Saturday, November 10, 2012

နိုင်ငံသား စိစစ်ရေး ပြဿနာ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း နှင့် ရခိုင်ဝန်ကြီး ပေါက်တော လာရောက် ဖြေရှင်း

Narinjara
Saturday, November 10, 2012
 ထွန်းထွန်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှ မွတ်ဆလင် ကျေးရွာ ၅ရွာမှ ကျေးရွာသားများကို နိုင်ငံသား ဟုတ်မဟုတ် စိစစ် နေရာ ရှုပ်ထွေမှုများပေါ်ပေါက်နေသောကြောင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် ရခိုင် ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်တို့ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့က ပေါက်တောမြို့ နယ်သို့ လာရောက် ဖြေရှင်း ပေးခဲ့သည် ဟုသတင်းရရှိသည်။
ပေါက်တောမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးတက်ထွန်းအောင်က ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းနှင့် အဖွဲ့ ပေါက်တောမြို့နယ် ဆင်တက်မော်ရွာသို့ ရောက်ရှိလာကြောင်းကို ယခုလို ပြောကြားသည်။ “ နိုင်ငံသား ဖြစ်ရေးအတွက် နိုင်ငံသားကဒ်တွေကို စိစစ်နေတဲ့ နေရာမှာ အရင်က ထုတ်ပေးထားတဲ့ ယာယီ ကဒ်ပြားမှာ လူမျိုး ဘင်္ဂလီ လို့ရေးသားထားတာကို ခုရိုဟင်ဂျာနာမည် ရေးမှ လက်မှတ်ထိုးမယ် ဆိုပြီးတောင်း ဆိုနေ ကြတဲ့အတွက် တော်တော် ရှုပ်ထွေးနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာကို ကိုင်တွယ်ဖို့ မနေ့က ပေါက် တောမြို့နယ် ဆင်တက်မော်ကို ဗိုလ်ချုပ်ကြီး လှမင်းနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင် တင်တို့ အဖွဲ့ ရောက်လာပါတယ်။ သူတို့က ဘယ်ပုံ ဘယ်နည်းနဲ့ ညွှန်ကြားသွားမယ် ဆိုတာ မသိသေးဘူး” ဟုပြောသည်။

ပေါက်တောမြို့နယ်ရှိ မွတ်ဆလင် ကျေးရွာ ၅ ရွာကို အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး ကျေးရွာများတွင် စခန်းချကာ လူဦးရေ စာရင်း နှင့် နိုင်ငံသား ကဒ်ပြားများကို စစ်ဆေးနေသည်ဟု သိရသည်။ ထိုသို့ စစ်ဆေးနေစဉ် ဘင်္ဂလီ လူမျိုး ဟု ရေးသားထားသဖြင့် လက်မှတ်ထိုးရန် ငြင်းဆန် နေကြခြင်း ဖြစ်ကြောင်း သူက ပြောသည်။

“ဘင်္ဂလီတွေဘက်က လက်မှတ်ထိုးဖို့ ငြင်းဆန်တဲ့ ကိစ္စကဒီလိုပါ။ ဝန်ကြီးချုပ် ဦးနုခေတ်က ကျွန်တော်တို့ကို ရိုဟင်ဂျာ အမည်နဲ့ အသိအမှတ်ပြုခဲ့တယ်။ ပြီးရင်မြန်မာ့ အသံလွှင့်ဌာနကလည်း ထုတ်လွှင့်ခွင့် ပြုခဲ့တယ်။ အဲဒီအထောက် အထားနဲ့ ငြင်းဆန်းနေတာကို တွေ့ရပါတယ်” ဟုဆိုသည်။

၎င်းပြင်သူက “ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်ကတောင်မှ ရိုဟင်ဂျာလူမျိုးဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူး လို့ အတိအလင်း တရားဝင်ထုတ်ပြန် ပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့က ဒီဟာကြီးကို မရမက တောင်း ဆိုနေတယ်။ ဒါကြောင့် နိုင်ငံသား စိစစ်ရေးမှာ အခက်အခဲ ဖြစ်နေတာ ဖြစ်ပါတယ် ” ဟုပြောသည်။

ပြည်ပမှ သွေးထိုးကြိုးကိုင်သည့် အဖွဲ့အစည်းများ ရှိသည့်အတွက် သူတို့ လူမျိုးအတွင်းမှာ တနေ့ တမျိုးတနေ့ တမျိုး ပြောင်းလဲမှုများတွေ တွေ့ရကြောင်း ဦးတက်ထွန်းအောင်က ပြောသည်။

နိုဝင်ဘာ ၉ရက်နေ့ မှ စတင်ပြီး ဘင်္ဂလီလူမျိုးများအား နိုင်ငံသားဖြစ်ရေးနှင့် မဖြစ်ရေးကို စစ်ဆေးနေရာ လက် မှတ်ရေးထိုးရန် ငြင်းဆန်နေသဖြင့် အချိန်နှင့် တပြေးညီ လုပ်ငန်းများကို မလုပ်ဆောင်နိုင် ဘဲ ဖြစ်နေ သည်ဟု သတင်း ရရှိသည်။

ယခုစစ်ဆေးနေသည့် ကျေးရွာများမှာ ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံး တန် (ငဝက်ချောင်း)၊ ပြိုင်းတောင်တို့ ဖြစ်ကြသည်။

အဖွဲ့ ၁၅ဖွဲ့ခွဲပြီး စစ်ဆေးရာတွင် တဖွဲ့ တစ်ခုတွင် အဖွဲ့ဝင် ၁၅ဦးပါပြီး ထိုအထဲတွင် ရခိုင်မှတဦးနှင့် မွတ်ဆလင် များ ဘက်မှ တစ်ဦးစီ ပါဝင်သည်ဟု သိရသည်။

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */