" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 5, 2019

NCA လမ်းကြောင်းဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကနေ သွေဖည်သွားကြောင်း KNU ဥက္ကဋ္ဌ ပြော

RFA
လွတ်လပ်တဲ့ အာရှအသံ
2019-03-05
KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ၂၀၁၉ မတ်လ ၅ ရက်နေ့ကကျင်းပတဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံပွဲမှာ တွေ့ရစဉ်

လက်ရှိ NCA အကောင်အထည်ဖော်ဆောင်ရွက်မှုတွေဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အခွင့်အ ရေးနဲ့ အာမခံချက်တွေ အပါအဝင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ကိုရောက်စေမယ့် လမ်းကြောင်းတွေကနေ သွေဖည်သွားပြီလို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောလိုက်ပါတယ်။
 
လေးလကြာ မကျင်းပဖြစ်ခဲ့တဲ့ NCA လက်မှတ်ထိုးထားတဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများ တွေ့ဆုံပွဲကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ဒီနေ့ကျင်းပနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်း ဆောင် လည်းဖြစ်တဲ့ KNU ရဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တက်ရောက် မိန့်ခွန်းပြောကြား ရာမှာ ပြော ဆိုလိုက် တာဖြစ်ပါတယ်။

NCA လမ်းကြောင်း ပြန်လည်တည့်မတ်စေဖို့ရည်ရွယ်ပြီး KNU နဲ့ RCSS ဥက္ကဌ ၂ ဦးက ၂၀၁၈ ခုနှစ်၊ အောက်တို ဘာ လ ၁၁ နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။

အဲဒီစာမှာပါဝင်တဲ့ အကြောင်းအရာတွေအပေါ် ဒီနေ့တွေ့ဆုံပွဲမှာ ဆွေးနွေးလိုတယ်လို့လည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ကပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

KNU ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက အစိုးရနဲ့ တရားဝင်ငြိမ်းချမ်းရေး အစည်းအဝေးတွေမှာ ပါဝင်မှု ယာယီရပ်ဆိုင်းထားခဲ့ပြီး အခုနှစ် ဇန်နဝါရီလ ဒုတိယအပတ်အကုန်မှသာ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ KNU တို့ကြား ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ အလွတ်သဘော တွေ့ဆုံမှုတွေ ပြန်လည်စတင် လာခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မှာလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်း ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးကို ဆက်လက်ကျင်းပသွားမှာ ဖြစ် ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */