ဧရာဝတီ
15 September 2025
သတင်းမီဒီယာတွေဟာ AA ခေါ်ဆောင်လာတဲ့ ထန်းရှောက်ခံရွာသား ၄၀ ဝန်းကျင်အပြင် AA ခေါ်လာတာ မဟုတ်တဲ့ ထန်းရှောက်ခံရွာသား၊ အနီးနားကျေးရွာသားတွေပါ မေးမြန်းခွင့် ရခဲ့ပါတယ်/ဧရာဝတီ
စစ်တပ်နှင့် ရခိုင်တို့၏ တကျော့ပြန်တိုက်ပွဲကာလအတွင်း အာရက္ခတပ်တော် (AA) က ရိုဟင်ဂျာလူဦးရေ ၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံကျေးရွာကို ဩဂုတ်လအတွင်း ဧရာဝတီက သွားရောက် လေ့လာခဲ့ပါတယ်။
ထန်းရှောက်ခံကျေးရွာခရီးစဉ်ကို AA က စီစဉ်ပေးခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းက သတင်းသမားတချို့ လိုက်ပါ ခွင့်ရခဲ့ပါတယ်။ ပြည်တွင်းသတင်းဌာနက သတင်းသမားတွေသာ ပါပြီး ပြည်ပ သတင်းဌာနတွေ မပါဝင်တဲအပေါ် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အခုလို ပြောပါတယ်။
ဦးခိုင်သုခက “နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်တွင်းက တချို့ သတင်းဌာနတွေကို မခေါ်သေးဘူးဆိုတာက ကျနော်တို့ အခု စစ်ပွဲက မပြီးသေးဘူး၊ တခုခုအကြောင်းကြောင့် သတင်းပေါက်ကြားသွားရင် အချိန်မရွေး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီးတော့ သတင်းထောက်တွေကို လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ဒီလို လုံခြုံရေးခြိမ်းခြောက်မှု အခြေအနေတွေကြောင့် ကျနော်တို့က မြေပြင်မှာရှိတဲ့ လက်လှမ်းမှီတဲ့ သတင်းဌာနတွေက သတင်း ထောက်တွေကိုပဲ ဦးစားပေး ဖိတ်ခေါ်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ထန်းရှောက်ခံကျေးရွာက ရိုဟင်ဂျာ အစုလိုက်သတ်ဖြတ်မှုကိစ္စကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ၊ အဖွဲ့အစည်း တွေအပြင် စစ်ကော်မရှင်ကပါ ထုတ်ပြန်ခဲ့ပြီး AA သတ်ဖြတ်တာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။ AA ကတော့ အဆိုပါ စွပ်စွဲချက် မဟုတ်မှန်ကြောင်းနဲ့ အဲဒီအလောင်းတွေဟာ စစ်ကော်မရှင် တပ်သားအလောင်းတွေသာ ဖြစ်ကြောင်း တုံ့ပြန်ပါတယ်။ အဲဒီ သတ်ဖြတ်မှုဖြစ်စဉ်က ၂၀၂၄ ခုနှစ် မေ ၂ ရက်မှာ ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားကြပါတယ်။
ထန်းရှောက်ခံရွာ မြေပြင်အခြေအနေ
ထန်းရှောက်ခံရွာကတော့ ဘူးသီးတောင်မြို့ကနေ ၆ မိုင်ဝန်းကျင် သွားလာရပြီး ဘူးသီးတောင်- ရသေ့တောင် ကားလမ်း ဘေးမှာ တည်ရှိပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဒဏ်တွေကြောင့် နေအိမ်တလုံးမှ အကောင်းပတိ မကျန်တော့ဘဲ အုတ်ကျိုး၊ သစ်ကျိုး သွပ်ပျက်တွေနဲ့ ခြုံနွယ်များ ပိန်းထသော ကွင်းပြင်ကြီးတခုအဖြစ်သာ တွေ့ရပါတော့တယ်။
စစ်ကော်မရှင်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၅၁ နဲ့ ကားလမ်းတခုသာခြားတဲ့ ထန်းရှောက်ခံရွာဝင်လမ်းအတိုင်း လမ်းလျှောက်ဝင်သွားရင် ရွာလယ်လမ်းမဘေးတဖက်တချက်မှာ စစ်တပ်ယူနီဖောင်းအင်္ကျီတွေ၊ စစ်ဘောင်းဘီတွေနဲ့ စစ်ဦးထုပ် စစ်အသုံးအဆောင်ပစ္စည်းတချို့ မြင်တွေ့ရပါတယ်။
“ဒါက ဗလီလေ၊ အိမ်တွေရော တခုမှ အကောင်းမကျန်ခဲ့ဘူး” လို့ ထန်းရှောက်ခံရွာ ဥက္ကဋ္ဌ ဦးဆွေယောနော်ဘီက ခြံစည်းရိုး အုတ်တိုင်နှစ်ခုနဲ့ အုတ်ကျိုးပဲ့တွေသာတွေ့ရတဲ့ အဆောက်အဦဟောင်း ကွက်လပ်နေရာတခုကို လက်ညှိုးညွှန်ပြီး ပြောပါတယ်။
ရွာအရှေ့ဘက် လူနေအိမ်ဟောင်းတွေနဲ့ ကပ်ရက် လယ်ကွက်တခုမှာလည်း စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်တွေ့ ရပါတယ်။ ဒါ့ပြင် လူဦးခေါင်းခွံတချို့ ၊ စစ်ဦးထုပ်တချို့၊ ကျည်ကာအင်္ကျီ၊ စစ်ဘက်သုံး ရေဗူးတချို့ကိုလည်း ဟိုတစ၊ ဒီတစ တွေ့ရပါတယ်။
အဲဒီလယ်ကွက်ရဲ့ ရေဝပ်နေသော အိုင် (တွင်း) ပျက် တခုအတွင်းမှာတော့ ရေနှင့် ရွံ့နွံတွေနဲ့ ဖုံးနေပြီး တပိုင်းတစသာ မြင်ရတော့တဲ့ အရိုးစုတွေကို တွေ့ရပါတယ်။
အဲဒါကတော့ ရိုဟင်ဂျာအဖွဲ့တွေအပြင် စစ်တပ်ကပါ ရိုဟင်ဂျာအစုလိုက်ရဲ့ အလောင်းပုံလို့ ရည်ညွှန်းပြောဆိုထားတဲ့ နေရာပါ။
AA တပ်ဖွဲ့ဝင်တဦးက အဲဒီတွင်းနေရာထဲ လက်နဲ့ဆယ်ယူပြခဲ့ရာမှာ လူအရိုးခေါင်း ၅ ခုထက်မနည်း၊ ကျည်ကာအင်္ကျီ တဆယ်ဝန်းကျင်၊ အရိုးစ တဆယ်ကျော်၊ စစ်ဖိနပ် စစ်သုံးရေဗူးတချို့ ထွက်လာပါတယ်။
ထန်းရှောက်ခံရွာတွင်း တိုက်ပွဲ
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစကာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး စစ်တပ် တပ်ရင်း၊ တပ်မဌာနချုပ်တွေကို AA က ဆက်တိုက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ ဘူးသီးတောင်မြို့ နယ်အတွင်းက တပ်ရင်း၊ တပ်မတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ပြီး မေလ ၂ ရက်မှာပဲ ဘူးသီးတောင်ကို အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်။
မေလ ၃ ရက် မနက်ပိုင်းမှာ ဆက်လက်မခုခံနိုင်တော့တာကြောင့် အနီးမှာရှိတဲ့ ထန်းရှောက်ခံရိုဟင်ဂျာရွာထဲ တပ်မိသားစု ဝင်တွေနဲ့အတူ ဝင်ရောက်ပြီး ရွာထဲကနေအိမ်တွေထဲ နေရာချ ခိုလှုံစေခဲ့သလို ရွာပတ်လည်မှာလည်း ခံစစ်အခိုင်အမာ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်မှူးကြီး ကောင်းမြတ်က ဆိုပါတယ်။
မေ ၂ ရက်က ထန်းရှောက်ခံရွာကို ပထမအကြိမ် ရောက်ခဲ့စဉ်က ရွာသားတချို့ ကျန်နေသေးပြီး မေ ၃ ရက်တ ခေါက် ပြန်ရောက်တော့ ရွာသားတွေ မတွေ့ရတော့ကြောင်းကို ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောပြပါတယ်။
“ရွာသားတွေက သူတို့သဘောနဲ့ သူတို့ပဲ အထုပ်တွေ အပိုးတွေယူပြီး သူတို့မနေရဲတော့ဘူးဆိုပြီးတော့ နီးစပ်ရာ ရွာတွေဘက် ထွက်သွားတယ်၊ ကျနော်တို့ တပ်တွေနေရာချပြီးတဲ့အချိန်မှာတော့ ရွာသားတွေ မရှိတော့ဘူး။ ကျနော်တို့ ၂ ရက်နေ့ မှာရော၊ ၃ ရက်နေ့မှာရော ၅၅၁ ကနေပြီးတော့ ဆုတ်ခွာရပါတယ်၊ အဲဒီနေ့ (မေလ ၃ ရက်နေ့) မှာလည်း ရွာသားတယောက် မှ မတွေ့တော့ပါဘူး” လို့ သူက ဆိုပါတယ်။
မေ ၂ ရက် မနက်ပိုင်းကတည်းက ရွာထဲကို စစ်သားတွေ ဝင်ရောက်ခဲ့တာအပြင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံ၊ ဗုံးကြဲသံတွေ ကြားရတာကြောင့် တရွာလုံးနီးပါးဟာ တိမ်းရှောင်ခဲ့ရကြောင်း ထန်းရှောက်ရွာထဲ စစ်ကော်မရှင်တပ် စဝင် ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူ ထန်းရှောက်ခံရွာသား ဦးဇော်လော်ဒိင်က ဧရာဝတီကို ပြောပါတယ်။
“စကစတွေက ရွာကို ပတ်နေတယ်၊ ကျနော်တို့က ဘယ်လို ထွက်ပြေးလွတ်မလဲဆိုပြီးဆွေးနွေးကြတဲ့အချိန်မှာ ဦးလှဖေရွာ တောင်ဘက်က ကျနော်တို့ကို လော်စပီကာနဲ့ လှမ်းခေါ်တယ်၊ ထန်းရှောက်ခံကလူတွေ ကျနော်တို့ဆီကို လာခဲ့ကြပါ၊ ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး၊ အကူအညီ ပေးမယ်၊ ခင်ဗျားတို့ အဲဒီမှာ နေရင် သေတော့မယ်၊ အဲဒီလို အသံကြားရတယ်၊ ကြားတဲ့အချိန်မှာ ကျနော်တို့ ရွာသားတွေ အကုန်လုံး ရွာက ထွက်ကြပါတယ်” လို့ ရွာက တိမ်းရှောင်ရပုံကို ရှင်းပြပါတယ်။
အဲဒီလို ရွာသားတွေ တိမ်းရှောင်ဖို့ ပြင်တဲ့အချိန်မှာ စစ်ကော်မရှင်တပ်က တားမြစ်ခဲ့ကြောင်းကို ဦးဇော်လော်ဒိင် ရော ဗိုလ်မှူးကြီး ကောင်းမြတ်ကရော တညီတညွတ်ထဲ ပြောဆိုတယ်။
ဦးလှဖေရွာတောင်ပေါ်ကနေ ရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ AA တို့က လော်စပီကာနဲ့ ထန်းရှောက်ခံရွာသားတွေကို လှမ်းခေါ်ခဲ့တာပါ။
“ကျနော်ကိုယ်တိုင် လှမ်းခေါ်ခဲ့တာပါ၊ သူတို့ကို မွတ်ဆလင်စကားနဲ့ ခေါ်ခဲ့တာ” လို့ လက်ရှိ မောင်တောရဲ့ ဒုမြို့ နယ် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရိုဟင်ဂျာအမျိုးသား ဦးမောင်မောင်အေးက အဲဒီအချိန်တုန်းက ထန်းရှောက် ခံရွာသားတွေကို အော်ခေါ်နေတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ပြရင်း ဆိုပါတယ်။
“ကျနော်ကိုယ်တိုင် လှမ်းခေါ်ခဲ့တာပါ၊ သူတို့ကို မွတ်ဆလင်စကားနဲ့ ခေါ်ခဲ့တာ” လို့ လက်ရှိ မောင်တောရဲ့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရိုဟင်ဂျာအမျိုးသား ဦးမောင်မောင်အေးက အဲဒီအချိန်တုန်းက ထန်းရှောက်ခံရွာသားတွေကို အော်ခေါ်နေတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ပြရင်း ဆိုပါတယ်။
ဦးခိုင်သုခက “နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်တွင်းက တချို့ သတင်းဌာနတွေကို မခေါ်သေးဘူးဆိုတာက ကျနော်တို့ အခု စစ်ပွဲက မပြီးသေးဘူး၊ တခုခုအကြောင်းကြောင့် သတင်းပေါက်ကြားသွားရင် အချိန်မရွေး လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ပြီးတော့ သတင်းထောက်တွေကို လုပ်ကြံသတ်ဖြတ်နိုင်တဲ့ အန္တရာယ်ရှိတယ်။ ဒီလို လုံခြုံရေးခြိမ်းခြောက်မှု အခြေအနေတွေကြောင့် ကျနော်တို့က မြေပြင်မှာရှိတဲ့ လက်လှမ်းမှီတဲ့ သတင်းဌာနတွေက သတင်း ထောက်တွေကိုပဲ ဦးစားပေး ဖိတ်ခေါ်တာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ထန်းရှောက်ခံကျေးရွာက ရိုဟင်ဂျာ အစုလိုက်သတ်ဖြတ်မှုကိစ္စကို ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ၊ အဖွဲ့အစည်း တွေအပြင် စစ်ကော်မရှင်ကပါ ထုတ်ပြန်ခဲ့ပြီး AA သတ်ဖြတ်တာဖြစ်ကြောင်းလည်း ဆိုထားပါတယ်။ AA ကတော့ အဆိုပါ စွပ်စွဲချက် မဟုတ်မှန်ကြောင်းနဲ့ အဲဒီအလောင်းတွေဟာ စစ်ကော်မရှင် တပ်သားအလောင်းတွေသာ ဖြစ်ကြောင်း တုံ့ပြန်ပါတယ်။ အဲဒီ သတ်ဖြတ်မှုဖြစ်စဉ်က ၂၀၂၄ ခုနှစ် မေ ၂ ရက်မှာ ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ထားကြပါတယ်။
မြေပြင်ကို ကွင်းဆင်းသတင်းယူတဲ့အခါ ထန်းရှောက်ခံရွာအပါအဝင် ရိုဟင်ဂျာ အရိုးစုတွေရှိတယ်ဆိုတဲ့ နေရာ၊ အနီးဝန်းကျင်ကိုပါ သွားရောက်လေ့လာခွင့်ရခဲ့သလို လက်ရှိ စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းခံနေရတဲ့ စစ်တပ်အရာရှိတွေကိုပါ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။မြေပြင်ကို ကွင်းဆင်းသတင်းယူတဲ့အခါ ထန်းရှောက်ခံရွာအပါအဝင် ရိုဟင်ဂျာ အရိုးစုတွေရှိတယ်ဆိုတဲ့ နေရာ၊ အနီးဝန်းကျင်ကိုပါ သွားရောက်လေ့လာခွင့်ရခဲ့သလို လက်ရှိ စစ်သုံ့ပန်းအဖြစ် ထိန်းသိမ်းခံနေရတဲ့ စစ်တပ်အရာရှိတွေကိုပါ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။
ထန်းရှောက်ခံရွာ မြေပြင်အခြေအနေ
ထန်းရှောက်ခံရွာကတော့ ဘူးသီးတောင်မြို့ကနေ ၆ မိုင်ဝန်းကျင် သွားလာရပြီး ဘူးသီးတောင်- ရသေ့တောင် ကားလမ်း ဘေးမှာ တည်ရှိပါတယ်/ဧရာဝတီ
ဧရာဝတီ အပါအဝင် သတင်းမီဒီယာတွေဟာ AA ခေါ်ဆောင်လာတဲ့ ထန်းရှောက်ခံရွာသား ၄၀ ဝန်းကျင်အပြင် AA ခေါ်လာတာ မဟုတ်တဲ့ ထန်းရှောက်ခံရွာသား၊ အနီးနားကျေးရွာသားတွေပါ မေးမြန်းခွင့် ရခဲ့ပါတယ်။ ထန်းရှောက်ခံရွာကတော့ ဘူးသီးတောင်မြို့ကနေ ၆ မိုင်ဝန်းကျင် သွားလာရပြီး ဘူးသီးတောင်- ရသေ့တောင် ကားလမ်း ဘေးမှာ တည်ရှိပါတယ်။ လက်ရှိမှာတော့ တိုက်ပွဲဒဏ်တွေကြောင့် နေအိမ်တလုံးမှ အကောင်းပတိ မကျန်တော့ဘဲ အုတ်ကျိုး၊ သစ်ကျိုး သွပ်ပျက်တွေနဲ့ ခြုံနွယ်များ ပိန်းထသော ကွင်းပြင်ကြီးတခုအဖြစ်သာ တွေ့ရပါတော့တယ်။
စစ်ကော်မရှင်ရဲ့ ခြေမြန်တပ်ရင်း ခမရ ၅၅၁ နဲ့ ကားလမ်းတခုသာခြားတဲ့ ထန်းရှောက်ခံရွာဝင်လမ်းအတိုင်း လမ်းလျှောက်ဝင်သွားရင် ရွာလယ်လမ်းမဘေးတဖက်တချက်မှာ စစ်တပ်ယူနီဖောင်းအင်္ကျီတွေ၊ စစ်ဘောင်းဘီတွေနဲ့ စစ်ဦးထုပ် စစ်အသုံးအဆောင်ပစ္စည်းတချို့ မြင်တွေ့ရပါတယ်။
“ဒါက ဗလီလေ၊ အိမ်တွေရော တခုမှ အကောင်းမကျန်ခဲ့ဘူး” လို့ ထန်းရှောက်ခံရွာ ဥက္ကဋ္ဌ ဦးဆွေယောနော်ဘီက ခြံစည်းရိုး အုတ်တိုင်နှစ်ခုနဲ့ အုတ်ကျိုးပဲ့တွေသာတွေ့ရတဲ့ အဆောက်အဦဟောင်း ကွက်လပ်နေရာတခုကို လက်ညှိုးညွှန်ပြီး ပြောပါတယ်။
ရွာအရှေ့ဘက် လူနေအိမ်ဟောင်းတွေနဲ့ ကပ်ရက် လယ်ကွက်တခုမှာလည်း စစ်အသုံးအဆောင်ပစ္စည်းတွေ ထပ်တွေ့ ရပါတယ်။ ဒါ့ပြင် လူဦးခေါင်းခွံတချို့ ၊ စစ်ဦးထုပ်တချို့၊ ကျည်ကာအင်္ကျီ၊ စစ်ဘက်သုံး ရေဗူးတချို့ကိုလည်း ဟိုတစ၊ ဒီတစ တွေ့ရပါတယ်။
အဲဒီလယ်ကွက်ရဲ့ ရေဝပ်နေသော အိုင် (တွင်း) ပျက် တခုအတွင်းမှာတော့ ရေနှင့် ရွံ့နွံတွေနဲ့ ဖုံးနေပြီး တပိုင်းတစသာ မြင်ရတော့တဲ့ အရိုးစုတွေကို တွေ့ရပါတယ်။
အဲဒါကတော့ ရိုဟင်ဂျာအဖွဲ့တွေအပြင် စစ်တပ်ကပါ ရိုဟင်ဂျာအစုလိုက်ရဲ့ အလောင်းပုံလို့ ရည်ညွှန်းပြောဆိုထားတဲ့ နေရာပါ။
AA တပ်ဖွဲ့ဝင်တဦးက အဲဒီတွင်းနေရာထဲ လက်နဲ့ဆယ်ယူပြခဲ့ရာမှာ လူအရိုးခေါင်း ၅ ခုထက်မနည်း၊ ကျည်ကာအင်္ကျီ တဆယ်ဝန်းကျင်၊ အရိုးစ တဆယ်ကျော်၊ စစ်ဖိနပ် စစ်သုံးရေဗူးတချို့ ထွက်လာပါတယ်။
ထန်းရှောက်ခံရွာတွင်း တိုက်ပွဲ
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်ကစကာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး စစ်တပ် တပ်ရင်း၊ တပ်မဌာနချုပ်တွေကို AA က ဆက်တိုက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။ ၂၀၂၄ နှစ်ဆန်းပိုင်းမှာတော့ ဘူးသီးတောင်မြို့ နယ်အတွင်းက တပ်ရင်း၊ တပ်မတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်ပြီး မေလ ၂ ရက်မှာပဲ ဘူးသီးတောင်ကို အပြီးသတ် သိမ်းနိုင်ခဲ့ပါတယ်။
မေလ ၂ ရက်မှာ AA က စကခ ၁၅ ကို သိမ်းပိုက်ပြီးချိန် ခြေမြန်တပ်ရင်း ခမရ ၅၅၁ ဆီ တပ်ဆုတ် ထွက်ပြေးသွားတဲ့ ဒု-စကခမှူး ဗိုလ်မှူးကြီး ကောင်းမြတ်အပါအဝင် စစ်သားတွေက လမ်းခုလတ်မှာရှိတဲ့ ထန်းရှောက်ခံရွာထဲမှာ အင်အား ငါးဆယ်ခန့်ပါ စစ်ကြောင်းတကြောင်း ချန်ရစ်ထားခဲ့တယ်လို့ ဆိုပါတယ်။မေလ ၂ ရက်မှာ AA က စကခ ၁၅ ကို သိမ်းပိုက်ပြီးချိန် ခြေမြန်တပ်ရင်း ခမရ ၅၅၁ ဆီ တပ်ဆုတ် ထွက်ပြေးသွားတဲ့ ဒု-စကခမှူး ဗိုလ်မှူးကြီး ကောင်းမြတ်အပါအဝင် စစ်သားတွေက လမ်းခုလတ်မှာရှိတဲ့ ထန်းရှောက်ခံရွာထဲမှာ အင် အား ငါးဆယ်ခန့်ပါ စစ်ကြောင်းတကြောင်း ချန်ရစ်ထားခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ တရွာလုံး ပျက်သွားပြီဖြစ်တဲ့အတွက် ထန်းရှောက်ခံရွာသူရွာသားတွေဟာ အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေမှာ ခိုလှုံနေကြရပါတယ်/ဧရာဝတီ
အဲဒီနောက်မှာ ဗိုလ်မှူးကြီး ကောင်းမြတ်၊ တပ်မ ၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးတို့ ခမရ ၅၅၁ ကို သွားရောက် ပူးပေါင်းခဲ့သလို၊ ခမရ ၅၅၁ မှာလည်း အဲဒီနေ့ နေ့လယ်ပိုင်းကစလို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ မေလ ၃ ရက် မနက်ပိုင်းမှာ ဆက်လက်မခုခံနိုင်တော့တာကြောင့် အနီးမှာရှိတဲ့ ထန်းရှောက်ခံရိုဟင်ဂျာရွာထဲ တပ်မိသားစု ဝင်တွေနဲ့အတူ ဝင်ရောက်ပြီး ရွာထဲကနေအိမ်တွေထဲ နေရာချ ခိုလှုံစေခဲ့သလို ရွာပတ်လည်မှာလည်း ခံစစ်အခိုင်အမာ ပြုလုပ်ခဲ့တယ်လို့ ဗိုလ်မှူးကြီး ကောင်းမြတ်က ဆိုပါတယ်။
မေ ၂ ရက်က ထန်းရှောက်ခံရွာကို ပထမအကြိမ် ရောက်ခဲ့စဉ်က ရွာသားတချို့ ကျန်နေသေးပြီး မေ ၃ ရက်တ ခေါက် ပြန်ရောက်တော့ ရွာသားတွေ မတွေ့ရတော့ကြောင်းကို ဗိုလ်မှူးကြီး ကောင်းမြတ်က ပြောပြပါတယ်။
“ရွာသားတွေက သူတို့သဘောနဲ့ သူတို့ပဲ အထုပ်တွေ အပိုးတွေယူပြီး သူတို့မနေရဲတော့ဘူးဆိုပြီးတော့ နီးစပ်ရာ ရွာတွေဘက် ထွက်သွားတယ်၊ ကျနော်တို့ တပ်တွေနေရာချပြီးတဲ့အချိန်မှာတော့ ရွာသားတွေ မရှိတော့ဘူး။ ကျနော်တို့ ၂ ရက်နေ့ မှာရော၊ ၃ ရက်နေ့မှာရော ၅၅၁ ကနေပြီးတော့ ဆုတ်ခွာရပါတယ်၊ အဲဒီနေ့ (မေလ ၃ ရက်နေ့) မှာလည်း ရွာသားတယောက် မှ မတွေ့တော့ပါဘူး” လို့ သူက ဆိုပါတယ်။
မေ ၂ ရက် မနက်ပိုင်းကတည်းက ရွာထဲကို စစ်သားတွေ ဝင်ရောက်ခဲ့တာအပြင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံ၊ ဗုံးကြဲသံတွေ ကြားရတာကြောင့် တရွာလုံးနီးပါးဟာ တိမ်းရှောင်ခဲ့ရကြောင်း ထန်းရှောက်ရွာထဲ စစ်ကော်မရှင်တပ် စဝင် ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့သူ ထန်းရှောက်ခံရွာသား ဦးဇော်လော်ဒိင်က ဧရာဝတီကို ပြောပါတယ်။
“စကစတွေက ရွာကို ပတ်နေတယ်၊ ကျနော်တို့က ဘယ်လို ထွက်ပြေးလွတ်မလဲဆိုပြီးဆွေးနွေးကြတဲ့အချိန်မှာ ဦးလှဖေရွာ တောင်ဘက်က ကျနော်တို့ကို လော်စပီကာနဲ့ လှမ်းခေါ်တယ်၊ ထန်းရှောက်ခံကလူတွေ ကျနော်တို့ဆီကို လာခဲ့ကြပါ၊ ခင်ဗျားတို့ကို ဘာမှမလုပ်ဘူး၊ အကူအညီ ပေးမယ်၊ ခင်ဗျားတို့ အဲဒီမှာ နေရင် သေတော့မယ်၊ အဲဒီလို အသံကြားရတယ်၊ ကြားတဲ့အချိန်မှာ ကျနော်တို့ ရွာသားတွေ အကုန်လုံး ရွာက ထွက်ကြပါတယ်” လို့ ရွာက တိမ်းရှောင်ရပုံကို ရှင်းပြပါတယ်။
အဲဒီလို ရွာသားတွေ တိမ်းရှောင်ဖို့ ပြင်တဲ့အချိန်မှာ စစ်ကော်မရှင်တပ်က တားမြစ်ခဲ့ကြောင်းကို ဦးဇော်လော်ဒိင် ရော ဗိုလ်မှူးကြီး ကောင်းမြတ်ကရော တညီတညွတ်ထဲ ပြောဆိုတယ်။
ဦးလှဖေရွာတောင်ပေါ်ကနေ ရွာအုပ်ချုပ်ရေးအဖွဲ့နဲ့ AA တို့က လော်စပီကာနဲ့ ထန်းရှောက်ခံရွာသားတွေကို လှမ်းခေါ်ခဲ့တာပါ။
“ကျနော်ကိုယ်တိုင် လှမ်းခေါ်ခဲ့တာပါ၊ သူတို့ကို မွတ်ဆလင်စကားနဲ့ ခေါ်ခဲ့တာ” လို့ လက်ရှိ မောင်တောရဲ့ ဒုမြို့ နယ် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရိုဟင်ဂျာအမျိုးသား ဦးမောင်မောင်အေးက အဲဒီအချိန်တုန်းက ထန်းရှောက် ခံရွာသားတွေကို အော်ခေါ်နေတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ပြရင်း ဆိုပါတယ်။
“ကျနော်ကိုယ်တိုင် လှမ်းခေါ်ခဲ့တာပါ၊ သူတို့ကို မွတ်ဆလင်စကားနဲ့ ခေါ်ခဲ့တာ” လို့ လက်ရှိ မောင်တောရဲ့ ဒုမြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်တဲ့ ရိုဟင်ဂျာအမျိုးသား ဦးမောင်မောင်အေးက အဲဒီအချိန်တုန်းက ထန်းရှောက်ခံရွာသားတွေကို အော်ခေါ်နေတဲ့အကြောင်း ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဖွင့်ပြရင်း ဆိုပါတယ်။
အုတ်ပုံအပြိုအပျက်သာကျန်တော့တဲ့ ထန်းရှောက်ခံ ကျေးရွာဗလီ/ဧရာဝတီမေ ၃ ရက်နေ့မှာ စစ်တပ်နဲ့ AA တို့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားပြီး မေ ၄ ရက် မနက်မှာတော့ စစ်ကော်မရှင်တပ်သားတွေ လက်နက်ချလိုက်ပါတယ်။
ထန်းရှောက်ခံရွာအနီးက အရိုးစု
ထန်းရှောက်ခံရွာထဲ တိုက်ပွဲအတွင်းမှာ စစ်သားတွေနဲ့ စစ်တပ်က လေ့ကျင့်သင်ကြားပေးထားတဲ့ ရိုဟင်ဂျာ စစ်မှုထမ်းပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ပြီး သူတို့ရဲ့ အလောင်းတွေကို ဟိုတစု ဒီတစုနဲ့ အဆင်ပြေသလို မြုပ်နှံခဲ့ရတယ်လို့ စစ်သုံ့ပန်း ဗိုလ်မှူး ကြီးကောင်းမြတ်က ဆိုပါတယ်။
ရွာသားတွေကလည်း တိုက်ပွဲတွေပြီးလို့ မေ ၈ ရက်မှာ ရွာအတွင်း ဝင်ရောက် ကြည့်ရှုခဲ့ရာမှာ အိမ်တွေအားလုံး ပျက်စီးနေ တာတွေ့ရပြီး ရွာအနီးပတ်လည်၊ ရွာထဲ လမ်းမတွေပေါ်နဲ့ နေအိမ်တွေထဲမှာ စစ်ကော်မရှင်တပ်သားတွေရဲ့ အလောင်းတွေ၊ ရိုဟင်ဂျာတပ်သား အလောင်းတွေ မြင်တွေ့ရတယ်လို့ ဒေသခံ ရွာသားတချို့ထံက သိရပါတယ်။
“တိုက်ပွဲဖြစ်ပြီး လေးရက်အကြာမှာ အိမ်ကို လိုက်လာတယ်၊ အခု ဒီတွင်းကို ကျနော်တို့ကြည့်ခဲ့တယ်၊ အားလုံး ဗမာစစ်သား အလောင်းတွေ၊ ဒီထဲမှာ (ရိုဟင်ဂျာ) ပြည်သူ့စစ် တယောက်နှစ်ယောက် ပါချင်ပါမယ်၊ ကျနော်တို့ ရွာကလူတွေ လုံးဝ မဟုတ် ဘူး၊ ၆၀၀၊ ၅၀၀ လည်း လုံး၀ မဟုတ်ဘူး” လို့ တိုက်ပွဲအပြီး ရွာထဲ ဝင်ကြည့်ရာမှာ ပါဝင်ခဲ့သူ ဦးဇော်လော်ဒိင်က အရိုးစုတွေ ရှိနေတဲ့နေရာ (ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေ ထုတ်ပြန်ထားတဲ့ ပုံပါ နေရာ) ကို လက်ညှိုးထိုးကာ ပြောပါတယ်။
အဲဒီ အရိုးစုနေရာအပြင် ထန်းရှောက်ခံရွာထဲမှာလည်း စစ်သားအလောင်းတွေ အစုပုံလိုက် တွေ့ခဲ့ရတယ်လို့ သူက ဆိုပါ တယ်။
“ရွာထဲမှာ၊ ဟိုနားမှာ တွန်းလှည်းတခုပေါ်မှာလည်း အလောင်းတွေ တင်ထားတာ တွေ့ခဲ့တယ်၊ လမ်းတွေမှာ အလောင်းတွေ၊ အကုန်လုံး စစ်သားအလောင်းတွေပါ” ဟု ရွာထဲ တနေရာဆီ လက်ညှိုးညွှန်ပြကာ ပြောပါတယ်။
ထန်းရှောက်ခံရွာ ဥက္ကဋ္ဌဖြစ်တဲ့ ဦးဆွေယောနော်ဘီ ကလည်း “ရွာမှာ စစ်သားပဲ ကျန်ခဲ့တာ၊ လိုင်းမှာ နေဆန်းလွင်တို့ တင်တာ မဟုတ်ပါဘူး” လို့ ဧရာဝတီကို ပြောပါတယ်။
ထန်းရှောက်ခံရွာ တိုက်ပွဲအတွင်း ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ဗိုလ်မှူးကြီး ကောင်းမြတ်က တိုက်ပွဲဖြစ်ချိန်မှာ ရွာထဲ ရွာသားတွေ မရှိတော့တာကြောင့် ရွာသားအလောင်းဆိုတာဟာ မဖြစ်နိုင်ကြောင်း ဆိုပါတယ်။
“ကျနော်တို့နဲ့ နှစ်ဖွဲ့ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပြီး ကျနော်တို့ဘက်က အကျအဆုံးများတာဖြစ်တဲ့အတွက် ကျနော်တို့ဆီက ဥစ္စာတွေပဲ ဖြစ်မှာပါ၊ ရွာထဲ ရောက်သွားတဲ့အချိန်မှာ ကျနော်တို့မိသားစုတွေကို အိမ်တိုင်းမှာ ထားတာပါ၊ အိမ်တိုင်းမှာလည်း ဒီနယ်မြေခံရွာသား တယောက်မှကို မတွေ့ဘူး။ အဲဒါကြောင့်မို့လို့ ရွာသားကတော့ မဟုတ်ပါဘူး” လို့ ဧရာဝတီကို ပြောပါ တယ်။
ဒါ့ပြင် Al Jazeera သတင်းဌာနမှာ ရွာသားတွေကို AA က သတ်ဖြတ်ခဲ့တယ်လို့ အင်တာဗျူးဖြေဆိုထားတဲ့ Ansar Ullah ဆိုသူကလည်း ထန်းရှောက်ခံရွာသားမဟုတ်ဘဲ ထန်းရှောက်ခံရွာနဲ့ ခြောက်မိုင်ဝန်းကျင်အကွာ ဘူးသီးတောင်မြို့နဲ့ ကပ်ရပ် နန်းရာကုန်း ကူးတို့ဆိပ်ရွာက ဖြစ်တဲ့အကြောင်း ထန်းရှောက်ခံရွာသားတွေနဲ့ နန်းရာကုန်း ကူးတို့ဆိပ် ရွာသားတွေက ဧရာဝတီကို ပြောပြပါတယ်။

AA တပ်ဖွဲ့ဝင်တဦးက အဲဒီတွင်းနေရာထဲ လက်နဲ့ဆယ်ယူပြခဲ့ရာမှာ လူအရိုးခေါင်း ၅ ခုထက်မနည်း၊ ကျည်ကာအင်္ကျီ တဆယ်ဝန်းကျင်၊ အရိုးစ တဆယ်ကျော်၊ စစ်ဖိနပ် စစ်သုံးရေဗူးတချို့ ထွက်လာပါတယ်/ဧရာဝတီ
Ansar Ullah က ဦးအာဒုလ်ဟာတိမ်ရဲ့ သားဖြစ်ပြီး နာမည်အရင်းက အာနိူဝါရ် ဖြစ်ပါတယ်။ သူက ရိုဟင်ဂျာ လက် နက်ကိုင် အဖွဲ့ (ARSA) နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားချိန် ၂၀၁၇ ခုနှစ်ကတည်းက ဘူးသီးတောင်ကနေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေး တိမ်းရှောင်သွားသူဖြစ်သလို လက်ရှိအချိန်မှာလည်း မြေပြင်မှာ ရှိမနေဘူးလို့ နန်းရာကုန်းကူး တို့ဆိပ်ရွာသား တွေက ဆိုပါတယ်။
အဲဒီအချိန်က ARSA ယူနီဖောင်း၊ သေနတ်တွေကိုင်ဆောင်ထားတဲ့ အာနိူဝါရ်ကို တောတောင်တွေထဲမှာ တွေ့ရလေ့ရှိပြီး ARSA တပ်ဖွဲ့ဝင်တဦးဖြစ်တယ်လို့လည်း နန်းရာကုန်းကူးတို့ဆိပ်ရွာသား ဇာဖောရ်အုလ္လာက ဧရာဝတီကို ပြောပါတယ်။
ထန်းရှောက်ခံရွာ လူဦးရေ
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် စစ်ကော်မရှင်ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ ထန်းရှောက်ခံရွာမှာ အိမ်ခြေ ၁၁၄ အိမ်၊ လူဦးရေ ၉၃၃ ဦး ရှိခဲ့ပြီး လက်ရှိ ကောက်ယူထားတဲ့စာရင်းတွေအရ ဘူးသီးတောင်မြို့နယ်အတွင်းမှာ နေထိုင်တဲ့ ထန်းရှောက်ခံ ရွာသား ၇၉၀ ဦး၊ ပြည်ပ ထွက်ခွာသွားသူ ၁၃၈ ဦး၊ စုစုပေါင်း ၉၂၈ ဦး ရှိတဲ့အတွက် ထန်းရှောက်ခံရွာက လူဦးရေ ၆၀၀ ကျော် အသတ်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်က ယုတ္တိမရှိတဲ့ မှားယွင်းတဲ့ သတင်းသာဖြစ်တယ်လို့ မောင်တောခရိုင်အတွင်းက အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ ရပ်မိရပ်ဖ ၁၆၀ ကျော်က ထုတ်ပြန် ကန့်ကွက်ထားကြပါတယ်။
ဘူးသီးတောင်မြို့နယ်အတွင်းမှာ လက်ရှိ နေထိုင်နေကြတဲ့ ထန်းရှောက်ခံ ရွာသားဦးရေစာရင်းကို လိုက်လံ ကောက်ယူရာမှာ ပါဝင်ခဲ့တဲ့ ရွာသားတဦးကလည်း လူ ၆၀၀ သတ်ဖြတ်ခံခဲ့ရတယ် ဆိုတဲ့ကိစ္စက မဖြစ်နိုင်ကြောင်း ဆိုပါတယ်။
“ရွာကလူတွေကို ကျနော်တို့ သိတယ်၊ ဒီလောက် လူတွေ ပျောက်သွားတယ်ဆိုရင် သိမှာပေ့ါ၊ အခုက ဒီမှာ မရှိတာ တရာကျော်ပဲ အဲဒီကလည်း ဘင်္ဂလားကို ထွက်သွားကြတာ” လို့ သူက ပြောပါတယ်။

ထန်းရှောက်ခံရွာက ရိုဟင်ဂျာ ၆၀၀ ကျော်ကို ၂၀၂၄ ခု မေလ ၂ ရက်မှာ AA က သတ်ဖြတ်ခဲ့တယ်လို့ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) က ထုတ်ပြန်ခဲ့ခြင်းဟာ မြေပြင်မှာ သင့်မြတ်စွာနေထိုင်နေကြတဲ့ ရိုဟင်ဂျာ၊ ရခိုင်အပါအဝင် မျိုးနွယ်စုတွေကြား သွေးခွဲလိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်ခြင်းသာဖြစ်တယ်လို့ ရွာသားတွေ၊ ဘာသာရေးခေါင်းဆောင်တွေက ထောက်ပြ ပြောဆိုပါတယ်။ထန်းရှောက်ခံရွာက ရိုဟင်ဂျာ ၆၀၀ ကျော်ကို ၂၀၂၄ ခု မေလ ၂ ရက်မှာ AA က သတ်ဖြတ်ခဲ့တယ်လို့ အာရ်ကန်ရိုဟင်ဂျာ အမျိုးသားကောင်စီ (ARNC) က ထုတ်ပြန်ခဲ့ခြင်းဟာ မြေပြင်မှာ သင့်မြတ်စွာနေထိုင်နေကြတဲ့ ရိုဟင်ဂျာ၊ ရခိုင်အပါအဝင် မျိုးနွယ်စုတွေကြား သွေးခွဲလိုတဲ့ရည်ရွယ်ချက်နဲ့ ထုတ်ခြင်းသာဖြစ်တယ်လို့ ရွာသားတွေ၊ ဘာသာရေးခေါင်းဆောင်တွေက ထောက်ပြ ပြောဆိုပါတယ်။
ရိုဟင်ဂျာကျေးရွာတွေမှာ ရွာခံရိုဟင်ဂျာတွေကို ရွာအလိုက် အုပ်ချုပ်စေပြီးတော့ ပြည်သူ့ရဲတပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်ထားတာ တွေ့ရတယ်/ဧရာဝတီ
“ဒီဟာကို ကျနော်တို့ရွာက အများကြီး ကန့်ကွက်ပါတယ်၊ သူတို့ကို အဲဒီဟာကို လုံး၀ ပယ်ဖျက်ပေးအောင်၊ သူတို့ အဲဒီလို တင်ရင် ကျနော်တို့အတွက် စားဖို့သောက်ဖို့ အခက်အခဲရှိမယ်၊ ရခိုင်နဲ့ မွတ်စလင်တွေကို ရန်တိုက်ပေးနေတာ၊ ကျနော်တို့ကို ဒုက္ခပေးတာ၊ ကျနော်တို့ ရွာသူရွာသားအားလုံးအနေနဲ့ ယင်းသူတို့ကို မေတ္တာရပ်ခံချင်တာပါ” လို့ ဦးဇော်လော်ဒိင် က ဆိုပါ တယ်။
ဒါ့ပြင် အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေကလည်း အဲဒီစွပ်စွဲချက်တွေဟာ မြေပြင်မှာရှိနေတဲ့ လူမျိုးစုတွေကြား သဟဇာတဖြစ် သင့်မြတ်နေတာကို မလိုလားတဲ့အတွက် လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်တယ်လို့ ဩဂုတ် ၂၃ ရက်က ထုတ်ပြန်ချက် ထုတ်ကာ ရှုတ်ချကန့်ကွက်ခဲ့ပါသေးတယ်။
“ပြင်ပမှာ ရောက်နေတဲ့ အမည်ခံနိုင်ငံရေးသမားတွေက ဒီလိုလုပ်နေတာတွေကို ကျနော်တို့ စုပေါင်းပြီးတော့ ကန့် ကွက်ပါ တယ်” လို့ ထုတ်ပြန်ထုတ်ရာတွင် ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာ ရပ်မိရပ်ဖ မမတ်အိနိုစ်က ပြောပါတယ်။
ထန်းရှောက်ခံရွာသားများ လက်ရှိ အခြေအနေ
လက်ရှိမှာ တရွာလုံး ပျက်သွားပြီဖြစ်တဲ့အတွက် ထန်းရှောက်ခံရွာသူရွာသားတွေဟာ အနီးဝန်းကျင်မှာရှိတဲ့ ကင်းတောင်၊ ဦးလှဖေ စတဲ့ကျေးရွာတွေက နီးစပ်ရာ ဆွေမျိုးနေအိမ်များနဲ့ AA စီစဉ်နေရာချပေးထားတဲ့ ဦးလှဖေရွာအနီး ရွာသစ်တို့မှာ နေထိုင်နေကြပါတယ်။ ရွာသစ်မှာ အိမ်ထောင်စု တဆယ်ကျော်သာ နေထိုင်ကြပြီး အများစုကတော့ နီးစပ်ရာ ကျေးရွာတွေ မှာ နေထိုင်ကြပါတယ်။
စားဝတ်နေရးအတွက်တော့ အခက်အခဲ ကျပ်တည်းဖြစ်နေတယ်လို့ ဆိုကြပါတယ်။
“တပ်တော် (AA) က ဆန်ပေးတာ နှစ်ခါ၊ သုံးခါ ရှိပြီ၊ အဲဒါနဲ့ စားနေတာ၊ ဒါပေမယ့် အခက်အခဲ ရှိပါတယ်၊ အရင်ကိုယ့်ရွာ မှာလို လယ်တွေလုပ်စားလို့လည်း မရဘူးလေ၊ ရွာဟောင်းနဲ့ လယ်ရှိတဲ့နေရာနဲ့ အခုနေရာနဲ့က ဝေးတယ်” လို့ ထန်း ရှောက်ခံရွာသား ဦးနုရ်အီဆာလာမ်က ဧရာဝတီကို ပြောပါတယ်။
AA ကတော့ ထန်းရှောက်ခံရွာသားတွေကို ရွာသစ်မှာ နေရာချ စီစဉ်ပေးသွားမယ်လို့ ပြောပြီး လာရောက်နေထိုင်သူတွေကို အမိုးအကာ ထောက်ပံ့ပေးမယ်လို့လည်း ဆိုထားပါတယ်။
ရိုဟင်ဂျာနှင့် ရခိုင်ကြား မြေပြင်သဟဇာတဖြစ်မှု အခြေအနေ
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၄ ခု သိမ်းပိုက်ထိန်းချုပ်ထားတဲ့ AA အနေနဲ့ ရိုဟင်ဂျာအများစုနေထိုင်ကြတဲ့ ဘူးသီးတောင်၊ မောင်တောအပါအဝင် မြို့နယ်အားလုံးနီးပါးမှာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်၊ လည်ပတ် နေပါတယ်။

ရိုဟင်ဂျာကျေးရွာတွေမှာ ရွာခံရိုဟင်ဂျာတွေကို အုပ်ချုပ်ရေးတာဝန်ခံ၊ ဒုတာဝန်ခံ၊ အတွင်း ရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင် စသဖြင့် ရွာအလိုက် အုပ်ချုပ်စေပြီးတော့ ပြည်သူ့ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတပ်ဖွဲ့၊ ပညာရေးဌာနတွေမှာလည်း ဒေသခံ ရိုဟင်ဂျာတွေ ခန့်အပ်ထားတာ ဧရာဝတီက မြင်တွေ့ခဲ့ရပါတယ်။
ရိုဟင်ဂျာကျေးရွာတွေမှာ ရွာခံရိုဟင်ဂျာတွေကို အုပ်ချုပ်ရေးတာဝန်ခံ၊ ဒုတာဝန်ခံ၊ အတွင်းရေးမှူး၊ အုပ်ချုပ်ရေးအဖွဲ့ဝင် စသဖြင့် ရွာအလိုက် အုပ်ချုပ်စေပြီးတော့ ပြည်သူ့ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတပ်ဖွဲ့၊ ပညာရေးဌာနတွေမှာလည်း ဒေသခံ ရိုဟင်ဂျာတွေ ခန့်အပ်ထားတာ ဧရာဝတီက မြင်တွေ့ခဲ့ရပါတယ်။
ရိုဟင်ဂျာ၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက်၊ ရခိုင်၊ ဟိန္ဒူ စတဲ့ လူမျိုးပေါင်းစုံနေထိုင်ကြတဲ့ ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေရဲ့ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဟာလည်း ရိုဟင်ဂျာအမျိုးသားတွေဖြစ်ပြီး နယ်မြေ အုပ်ချုပ်ရေးရုံးတချို့မှာလည်း ရိုဟင်ဂျာ တွေဟာ အဆင့်မြင့် အရာရှိတွေအဖြစ် တာဝန် ထမ်းဆောင်နေကြပါတယ်။
AA က ဖွဲ့စည်းပေးထားတဲ့ အရန်ရဲတပ်ဖွဲ့ဝင်ထဲ ရိုဟင်ဂျာတွေကိုပါ တာဝန်ပေးထားတဲ့အပြင် လက်နက်တွေပါ တပ်ဆင်ပေးထားတယ်/ဧရာဝတီ
ဒါ့ပြင် ကျေးရွာအလိုက် အရန်ရဲတပ်ဖွဲ့တွေကိုလည်း AA က ဖွဲ့စည်းပေးထားပြီး အရန်ရဲတပ်ဖွဲ့ဝင်ထဲ ရိုဟင်ဂျာတွေကိုပါ တာဝန်ပေးထားတဲ့အပြင် လက်နက်တွေပါ တပ်ဆင်ပေးထားတယ်လို့ ရိုဟင်ဂျာ အရန်ရဲတပ်ဖွဲ့ရဲ့ တပ်ခွဲမှူးအဆင့်ရှိသူ အာဘူကာလမ်က ဧရာဝတီကို ပြောပြပါတယ်။
မောင်တော၊ ဘူးသီးတောင်မြို့နယ် နှစ်ခုပါဝင်တဲ့ မောင်တောခရိုင်တခုလုံးမှာ ရပ်ကွက်၊ ကျေးရွာအလိုက် အုပ်ချုပ်ရေး အဖွဲ့ဝင်တွေအပါအဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်ခံဝန်ထမ်း (AA ခန့်အပ်ထားသူ) ရိုဟင်ဂျာ ငါးထောင်ဝန်းကျင်ရှိတယ်လို့ အုပ်ချုပ်ရေးအဖွဲ့ အချက်အလက်တွေအရ သိရပါတယ်။
ရခိုင်ပြည်အတွင်းနေ ရိုဟင်ဂျာတွေဟာ ၂၀၁၂ လူမျိုးရေးပဋိပက္ခ အလွန်ကာလတွေနောက်ပိုင်းမှာ အစိုးရဝန်ထမ်းအဖြစ် အကြိမ်ကြိမ် လျှောက်ထားခဲ့ကြပေမယ့်လည်း ခန့်အပ်ခံရခြင်းမရှိဘဲ အခု AA လက်ထက်မှာတော့ အုပ်ချုပ်ရေး တာဝန် တွေမှာ ရိုဟင်ဂျာတွေ ပါဝင် လုပ်ကိုင်ခွင့်ရလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

လက်ရှိ မြေပြင်မှာတော့ ရိုဟင်ဂျာတွေနဲ့ တခြားလူမျိုးစုတွေကြား ၂၀၁၂ အရေးအခင်း မတိုင်ခင်ကာလများကလိုပဲ ယုံကြည် သင့်မြတ်ကြတဲ့အခြေအနေကို ဆက်လက် ထိန်းသိမ်းကြစေလိုပြီး ပျက်စီးစေဖို့ သွေးထိုးနေမှုတွေကို သတိထားကြဖို့ လိုတယ်လို့ ဒေသခံရိုဟင်ဂျာများတွေနဲ့ ရိုဟင်ဂျာဝန်ထမ်းတွေ ထောက်ပြ ပြောဆိုကြပါတယ်။
မောင်တောခရိုင်အတွင်းက ရိုဟင်ဂျာအုပ်ချုပ်ရေးအရာရှိတွေကလည်း ရိုဟင်ဂျာအပြင် ဒေသတွင်း နေထိုင်ကြတဲ့ ရခိုင်၊ မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စတဲ့လူမျိုးစုံကို အုပ်ချုပ်ရပါတယ်။
ဘူးသီးတောင်မြို့နယ် နယ်မြအုပ်ချုပ်ရေးရုံးမှာ ဒုတိုက်နယ်မှူးအဖြစ် တာဝန်ယူထားတဲ့ အသက် ၃၆ နှစ်အရွယ် နော်ဂျီမူလ္လာ က “သူတို့ (ရခိုင်) လည်း ကျနော်တို့ကို မြင်တာနဲ့ ရသလောက် အကူအညီပေးတာပါပဲ၊ အားလုံး ကြည်ကြည်ဖြူဖြူပါ၊ ကြည်ကြည်ဖြူဖြူ လက်ခံကြပါတယ်” လို့ ပြောပြပါတယ်။
လက်ရှိ မြေပြင်မှာတော့ ရိုဟင်ဂျာတွေနဲ့ တခြားလူမျိုးစုတွေကြား ၂၀၁၂ အရေးအခင်း မတိုင်ခင်ကာလများကလိုပဲ ယုံကြည် သင့်မြတ်ကြတဲ့အခြေအနေကို ဆက်လက် ထိန်းသိမ်းကြစေလိုပြီး ပျက်စီးစေဖို့ သွေးထိုးနေမှုတွေကို သတိထားကြဖို့ လိုတယ်လို့ ဒေသခံရိုဟင်ဂျာများတွေနဲ့ ရိုဟင်ဂျာဝန်ထမ်းတွေ ထောက်ပြ ပြောဆိုကြပါတယ်။

No comments:
Post a Comment