ဗွီအိုအေ (မြန်မာဌာန)
10 November 2012
ပြီးခဲ့တဲ့ ဇွန်လကစလို့ အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ခိုင်ပြည်နယ်ထဲက ပဋိပက္ခနေရာတွေကို သွားရောက်ပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေသူတွေထံကို လူသားချင်း စာနာမှု အကူအညီတွေ လွတ်လွတ် လပ် လပ် သွားရောက် ကူညီခွင့် ပြုဖို့ အမေရိကန်၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဂျပန်၊ တူရကီ၊ သြစတြေးလျ၊ ဆော် ဒီအာရေဗျ နဲ့ အီဂျစ် သံရုံးတွေက ဒီကနေ့ ပူးတွဲ ကြေညာချက် ထုတ်ပြန် မြန်မာအစိုးရကို တောင်းဆို လိုက်ပါ တယ်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေ အတွင်း လူတွေ အများအပြား သေဆုံးပြီး အပြစ်မဲ့ပြည်သူ သောင်းနဲ့ချီ အတိ ဒုက္ခရောက်ခဲ့ရတာမှာ ဒုက္ခရောက်နေသူတွေကို သူတို့ဘက်က လူသားချင်း စာနာတဲ့ အကူအညီတွေ ပေး ဖို့ အဆင်သင့်ရှိနေတဲ့ အကြောင်းနဲ့ ဒီ အကူအညီတွေ ပေးနိုင်ဖို့ မြန်မာအစိုးရဘက်က ခွင့်ပြုပေးဖို့ တောင်း ဆို လိုက်တာ ဖြစ်ပါတယ်။
အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ခဲ့တဲ့ နေရာတွေကို အမေရိကန်၊ အင်္ဂလန်နဲ့ သြစတြေးလျ သံရုံးတွေက သံအ ရာ ရှိတွေ သွားရောက် လေ့လာမှုတွေ လုပ်ခဲ့ပြီးတဲ့နောက် ခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အ စောပိုင်းကတော့ သူတို့ရဲ့ လေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်း လင်းပွဲတရပ် ပြုလုပ်မယ့် အကြောင်း ပြောဆိုခဲ့ပေမဲ့ မဖြစ်ခဲ့ပါဘူး။ ရခိုင်ဒေသ ပဋိပက္ခတွေနဲ့ပတ်သက်လို့ စုံစမ်း စစ်ဆေးရေး လုပ်ငန်း တွေကို ပွင့်လင်း မြင်သာမှု ရှိရှိနဲ့ ကိုင်တွယ် ဖြေရှင်းနိုင်အောင် အထူး စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ကို လုပ်ပိုင်ခွင့်တွေ ပေးဖို့ ဒီ သံရုံး ၉ ရုံးက ထုတ်ပြန်တဲ့ ပူးတွဲ ကြေညာချက်မှာ တိုက်တွန်း ထားပါတယ်။

No comments:
Post a Comment