Showing posts with label ငါးခူရ. Show all posts
Showing posts with label ငါးခူရ. Show all posts

Friday, March 10, 2023

စစ်ကောင်စီ၏ မွတ်ဆလင်လက်ခံရေးပြင်ဆင်နေမှု နိုင်ငံခြား သံတမန်အဖွဲ့ သွားရောက်ကြည့်ရှု

DMG
Admin 09 Mar 2023 



စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်ဦးရေ ၁,၀၀၀ ကျော်ကို ပထမအဖြတ်အဖြစ် ပြန် လည် လက်ခံရန် စီစဉ်ထားကြောင်း ဖေဖော်ဝါရီလ ၁၄ ရက်နေ့က မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

လှဖိုးခေါင် မွတ်ဆလင် လက်ခံရေးစခန်းကို ၂၀၂၀ ခုနှစ်အတွင်းက ဝေဟင်မှမြင်တွေ့ရစဉ်။ (ဓာတ်ပုံ - DMG)

တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သံတမန်များ၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးအပ်ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ယမန်နေ့ မတ်လ ၈ ရက်နေ့က မောင်တောမြို့နယ်ရှိ မွတ်ဆလင် ပြန်လည်လက်ခံရေးစခန်းမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ယင်းခရီးစဉ်တွင် နိုင်ငံခြားသံတမန်များနှင့်အတူ စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ရခိုင်ပြည်နယ် စစ်ကောင်စီ ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်အဖွဲ့ လည်း ပါဝင်ခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

Thursday, January 30, 2020

မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့် ခွာသူ များအား ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များ အတိုင်း စိစစ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိ

MYANMAR Digital News
မောင်တော 
၃၀  ဇန်နဝါရီ၂၀၂၀
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက မိမိတို့ဆန္ဒ အရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုကိုးစု အမျိုးသား ၁၆ ဦး၊ အမျိုး သမီး ၁၀ ဦး စုစုပေါင်း၂၆ ဦးတို့အား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန် ရှိ သူ များက စိစစ်လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Monday, September 30, 2019

မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိ တို့ဆန္ဒအရ ပြန်လည်ဝင်ရောက်

မြန်မာ့အလင်း 
မောင်တော
စက်တင်ဘာ ၂၉ 
မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်းသို့ မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့်နေရပ် စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများအတိုင်း စိစစ်လက်ခံဆောင်ရွက်ပေးလျက်ရှိ သည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရ ပြန်လည်လက်ခံရေးစခန်းသို့ စက်တင် ဘာ ၂၅ ရက် နံနက် ၉ နာ ရီက မိမိတို့ သဘောဆန္ဒအရ ပြန်လည်ဝင်ရောက် လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၄ စု လူဦး ရေ ၂၇ ဦးအား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ် လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

Wednesday, December 21, 2016

မောင်တော ပဋိပက္ခဒေသခံ တုန့်ပြန်မှု အမျိုးမျိုး တွေ့ရ

VOA
21 ဒီဇင်ဘာ၊ 2016
ထက်အောင်
အောက်တိုဘာလဆန်းနဲ့ နိုဝင်ဘာလအတွင်း ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်းဒေသတွေကို သတင်းသမားအချို့ သွားရောက်ခွင့်ရခဲ့ပြီး၊ ဒေသခံတွေကိုရော သက်ဆိုင်ရာတာဝန် ရှိသူတွေကိုပါ တွေ့ဆုံမေးမြန်းခွင့်ရပါတယ်။ လက်နက်ကိုင်တွေအပေါ် စစ်ဆင်ရေးတွေမှာ လူ့အခွင့် အရေး ချိုးဖောက်တာတွေရှိတယ်ဆိုတဲ့စွတ်စွဲချက်တွေအပေါ် ဒေသခံတွေဖက်က ပြောဆိုမှု အမျိုး မျိုးဖြစ်နေ တာကြောင့် အဖြစ်အပျက်မှန်ကို သုံးသပ်ပေးဖို့ အချိန်ယူရမယ်လို့ အဲဒီမှာ ပါသွားတဲ့ သတင်းစာ ဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။ ကိုထက်အောင်က ဆက်သွယ် မေးမြန်း ထား တာပါ။

Wednesday, October 19, 2016

ဖမ်းခံရသူတွေက ငါးခူရ စခန်းကို ဝင်တိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေလို့ ထွက်ဆို



BBC
19.10.2016
ဖမ်းခံရသူတွေက ငါးခူရ စခန်းကို ဝင်တိုက်ခဲ့တဲ့ အကြမ်းဖက်သမားတွေလို့ ထွက်ဆို

မောင်တောမြို့နယ် ငါးခူရ ကျေးရွာမှာ နယ်မြေ စစ်ဆင်ရေး လုပ်ရင်း လူဆယ့်တစ်ယောက်ကို ဖမ်းမိခဲ့တယ်လို့ နယ်မြေခံ အရာရှိ တယောက်ရဲ့ ပြောပါတယ်။
                                                                              

Friday, October 14, 2016

( 14.10.2016 )မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)

                                        
                                           ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၁၆)
(၁၃၇၈ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၁၃ ရက်)
(၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ  ၁၄ ရက်)
မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့စခန်းများအား အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဆိုင်ရာ သတင်းထုတ်ပြန်ချက်

 ၁။ ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်(ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်း စခန်းနှင့် ငါးခူရ နယ်မြေရုံးများသို့ အကြမ်းဖက်သမားများက အလစ်အငိုက် ရယူ၍ အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။အကြမ်း ဖက်သမားများ၏ တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦး၏ အလောင်း များ ရရှိခဲ့ပြီး ၂ ဦးအား အရှင် ဖမ်းမိခဲ့ပါသည်။ ၎င်းတို့ထံမှ လုပ်သေနတ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၂ တောင့်နှင့် ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ပါသည်။

Monday, October 10, 2016

ရခိုင်မှာ အစိုးရ တပ်တွေက မွတ်ဆလင် ရွာတွေကို ပိတ်ဆို့ ရှာဖွေ

BBC
10.10.2016
 စစ်ရဟတ်ယာဉ်တွေ သုံးပြီး နယ်မြေ ရှင်းလင်း
 
ရခိုင်ပြည်နယ် မောင်တောနဲ့ ရသေ့တောင် မြိုနယ်တွေထဲက နယ်ခြားစောင့် ရဲစခန်းတွေ တိုက်ခိုက် ခံခဲ့ရပြီး လက် နက်တိုက် အဖောက် ခံခဲရတဲ့ အတွက် အစိုးရ စစ်တပ်နဲ့ ရဲ တပ်ဖွဲ့ တွေ ဟာ နယ်မြေ ရှင်းလင်းရေးတွေ တနင်္လာနေ့က လုပ်ဆောင် ခဲ့တာမှာ မွတ်ဆလင် ရွာတွေ တော်တော်များများကို ပိတ်ဆို့ ရှာဖွေ ခဲ့ ပါတယ်။
/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */