" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 7, 2023

ရိုဟင်ဂျာအရေး နည်းလမ်းရှာဖို့ နိုင်ငံတကာကို ဘင်္ဂလား ဒေ့ရှ် တိုက်တွန်း

RFA
RFA Burmese
2023.09.07

၂၀၁၇ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံလာကြသည့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဒုက္ခသည်များ။ AFP

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေအရေး ဖြေရှင်းနိုင်အောင် ရေရှည်ခံတဲ့ နည်းလမ်းရှာ ဖွေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ပြောလိုက်ပါ တယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ စက်တင်ဘာ ၇ ရက်က ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ပြောလိုက်တာပါ။

ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအရ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့တွေရအောင် နိုင်ငံတကာအနေနဲ့ အရေးတကြီးဆောင်ရွက် ဖို့လို နေ တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် သမ္မတက ပြောပါတယ်။

အာဆီယံထိပ်သီးညီလာခံကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေအပြင် အမေရိကန်၊ တ ရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယနဲ့ သြစတြေးလျစတဲ့ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေလည်းတက် ရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်လည်း တက်ရောက်ခဲ့ပြီး မြန်မာစစ်ခေါင်း ဆောင်တွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ လိုလားချက်တွေကို နားထောင်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးပြီး ဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးဖို့ အာဆီယံထိပ်သီးညီလာခံ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးစစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းကျော် ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေရတာပါ။

အဲဒီဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ ၂၀၁၈ ခုနှစ်ထဲက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ စီစဉ်နေပေမဲ့ ဒီ နေ့အချိန်ထိ တရားဝင် ပြန်လာသူမရှိသေးပါဘူ။

စစ်ကောင်စီကတော့ ရိုဟင်ဂျာဒုက္ခသည် ခုနစ်ထောင်ကို ဒီနှစ်မကုန်ခင်မှာ ပြန်လက်ခံဖို့ စီစဉ်ထား တယ်လို့ စက်တင်ဘာ ၅ ရက်နေ့က ပြောထားပါတယ်။

ပြန်လည်လက်ခံရေးစီစဉ်ထားတာတွေကိုလည်း ရိုဟင်ဂျာဒုက္ခသည် ကိုယ်စားလှယ်တွေနဲ့ ဘင်္ဂလား ဒေ့ရှ်၊ ထိုင်း၊ သီရိလင်္ကာ အပါအဝင် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးတွေက တာဝန်ရှိသူတွေကို စစ် ကောင်စီက ပြသထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */