Wednesday, April 21, 2021

မြန်မာ့ရှေ့ရေးဘယ်လိုလဲ

VOA
သတင်းသုံးသပ်ချက်
ဦးကျော်ဇံသာ
21 ဧပြီ၊ 2021
Anti-coup protesters raise decorated Easter eggs along with the three-fingered symbols of resistance during a protest against the military coup on Easter Sunday, April 4, 2021, in Yangon, Myanmar. (AP Photo)
 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုဟာ တပ်မတော်ရဲ့ ဂုဏ်သတင်း ညှိုးနွမ်းသွားစေတဲ့ လုပ်ရပ်ဖြစ် တယ်၊ အာဏာသိမ်းမှုကြောင့် ကြုံတွေ့နေရတဲ့ စိတ်ပျက်ဖွယ် အခြေအနေက လောလောဆယ် ထွက် ပေါက်မမြင် ဘူးလို့ Georgetown တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg သုံးသပ်ပါတယ်။ ပါမောက္ခ Steinberg နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါ တယ်။ 

မေး ။ ။ ဆရာကြီးခင်များ … အခု မြန်မာနိုင်ငံအခြေအနေကို ကြည့်ပြီးတော့ တချို့က မြန်မာနိုင်ငံဟာ ပြည် တွင်းစစ် ဖြစ်လု့ဆဲဆဲ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။ ကျနော်ထင်တာတော့ ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံမှာ လွတ်လပ် ရေးရပြီးကတည်းက ရှိလာခဲ့တယ်လို့ ထင်တာပဲ။ တချို့ကလဲ ဒါက Failed State ကျရှုံးနိုင်ငံ ဖြစ် တော့မယ်လို့ သုံးသပ်နေကြပါတယ်။ ဆရာကြီးအနေနဲ့ အခုလက်ရှိ မြန်မာနိုင်ငံ အခြေအနေကို ဘယ်လို သုံးသပ်လိုပါသလဲ

ဖြေ ။ ။ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်တွေ အများကြီး ရှိခဲ့တာပါ။ ခင်များ ပြောတာ မှန်ပါတယ်။ Failed State ကျရှုံးနိုင်ငံဆိုတာ တကယ်ဘာကို ဆိုလိုတာလဲ။ ကျရှုံးနိုင်ငံဆိုတာ အစိုးရတရပ် မရပ်တည်နိုင် တော့တာ။ ဗဟိုမှာ အာဏာ မရှိတော့တာ။ မြန်မာနိုင်ငံက ဒီလိုမဟုတ်ပါဘူး။ စီးပွားရေးအရ ကျရှုံးနိုင်တယ်။ လူမှုရေးရ ကျရှုံးနိုင်တယ်။ နိုင်ငံရေးအရလည်း ကျရှုံးနိုင်တယ်။ ဒါပေမဲ့ တပ်မတော်က အင်အားကောင်းနေ ဆဲပါ။ ဆိုတော့ Failed State ကျရှုံးနိုင်ငံ အသုံးအနှုန်းက မလွှမ်းခြုံမိဘူး ဖြစ်နေပါတယ်။ အခု မြန်မာနိုင်ငံဟာ လွန်စွာအခြေ အနေ ဆိုးနေပါတယ်။ ဒီပြဿနာအတွက် အဖြေလွယ်လွယ်ကူကူ တွေ့မယ်လို့တော့ ကျနော် မထင်ပါဘူး။

မေး ။ ။ ဒါပေမဲ့ အခု ဆန္ဒပြသူတွေ၊ စစ်အာဏာသိမ်းတဲ့ လူတွေဘက်ကကြည့်ရင် သူတို့ဟာ မကြုံစဖူး စည်း လုံး ညီညွှတ်နေတာကို တွေ့ရတယ်။ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ အလွှာပေါင်းစုံ၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့တွေကလည်း တပေါင်းတစည်းထဲ ဖြစ်နေတာကို တွေ့ရပါတယ်။ ဒီဟာတွေရဲ့နောက် ကွယ်မှာ။ ဆိုတော့ ရှေ့ဆက်ပြီးတော့ ဘာတွေလုပ်နိုင်မယ် ထင်ပါသလဲ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး တော့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေဘက်က။

ဖြေ ။ ။ သူတို့လုပ်နိုင်တာ အများကြီးရှိလိမ့်မယ်လို့ ကျနော် သေချာမသိပါဘူး။ ပြည်ပက ကိုယ်ထိလက် ရာက် ဝင်ရောက်စွက်ဖက်တာမျိုးလဲ တစုံတရာ ရှိလာမှာ မဟုတ်ပါဘူး။ အဲဒီလိုလုပ်မယ့် နိုင်ငံလဲ မတွေ့မိပါဘူး။ ပြဿ နာက စစ်တပ်က လက်ရှိကာလ မြန်မာ့လူအဖွဲ့အစည်းအပေါ် လုံးဝဥဿုံ နားလည်မှု လွဲနေပါတယ်။ အခြေအနေက ၁၉၈၈ နဲ့ လုံးဝကွဲလွဲသွားခဲ့ပါပြီ။ အခုအခါ လူတွေက တယောက်နဲ့တယောက် အဆက်အ သွယ်တွေ ရှိနေကြပါတယ်။ ၁၉၈၈ တုန်းက မရှိခဲ့တဲ့ ခေတ်သစ်နည်းပညာတွေကတဆင့် အဆက်အသွယ် တွေ ရနေကြတာပါ။ ဒါကြောင့် ပြဿနာတရပ် ဖြစ်လာရင် ပြဿနာက ပိုဆိုးဖို့ပဲ ရှိပါတယ်။ ဒါကို စစ်တပ်က မကိုင်တွယ်နိုင်ပါဘူး။ တဘက်မှာလဲ ပြည်သူလူထုက စစ်တပ်ကို အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ သိပ်ဝမ်း နည်းစရာကောင်းတဲ့ အခြေ အနေတွေပါ။

မေး ။ ။ ဒီနေရာမှာ အာဏာသိမ်းတဲ့အကြောင်းကိုလဲ နည်းနည်းသုံးသပ်စေချင်ပါတယ်။ တချို့က ဗိုလ်ချုပ် မှူး ကြီးမင်းအောင်လှိုင်က သူကို ပြည်သူလူထု တော်တော်လေး ထောက်ခံနေကြပြီ၊ သူ့ဘက်က ထောက် ခံတဲ့လူ အများစု ရှိလိမ့်မယ်လို့ ကြိုတွက်ခဲ့ဟန် တူတယ်လို့ သုံးသပ်ကြပါတယ်။ ဆရာကြီး ဘယ် လိုမြင်ပါ သလဲ။

ဖြေ ။ ။ စစ်တပ်ဆိုတဲ့ အဆောက်အအုံတခုလုံးအနေနဲ့ ပြောရမယ်ဆိုရင် အာဏာသိမ်းတယ်ဆိုတာ လိုအပ်တဲ့ ကိစ္စပါ။ NLD က ရွေးကောက်ပွဲမှာ ကြီးကြီးမားမား နိုင်သည့်တိုင်အောင် စစ်တပ်ရဲ့ အနေအထားကို မပြောင်း လဲနိုင်ပါဘူး။ စစ်တပ်ရဲ့ သီးခြားရပ်တည်မှုဟာ ဖွဲ့စည်းပုံမှာ ပြဌာန်းပြီးသာပါ။ ဆိုတော့ အာဏာသိမ်းတယ် ဆိုတာ စစ်တပ်အဆောက်အအုံဆိုင်ရာ ပြဿနာကြောင့် မဟုတ်ပါဘူး။ အာဏာသိမ်းမှု ပြဿနာ နှစ်ရပ် ရှိ ပါတယ်။ တစ်ခုက ဘက်ပေါင်းစုံ ခေါင်းဆောင်တွေရဲ့ Arrogance မောက်မာမှု ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တစ်ယောက်ကိုတစ်ယောက် မနှစ်မြို့ကြပါဘူး။ တစ် ယောက် နဲ့တစ်ယောက်လည်း စကားမပြောကြဘူး။ ဘာကိုမှ အလျှော့အတင်းလုပ် ညှိနှိုင်းတာမျိုးလည်း မရှိ ပါဘူး။ အဲဒါက ပြဿနာရဲ့ တစိတ်တပိုင်းပါ။ ဒုတိယပြဿနာကတော့ စစ်တပ်ဟာ ဒီရွေးကေက်ပွဲမှာ အကြီး အကျယ် အရှက်ရသွားခဲ့လို့ပါ။

မေး ။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားတွေကတော့ အများကြီးလာနေပါတယ်။ အထူးသဖြင့် အေ နာက်နိုင်ငံတွေဆီက ဖိအားတွေ အများကြီးလာနေပါတယ်။ ဒါပေမဲ့လဲ တရုတ်၊ ရုရှားတို့ကတော့ အဲဒီအထဲ မပါဘူး။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ တရုတ်ဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံအတွင်းမှာ တည်ငြိမ်မှု ရှိစေချင်ပါတယ်။ ဘယ်အစိုးရတက်တက် တည်ငြိမ်မှု ရှိနေရင် သူတို့လက်ခံမှာပဲ။ အမေရိကန်ကတော့ ဒဏ် ခတ်အရေးယူမှု လုပ်ပါလိမ့်မယ်။ ဆက်ပြီးတော့လဲ လုပ်နိုင်ပါတယ်။ ကွန်ဂရက်လွှတ်တော်ကဆိုရင် အထူး စိတ် ပျက်နေတာပါ။ ဥရောပ သမဂ္ဂကလည်း အလားတူပါပဲ။ ဂျပန်၊ တရုတ်၊ အိန္ဒိယတို့ကတော့ အခြေအနေ ဘယ်လောက်ဆိုးဝါးနေတာနဲ့ ပတ်သက်ပြီး ကျယ်ကျယ်လောင်လောင် ပြောကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့ဟာ ဘယ်အစိုးရတက်တက်အထီး ကျန်ဖြစ်အောင်တော့ လုပ်မှာမဟုတ်ပါဘူး။ အာဆီယံကတော့ စနေနေ့မှာ အစည်းအဝေးလုပ်မယ်လို့ ဆိုပါတယ်။ စောင့်ကြည့်ရအုံးမှာပေါ့။ ဒါပေမဲ့ ကျနော်ကတော့ ဘာမှမျှော်လင့်မ ထား ပါဘူး။ ဆိုတော့ နိုင်ငံတကာ အလားအလာကလဲ သိပ်စိတ်ပျက်စရာ ကောင်းပါတယ်။

မေး ။ ။ ဆိုတော့ တရုတ်မပါရင် နိုင်ငံတကာရဲ့ အခန်းကဏ္ဍကလဲ ဘယ်လိုမှ မထိရောက်ဘူးဆိုတဲ့ သဘော ပေါ့။ နိုင်ငံတကာက ဒီကိစ္စမှာ လမ်းပိတ်နေပြီပေါ့။

ဖြေ ။ ။ အရင်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတစ်ယောက်ပြောတာ ကျနော် ကြားခဲ့ဖူးပါတယ်။ ကျုပ်တို့ ဂရုမစိုက်ပါဘူး။ ခင်များတို့ sanction လုပ်နိုင်ပါတယ်။ ကျုပ်တို့မှာ ဆန်အလုံအလောက် ရှိပါတယ်။ ခင်များတို့ မပါလဲ ကျုပ်တို့က ဆက်လက်ရပ်တည်နိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါဟာ အဲဒီတုန်းက ဝန်ကြီးကိုယ်တိုင် ကျေ နာ့်ကို ပြောခဲ့တာပါ။ ဒါပေမဲ့ ဒါဟာ မမှန်တော့ပါဘူး။ မင်းတို့မှာ ဆန်ရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီ လောက်နဲ့ သီးခြားရပ်တည်လို့တော့ မရတော့ပါဘူး။ ကမ္ဘာကြီးက ပြောင်းလဲခဲ့ပါပြီ။ ကုန်သွယ်ရေးဟာ အရေး ကြီးပါတယ်။ ရင်းနှီးမြုပ်နှံမှုလည်း အရေးကြီးပါတယ်။ နိုင်ငံတကာ စီးပွားရေးလည်း အရေးကြီးပါတယ်။ အဲဒါ အပြင် တပ်မတော်ရဲ့ ဂုဏ်သတင်းကလည်း အရေးကြီးပါတယ်။ ကျနော်သာ မင်းအောင်လှိုင်နဲ့ တွေ့ခွင့်ရလို့ ဘာပြောမလဲ၊ ဘာအကြံပေးမလဲလို့ မေးလာရင် ခင်များဟာ တပ်မတော်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီး ပစ် လိုက် သူလို့ ပြောချင်ပါတယ်။ နိုင်ငံ တကာကျင့်ဝတ်တွေ ဘာတွေတော့ မပြောလိုပါဘူး။ ခင်များ ဖျက်ဆီး လိုက် တဲ့ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန် လည်အဖက်ဆယ်နိုင်ဖို့ဆိုရင် အနည်းဆုံးတော့ မျိုးဆက်တဆက် လောက်တော့ အချိန်ယူ ကြိုးပမ်းရလိမ့်အုံးမယ်လို့ သူကိုပြောချင်တာပါ။

မေး ။ ။ မြန်မာနိုင်ငံမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ အခန်းကဏ္ဍလည်း သိပ်အရေးကြီးမယ်လို့ ထင်ပါတယ်။ ဒီစစ်အာဏာသိမ်းမှုကို ပထမဦးဆုံး လမ်းထွက်ပြီးတော့ ဆန့်ကျင်ကြတာလဲ Generation Z လို့ခေါ်တဲ့ မျိုး ဆက်သစ်လူငယ်တွေ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ မျိုးဆက်သစ်တွေ ခေါင်းဆောင်တဲ့ နိုင်ငံရေး အခန်းကဏ္ဍ သစ်တရပ် စတင်လာနိုင်တဲ့ အခြေအနေ ရှိပါသလား။


ဖြေ ။ ။ မှန်ပါတယ်။ သူတို့ဟာ သိပ်ကို အရေးကြီးပါတယ်။ အကြောင်းတွေ အများကြီး ရှိပါတယ်။ နံပတ် တစ်က သူတို့ဟာ ပိုမိုပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းနဲ့ ထိတွေ့လာကြပါတယ်။ လုံးဝဥဿုံပွင့်လင်းတာ မဟုတ် ပေမယ့်၊ အရင်နှစ် (၅၀) ထက်စာရင် ပိုပြီးပွင့်လင်းတဲ့ လူ့အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒါဟာ အရေး ကြီး ပါတယ်။ နံပတ်နှစ်က သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်၊ အချိတ်အဆက် ရှိနေ ကြပါတယ်။ နံပတ်သုံးကတော့ကမ္ဘာ နဲ့ အဆက်အသွယ်၊ ထိတွေ့မှု ရှိနေကြတာပါ။ နံပတ်လေးက သူတို့မှာ ဆုံးရှုံးစွန့်လွှတ်ရမယ့်ဟာ သိပ်မရှိပါဘူး။ ဒီ Generation Z လို့ခေါ်တဲ့ ကမ္ဘာတလွှာက လူငယ်တွေအား လုံး ပါပဲ။ ဒီလို ဆုံးရှုံးစရာ မရှိလို့လဲ သူတို့ဟာ တော်လှန်ရေး လုပ်ရဲနေကြတာပါ။ ဒါတွေအားလုံးကိုကြည့်ရင် စစ် တပ်ဟာ အခြေအနေတွေကို တွက်ချက်မှု အလွန့်အလွန်ကိုပဲ လွဲမှားခဲ့တယ်လို့ ကျနော်ထင်ပါတယ်။ ဒီလို မှားယွင်းတွက်ချက်ခဲ့လို့ နစ်နာရတဲ့လူတွေကတော့ မြန်မာပြည်သူတွေပဲ ဖြစ်ပါတယ်။ ကျနော်လဲ အထူးစိတ်မ ကောင်းပါဘူး။

မေး ။ ။ ဒီတကြိမ် နိုင်ငံရေးလှိုင်းဂယက်ထဲမှာ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးဆိုတဲ့ ကြွေးကြော်သံ ကို လည်း အတော်လေး ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ CRPH အပါအဝင် တိုင်းရင်းသားတွှေ အားလုံး၊ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နောက် မျိုးဆက်သစ်လူငယ်တွေ အကုန်လုံး ဖယ် ဒရယပြည်ထောင် စု ဖွဲ့စည်းရေးကို ပြောလာကြပါတယ်။ ယုတ်စွအဆုံး တပ်မတော်ဘက်ကတောင်မှ ဖယ်ဒ ရယ်ပြည်ထောင်စု ဖွဲ့စည်းရေးကို အကြောင်းပြနေတာကို တွေ့ရပါတယ်။ ဆိုတော့ ဖယ်ဒရယ်ပြည်ထောင်စု တရပ် ပေါ်ပေါက်လာမယ့် အိပ် မက်ဟာ အကောင်အထည် ပေါ်လာပြီလို့ ယူဆလို့ ရပြီလား။

ဖြေ ။ ။ ဖယ်ဒရယ်ပုံစံတမျိုးမျိုး လိုအပ်နေပြီ ကျင့်သုံးခဲ့သင့်တာဟာ နှစ်ပေါင်းဒါဇင်နဲ့ချီကတည်းပါ။ ဒါသည် သာလျှင် လူ့အဖွဲ့အစည်းထဲက လူတိုင်း။ ယဉ်ကျေးမှုအားလုံး မတူကွဲပြားသူအားလုံးရဲ့ သဘောထားဆန္ဒကို ကိုယ်စားပြုနိုင်တဲ့ တရားမျှတသောစနစ် ဖြစ်ပါတယ်။ ဆိုတော့ ဖယ်ဒရယ်စနစ်ဆိုတာ သဘောတရားအရ ကောင်းမွန်တဲ့စနစ်ပါ။ ဒါပေမဲ့ ဒီအတွက် အရင်တုန်းက အားထုတ်မှုတချို့ ရှိခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခု အောင်မြင်မလားဆိုတာ ကျနော် မပြောနိုင်သေးပါဘူး။ ဦးသိန်းစိန်အစိုးရလက်ထက် ဝန်ကြီးဦးအောင် မင်းကလဲ သူတို့ဟာ ဖယ်ဒ ရယ်စနစ်ကို ကြိုက်တယ်လို့ ကျနော့်ကို ပြောဖူးပါတယ်။ ခက်တာက တိုင်းရင်း သားတွေဘက်ကလဲ ဘယ်လိုဖယ်ဒရယ်မျိုးလဲဆိုတာ တူညီတဲ့သဘောထား မရှိခဲ့ပါဘူး။ အခုတော့ ရရှိ ကောင်း ရရှိလာနိုင်ပါတယ်။ အခြေအနေတွေက အရင်နဲ့ မတူတော့ပါဘူး။

မေး ။ ။ နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ မကြာမီကာလအတွင်းမှာ ဖြစ်လာနိုင်တဲ့ အခြေအနေ ဖြစ်ပါ တယ်။ အခုဟာ တော်တော်လေး နိုင်ငံဟာ မတည်မငြိမ် မရေမရာ ဖြစ်နေတဲ့ အခြေအနေလို့ ပြောရင် မှား မယ် မဟုတ်ပါဘူး။ ဒီလိုအခြေအနေကနေ ပုံမှန်ပြန်ဖြစ်လာမယ့် အလားအလာကို ဘယ်လိုမြင်ပါသလဲ။ ဝေးဝေးလံလံမှာတော့ နိုင်ငံရေးပုံစံတမျိုးမျိုး ဖြစ်ကောင်းဖြစ်လာနိုင်မှာပေါ့။

ဖြေ ။ ။ ပုံမှန်အခြေအနေကို ပြန်သွားလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ ဒါက ပြဿနာပါ။ အာဏာမသိမ်းခင် အခြေ အနေကို ပြန်သွားမယ်လို့လဲ ကျနော် မမြင်မိပါဘူး။ ပြေလည်မှု ရရှိဖို့လဲ မမြင်ပါဘူး။ ဘယ်ဘက်ကမှ အပေးအယူလုပ် ညှိနှိုင်းဖို့ ဆန္ဒရှိတာကို မတွေ့ရပါဘူး။ စေ့စပ်ညှိနှိုင်းတဲ့အခါ ခင်များက တစုံတရာ ရယူဖို့အ တွက် တစုံတခု ပေးအပ်ဖို့တော့ လိုပါတယ်။ အခုအချိန်အထိတော့ ဘယ်သူကမှ Compromise လုပ်ဖို့ဆန္ဒ မရှိကြပါဘူး။ ဒါကြောင့် မကြာခင်ကာလတိုအတွင်းမှာ အထူးစိတ်ညစ်စရာတွေ ဖြစ်လာပါမယ်။ အခြေအေ နတွေက လုံးဝအားရစရာ မရှိပါဘူး။ 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */