" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 22, 2019

ချင်းပြည်နယ် ပလက်ဝက ရဲစခန်းတစ်ခုမှာ AA က လက်နက်တောင်းခံ

ဘီဘီစီ မြန်မာပိုင်း
22 ဖေဖေါ်ဝါရီ 2019
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ဒီနေ့ မနက်ပိုင်းက ရက္ခိုင့်တပ်မတော် (အေအေ) အင်အား ၁၀ဝ နီးပါးဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းမှာရှိတဲ့ သံတောင်ရွာကို ဝင်ရောက်ခဲ့ကာ ရဲစခန်းက စခန်းမှူး ကို ခေါ်ယူ လက်နက်တောင်းခဲ့ပြီး စခန်းမှူးနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။

အေအေတပ်ဖွဲ့တွေဟာ မနက်စောပိုင်း ၃ နာရီ လောက်မှာ ရွာထဲဝင်ရောက်လာပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ကို ခေါ်ယူခဲ့ပြီးနောက် စခန်းမှူးကို ဆင့်ခေါ်ခိုင်းခဲ့တယ်လို့ သံတောင်ရွာသား တစ်ဦးက ပြောပါတယ်။

" သူတို့ တွေက AA ယူနီဖောင်းတွေနဲ့ ရခိုင်စကားပဲ ပြောတယ်၊ အုပ်ချုပ်ရေးမှူးကို ခေါ်တယ်၊ စခန်းမှူးကို သွားခေါ် ခိုင်းတယ်၊ သူတို့က လက်နက်တောင်းတာ၊ စခန်းမှူးက မလာတော့ ရွာကိုမီးရှို့မယ်၊ စခန်းကို ပြာကျအောင် လုပ်မယ်လို့ ခြိမ်းခြောက်တယ်" ဆိုပြီး အဲဒီရွာသားက ပြောပါတယ်။

စခန်းမှူး ရောက်လာချိန်မှာလည်း လက်နက် မထုတ်ပေးလို့ ရိုက်နှက်ကန်ကျောက်ပြီး မနက် ၄ နာရီခွဲ လောက်မှာတော့ ရဲစခန်းကို အဝေးကနေ လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */