ်ကွင်းပြင်မှာ တွေ့ခြင်းဖြစ်လို့ နေရာကလွဲနေတဲ့ အပြင်၊ အဲ့ဒီ လူငယ် ၃ ဦးဟာ ညနေ ၄ နာရီကျော်မှာ ကျောက်ထရံရွာတွင်း နေအိမ်သို့ ပြန်ရောက်နေပြီ ဖြစ်တယ်။ မသီတာထွေးက ညနေ ၅း၃၀ နဲ့ ရး၀၀ အတွင်းလောက်မှာ ပစ္စည်းလု အသတ်ခံရတာ ဖြစ်တယ်။
 
ကျေးရွာဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ စခန်းမှုးဦးသောင်းထွေးတို့အဖွဲ့ ကျောက်ထရံရွာကိုရောက်လာပြီး ဒီကလေးတွေကို မေးမြန်းဖို့၊ ရွာသူကြီးတွေဆီမှာ အကူအညီတောင်းတယ်။ ရွာသူကြီးများ အကူအညီနဲ့ ပထမကလေးနှစ်ယောက်ကိုခေါ်ပြီး ဥက္ကဋ္ဌဦးသိန်းထွန်းအိမ်မှာ စစ်ဆေးခဲ့တယ်။ အဲ့ဒီအချိန်မှာ အချိန်- RNDPဒေသခေါင်းဆောင် ညီပုနဲ့အဖွဲ့ လူ၁၀၀လောက်က ဥက္ကဋ္ဌအိမ်ကိုရောက်လာပြီး လူငယ်နှစ်ဦးကို သူတို့လက်အပ်ရန် အော်ဟစ်တောင်းဆိုခဲ့တယ်။ ဒါပေမယ့် ဥက္ကဋ္ဌက လူငယ်နှစ်ဦးအား အသေအချာမေးမြန်းပြီး၊ လူငယ်နှစ်ဦးမှာ ပြစ်မှုကျူးလွန်ခြင်း အထောက် အထား မရှိကြောင်း၊ သူတို့နှစ်ဦးမှာ အပြစ်ရှိတယ်လို့ မယံကြည်ကြောင်းပြောပြီး လူငယ်နှစ်ဦးကို ပြန်လွှတ်ပေးလိုက်တယ်။ ဒါကိုမကျေနပ်လို့ RNDPဒေသခေါင်းဆောင် ညီပုတို့က ဆူပူသောင်းကျန်းလို့ ဝရုန်းသုန်းကား ဖြစ်ခဲ့ရတယ်။
 
ရဲစခန်းက နောက်ထပ်လူငယ်နှစ်ဦးကို ထပ်မံဖမ်ဆီးပြီး စစ်ဆေးပြန်တယ်။ နောက်လူငယ်နှစ်ဦးက ဗမာစကားအားနည်းမှုကြောင့် မွတ်ဆလင် လူလတ်ပိုင်းတဦးကို စကားပြန်ဆောင်ရွက်စေခဲ့တယ်။ ထိုနှစ်ဦးကိုစစ်ဆေးရာ ထက်ထက် (ထောင်ထဲတွင် နှုတ်ပိတ်သတ်ခံလိုက်ရသူ)နှင့် သူတို့နှစ်ဦး (ပေါင်းသုံးဦး)ဟာ ကျောက်ထရံရွာနဲ့ ပရဟိတဘုန်းကြီးကျောင်းကြားရှိ လယ်ကွင်းမှာ ငှက်ထောင်ရန် သွားခဲ့ကြောင်း၊ ညနေ၄နာရီကျော်မှာ ရွာထဲမှာပြန်ရောက်နပြီဖြစ်ကြောင်း ထွက်ဆိုတယ်။ (၂၉၊ ၅၊ ၂၀၁၂ နေ့မှာ ထက်ထက်ဟာ မိသားစုကိစ္စ အမှုတစ်ခုနဲ့ မိခင်နဲ့အတူ ရမ်းဗြဲမြို့ရုံးချိန်းကို ဆိုင်ကယ်နဲ့ သွားခဲ့တယ်။)
 
စခန်းမှုးက လူငယ်နှစ်ဦးအား နောက်ထပ် အနည်းငယ်စစ်ဆေးရန် ကျန်သေးကြောင်း၊ စစ်ဆေးပြီးရင် ပြန်လွှတ်လိုက်မယ်ဆိုပြီး စကားပြန်ကို ပြန်စေခဲ့ပြီး လူငယ်နှစ်ဦးကို ခေါ်ထားလိုက်ပါတယ်။ စကားပြန်ပြန်လာပြီး မကြာခင်မှာပဲ ရဲစခန်းက မွတ်ဆလင်ရွာထဲကိုလာပြီး ကောင်လေးတွေက အပြစ်ရှိ တယ်လို့ ဝန်ခံကြောင်း၊ သူတို့ရဲ့ ဝန်ခံမှုက 
 
၁။ သူတို့ဟာ သီတာထွေးကို ဖမ်းဆီးချုပ်နှောင်ပြီး တောစပ်ထဲကို ခေါ်သွားကြောင်း 
 
၂။  ပြီးတော့ သူတို့က အလှည့်ကျ မသီတာထွေးကို အဓမ္မပြုကျင့်ကြောင်း၊ အဓမ္မပြုကျင့်နေစဉ် သူတို့ကိုယ်တိုင်ပဲ MP4 နဲ့ မှတ်တမ်းတင်ထားကြောင်း (ရဲတွေက MP4နဲ့ ရိုက်ကူး မှတ်တမ်းတင်ထားတကို ကြည့်ပြီးပြီဖြစ်လို့ တရားခံတွေဟာ သေချာကြောင်း)၊ ရွာသားတွေကို ပြောခဲ့တယ်။
 
၃။ မသီတာထွေးရဲ့ လက်ဝတ်လက်စားတွေကိုယူပြီး သူမကိုဓါးနဲ့ထိုးးသတ်ပစ်ခဲ့ကြောင်း 
 
၄။ ထက်ထက် ကရမ်းဗြဲမြို့မှာ ရွှေတွေသွားရောင်းနေတယ်။ ပြန်လာရင်သူတို့ တစ်ယောက်စီကို တစ်ယောက် ၃၀၀၀၀ကျပ်စီ ပေးမယ်လို့ ပြောသွားကြောင်း
 
၅။ သူတို့ နှစ်ယောက် မလုပ်ဘူးလို့ ငြင်းတာကို ထက်ထက်က မင်းတို့မလုပ်ဘူးဆိုရင် မင်းတို့ကို ငါအရင်ထိုးသတ်မယ်လို့ ခြိမ်းခြောက်တာကြောင့် ထက်ထက်ခိုင်းတဲ့အတိုင်း သူတို့ လုပ်ခဲ့ရကြောင်း ထွက်ဆိုတယ်လို့ ရဲတွေက ပြောခဲ့တယ်။
 
ရဲတွေကိုယ်တိုင်က MP4 မှတ်တမ်းကို ကြည့်ပြီးပါပြီဆိုတော့ ရွာသားတွေမှာလည်း ဘာမှမပြောနိုင်ခဲ့ပါ။
မကြာခင်မှာဘဲ ထက်ထက်ကို တရားခံသက်သေပစ္စည်းများ (ထိုးသတ်တဲ့ ဓါးနဲ့ ပစ္စည်းများကို) ရမ်းဗြဲမြို့မှာ လက်ပူးလက်ကြပ်မိပြီဆိုတဲ့ သတင်းထွက်လာတယ်။ တစ်ပြိုင်နက်မှာ ကျောက်နီမော်ရဲစခန်းရှေ့မှာ RNDP ဦးဆောင်တဲ့ လူအုပ်ကြီးရောက်လာပြီး ဖမ်းထားတဲ့ ကောင်လေးနှစ်ယောက်ကို လူထုရှေ့မှောက်မှာ တရားစီရင်မယ်။ ခုချက်ချင်းထုတ်ပေးဆိုပြီး တောင်းဆိုတော့တယ်။ ထိန်းမနိုင်သိမ်းမရဖြစ်နေလို့ နောက်ဆုံးမှာ ရဲစခန်းက သေနတ်ဖောက်ပြီး လူစုခွဲလိုက်ရတယ်။
 
နောက်နေ့မှာ ကောင်လေးနှစ်ယောက်ကို ရမ်းဗြဲသို့ခေါ်သွားတယ်။ ရမ်းဗြဲရဲစခန်းကိုပါ လူတွေလာဝိုင်းတော့တယ်။ နောက်ဆုံးမှာ ကောင်လေး သုံးယောက်လုံးကို ကျောက်ဖြူကိုခေါ်သွားခဲ့ပြီး ကျောက်ဖြူထောင်ထဲမှာ ထည့်ထားခဲ့တယ်။
 
အဓမ္မတရားခံအဖြစ် ဓားစာခံသုံးယောက်ကို ဆွဲထားဘို့အတွက် ဒေသဆိုင်ရာ RNDPခေါင်းဆောင်ဦးညီပုရဲ့ လက်ရုံးစံပြရပ်ကွက် လူငယ်သာရေးနာရေး အဖွဲ့ခေါင်းဆောင်မြသောင်းက ရဲ့စခန်းကို သွားခဲ့ပြီး စခန်းမှုးသောင်းထွေးကို လာဘ်ထိုးစည်းရုံးပြီး “စစ်ဆေးဘို့ခေါ်ထားတဲ့ ကောင်လေးနှစ်ဦးကို စာရွက်အဖြူပေါ်မှာ အတင်းအဓမ္မ လက်မှတ်ရေးထိုးစေခဲ့တယ်။
 
ပြီးတော့ စခန်းမှုးသောင်းထွေးနဲ့ မြသောင်းအကွက်ချပြီး၊ တရားခံနှစ်ဦးထံမှ ထွက်ဆိုချက်ဆိုတဲ့ ဇတ်လမ်းကို စိတ်ကြိုက်ရေးသားဖန်တီးခဲ့တယ်။ ဒီအတွက် ကုန်ကျစားရိတ်အားလုံးကို RNDPညီပုကပေးခဲ့တယ်။ကျောက်ဖြူမှာ စွပ်စွဲခံတရားခံလေးများကို ပထမအကြိမ် ရုံးထုတ်တော့၊ တရားရုံးမှာ အဖြစ်မှန်ကို ကောင်လေးတွေကပြောခဲ့ပြီး၊ သူတို့မှာ အပြစ်မရှိကြောင်း၊ တရားခံအဖြစ် ဝန်မခံနိုင်ကြောင်း ရုံးတော် မှာပြောခဲ့တယ်။ ဒုတိယအကြိမ် စုံစမ်းစစ် ဆေးရေးအဖွဲ့ရှေ့မှာ စစ်ဆေးပြန်တော့လည်း ထက်ထက်က ရဲရဲဝံ့ဝံ့ပင် အဖြစ်မှန်အားလုံးကို လူကြီးတွေရှေ့မှာ ထပ်ဆင့်ပြောပြပြန်တယ်။
 
တရားသူကြီးနဲ့ရဲတွေက မပြောပါနဲ့လို့ အကြိမ်ကြိမ်တားမြစ်ခဲ့တယ်။ ဒီလိုတားမြစ်တဲ့ကြားထဲက သူကအချုပ်ထဲမှာ အကြိမ်ကြိမ် ရိုက်ထောင်းနှိပ်စက်ပြီး အတင်းအဓမ္မဝန်ခံခိုင်းကြောင်းကိုပဲ ထပ်ဆင့်ပြောခဲ့ပါတယ်။ အဲ့ဒီညမှာပဲ ထောင်ထဲမှာ ထက်ထက်တစ်ယောက် အသတ်ခံလိုက်ရပါတော့တယ်။ ရုပ်အလောင်းကို ကျောက်ဖြူမြို့က အာမာရာပါရာ မွတ်စလင်သုတ်သန်မှာ အာဏာပိုင်များရဲ့ စေခိုင်းချက်အရ မွတ်ဆလင်လေးဦးက သူ့ရုပ်အလောင်းကို သင်္ဂြီုလ်ပေးခဲ့ရတယ်။ အလောင်းမှာ မြင်မကောင်းလောက်အောင် ဒဏ်ရာတွေ ပြည့်နှက်နေပါတယ်။
 
မသီတာထွေးရဲ့ ရုပ်ကလပ်ကို ဆရာဝန်ဦးအောင်စစ်ထွန်းက ဆေးစစ်ချက်ယူခဲ့တယ်။ မသီတာထွေးဟာ ဓားဒဏ် ရာသက်သက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပြီး၊ အဓမ္မပြုကျင့်ခံရတဲ့ လက္ခဏာမရှိဘူးလို့ ဆေးစစ်ချက်မှာ ဆိုထားတယ်။ ပြီးတော့ ရုပ်အလောင်းကို ပြန်ယူသွားပြီး င်္သဂြီုလ်မြေချနိုင်ပြီလို့ပြောခဲ့တယ်။
 
RNDPညီပုနဲ့ သူ့လက်ရုံးများက ဆေးရုံကို လူအုပ်နဲ့သိမ်းပိုက်လိုက်ပြီး၊ ရုပ်အလောင်းကို သင်္ဂြီုလ်ခွင့်မပြုဘဲ၊ သုံးရက်တိတိပြထားပြီး၊ အနယ်အနယ်အရပ်ရပ်ကို ဆက်သားလွှတ်ကာ ကုလားတွေ မုဒိန်းကျင့်လို့ သေဆုံးရတဲ့ ငါတို့ရခိုင်သမီးပျိုလေးရဲ့အဖြစ်ကို လာကြည့်ကြလို့ လူထုစည်းရုံးပါတော့တယ်။ ပြီးတော့ ရောက်လာတဲ့ လူထုပရိတ်သတ်ကိုလည်း ကုလားတွေကို ဒီနယ်မြေက မောင်းထုတ် ပစ်ရမယ်ဆိုပြီး မွတ်စလင် ဆန့်ကျင်ရေး မိန့်ခွန်းတွေကို ဟောကြားစည်းရုံးပါတော့တယ်။ နောက်ဆုံး ခရိုင်ရုံးမှ အမိန့်ပေးတော့မှ အလောင်းကိုသင်းင်္ဂြီုလ်ခဲ့ပါတော့တယ်။
 
အလောင်းကို မှတ်တမ်းတင်ဖို့ ဓါတ်ပုံဆရာ ခိုင်မြင့်အောင်ကို ရဲစခန်းက ခေါ်ယူခဲ့တယ်။ ဒီဓါတ်ပုံကို ခိုင်မြင့်အောင်နဲ့ မောင်မောင်ဦးတို့ နှစ်ယောက်က ဓါတ်ပုံပညာ၊ ကွန်ပြူတာပညာနဲ့ လူအမြင်မတော်အောင် ဖန်တီးလိုက်ပြီး၊ မွတ်စလင်ဆန့်ကျင်ရေးအတွက် အသုံးချလိုက်ပါတော့တယ်။ ပေါက်တောမြို့ဇာတိ NLD စည်းရုံးရေးမှူး အောင်ဇံဝေက ရမ်းဗြဲမြို့ အင်တာနက်ဆိုင်မှတစ်ဆင့် ဒီဖန်တီးပြီး ဓါတ်ပုံများကို ရခိုင်သတင်းဌာနများကို ပေးပို့ခဲ့တယ်။ ပြည်ပသတင်းဌာနများနဲ့လည်း အင်တာဗျူးများ ပြုလုပ်ခဲ့တယ်။
 
ပြီးတော့ အောင်ဇံဝေ(NLD)ဟာ တောင်ကုတ်မြို့ကို တက်သွားပြီး- ဝံသာနုရက္ခိတအသင်းနဲ့ ပူးပေါင်းကာ မွတ်စလင်ဆန့်ကျင်ရေးများ စည်းရုံးလှုံ့ဆော်ခဲ့တယ်။ ကျောက်နီမော်ရွာကို မြန်မာပြည်မမှလာတဲ့ ကုန်ပစ္စည်းများက တောင်ကုတ်မြို့ကိုဖြတ်ပြီး သယ်ယူရတဲ့အတွက် တောင်ကုတ်မြို့ကို ရောက်ပြီးဖြစ်တဲ့ ကျောက်နီမော်ရွာက ကုန် သည်များရဲ့ ပစ္စည်းများကို ဆက်လက်သယ်ယူခွင့် မပြုခဲ့ဘူး။ တောင်ကုတ်မြို့မှ ကျောက်နီမော်ရွာအတွက် ကုန်ပစ္စည်းကိုယ်စားလှယ်လုပ်ငန်း လုပ်ဆောင်သူ ရခိုင်ဗုဒ္ဓဘာသာဝင် ဦးလှရွှေကိုလည်း မွတ်စလင်တို့ရဲ့ ပစ္စည်းများကို မပို့ရဘူးလို့လူအုပ်နဲ့ အတင်းခြိမ်း ခြောက်ခဲ့တော့တယ်။ တောင်ကုတ်လူသတ်မှုဟာ NLD အောင်ဇံဝေရဲ့ မီးစနဲ့ စတင်ခဲ့ခြင်း “ဖြစ်တယ်။ ဒီနေ့ထိ အောင်ဇံဝေကို တရားခံအဖြစ် မတွေ့ရသေးပါ။
 
ဒါဆို မသီတာထွေးကို ဘယ်သူသတ်သလဲ။
 
ဆရာဝန်ရဲ့ စစ်ချက်မှာ မသီတာထွေးရဲ့ ဓားဒဏ်ရာများဟာ သေစေနိုင်တဲ့ သေချက်တည့်တည့်ကို ထိုးတာကြောင့် အတွေ့အကြုံရှိတဲ့သူက ထိုးတဲ့ ဓါးချက်ဖြစ်ကြောင်း မှတ်ချက်ပေးခဲ့တယ်။ ရိုးသားပြီး အမှန်ကိုကြိုက်တဲ့ ရခိုင်ဗုဒ္ဓဘာသာများ အပါအဝင် လူအများက တရားခံအစစ်လို့ သံသယဖြစ်နေ သူက ရခိုင်ဗုဒ္ဓဘာသာ ညီအစ်ကိုနှစ်ဦးဖြစ်တယ်။ 
 
သူတို့ ညီအစ်ကိုနှစ်ဦးဟာ မသီတာထွေးအမှုမဖြစ်မှီ သုံးရက်အလိုမှာ သူတို့ရဲ့အဖေ ဦးမောင်သောင်းစိန်ကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးခဲ့တယ်။ ဒီနှစ်ယောက်ထဲက အကြီးဖြစ်သူက လူသတ်မှုနဲ့ ထောင်ကျခဲ့ဘူးသူဖြစ်တယ်။ သူတို့မှာ ထွက်ပြေးဘို့ စားရိတ်မရှိလို့ နေဝင်ရီတရောအချိန်မှာ မိန်းမငယ် တစ်ဦးတည်း လက်ဝတ်လက်စားများနဲ့ တွေ့တော့၊ သူ့ကို သတ်ပြီး ပစ္စည်းများယူသွားတာ ဖြစ်တယ်လို့၊ လူအများက မှတ်ချက်ချနေကြတယ်။ 
 
ဒါပေမယ့် ရဲစခန်းက အခုအချိန်ထိ တရားခံအစစ်ကို မဖမ်းနိုင်သေးဘဲ၊ အတင်းအဓမ္မစွပ်စွဲတဲ့ တရားခံကိုသာ အမှုနဲ့ဘာမှမဆိုင်ဘဲ၊ တစ်ဦးကို နှတ်ပိတ်ရိုတ်သတ်၊ နှစ်ဦးကို သေဒဏ်ပေးလိုက်ပါတော့တယ်။ဒါတွေကို ဗဟိုအစိုးရက တစ်ကယ်မသိတာလား။ 
 
မသိဟန်ဆောင်နေတာလား။ 
 
RNDPညီပုရဲ့ လူမျိုး ရေးမုန်းတီးမှု လှုံ့ဆော်ချက်များကို အားပေးထောက်ခံနေတာလား။
စခန်းမှူးက လာ့ဘ်စားပြီး မွတ်စလင်များကို ရာဇဝင်လူဆိုးများ အဖြစ် သတ်မှတ်လိုက်တာကို ပီတိဖြစ်နေတာလား။
NLD အောင်ဇံဝေကို အအစိုးရနဲ့ NLD မျက်နှာပျက်မှာစိုးလို့လွှတ်ပေးထားတာလား။သို့မဟုတ်မွတ်စလင် မျိုးပြုတ်သုတ်သင်ရေးအတွက် “လုပ်ကြံဖန်တီးမှုများမှာ” ညီညွတ်နေတာလား--။
ဆိုတာ အမှန်ကိုချစ်ခင်သူများ ဆင်ခြင်နိုင်ပါစေ။

အမှန်တရားကိုချစ်တဲ့ မြန်မာပြည်သူများ၊ သိက္ခာသမာဓိ မြတ်နိုးတဲ့ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးများ၊ ကမ္ဘာသူ ကမ္ဘာ သားများသိစေဖို့ ရမ်းဗြဲမြို့နယ် သပြေချောင်းကျေးရွာမှ မသီတာထွေးရဲ့ ဖြစ်ရပ်မှန်ကို တင်ပြလိုက်ပါမယ်။ (ကျွန်တော်ဟာ ကျောက်နီမော်ကျေးရွာမှာ အကိုဖြစ်သူကိုသက်လွင်ဦးနဲ့အတူ- အလယ်တန်း အထက်တန်းကလေး များကို စာသင်ပေးခဲ့တဲ့ ကျောင်းဆရာတစ်ဦးဖြစ်လို့ ရခိုင်ကလေးတွေထဲကရော မွတ်ဆလင်ကလေးထဲကပါ၊ ချစ်ခင်လေးစားတဲ့ ဆရာတစ်ဦးအဖြစ် အသိမှတ်ပြုတဲ့ တပည့်ပေါင်းများစွာ ရှိပါတယ်။ ဒီသတင်းကို ကိုယ်တိုင် လေ့လာပြီး တင်ပြခြင်း ဖြစ်ပါတယ်။)



Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */