Saturday, May 4, 2019

တိုက်ပွဲကြောင့် အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှုမရှိ စေရေး ဂရုပြုကြရန် နှစ်ဖက်တပ်များကို ကော်မရှင် တိုက်တွန်း

DVB
By ဒီဗွီဘီ
4 May 2019
တိုက်ပွဲဖြစ်တဲ့နေရာတွေမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာ မရှိစေဖို့ နှစ်ဖက်တပ်တွေ ဂရုပြုကြဖို့ အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းရွာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ခေတ္တ ထိန်းသိမ်းစစ် ဆေးနေတဲ့ အမျိုးသားတွေထဲက ၆ ယောက် သေဆုံးခဲ့ပြီး ၈ ယောက် ဒဏ်ရာရ၊ ၄ ယောက် ပျောက်ဆုံးနေ တာကို သိရတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီရွာမှာ မသင်္ကာဖွယ် အမျိုးသား ၂၇၅ ယောက်ကို ထိန်းသိမ်း စစ်ဆေးနေတုန်း မေလ ၂ ရက် မနက်ပိုင်း မှာထိန်း သိမ်းထားသူတွေထဲက တချို့က ညာသံပေး အော်ဟစ်ပြီး ဝိုင်းဝန်း အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုး ပမ်းလာကြတာကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ခုခံကာကွယ်ဖို့ ပစ်ခတ်ထိန်းသိမ်း လူစုခွဲခဲ့တယ်လို့လည်း ဆိုပါတယ်။

ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ အပြစ်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးတာ မဖြစ်စေရေးအတွက် လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေ အနေနဲ့ရော၊ အေအေလက်နက်ကိုင်အဖွဲ့ အနေနဲ့ပါ နှစ်ဖက်စလုံးက ဂရုပြုကြဖို့ အလေးအနက် တိုက်တွန်းတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */