" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, April 29, 2019

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုသာဖြစ်နိုင်ဟု ဒဏ်ရာရလူငယ်ပြော

နိရဉ္စရာ
ထွန်းလင်းနိုင်
နိရဉ္စရာ၊ ဧပြီ ၂၈/၂၀၁၉

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ ခရုချောင်းကျေးရွာတွင် ယနေ့ နံနက် ၉ နာရီခန့် လူငယ်တစ်ဦး သေ ဆုံးပြီး တစ်ခြားကလေးငယ်နှစ်ဦး ဒဏ်ရာ ရရှိသွားခြင်းမှာ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုသာ ဖြစ်နိုင် သည်ဟု ဒဏ်ရာရ လူငယ်က အတည် ပြုပြောကြားသည်။
"အကိုက အပေါ့သွားမယ်ဆိုပြီး ထသွားပါတယ်။ ခဏနေတော့ ဝုန်းကနဲ အသံကြားပြီး ကျွန်တော်လည်း ဘာမှ မသိလိုက်တော့ပါဘူး။ ကျွန်တော်တို့ ဗုံးသီးကိုယူပြီး ဆော့လို့ပေါက်ကွဲတာ မဟုတ်ပါဘူး" ဟု စစ်တွေပြည်သူ့ ဆေးရုံကြီးတွင် ကုသမှုခံယူနေသည့် ဒဏ်ရာရလူငယ် မောင်အောင်မျိုးဝင်း က နိရဉ္စရာ သတင်းဌာနသို့ ပြော သည်။

အဆိုပါလက်နက်ကျပေါက်ကွဲမှုကြောင်း အသက် (၁၅) နှစ်အရွယ် ၈ တန်းကျောင်းသား အောင်မျိုးလှိုင် သေ ဆုံးခဲ့ပြီး ညီဖြစ်သူ အောင်မျိုးဝင်း (၁၃) နှစ်နှင့် (၄) နှစ်အရွယ် မိန်းခလေး မသိန်းမေဦးတို့ ဒဏ်ရာ ရရှိခဲ့သည်။

"ပေါက်ကွဲသံကြားလို့ ကျွန်တော်တို့လာကြည့်တော့ ကလေးတွေက တွန့်လိမ်နေပါပြီ။ သူတို့ ဗုံးကို ဆော့က စားလို့ မဟုတ်ပါဘူး" ဟု မသိန်းမေဦး ဖခင်က နိရဉ္စရာသို့ ပြောသည်။

ပေါက်ကွဲမှုမှာမိုင်းလား၊ ဗုံးလား၊ လက်နက်ကြီးကျည်လားဆိုသည်ကို သာမန်အရပ်သားဖြစ်၍ မသိရှိနိုင်ကြောင်း လည်း သိန်းမေဦး၏ မိခင်ဖြစ်သူကလည်း ပြောဆိုသည်။

ထိုဒဏ်ရာရကလေးနှစ်ဦးအား စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူနေကြသည်။

ဒဏ်ရာရသူ ကလေးငယ်နှစ်ဦးအား ရသေ့တောင်မြို့နယ်ဆေးရုံမှ စစ်တွေဆေးရုံသို့ ယူဆောင်လာစဉ် ခရီးစဉ်နှင့်အတူပါလာသူ ရသေ့တောင်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက “ ၁၅ နှစ် အောင်မျိုးဝင်းက ပေါက်ကွဲပြီး လွှင့်စင်ကျပြီး အဲဒီနေရာမှာဘဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ နောက် ၁၃ နှစ်အရွယ် ယော င်္ကျားလေးနဲ့ ၄ နှစ် သမီးလေးက သူတို့ ဗုံးလို့ ပြောမလား။ အဲဒီက ကျည်ဆံ အစအန တွေ ထိခိုက်တာတွေ ရှိပါတယ်။ အဲဒီအတွက် ၁၃ နှစ် ကလေးကတော့ ခြေထောက်ကို မြောက်ထားရပြီး သွေးတွေထွက်နေတယ်။ နာတယ်။ နောက် ၄ နှစ်သမီးလေးကလည်း ကျောကုန်းကနေ ရှပ်ပြီး ဗိုက်ကနေ ထွက်သွားတဲ့ ဒဏ်ရာ တစ်ချက် ရှိတဲ့ အတွက်နာနေတယ်။ အဲဒီအတွက်ကြောင့် ရသေ့တောင်ဆေးရုံကို တင်ပြီးမှ စစ်တွေဆေးရုံကို ဒီကနေ့ ချက်ချက်း ယူဆောင်လာခဲ့တာ ဖြစ်ပါတယ်” ဟု နိရဉ္စရာသို့ ပြောကြား သည်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော်(AA)နှင့်မြန်မာ့တပ်မတော်တို့ကြားဖြစ်ပွား နေသည့် တိုက်ပွဲအတွင်း လက်နက်ကြီးကျရောက်မှု၊ သေနတ်ကျည်ထိမှန်မှုများကြောင်း ဒေသခံပြည်သူများ သေဆုံး ဒဏ်ရာ ရရှိမှု များ အများအပြားရှိနေသည်။

(ဓါတ်ပုံ-ဧပြီလ ၂၈ ရက် ယနေ့နံနက်က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြင့် ဒဏ်ရာရရှိခဲ့သူနှစ်ဦးအား စစ်တွေပြည်သူ့ဆေးရုံကြီးတွင်တွေ့ရစဉ်/ သိန်းဇော်)
Ref: FB

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */