" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, November 8, 2012

ရခိုင်အရေးမှာ နိုင်ငံတော်မူဝါဒ ပြတ်သားစွာ ချမှတ်ရန်လို

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
11.08.2012
၂၀၁၂ ခုနှစ် ဇွန်လအတွင်း ရခိုင်ပြည်နယ် ၌ ဖြစ် ပွားသော အကြမ်းဖက်မှုကြောင့် အိုးအိမ် စွန့်ခွာ ထွက်ပြေးပြီး ဗုဒ္ဓဘာသာ ဘုန်းတော် ကြီး ကျောင်းနှင့် ဓမ္မာရုံတွင် ခိုလှုံနေကြသော ဒုက္ခသည်များ
2012-11-08.
 
၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအပါအဝင် ရခိုင်ပြည်နယ် အရေးကိစ္စကို အစိုးရက ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတာလူထုကို ရှင်းရှင်းလင်းလင်း အသိပေးသင့်တယ်လို့ ကြေငြာချက်မှာ တိုက်တွန်း လိုက်ပါ တယ်။
ဒါ့အပြင် “ပြည်ထောင်စုဘွား ဌာနေတိုင်းရင်းသား” ရခိုင်လူမျိုးတွေရဲ့ စိုးရိမ်ပူပန် ကြောင့်ကြမူတွေကိုပါ အသိအမှတ် ပြုရမှာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ဥပဒေ ချိုးဖေါက်သူ လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို မှန်မှန်ကန်ကန် စစ်ဆေး အရေးယူတာတွေ ပြုလုပ် သလို အဲဒီလို လုပ်ဆောင်ချက်တွေကိုလည်း ပြည်သူကို ပွင့်လင်း မြင်သာစွာ အသိပေးသင့်တယ်လို့ တိုက် တွန်းလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင် ငံနှစ်ခုလုံးမှာ တာဝန်ရှိပြီး ဥပဒေနဲ့ အညီတာဝန်ခံမူရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။ နယ်စပ်ဖြတ် ကျာ်မူတွေ ကို နှစ်နိုင်ငံလုံးက စနစ်တကျ လုံလုံခြုံခြုံ ကာကွယ်ဘို့ အထူးလိုအပ်တယ် လို့လည်း တိုက် တွန်း ထား ပါ တယ်။

နိုဝင်ဘာ၅ရက်နေ့က ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ အမတ် ဦးဂျေရောယူကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်း ထားပါ တယ်။

၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိမရှိ စိစစ်ရေးဆောင်ရွက်နေတဲ့အခြေအနေတွေကို စစ် ဆေး ရေး အဖွဲ့မှာ ပါဝင်တဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ RNDP ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် လွှတ် တော်ကိုယ်စားလှယ် ဦးတက်ထွန်းအောင်ကို ဒေါ်ခင်ခင်အိက ဆက်သွယ်မေးမြန်းထားတာ နား ဆင်နိုင်ပါ တယ်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */