Wednesday, January 29, 2020

ရခိုင်အကြပ်အတည်းနည်းလမ်းရှာဖြေရှင်းဖို့ ကန်သံအမတ် ကြီးတိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
29 ဇန္နဝါရီ၊ 2020
ကိုစည်သူ
အမေရိကန်မြန်မာဆက်ဆံရေးဆွေးနွေးပွဲမှာ သံအမတ်ကြီး Scot Marciel ဆွေးနွေး 

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုအကျပ်အတည်းတွေကို နည်းလမ်းတကျဖြေ ရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်း‌ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကပြော ဆိုလိုက်ပါတယ်။ 
ဒါအပြင် ၂၀၁၇ ခုနှစ်ရခိုင်အဖြစ်အပျက်အတွင်း မီဒီယာတွေ သွားရောက်ခွင့်မရတဲ့အတွက် မှန်ကန်တဲ့ သတင်းတွေ မထွက်ပေါ်ခဲ့ပဲ နိုင်ငံတကာရဲ့ပြစ်တင်ခံနေရပေမယ့် မြန်မာနိုင်ငံအနေနဲ့ ဒါကို အကောင်းဆုံး နည်းလမ်းရှာဖြေရှင်းနိုင်မယ်လို့ ယုံကြည်‌ကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန်စင်တာမှာပြုလုပ်တဲ့ အမေရိ ကန်မြန်မာဆက်ဆံရေးဆွေးနွေးပွဲမှာ သံအမတ်ကြီး Scot Marciel ကပြောခဲ့တာပါ။ အပြည့်အစုံကို ကိုစည် သူ တင်ပြပေးမှာပါ။ 
 

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ အကြပ်အတည်း ကိစ္စကတွေကို ဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းပြောဆိုထားတဲ့အကြောင်း သံအမတ်ကြီး Scot Marciel က ပြောဆိုပြီး ဒီလို တိုက်တွန်းချက်တွေဟာ မြန်မာအစိုးရနဲ့ မြန်မာပြည်သူတွေရဲ့ တိုးတက်မှုအ တွက် လုပ်ဆောင်ဖို့ အမေရိကန်ပြည်ထောင်စုဘက်က တစိုက်မတ်မတ် ဆက်လက် ကြိုးပမ်းမှုအရ တိုက် တွန်း တာ ဖြစ်ကြောင်း သံအမတ်ကြီး က ပြောခဲ့ပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကို မီဒီယာတွေနဲ့ တခြားသူတွေကိုသွား ခွင့်မပေးခဲ့တာဟာ မြန်မာအစိုးရအမှားလုပ်ခဲ့တယ်လို့ သံအမတ်ကြီး Scot Marciel ပြောပါတယ်။

“အမှားတစ်ခုလို့ ကျွန်တော်ယုံကြည်တာတစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အရေးကိစ္စမှာ မြန်မာအစိုးရက သတင်းမီဒီယာတွေနဲ့ တခြားသူတွေကို အဲဒီဒေသကို သွားရောက်ခွင့် မပေး ခဲ့တာပဲဖြစ်ပါတယ်။ ဒါ‌ကြောင့်လည်း အခုနောက်ဆက်တွဲ ကိစ္စရပ်တွေကို ကြုံနေရတာဖြစ်ပါတယ်။ အခုချိန် အထိလည်း ခက်ခဲစိန်ခေါ်မှုတစ်ရပ်ဖြစ်နေဆဲပါ။ အမှားဆိုတာ ကျွန်တော်တို့အားလုံးလုပ်မိ တတ်ပါ တယ်။ ဒါကို မြန်မာအစိုးရဘက်က သဘောတူချင်မှ တူပါလိမ့်မယ်။ ဒါကို မြန်မာနိုင်ငံက အကောင်းဆုံးနည်းလမ်း ရှာဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်ပါတယ်”

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ဝေဖန်မှုနဲ့ အရေးယူမှုတွေ ကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပိုပြီး နီးစပ်အောင် တွန်းပို့နေတယ်ဆိုပြီး ဝေဖန် သုံးသပ်ချက်တွေ ရှိနေချိန်မှာ ဒီအကြောင်းနဲ့ သက်ဆိုင်တဲ့ မေးခွန်းကို ပြန်လည်ဖြေကြားသွားတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံအပါအဝင် တခြားနိုင်ငံတွေနဲ့ ဆက်ဆံရေးကောင်း အောင်ကြိုးစားတာဟာ မြန်မာ နိုင်ငံအပေါ်မှာမူတည်တဲ့ ကိစ္စဖြစ်တယ်လို့လည်း သံအမတ်ကြီး Scot Marciel က ဖြည့်စွက် ပြောဆို သွားပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း ခိုင်မာတဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း ‌ဒေသခံပြည်သူတွေပါဝင်လာနိုင်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်း ချမ်းရေးဖြစ်အောင် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“ဒုက္ခအခံစားရဆုံးသူတွေကတော့ အပြစ်မဲ့တဲ့ လယ်သမားတွေ ရွာသားတွေလို ပြည်သူတွေပါ။ တကယ် တော့ သူတို့ရဲ့အသံကို လူတွေ သိပ်မသိပဲဖြစ်နေတာက စိတ်မကောင်းစရာပါ။ ဒါဟာ မြန်မာတစ်နိုင်ငံထဲ မဟုတ်ပါဘူး။ ပဋိပက္ခဖြစ်နေတဲ့ ဒေသတိုင်းမှာ တွေ့ရတာပါ၊ ဒါကြောင့် လက်နက်မရှိသူတွေရဲ့ အသံတွေ ကို ပိုပြီးကြားရဖို့လိုပါတယ်။ ဒါ့အပြင် ရေရှည်တည်မြဲမယ့်ငြိမ်းချမ်းရေး တည်ဆောက်ရာမှာလဲ သူတို့ ပါဝင် ခွင့် တွေ့ရလာဖို့ ကျွန်တော်မျှော်လင့်ပါတယ်။ “

မြန်မာနိုင်ငံကို သီးခြားလွတ်လပ်ပြီးရပ်တည်နိုင်စွမ်းရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်စေချင်သလို မြန်မာနိုင်ငံနဲ့လည်း လက် တွဲဖော်ကောင်းအဖြစ်တည်မြဲနေဖို့ ဆန္ဒရှိကြောင်း သံအမတ်ကြီးကပြောပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံ ရဲ့၂၀၂၀ ရွေးကောက်ပွဲဟာ ပွင့်လင်းလွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေချငသလိုရွေးကောက် ပွဲအ တွက် နည်းပညာအကူအညီတွေ ပေးသွားမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */