Saturday, November 10, 2012

ရခိုင် လူနေမှု စိစစ်ရေး အခက်အခဲ

B B C
ဘီဘီစီ မြန်မာပိုင်း
10 နိုဝင်ဘာလ 2012

 ရခိုင် ပြည်နယ်မှာ တရားမဝင် ဝင်နေသူတွေကို ခွဲခြား ဖို့ စိစစ် စုံစမ်းရာမှာ ပြဿနာ နဲ့ အဆင်မပြေမှုတွေ ရှိ တယ်လို့ သိရပါတယ်။

ဦးနုခေတ်က ထုတ်ပေးခဲ့တဲ့ ဒေသခံ မွတ်ဆလင် တွေရဲ့ မှတ်ပုံတင်မှာ ရခိုင် မြန်မာ မဟာမေဒင်လို့ ရေးထား တာကို သူတို့ သားမြေးတွေ လက်ထက် နိုင်ငံသား စိစစ်ရေး ကတ်အသစ်တွေ ထုတ်ပေးမှ ဘင်္ဂါလီမွတ်ဆလင် လို့ ပြင်ခံနေရတယ်လို့ သံတွဲက မွတ်ဆလင် တယောက်က ပြောပါတယ်။ ပေါက်တော ဘက်က မွတ်ဆလင် တချို့ ကလဲ သူတို့ကို ရိုဟင်ဂျာလို့ မသတ်မှတ် မခေါ်ဝေါ်ရင် လာတွေ့ဖို့ ၊ အိမ်ထောင်စု စာရင်းမှာ လက်မှတ်ထိုးဖို့ ငြင်းဆန် တာတွေ ရှိတယ်လို့ RNDP ပါတီ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသက်ထွန်းအောင်က ပြောပါတယ်။

လူဝင်မှု ကြီးကြပ်ရေး၊ နယ်စပ်ဒေသ လုံခြုံရေး၊ မွတ်ဆလင်နဲ့ ရခိုင် ရပ်ရွာ လူကြီးတွေနဲ့ ပါတီကိုယ်စားလှယ် တွ လိုက်ပါ စစ်ဆေး နေကြတယ်လို့ သိရပါတယ်။
 
လင့်၊ 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */