" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, October 21, 2019

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှာ လူမျိုးနွယ် ၈၀၀ ကျော် ဖြစ်သွားရခြင်းကို လဝကဌာန ဘယ်လိုဖြေရှင်းမလဲ

The Voice Journal
20-Oct-2016

ကမ္ဘာပေါ်တွင် လူဦးရေသန်းပေါင်း ၇ဝဝဝ ကျော်၊ လူမျိုးနွယ် ပေါင်း ၅ဝဝဝ ကျော် ရှိနေသည်ကို စာပေနှင့် မကင်းကွာသူ အတော်များများ သိကြပြီးဖြစ် သည်။ အရှေ့တောင်အာရှအဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံတွင် ပင် လူဦးရေသန်းပေါင်း ၂ဝဝ ကျော်ရှိပြီး လူမျိုးနွယ်ပေါင်း ၂၅ဝ ကျော် ရှိလေသည်။ သို့သော် ၂ဝ၁၄ ခုနှစ် သန်းခေါင် စာရင်း မှတ်တမ်း အရ နေပြည်တော် သတင်း ရပ်ကွက် မှ မြန်မာနိုင်ငံတွင် လူမျိုးနွယ် aပါင်း ၈၃ဝ ကျော် ဖြစ်သွားခြင်းသည် ယခင်က သူပြော ငါပြော လူပြော များနေသည့် တိုင်းရင်းသား ၁၃၅ မျိုးကို ကမ္ဘာသိ ချေဖျက်လိုက်ခြင်း ပင် ဖြစ်သည်။ ထိုကဲ့သို့ လူမျိုးနွယ်စာရင်း၈၃ဝ ကျော် ဖြစ်နေခြင်းသည် ယုတ္တိ မရှိခြင်း၊ အဓိပ္ပာယ် မဲ့နေခြင်း အမှားအယွင်း တစ်ခုခုရှိနေ ကြောင်း ကမ္ဘာကြီးကို ဖော်ပြလိုက်ခြင်းပင် ဖြစ်သည်။ ထို့သို့ဖြစ်ခဲ့ရခြင်း ၏ အဓိက အကြောင်းအရင်းမှာ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဌာနကြောင့်ပင် ဖြစ်သည်။

သန်းခေါင်စာရင်း သွားလုပ်တိုင်း၊ မှတ်ပုံတင် သွားလုပ်တိုင်း “အထက် အမိန့်၊ အထက်အမိန့်”ဟူသော စကားကို လှိုင်လှိုင်ကြီး တွင်တွင်ကျယ်ကျယ်ကြီးသုံးကာ လူမျိုး အမည် နေရာများတွင် ပလပ်စ် (Plus) ခံကာ မိမိတို့သ ဘော ဖြင့် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အင်္ဂလိပ်၊ ကျိုလီယာ၊ ပထန်၊ စူရတီ . . . စသည်တို့ကို အဓမ္မ ဖြည့်လာခဲ့သည်မှာလည်း နှစ်ပေါင်း ၂ဝ ကျော်ခဲ့လေပြီ။ ထိုသို့ ငါတကောကောပြီး ထင်ရာစိုင်းလာ ခဲ့ခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးရလဒ်မှာ မလိုအပ်ဘဲ လူမျိုးနွယ်များ ဖောင်းပွပြီး ကမ္ဘာ့အံ့ဖွယ် စာရင်းတွင် ထည့်သွင်းရမလို ဖြစ်နေပေ သည်။

မြန်မာနိုင်ငံတွင် လူဝင်မှုကြီးကြပ်ရေး (လဝက) အပါအဝင် ပါတီအချို့၊ လွှတ်တော်အမတ်ဟောင်း အချို့နှင့် နဝတ၊ နအဖနှင့် ဦးသိန်းစိန် အစိုးရတို့ ပြောဆိုနေကြသော တိုင်းရင်းသား ၁၃၅ မျိုးဆိုသည်ကို ယခုလို မီဒီယာ လွတ်လပ်ခွင့် အချိန်တွင် သက်ဆိုင်ရာ ချင်း၊ ကချင်၊ ရှမ်း စသော လူမျိုးနွယ်စုများတွင် ပါဝင်ကြ သော သမိုင်း သုတေသီများ၊ ခေါင်းဆောင်များက ဆန်းစစ် ထောက်ပြခဲ့သည်မှာ (၁) အချို့ လူမျိုးစု နာမည် များမှာ ထပ်နေကြ သည်၊ (၂) အချို့ လူမျိုးနွယ်စု စာရင်းထဲ ရှိလျက်နှင့် မပါဝင်ကြ၊ (၃) အချို့ လူမျိုးစုများမှာ လုံးဝ မရှိတော့ပေ၊ (၄) အချို့ လူမျိုးနွယ်စုမှာ သုံးဦးလောက်မျှသာ ကျန်တော့သည် ဟူ၍ ဖြစ်သည်။

ထို့ကြောင့် မြန်မာလူဝင်မှု ကြီးကြပ်ရေး (လဝက) က အဓိက စံထား ပြောဆိုနေသော တိုင်းရင်းသား ၁၃၅ မျိုး စာရင်းသည် ဥပဒေ ရှုထောင့်အရ သေသေချာချာ ဆန်းစစ် လေ့လာကြည့်လျှင် (၁) အမိန့် ကြေညာစာ (၂) ညွှန်ကြားချက် (၃) ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်စသည်တို့ အလျှင်း မဟုတ်ပေ။

“ညွှန်ကြားချက်”သည် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်လည်း မဟုတ်သလို ဥပဒေပြဋ္ဌာန်းချက် တစ်စုံတစ်ခုလည်း မဟုတ်သောကြောင့် ဥပဒေကဲ့သို့ ပြည်သူလူထုက လိုက်နာရန် မလိုပေ။ “ဥပဒေ ပြဋ္ဌာန်းချက် များနှင့် ဥပ ဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ပြင်ဆင် ပယ်ဖျက်လိုပါက ပြည်သူ့လွှတ်တော်ကသာ ဆုံးဖြတ်နိုင်ပါသည်။ ဆောင်ရွက်ခွင့် အာဏာရှိပါသည်။ နိုင်ငံတော်သမ္မတမှ ဥပဒေအမိန့် တစ်ရပ် အနေနှင့် ထုတ်ပြန် ကြေ ညာရပါမည်။

၁၉၇၃ ခုနှစ်တွင် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးသို့ မြန်မာနိုင်ငံ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာနမှ တ ရားဝင် ပေးပို့ထားသော တိုင်းရင်းသား ၁၄၄ မျိုးစာရင်းကို ယနေ့အချိန်အထိ ပြင်ဆင် ပယ်ဖျက်ကြောင်း၊ အ မိန့် တစ်စုံတစ်ခုဖြင့် ဖျက်သိမ်းကြောင်း အလျှင်းမရှိသေး၍ ပြည်ထောင်စု တိုင်းရင်းသား ၁၄၄ မျိုးစာရင်း သည် လက်ရှိအ ချိန်အထိ အတည်ဖြစ်နေကြောင်း သိသာထင်ရှား လှပါသည်။

ဥပဒေသည် နည်းဥပဒေကို လွှမ်းမိုးသည်။ နည်းဥပဒေသည် ညွှန်ကြားချက်တို့ကို လွှမ်းမိုးသည်။ ထို့ကြောင့်ဥပဒေ သည် နည်းဥပဒေ၊ ညွှန်ကြားချက်တို့ကို လွှမ်းမိုးပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးဟူ၍ လူပြော များလာရခြင်း၏ အဓိက အကြောင်းရင်းမှာ နိုင်ငံ တော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) စစ်အစိုးရခေတ်တွင် ၂၆.၉.၁၉၉ဝ နေ့ထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာကြောင့် ဖြစ်ပါသည်။ ထိုနိုင်ငံပိုင် သတင်းစာတွင် ဆောင်းပါးရှင် “မြန်ပြည်သား”က “ပြည် ထောင်စု တိုင်းရင်းသား ၁၃၅ မျိုး နေထိုင်ရာ တို့ပြည်ထောင်စု မြန်မာနိုင်ငံ အကြောင်း”ဟူ၍ ရေးသား ခဲ့ပါ သည်။ ထိုဆောင်းပါးရှင်၏ အာဘော်ကို မှီငြမ်းရာမှ တိုင်းရင်းသား ၁၃၅ မျိုးဟူ၍ ဖြစ်လာကြောင်း စာရေးသူ လေ့လာမိပါသည်။

