Tuesday, September 17, 2019

လူ့အခွင့်အရေး ချိုးဖောက်တဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ယန်ဟီလီ တိုက်တွန်း

VOA 
ဗွီအိုအေ (မြန်မာဌာန)
17 စက်တင်ဘာ၊ 2019
အင်ကြင်းနိုင်
လူ့အခွင့်အရေးကောင်စီ ညီလာ ခံမှာ အစီရင်ခံစာ တင်သွင်းနေတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူကိုယ်စားလှယ် ယန်ဟီလီ
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ နိုင်ငံတကာဥပဒေချိုးဖောက်မှုတွေကို အရေးယူ အပြစ်ပေးနိုင်မှသာ တိုင်းရင်းသား လူ နည်းစုတွေ အပေါ် စစ်တပ်ရဲ့ညှင်းပမ်းနှိပ်စက်မှုတွေကို အဆုံးသတ်စေမှာဖြစ်ပြီး ရိုဟင်ဂျာတွေ ဌာနေပြန် ရေး အစီအစဉ် အောင်မြင်ဖို့ သော့ချက်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စား လှယ် ယန်ဟီလီက ပြောကြားလိုက်ပါတယ်။

ဂျီနီဗာ လူ့အခွင့်အရေးကောင်စီညီလာခံမှာ တနင်္လာနေ့က တင်သွင်းတဲ့ ယန်ဟီလီရဲ့ အစီရင်ခံစာဟာဘက် လိုက်မှုရှိတဲ့အတွက် မြန်မာဘက်က ကန့်ကွက်ကြောင်း ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ် စားလှယ်ကတုန့် ပြန်ပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

စက်တင်ဘာလ ၉-၂၇ ရက်နေ့ထိ ကျင်းပနေတဲ့ (၄၂)ကြိမ်မြောက် ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီညီလာခံမှာ တနင်္လာနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက သူရဲ့ အစီရင်ခံ စာကို တင်သွင်းခဲ့တာပါ။

နိုင်ငံတကာ ဥပဒေကို မြန်မာက ဆက်လက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ချိုးဖောက်နေတဲ့အပြင် ရခိုင်နဲ့ ချင်း ပြည်နယ် တောင်ပိုင်းမှာ တိုင်းရင်းသားလူနည်းစုတွေကို အလွန် ရက်စက်တဲ့ နည်းလမ်းတွေသုံးပြီး ဖိနှိပ် မှုတွေ ရှိနေတယ်ဆိုတာကို အချက်အလက်အထောက်အထားတွေနဲ့ ယန်ဟီလီက ညီလာခံမှာ ၁၅ မိနစ် နီးပါးကြာ တင်ပြခဲ့ပါတယ်။

ဒီနှစ် အစီရင်ခံစာဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ် တပ်ရဲ့နယ်မြေရှင်းလင်း ရေးကြောင့် ရိုဟင်ဂျာ မွတ် စလင် ၇၀၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ် ၂ နှစ်အကြာ မှာဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ခို လှုံနေကြတဲ့ ဒုက္ခ သည်တွေ နေရပ်ပြန်ရေး အခြေအနေအဟာ အန္တရာယ် အလွန်ရှိနေကြောင်း ယန်ဟီလီက အခုလို တင်ပြခဲ့ပါတယ်။

“အကြမ်းဖက်မှုနဲ့ မတရားနှိပ်ကွတ်မှု စနစ်ကို ဖျက်သိမ်းဖို့ မြန်မာက ဘာမှဆောင်ရွက်တာ မျိုး မရှိပါဘူး။ ရခိုင် ပြည် နယ်မှာ ကျန်နေတဲ့ ရိုဟင်ဂျာတွေအတွက်လည်း ၂၀၁၇ခုနှစ် သြဂုတ်လမှာ အကြမ်းဖက်ဖိနှိပ် မှုတွေ မတိုင်ခင်ရှိခဲ့တဲ့ အခြေအနေအတိုင်း ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် ငြင်းပယ်ခံရတာ အပြင် ရခိုင်ပြည်နယ်မှာ တပ်မ တော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ ကြား ဖြစ်နေတဲ့ တိုက်ပွဲအခြေ အနေေ တွ အပါအဝင် ပုံမှန်ဖြစ်နေတဲ့အကြမ်း ဖက်မှုတွေကို ရိုဟင်ဂျာတွေ ရင်ဆိုင်နေရပါတယ်။”

ရခိုင်၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်နေရာမှာ စစ်တပ်က လက်နက်ကြီးတွေ သုံးပြီး ပစ်ခတ်တာ၊ ရဟတ်ယာဉ်သုံး တိုက်ခိုက်တာတွေကြောင့် အရပ်သားအတော်များများ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ စစ်ဘေးဒုက္ခ သည် တွေအဖြစ် ထွက်ပြေးခဲ့ရတယ်လို့ ယန်ဟီလီက အစီရင်ခံ တင်ပြသွားပါတယ်။ အထူးသဖြင့် ဒုက္ခ သည် တွေ လိုအပ်နေတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို စစ်တပ်က ပိတ်ပင်မှုဟာ နိုင်ငံတကာ ဥပဒေ ကို ချိုး ဖောက်တာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးနိုင်ရေး တနိုင်ငံလုံးအတိုင်းအတာနဲ့ အရေးကြီးတယ်လို့ ကျမ ယုံကြည်ပါတယ်။ ဒါအပြင် ဌာနေပြန်ရေးအစီအစဉ် အောင်မြင်ဖို့ အဓိကသော့ချက်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသားလူနည်းစုတွေကို မြန်မာစစ်တပ်က ညှဉ်းပမ်းနှိပ်စက်မှုတွေကိုလည်း အဆုံးသတ် စေမှာဖြစ် ပါတယ်။ ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေ လုံခြုံစိတ်ချစွာ ပြန်နိုင်ရေးအတွက်လည်း ဖြစ်နိုင်မှာပါ။”

ဂျီနီဗာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကတော့ ယန်ဟီလီရဲ့ အစီရင်ခံစာဟာ ဘက်လိုက်မှုရှိပြီး စေတနာမမှန်တဲ့အပြင် ဓမ္မဓိဌာန်မကျတဲ့အတွက် ကန့်ကွက်ကြောင်း လူ့အခွင့်အရေး ကောင်စီ ညီလာခံမှာ ပြောသွားပါတယ်။ ဒါအပြင် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုမဆို မြန်မာအစိုးရ အနေနဲ့ သီးခံမှာမဟုတ်ပဲ အရေးယူသွားမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြော ပါ တယ်။

“ဘယ်လို လူ့အခွင့်အရေးချိုးဖောက်မှု မဆို၊ အထူးသဖြင့် ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အကာအကွယ် မဲ့ဲတဲ့သူတွေအပေါ် ဘယ်လို အကြမ်းဖက်မှုမျိုးမဆို မြန်မာအစိုးရက လုံးဝသည်းခံမှာ မဟုတ်ပါဘူး။”

ဥရောပသမဂ္ဂက ကိုယ်စားလှယ်ကတော့ မြန်မာနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ဖိအားပေးပြောဆိုသွား တာပါ။ မြန်မာနိုင်ငံမှာ နိုင်ငံတကာဥပဒေ ချိုးဖောက်တဲ့ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့ အညီ အရေးယူ အပြစ်ပေးနိုင်ရေး အရေးတကြီးလိုအပ်နေပြီး ဒီအတွက် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာကိစ္စကို ICC နိုင်ငံ တကာရာဇဝတ်ခုံရုံးကို လွဲှပြောင်းပေးဖို့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က အခုလို ပြင်းပြင်းထန်ထန် တိုက် တွန်းသွားပါတယ်။

“လုံခြုံရေးကောင်စီက တာဝန်ရှိသူတွေအနေနဲ့ မြန်မာကိစ္စကို ICC ရာဇဝတ်ခုံရုံးကို လွဲှပြောင်းပေးဖို့ ကျနော် တို့ တောင်းဆိုပါတယ်။ ဒါ့အပြင် မြန်မာအစိုးရအနေနဲ့လည်း နိုင်ငံတကာ တရားစီရင်မှုကို လက်သင့်ခံတဲ့ အနေနဲ့ ICC ခုံရုံးဖွဲ့စည်းဖို့ သဘောတူညီချက်ဖြစ်တဲ့ Rome Statue မှာ အဖွဲ့ဝင် အဖြစ်ပါဝင်လက်မှတ်ရေး ထိုးဖို့လည်း ဥရောပသမဂ္ဂအနေနဲ့ ထပ်မံ တိုက်တွန်းပါတယ်။”

ဒါအပြင် ICC အနေနဲ့ မြန်မာကိစ္စကို နိုင်ငံတကာဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ စတင်ကိုင်တွယ်နေတာ ကို ဥရောပသမဂ္ဂအနေနဲ့ အလေးအနက် ထောက်ခံကြောင်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောသွားပါ တယ်။ IIMM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးယန္တရား အဖွဲ့ လုပ်ငန်းစဉ် ကိုလည်း ဥရောပ သမဂ္ဂက ထောက်ခံကြောင်း လည်း သူကဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်နဲ့ ပြန်လည် ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ မြန်မာနိုင်ငံတွင်း ဝင်ရောက် စစ်ဆေးခွင့် ပေးဖို့လည်း ဥရောပသမဂ္ဂ ကိုယ်စားလှယ်က တိုက်တွန်းသွား ပါတယ်။ အခုချိန်ထိ ပြစ်မှုကျူးလွန်သူတွေကို အရေးယူအပြစ်ပေးခြင်း မရှိတာ၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ နိုင်ငံ တကာ လူသားချင်းစာနာမှုဥပဒေကို ချိုးဖောက်တာ စတာတွေဆက်ပြီး ရှိနေတဲ့အပေါ် အလွန်ပဲ စိုးရိမ် ကင်း ဖြစ်မိတယ်လို့ ဥရောပသမဂ္ဂ ကိုယ်စားလှယ်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေကို နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ ရည်ရွယ်ချက်ရှိရှိ ဖိနှပ် ခဲ့တဲ့ ရက်စက်လှတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ သုံးပတ်ကပဲ နှစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ မြန်မာဘက်က တာဝန်ယူဆောင်ရွက်တဲ့ ကိစ္စဘာမှ မရှိသေးဘူးလို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က အခု လို ထောက်ပြပြောဆိုသွားပါတယ်။

“ပထမအချက်က ရိုဟင်ဂျာတွေကို ဖိနှိပ်ညှင်းပမ်းမှုတွေ ရပ်တန့်အောင် မြန်မာဘက်က လုပ်ဆောင် ခဲ့ပြီပြီး လား မေးရင်- မလုပ်ဘူးလို့ အဖြေထွက်ပါတယ်။ မြန်မာစစ်တပ်ဟာ သီးသန့် ထိန်းသိမ်းရေးစခန်းတွေမှာ လူ တွေကို နှိပ်စက်၊ သေဆုံးတဲ့အထိ ချုပ်နှောင်မှု စတာတွေကို ဆက်လက် ကျူးလွန်နေဆဲဖြစ်ပါတယ်။
 
ဒုတိယအချက်က ရာဇဝတ်မှုကျူးလွန်သူတွေကို မြန်မာအစိုးရဘက်က ထိရောက်တဲ့ အရေးယူမှုတွေကို တ ရား ဥပဒေနဲ့အညီ သေသေချာချာ၊ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့ ပြီးပြီလား။ မလုပ်ဆောင်သေး ဘူး လို့ ပဲ အဖြေထွက်ပါတယ်။ ဒီလို ရာဇဝတ်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအာဏာပိုင်တွေ ဘက်က လုပ်ကိုင်နိုင်ခြင်း ဒါမှမဟုတ် လုပ်ဆောင်လိုခြင်း မရှိဘူးဆိုတာ သံသယဖြစ်ဖို့ တောင်မလိုပါဘူး။ ဒါကြောင့် နိုင်ငံတကာဥပဒေ နဲ့အညီ အရေးယူဆောင်ရွက်ဖို့ အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်။

တတိယအချက်ကတော့- မြန်မာအစိုးရဟာ ကိုဖီအာနန် ရခိုင်အကြံပေးကော်မရှင်ရဲ့ အဓိကအကြံပြု ချက် တွေကို အကောင်အထည် ဖေါ်လုပ်ဆောင် ခဲ့ပြီလား။ အဖြေကတော့ မလုပ်ဘူးလို့ပဲ ပြောရမှာပါ။ ၁၉၈၂ ခုနှစ်နိုင်ငံသား ဖြစ်ခွင့် ဥပဒေနဲ့ပတ်သက်လို့ ပြန်လည် သုံးသပ်ပြင်ဆင်တာမျိုး လုံးဝမလုပ်ခဲ့ပါဘူး။”

အဲဒါတွေလုပ်မယ့်အစား ရိုဟင်ဂျာတွေကို NVC နိုင်ငံသား စိစစ်ရေးကဒ်ပြား မဖြစ်မနေယူဖို့ မြန်မာအစိုးရက ခြိမ်းခြောက် တွန်းအားပေးနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ကိုယ်စားလှယ်က ပြောပါတယ်။ ရိုဟင်ဂျာတွေ နေရပ် ပြန်ရေးမှာလည်း အထောက်အကူဖြစ်စေမယ့် အခြေအနေတွေဖန်တီးမယ့်အစား တပ်မတော်ဟာ ရိုဟင်ဂျာ တွေရဲ့ မြေတွေ ကို စီးပွားရေး အရောင်းအဝယ်လုပ်နေတယ်လို့ ထောက်ပြသွားပါတယ်။

တနင်္လာနေ့က အစီရင်ခံစာကို ကြိုတင် ထုတ်ပြန်ထားတဲ့ FFM မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အချက်အ လက် ရှာဖွေရေးအဖွဲ့ကတော့ သူတို့ရဲ့ နောက်ဆုံးအစီရင်ခံစာကို ဒီကနေ့ အင်္ဂါနေ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ဥက္ကဌဖြစ်သူ Marzuki Darusman က တင်သွင်းမှာဖြစ်ပါတယ်။ 

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */