ဗွီအိုအေ (မြန်မာဌာန)
10 November 2012
ပြီးခဲ့တဲ့ ဇွန်လကစလို့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ခိုင်ပြည်နယ်ထဲက ပဋိပက္ခနေရာတွေကို သွားရောက်ပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီတွေ လွတ်လွတ် လပ် လပ် သွားရောက် ကူညီခွင့် ပြုဖို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ တူရကီ၊ သြစတြေးလျ၊ ဆော် ဒီအာရေဗျ နဲ့ အီဂျစ် သံရုံးတွေက ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် မြန်မာအစိုးရကို တောင်းဆို လိုက်ပါ တယ်။


