“မြန်မာနိုင်ငံသားဥပဒေ”( Burma Citizenship Law) ကို ၁၉၈၂ ခုနှစ်တွင် စတင် ရေးဆွဲပြီး ၁၉၈၃ ခုနှစ်တွင် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပါသည်။ ထိုဥပဒေကို ရေးဆွဲ ပြဋ္ဌာန်းရန် ကြိုးစားခဲ့သော မြန်မာ့ ဆိုရှယ်လစ် လမ်း စဉ်ပါတီ (မဆလ) အစိုးရသည် ၈.၈.၈၈ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကြောင့် ပြုတ်ကျခဲ့ပြီး အ ကောင်အထည် မဖော်လိုက်နိုင်ခဲ့ပေ။

၁၉၈၈ ခု စက်တင်ဘာလ ၁၈ ရက်နေ့တွင် အာဏာ သိမ်းယူခဲ့သော “နဝတ” စစ်အစိုးရအဖွဲ့သည် “၁၉၈၂ မြန်မာ နိုင်ငံသားဥပဒေ”ကို အကောင်အထည် ဖော်သောအားဖြင့် ၁၉၈၉ ခုနှစ်တွင် နိုင်ငံသားဖြစ်သူများကို ထိုဥပဒေအရ စိစစ်ပြီး နိုင်ငံသား စိစစ်ရေး ပန်းရောင်ကတ်ကို စတင် ထုတ်ပေးခဲ့ပါသည်။ ထိုဥပဒေအရပင် (၁) နိုင်ငံသား စိစစ်ရေး (ပန်းရောင်) ကတ်၊ (၂) နိုင်ငံသားပြုကတ်၊ (၃) ဧည့်နိုင်ငံသားကတ် ဟူ၍ မှတ်ပုံတင် ကတ် သုံးမျိုး ထုတ်ပေးခဲ့ပါသည်။

သို့သော် တကယ့် လက်တွေ့တွင် ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေအရလည်း အကောင်အထည်ဖော် လက်ခံဆောင်ရွက် စိစစ်ကာ မှတ်ပုံတင် ထုတ်ပေးခြင်း မရှိဘဲ မြန်မာ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဌာန သည် (၁) ငွေရေးကြေးရေး တတ်စွမ်း၍ လာဘ်ပေးလာဘ်ယူ ပြုနိုင်သူများ၊ (၂) အာဏာ၊ ပါဝါ (Power) ရှိသူများကို သာ နိုင်ငံသား စိစစ်ရေးကတ် မှတ်ပုံတင် ထုတ်ပေးနေကြောင်း တွေ့ရှိရပေသည်။ ဥပမာ စာရေးသူ၏ တ ပည့်လေးဖြစ်သူသည် သင်္ဃန်းကျွန်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေး (လဝက) ၌ ၂ဝဝ၈ ခုနှစ်တွင် အသက် ၁ဝ နှစ်ပြည့် နိုင်ငံ သား စိစစ်ရေးကတ်ကို လျှောက်ထားခဲ့ပါသည်။ မိဘ နှစ်ပါးစလုံးသည် နိုင်ငံသား စိစစ်ရေး ကတ် (ပန်းရောင်) ကို ရရှိထားသူများ ဖြစ်ကြပြီး ဖခင်ဖြစ်သူသည် အစိုးရဝန်ထမ်း တစ်ဦးဖြစ်ကာ ၂ဝဝဝ ပြည့်နှစ်တွင် ကွယ်လွန်ခဲ့ပ သည်။ သို့သော် ယခုအချိန်ထိ နိုင်ငံသား ဖြစ်၊ မဖြစ် စိစစ်နေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံသား စိစစ်ရေးကတ် မရသေးပါ။

အောက်တိုဘာလ ၄ ရက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေး မောင်က “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၆/၇ အရ (လဝကအခေါ်) သွေးနှောများ၏ နိုင်ငံသားကတ် လျှောက်ထားမှုများကို မြို့နယ်ရုံးများတွင် လုပ်ပိုင်ခွင့် ပေးထားခြင်း မရှိဘဲ သက်ဆိုင်ရာ တိုင်းဒေသကြီး “လဝက” ဦးစီးမှူးရုံးများကသာ စိစစ်ခွင့်ပြုပြီး ဥပဒေနှင့် ညီညွတ်ပါက ထုတ်ပေးလျက် ရှိကြောင်း” ပြောဆိုခဲ့သော်လည်း တကယ့် လက်တွေ့တွင် နှောင့်နှေး ကြန့်ကြာနေခြင်းများ ဘာကြောင့် ယခုလို ဖြစ်နေရသည်ကို လဝက တိုင်ကြားစာဌာန သီးသန့် ဖွင့်လှစ်ကာ ကျူးလွန်သူ “လဝက” ဝန်ထမ်း များအား စုံစမ်းဖော်ထုတ်ခြင်းအပြစ် ပေး အရေးယူခြင်းများကို ပွင့်လင်း မြင်သာစွာ ပြုလုပ်သင့်ပါကြောင်း အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည် သူ့အင်အားဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေအား စာရေးသူ အကြံပြုလိုပါသည်။ ထို့အပြင် ဝန်ကြီး မင်း မတိုင်ခင် ၂ဝ၁၄ ခုနှစ် ကောက်ခံခဲ့သော သန်းခေါင် စာရင်း မှတ်တမ်းများအရ မြန်မာနိုင်ငံတွင်နိုင်င သား စိစစ်ရေးကတ် ကိုင်ဆောင်သူ ၂၈,၃၉၇,၅၁၉ ဦး၊ နိုင်ငံ သား ပြုခွင့်ရသူ ကတ်ကိုင်ဆောင်သူ ၃၇,၄၂၉ ဦး၊သုံး ခေါက်ချိုး (အစိမ်း) အမျိုးသား မှတ်ပုံတင်ကတ် ကိုင် ဆောင်သူ ၆၉၂,၂၈၈ ဦး၊ သာသနာဝင် ကတ်ကိုင်ဆောင် သူ ၂၄၇,၇၆၅ ဦး၊ ယာယီ သက်သေခံကတ် (ယခင် ပယ် ဖျက်ပြီး White Card) ကိုင်ဆောင်သူ ၁၈၁,၉၈၂ ဦးနှင့်မည်သည့်ကတ်မျှ မကိုင်ဆောင်သူ ၁၁,၂ဝ၇,၇၆၉ ဦးရှိသည်ကို လေ့လာကြည့်လျှင် ဝန်ကြီးမင်း၏ ဌာနသည် ၁၁ သန်းကျော်ကို မည်သည့် စိစစ်ရေးကတ်မျှ မပေး၍ မှတ်ပုံတင်မဲ့အောင် ပြုလုပ်ခြင်းသည် နိုင်ငံတကာအလယ် မြန်မာ “လဝက” ဌာန ပုံရိပ် ကျဆင်းနေကြောင်း သက်သေပြရာ ရောက်နေပါသည်။

ထို့အပြင် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မများဖြင့် နိုင်ငံသားကတ် ထုတ်ပေးရန် ဥပဒေအရ တာဝန် ရှိနေသည့် ဥပဒေများကို ပယ်ဖျက်ခြင်း၊ ထိုမူရင်း ဥပဒေတွင် မပါရှိသော နိုင်ငံသား ဖြစ်စေသည့် အချက် အ လက်များကို ဟန့်တား ငြိစွန်းစေသည့် အချက်အလက်များကို လူမျိုးနေရာများတွင် “လဝက” ဝန်ထမ်း များကအထက် ညွှန်ကြားချက် ဆိုသော စကားကို လက်ကိုင်ပြု၍ ပုဒ်မ ၁၈ ကို ကျူးလွန်နေခြင်း၊ နိုင်ငံသား မိဘနှစ် ပါးမှ မွေဖွား သော သားသမီးများကို ၁၉၈၂ ခု နိုင်ငံသား ဥပဒေအရ နိုင်ငံသား ပေးကို ပေးရမည် ဖြစ် ပါလျက် အချိန်ဆွဲ ဗျူ ဟာ ကျင့်သုံးနေခြင်း၊ ရေခြား၊ မြေခြား မိခင်ဖခင်ဘက် အဘိုးအဘွားများ အထိ အထောက်အထားများကို “လဝက”ရုံးများတွင် သွားယူစေခြင်းတို့သည် အချိန်ကုန်၊ ငွေကုန်၊ အလုပ် ပျက်၊ စိတ်ပျက်အောင် ပြုမူ လုပ်ဆောင်နေခြင်း ဖြစ်ပါသည်။ NLD အစိုးရလက်ထက်တိုင် ပြုမူနေခြင်းတို့ကို နိုင် ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါအောင် ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော် အစိုးရ သိစေရန်၊ ထိုဝန်ကြီးဌာနအား လမ်းညွှန်နိုင်စေရန် အကြံပြုလိုက်ပါသည်။

ဂျက်ဖရီတင်အုန်း
(R.I.T ရန်ကုန်စက်မှုတက်ကသိုလ် )

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */