ဘီဘီစီ မြန်မာပိုင်း
09 သြဂုတ်2019

ထွက်ပြေး တိမ်းရှောင်နေသူ ဦးဝီရသူ လာရောက် စေခြင်းငှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၈၈ အရ အခုလို အမိန့် ထုတ်ဆင့်ရတာ ဖြစ်တယ် ဆိုပြီး ရန်ကုန် အနောက်ပိုင်း ခရိုင် တရားရုံးရဲ့ သတင်းနဲ့ ပြန်ကြားရေး အ ရာရှိ ဦးမင်းသန့်က သတင်းထောက်တွေကို ပြောပါတယ်။
ဒီဝရမ်းကို ဦးဝီရသူ နေထိုင်တဲ့ မန္တလေး ခရိုင်က ခရိုင်တရားသူကြီး ထံ ပေးပို့လိုက်တယ်လို့လည်း ဆိုပါ တယ်။
မန္တလေးခရိုင်တရားသူကြီး အနေနဲ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ဒီဝရမ်းကို ပြန်လည် တင်သွင်းရမှာ ဖြစ်ပါ တယ်။

ဓာတ်ပုံ မူပိုင် မစိုးရိမ်တိုက်သစ်
Image caption စာသင်သား ထောင်ပေါင်းများစွာ ရှိတဲ့ မစိုးရိမ်တိုက်သစ်
ဇူလိုင် ၉ ရက်နေ့ က ပုဒ်မ ၈၇ အရ တစ်လအတွင်း လာရောက် အဖမ်းခံဖို့ တရားရုံးက အမိန့်ထုတ်ခဲ့ပေမယ့် ဦးဝီရသူ လာရောက်ဖို့ ပျက်ကွက်တာကြောင့် အခုလို ပုဒ်မ ၈၈ အရ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို ဝရမ်း ကပ်ဖို့ အနောက်ပိုင်း ခရိုင်တရားရုံးက ချမှတ်လာတာ ဖြစ်ပါတယ်။
ဝရမ်းကပ်တယ် ဆိုတာကို သာမန် အရပ်သူ အရပ်သားတွေ နားလည် အောင် ဦးဝီရသူ ပိုင်တဲ့ ပစ္စည်းတွေကို ချိတ်ပိတ်တာတွေ ချိတ်ပိတ်၊ သိမ်းလို့ရတာတွေ သိမ်း စတာတွေ ပြုလုပ်မှာလား ဆိုတဲ့ သတင်း ထောက် တွေရဲ့ အမေးကိုတော့ ဦးမင်းသန့်က သူ့အနေနဲ့ တရားရုံး ဆုံးဖြတ်ချက်ပါ စာသား အတိအကျပဲ ဖတ်ပြနိုင်မယ်လို့ တုံ့ပြန်ပါတယ်။
အခုလို ရာဇဝတ်ကျင့်ထုံး ၈၇၊ ၈၈ အရ ဆောင်ရွက်ပေမယ့် ဦးဝီရသူ တရားရုံး ရှေ့မှောက် ရောက်မလာပဲ ရှိနေရင်တော့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ၅၄ အရ ဆက်လက် ဆောင်ရွက်သွားလို့ ရတယ် ဆိုပြီး ဦးမင်း သန့် က ပြောပါတယ်။
- ဦးဝီရသူကို တစ်လအတွင်း လာရောက်အဖမ်းခံဖို့ တရားရုံးအမိန့်ချ
- ဦးဝီရသူ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲ
- ဦးဝီရသူ - လွှတ်တော်က တိုင်းဖျက်ပြည်ဖျက် ဥပဒေတွေကိုလုပ်ဖို့ပြင်နေတယ်
- ဝရမ်းပြေးဖြစ်နေသူကို"ဆရာတော်" မခေါ်ထိုက် - သာသနာရေးဝန်ကြီးဌာန
ပိုင်ဆိုင်တဲ့ ပစ္စည်း ဝရမ်းကပ်တယ် ဆိုတာဘာလဲ
တရားရုံးက ဆင့်ခေါ်တာကို မလာရောက်ပဲ တိမ်းရှောင်နေသူတွေရဲ့ ပစ္စည်းတွေကို ဘယ်သူ တစ်ဦး တစ် ယောက်ကမှ ပေါင်နှံ၊ ရောင်းချ၊ မရွှေ့ပြောင်းနိုင်အောင် တားဆီးလိုက်တဲ့ အဓိပ္ပာယ်၊ ချိတ်ပိတ် လိုက်တဲ့ အဓိပ္ပာယ် ဖြစ်တယ် ဆိုပြီး ဝါရင့် တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
ဒီနောက်မှာ တရားရုံးရှေ့ ရောက်လာဖို့ ဆက်ပြီး ပျက်ကွက် နေဦးမယ် ဆိုရင်တော့ တရားရုံးက နိုင်ငံပိုင် အနေနဲ့ သိမ်းဆည်းနိုင်ပါတယ်။ အခုကိစ္စမှာတော့ တိမ်းရှောင်နေသူဟာ သံဃာဖြစ်နေတဲ့ အတွက် သံ ဃာ တော်အများကို ရည်စူးပြီး ဒကာ၊ ဒကာမတွေလှူထားတာကို ဦးဝီရသူက ယာယီတာဝန်ယူ သုံးစွဲထားတဲ့ ပစ္စည်းလား (ဥပမာသီတင်း သုံးရာကျောင်း)၊ ဦးဝီရသူကို သီးသန့် လှူထားတဲ့ ပစ္စည်းတွေလား ခွဲခြားရမှာ ဖြစ်ပါတယ်။
အခုလို ပုဒ်မ ၈၇၊ ၈၈ တွေ အရ တရားရုံး အမိန့်တွေထုတ်၊ ဝရမ်းတွေကပ် လုပ်တဲ့တိုင်အောင် ဦးဝီရသူ ဆက်လက်တိမ်းရှောင်နေမယ် ဆိုရင် ရာဇဝတ်ကျင့်ထုံး ၅၄ အရ ဆက်လက်ဆောင် ရွက်နိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်က တော့ ရဲက တရားသူကြီး အမိန့်တို့၊ ဖမ်းဝရမ်းတို့ကို စောင့်စရာ၊ ရယူစရာ မလိုပဲ ဦးဝီရသူကို ဖမ်းဆီးနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။
ဒီလိုပဲ ဝရမ်းပြေးဖြစ်ကြောင်း သေချာသွားတဲ့ သူကို အများပြည်သူ အနေနဲ့လည်း ဖမ်းဆီးပြီး နီးစပ်ရာ ရဲစ ခန်းကို ပို့ပေးနိုင်တယ်လို့ တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ပြောပါတယ်။
ပြဿနာရဲ့အစ
တနင်္သာရီတိုင်း၊ မြိတ်မြို့နဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေထောက်ခံပွဲတွေနဲ့ အမျိုးသားရေးလှုပ်ရှားမှု ဟောပြောပွဲတွေမှာ ဦးဝီရသူရဲ့ ပြောဆိုချက်တွေနဲ့ ပတ် သက်ပြီး အမှုဖွင့် ခံထားရတာ ဖြစ်ပါတယ်။
ဦးဝီရသူ ပြောခဲ့တာတွေထဲ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်ကြမ်းတမ်းစွာ ပုတ်ခတ် ဟောပြောတာတွေ ပါဝင်ခဲ့တာကြောင့်ဆိုပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုဆိုင်ရာ ရာဇသတ် ကြီးပုဒ်မ ၁၂၄ (က)နဲ့ အမှုဖွင့်ပြီး မေလ ၂၈ ရက်နေ့ကတည်းက ဖမ်းဝရမ်းထုတ်ထားခဲ့ပါတယ်။
ဒီအမှုမှာ တရားလိုဟာ တရားလို အနောက်ပိုင်းခရိုင် ဒုအထွေထွေအုပ်ချုပ်ရေးမှူး ဦးစန်းမင်း ဖြစ်ပြီး၊ ဦးဝီရ သူကို ဖမ်းဆီးတရားစွဲဖို့ အစိုးရက ညွှန်ကြားထားတာလို့ သမ္မတရုံး ပြောခွင့်ရသူက သတင်းစာရှင်း လင်း ပွဲတစ်ခုမှာ ပြောထားဖူးပါတယ်။
တရားလိုပြ သက်သေတွေဖြစ်တဲ့ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ သာသနာရေးဦးစီးဌာန အရာရှိစတဲ့ ပုဂ္ဂိုလ် တွေကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးပြီး ဖြစ်ပါတယ်။
No comments:
Post a Comment