Monday, April 29, 2019

ရခိုင်စစ်ပွဲတွင် အတွဲလိုက်ပစ်သည့်ဒုံးများ သုံး/ မသုံး တပ်မတော်ပြောခွင့်ရသူများအကြား ကွဲလွဲမှုရှိနေ

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီလ ၂၉ /၂၀၁၉

Narinjara

ရခိုင်စစ်ပွဲတွင် အတွဲလိုက်ပစ်သည့်ဒုံးများ သုံး/ မသုံး တပ်မတော်ပြောခွင့်ရသူများအကြား ကွဲလွဲမှုရှိနေ 





  ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် ဖြစ်ပွားခဲ့သည့် တိုက် ပွဲ များ အ တွင်း အတွဲလိုက်ပစ်သည့် ဒုံးများကို အသုံးပြုတိုက်ခိုက်ခြင်း ရှိ / မရှိနှင့် ပတ်သက်ပြတပ်မတော် ပြောခွင့် ရသူများမှ မီဒီယာများအား ဖြေကြားရာတွင် ကွဲလွဲမှုရှိနေကြောင်း သိရှိရ သည်။
ဧပြီလ ၂၇ ရက်နေ့နံနက် ၄ နာရီ ၁၀ မိနစ်အချိန်မှ စတင်ပြီး နံနက် ၅ နာရီကျော်ထိ ဘူးသီး တောင် အခြေ စိုက်ဗျူဟာမှ စည်တောင်အနီးရှိ တောင်တန်းများကို ပစ်ခတ်ရာတွင် ယခင်တစ် ခါမှ မသုံးခဲ့ဖူးသော လက် နက်ကြီးများကို အသုံးပြု ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောဆို သည်။


RFA မြန်မာပိုင်းမှ ဧပြီလ ၂၈ ရက် မနေ့က ဖော်ပြခဲ့သည့် "ရသေ့တောင်မှာ တပ်မတော်နဲ့ AA တိုက်ပွဲဖြစ်" ခေါင်းစဉ်ဖြင့် သတင်းဖော်ပြရာ တွင် " တပ်မတော်ဘက်က လုံခြုံရေးနယ် မြေရှင်း တဲ့တပ်တွေနဲ့ ရက္ခိုင့် တပ် မတော် AA နဲ့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပြီး ပုံမှန်သုံးနေကြ လက်နက် ကြီး စစ်ကူပေးခဲ့တာသာ ရှိကြောင်း၊ အတွဲ လိုက်ပစ်တဲ့ ဒုံးတွေ အသုံးပြု ပစ်ခတ်ခဲ့တာ မျိုး မရှိကြောင်း၊ ဘူးသီးတောင်မြို့နယ် အတွင်း က စံဂိုးတောင် အရှေ့ဘက် ကီလိုမီတာ ၇၀၀၀ အကွာ မှာရှိတဲ့ နယ်မြေ ရှင်းလင်းရေးတပ်တွေကို လက်နက်ကြီး ပစ်ကူပေး ခဲ့တာဖြစ်တယ်" ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဖြေဆို ထားသည်ကို တွေ့ရ သည်။

RFA သတင်းပါ ကီလိုမီတာ ၇၀၀၀ အကွာအဝေးရှိသည်ဟု ဖော်ပြခြင်းအပေါ်မှာလည်း မေးခွန်း ထုတ်စ ရာဖြစ်နေသည်ဟု သတင်းသုံးသပ်သူများက ပြောဆိုသည်။

Myanmar Now သတင်းဌာန၏ ဧပြီလ ၂၉ ရက် ဖော်ပြထား သည့် " AA နှင့်တိုက်ပွဲတွင် အတွလိုက်ဒုံး များအသုံးပြုကြောင်း တပ်မ တော်ပြောကြား"သတင်းတွင် " ကျွန်တော်တို့ သုံးတယ်လို့ ပြောလို့ရပါ တယ်။ သုံးပါတယ်။ Multiple Rocket Launcher System ( MRLS) သုံးတဲ့ဟာ ရှိပါတယ်။သောကြာနေ့လား။ စနေနေ့လား။ တစ်ရက်ရက် သုံးပါတယ်" ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ် မှူးချုပ်ဇော်မင်းထွန်းက ဖြေဆိုထားသည်ကို တွေ့ရသည်။

အဆိုပါအတွဲလိုက်ဒုံးအသုံးပြုတိုက်ခိုက်မှုဖြစ်စဉ်အား RFA မြန်မာပိုင်းသို့ အသုံးမပြုဟု ဖြေဆိုထားသည့် ဗိုလ်မှူးကြီးဝင်းဇော်ဦးမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်း၏ ပြောရေးဆိုခွင့်ရှိသူဖြစ်ပြီး Myanmar Now သတင်းဌာနသို့ အတွဲလိုက်ဒုံးများအသုံးပြုကြောင်း ဖြေဆိုထားသည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူးဖြစ်သည်။

"မနက်အစောကြီး မိုးခြိမ်းသံလိုအသံအကျယ်ကြီးကြားလိုက်ရပါတယ်။ ကလေးတွေတောင် လန့်နိုးလာပါ တယ်။ ဘာတွေဖြစ်လာမလဲတော့ မသိတော့ပါဘူး။ အရင်ထက်ပိုပြီး စိုးရိမ် ထိတ်လန့် နေရပါတယ်" ဟု ဘူးသီးတောင်မြို့နယ် ဖုံညိုလိပ်ကျေးနေ ကလေးနှစ်ယောက် မိခင် မချိုချိုအေးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဘူးသီးတောင်-မောင်တောကား လမ်းဘေးရှိ ဘူးသီး တောင် အခြေ စိုက် ဗျူဟာမှ ဧပြီလ ၂၇ ရက် နေ့ နံနက်၄ နာရီ ၁၀ မိနစ်အချိန်မှ စတင်ကာ နံနက် ၅ နာရီကျော် အချိန်ထိ ရှိ/ မရှိ အတွဲလိုက်ဒုံးလက်နက်များဖြင့်ပစ်ခတ်နေကြောင်း ဘူးသီးတောင်ဒေသခံပြည်သူများ၏ လူမှုကွန် ရက် စာမျက်နှာများတွင် ဗွီဒီယိုဖိုဒ်များဖြင့် လွှင့်တင်ဖော်ပြခဲ့ကြသည်။

( ဧပြီလ ၂၇ ရက်နေ့ နံနက်က ပစ်ခတ်ခဲ့ပုံကို ဘူးသီးတောင်ဒေသခံပြည်သူများမှ လူမှုကွန်ရက်စာမျက်နှာ များတွင် ယခုလို ဗွီဒီယိုဖိုင်များကို လွှင့်တင်ခဲ့ကြသည်။)

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */