Showing posts with label ဦးကျော်ဇံသာ. Show all posts
Showing posts with label ဦးကျော်ဇံသာ. Show all posts

Wednesday, March 2, 2022

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ နိုင်ငံက ICJ ကို အယူခံဝင်လိုက်ပါတယ်။

VOA
ဗွီအိုအေမြန်မာ
February 24 2022
ကျော််််ာဇံသာ

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက ICJ ကို အယူခံဝင်လိုက်ပါတယ်။

Awgyi {Zawgyi / Unicode}}
ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု ဒုတိယနေ့အဖြစ် နယ်သာလန်နိုင်ငံ The Hague မြို့မှာ ဖေဖော်ဝါရီ ၂၂ ရက်က ကျင်းပခဲ့တဲ့ ဂမ်ဘီယာ-မြန်မာ အမှုကို ဒုတိယနေ့အဖြစ် တင်သွင်းနိုင်ပြီ ဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံက ICJ က ဒီအမှုကို ကြားနာနိုင်တယ်လို့ ငြင်းဆိုထားပါတယ်။ အသေးစိတ်ကိုတော့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ ကျော်ဇံသာတို့က တင်ပြပေးမှာပါ။

ကျော်ဇံသာ (တည်းဖြတ်၊ VOA မြန်မာပိုင်းအစီအစဉ်) : သန်းလွင်ထွန်း နိုင်ငံတကာ ရာဇ၀တ်တရားရုံး (ICJ) က ဂမ်ဘီယာနဲ့ မြန်မာအမှုကို ဒုတိယအကြိမ် ကြားနာစစ်ဆေးနေပါတယ်။ မနေ့ ဖေဖော်ဝါရီ ၂၂ ရက်သည် ဒုတိယအကြိမ် ကြားနာမှု ဒုတိယနေ့ဖြစ်သည်။ အဲဒီမှာ ဂမ်ဘီယာက ပြန်လျှောက်ထားတယ်။ ပထမနေ့မှာ မြန်မာဘက်က လျှောက်ထားတယ်။ ဒီတော့ ဒုတိယနေ့မှာ အခြေ အနေအကြောင်း မပြောခင် ပထမနေ့မှာ မြန်မာဖက်က တင်သွင်းတဲ့ အမှုကို အကျဉ်းချုပ် ပြောပြနိုင်မလား။

Wednesday, April 21, 2021

မြန်မာ့ရှေ့ရေးဘယ်လိုလဲ

VOA
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
21 ဧပြီ၊ 2021
Anti-coup protesters raise decorated Easter eggs along with the three-fingered symbols of resistance during a protest against the military coup on Easter Sunday, April 4, 2021, in Yangon, Myanmar. (AP Photo)
 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာ တပ်မတော်ရဲ့ ဂုဏ်သတင်း ညှိုးနွမ်းသွားစေတဲ့ လုပ်ရပ်ဖြစ် တယ်၊ အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေရတဲ့ စိတ်ပျက်ဖွယ် အခြေအနေက လောလောဆယ် ထွက် ပေါက်မမြင် ဘူးလို့ Georgetown တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg သုံးသပ်ပါတယ်။ ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါ တယ်။ 

Tuesday, December 10, 2019

ICJ တရားရုံး ကြားနာပွဲ Skype က ဆက်သွယ်မေးမြန်း ချက်

VOA
 ဗွီအိုအေ (မြန်မာဌာန)
10 ဒီဇင်ဘာ၊ 2019
မသဇင်အောင် ၊ဦးကျော်ဇံသာ

ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နိုင်တဲ့အခြေအနေကို မြန်မာနိုင်ငံဘက်က ဟန့်တားဖို့ ပျက်ကွက်ခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်ကို ICJ ခေါ် နိုင်ငံတ ကာ တရားရုံးက ဒီနေ့ စတင်လက်ခံကြားနာပါတယ်။

Wednesday, August 7, 2019

တိုင်းရင်းသားတို့ရဲ့ အမျိုးသားစိတ်ဓါတ် နှင့် ပြည် ထောင် စုနိုင်ငံ ဖော်ဆောင်ရေး

VOA
ဗွီအိုအေ (မြန်မာဌာန)
သတင်းသုံးသပ်ချက်
07 သြဂုတ်၊ 2019
ဦးကျော်ဇံသာ

 မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြဿနာပြေလည်ရေး ပြည်ထောင်စုနိုင်ငံ ဖော်ဆောင်ရေးအတွက် သမိုင်းဖြစ် ရပ်တွေကို ထိန်ချန်မထားဘဲ၊ အဲဒီထဲကအမှားတွေကို ပြန်ပြင်နိုင်မယ့် စနစ်တရပ် လိုအပ်တယ်။ တိုင်းရင်း သားး တို့ရဲ့အမျိုးသားစိ်တ်ဓါတ်ကို သိမ်သိမ်မွေ့မွေ့ကိုင်တွယ်ပြီး၊ ဒီပြဿနာတွေကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ နမူနာကို အတုယူသင့်တယ်လို့ အမရေိကန်ပြည်ထောင်စု Gerogetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဆိုပါတယ်။ အသေးစိတ်ကို ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */