" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, December 4, 2023

မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း

ဧရာဝတီ
4 December 2023

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ဖွဲ့ဝင်များ

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ တပ်စခန်းအားလုံးအား ယနေ့ညနေ ပိုင်း တွင် သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်နေကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က သတင်းထုတ်ပြန်လိုက်သည်။
KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ် များက ဒီဇင်ဘာ ၂ ရက် ညပိုင်းမှစ၍ မုန်းမြို့ရှိ စစ်ကောင်စီ မြေမြန်တပ်ရင်း ခမရ-၅၉၀၊ ခမရ-၅၉၉၊ မြို့မရဲစခန်းနှင့် အုတ်ဖြတ်ကျေးရွာမှ မုန်းမြို့အဝင် သံတားစစ်ဆေးရေးဂိတ်တို့အား တပြိုင်နက်ထိုးစစ် ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုစခန်းသိမ်းတိုက်ပွဲများတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ တပ်ရင်းမှူး အဆင့် အပါအဝင် တပ်ဖွဲ့ဝင်အများအပြား လက်နက်ချ အညံ့ခံခဲ့ကြကြောင်းလည်း KNU က ဆိုထား သည်။

တိုက်ပွဲဖြစ်စဉ် အသေးစိတ်အချက်အလက်များနှင့် ပတ်သက်ပြီး ဆက်လက် သတင်းထုတ်ပြန်မည် ဖြစ် ကြောင်း KNU က ပြောသည်။

KNUနှင့် ပူးပေါင်းတပ်များက မုန်းမြို့ရှိတပ်စခန်းအားအားလုံးအားတပြိုင်နက်တိုက်ခိုက်ခဲ့သော်လည်း ၎င်းတို့ပစ်မှတ်မှာ မြို့ကိုသိမ်းပိုက်ရန် မဟုတ်ကြောင်း KNU ပြောခွင့်ရှိသူ ပဒိုစောကလယ်စေးက ဧရာ ဝတီကို ပြောထားသည်။

မုန်းမြို့နယ်သည် နေပြည်တော်သို့ ဆက်သွယ်ရေးလမ်းကြောင်းနှင့် KNU တပ်များထိန်းချုပ်ရာ ထိုင်း-မြန်မာနယ်စပ်အထိ ထိုးဖောက်ဝင်ရောက်နိုင်သော လမ်းကြောင်းပေါ်တွင်ရှိနေသည့်အတွက် မုန်းမြို့ရှိ တပ်စခန်းများအား သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင် တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းက “ ဒီတပ်စခန်းတွေကတော့ စစ်ရေးအရ တကယ့်ကိုအရေးပါတဲ့နေရာတခုလို့ ပြောလို့ရပါတယ်။ ဘာကြောင့် လဲဆိုရင် ဒီတပ်စခန်းတွေက နေပြည်တော်နဲ့လည်း နီးသလို နေပြည်တော်ရဲ့ လုံခြုံရေး လည်း သူတို့ သတ်မှတ်ကောင်း သတ်မှတ်နိုင်မယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ထိုင်းမြန်မာနယ်စပ်ဘက် ကိုလာတဲ့ ထိပ်ဝ တခုလည်းဖြစ်တယ်။ အဲ့ဒါကြောင့် စစ်ရေးအရ သူတို့အတွက်အရေးကြီးတယ်ဆိုတာ ပြောလို့ရပါတယ်” ဟု ပြောသည်။

ထိုသို့ မုန်းမြို့ရှိတပ်စခန်းများ တိုက်ခိုက်ခံရသည်မှာ မှန်ကန်ပြီး ရဲစခန်းအားလက်လွှတ်ခဲ့ရသော်လည်း တပ်စခန်းများအား ခြေလျင်၊ လေယာဉ်၊ အမြောက်ပစ်ကူများဖြင့် ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ယနေ့ ထုတ် မြန်မာ့အလင်းသတင်းစာတွင် စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထား သည်။



၎င်းက “ ရဲစခန်းမှာ လူအင်အားနည်းတဲ့အတွက်ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေနဲ့ လုံခြုံတဲ့ နေရာကို ပြောင်းရွှေ့ခဲ့ရတာရှိပါတယ်။ သံတံတားဂိတ်နဲ့ ကျောက်ကြီးဘက်အထွက်မှာရှိတဲ့ တပ်ရင်း နေ ရာတွေကို တပ်မတော်အနေနဲ့ အပြည့်အဝ ကာကွယ်မှုပေးခဲ့ပါတယ်” ဟု ဆိုသည်။

မုန်းမြို့သည် ဖြူးမြို့အရှေ့ဘက် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းတွင်ရှိပြီး KNU တပ်မဟာ-၃ နယ်မြေ ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်နယ်မြေအတွင်း တည်ရှိသည်။

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် ဖြူးမြို့နယ်အတွင်းရှိ အထိုင်ချ တပ်စွဲထားရာနေရာများမှ မုန်းမြို့ဘက်သို့ လက်နက်ကြီးပစ်ကူ အများအပြားလည်း ပြုလုပ်ခဲ့ သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအား မုန်းမြို့အနောက်ဘက် စစ်တောင်းမြစ်တဖက်ကမ်းရှိ ဖြူးမြို့နယ်အတွင်းကျေးရွာများမှအသံများကြားနေပြီးမုန်းမြို့နှင့်စစ်တောင်းမြစ်ကမ်းတလျောက်ကျေး ရွာ များမှ အရပ်သားများလည်း စစ်ဘေးတိမ်းရှောင်နေရကြောင်း မြေပြင်သတင်းရင်းမြစ်က ပြော သည်။

ထို့ပြင် မုန်းမြို့ရှိ တပ်ရင်းများအနေဖြင့် အရပ်သားနေထိုင်ရာကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်နေသည့်အတွက် ဒေသခံများ ထိခိုက်ဒဏ်ရာရသည့်ဖြစ်စဉ်များ ရှိနေ ကြောင်းလည်း KNU က သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်က မုန်းမြို့နယ်၊ ရေတွင်းကုန်ကျေးရွာသို့ စစ်ကောင်စီက လေကြောင်း တိုက် ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့သည့်အပြင် ခမရ-၅၉၉ တပ်ရင်းမှ ပစ်ခတ်သည့်လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် လက်ပန်တန်းကျေးရွာမှ ပြည်သူနှစ်ဦး ဒဏ် ရာရခဲ့ကြောင်းလည်း KNU ထုတ်ပြန်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်အဖွဲ့က “၁၀၂၇ စစ်ဆင်ရေး”အနေဖြင့် တိုက်ပွဲများဖော် ဆောင်ကာ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလျက်ရှိရာ ပဲခူးတိုင်းအတွင်း မြို့တမြို့ရှိ တပ်စခန်းအားလုံးတိုက် ခိုက်သိမ်းပိုက်ပြီး တော်လှန်ရေးအင်အားစုများ ထိန်းချုပ်မှုအနေဖြင့် မုန်းမြို့သည် ပထမဆုံးအကြိမ် ဖြစ် သည်။

ထိုတိုက်ပွဲတွင် KNLA နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရိုးမစစ်ကြောင်း တပ်ရင်း တပ်ဖွဲ့များ ပါဝင်ခဲ့ကြောင်းလည်း KNLA ဌာနချုပ်က အသိပေးထုတ်ပြန်ထားသည်။

You may also like these stories:

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */