18 သြဂုတ်လ 2019

စစ်တွေမြို့မဈေးကြီးမှာ ရောင်းချနေကြတဲ့ ပျံကျဈးဆိုင်ခန်းပေါင်း ၇၀၀ လောက်ရှိနေပြီး အဲ့ဒီဈေးဆိုင်တွေ ကြောင့် ဈေးဝယ်သူတွေအတွက် လမ်းသွားလမ်းလာ အဆင်မပြေဖြစ်စေတဲ့အပြင် ဈေးလမ်းမပေါ်မှာလည်း ပိတ်ဆို့မှုတွေဖြစ်နေတာကြောင့် မြို့ပြအင်္ဂါရပ်နဲ့ မကိုက်ညီတော့တဲ့အတွက် အခုလိုနေရာပြောင်းရွှေ့ဖို့ ပြင် ဆင်ရတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်ကပြောပါတယ်။
လက်ရှိ စစ်တွေမြို့မှာ ကိုးရီးယာနိုင်ငံပိုင် BXT ကုမ္ပဏီက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မြေဖို့မြေယာစီမံကိန်းမှာ အစိုးရရဲ့စီမံခန့်ခွဲပိုင်ခွင့်ရှိတဲ့ထဲက နှစ်ဧကမှာ အဲ့ဒီဈေးဆိုင်ခန်းတွေကို ဆောက်လုပ်ပေး သွားမှာဖြစ်ပြီး ဆိုင်ခန်းတွေကိုဈေးကြီးပေးဝယ်ယူကြရမှာဖြစ်တဲ့အတွက် ဈေးသည်တွေကတော့ သဘော မတူဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် အသစ်ပြောင်းရွှေ့ပေးမယ့်နေရာမှာ မူလက သူတို့မှီခိုနေကြတဲ့ ငါးဈေးတန်းနဲ့ သီးခြားစီဖြစ်သွား မှာဖြစ်တာကြောင့် ဈေးဝယ်သူတွေအနေနဲ့ အဲ့ဒီနေရာကို လာရောက်ဝယ်ယူသူနည်းပါးသွား မှာဖြစ်တဲ့အ တွက် မပြောင်းချင်ကြပေမဲ့ အစိုးရက အတင်းအဓမ္မပြောင်းရွှေ့ခိုင်းမှာကိုလည်း စိုးရိမ်နေကြတာဖြစ်ပါတယ်။
ရိုက်ကူး - မြင့်လွင်
ဘီဘီစီ Facebook
No comments:
Post a Comment